သတင်း

ရွှေကူအထိုင်တပ်က ဆေးဝါးသယ်ယူခွင့်တင်းကြပ်ထား

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့ထဲမှာထိုင်ထားတဲ့ စစ်ကောင်စီတပ်က ကျေးရွာတွေဘက်ကို ဆေးဝါးသယ်ယူခွင့်တင်းကြပ်ထားတာကြောင့် ပြည်သူတွေ ဆေးဝါးကုသရေးအတွက်အခက်အခဲ ဖြစ်နေကြတယ်လို့သိရပါတယ်။

ရွှေကူမြို့မှာထိုင်ထားတဲ့စစ်ကောင်စီတပ်ဟာ စီသာ၊စီသောင်၊မံဝင်း၊မံနား၊မံနား၊စီမူကြီးစအရှိတဲ့ ရွှေကူမြို့နယ်ရှိကျေးရွာတွေဘက် ဆေးဝါးသယ်ယူခွင့်ကိုမြို့ဝင်၊မြို့ထွက်ဂိတ်တွေကနေ တင်းကြပ်ထားတာကြောင့် ကျေးရွာနေပြည်သူတွေ ဆေးဝါးပြတ်လပ်မှုကြုံနေရပြီး ဆေးကုသရေးမှာအခက်အခဲတွေဖြစ်နေကြတယ်လို့ ရွှေကူမြို့စီသောင်ကျေးရွာနေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ဆေးဝါးတွေက ဒီဘက်ကိုအဝင်မခံဘူးတအားစစ်တယ်။ ဘယ်လိုမှမရတာ အဲ့မှာအထက်လေးလမ်းဆုံနဲ့အောက်လေးလမ်းဆုံတို့မှာဂိတ်ထိုင်တယ်။အဲ့ကနေ စစ်တာ အခုဒီမှာက တရုတ်ပြည်ကနည်းနည်းပါးပါးဝင်တယ်။ ဒါပေမယ့် လုံလုံလောက်လောက်မဟုတ်ဘူး”လို့ အသက်၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။

ရွှေကူအထိုင်တပ်ဟာ ကျေးရွာတွေဘက်ဆေးဝါးသယ်ယူခွင့်ကို ၂၀၂၄ ခုနှစ်၊ မေလနောက်ပိုင်းကတည်းကတင်းကြပ်လိုက်တာလို့ ဆိုပါတယ်။

အခုလိုဆေးဝါးသယ်ယူခွင့်တင်း ကြပ်လိုက်တာကြောင့် ကျေးရွာနေပြည်သူတွေဟာ ရွှေကူမြို့ပေါ်တွေအထိတက်ပြီးဆေးကုသနေရပြီး အရေးပေါ်အခြေနေတွေ ပိုခက်ခဲစေတယ်လို့ နောက်ထပ်အမျိုးသားတစ်ဦးကဆက်ပြောပါတယ်။

ဝမ်းပျက်ဝမ်းလျှောဖြစ်တာတို့ သာမာန်ဖျားနာတာတို့ဆိုဒီတိုင်းကြိတ်မှိတ်နေရတာပါ့ အခြေအနေအရမ်းဆိုးမှ ရွှေကူနဲ့နီးတဲ့ရွာတွေရွှေကူထိတက်ကုတယ်။ အရေးပေါ်လူနာတွေဆိုအခြေနေမကောင်းတော့ အခက်ခဲဖြစ်တယ်”လို့သူကဆက်ပြောပါတယ်။

လက်ရှိမှာတော့ ကာကွယ်ရေးတပ်တွေက မံစီလမ်းကနေ တဆင့် တရုတ်ပြည်ထဲကနေ တဆင့် မံနား၊စင်းဖုတ်၊စီသောင် စတဲ့ကျေးရွာသုံးရွာမှာသာ အခမဲ့ဆေးခန်းတွေဖွင့်ထားပြီးကျန်တဲ့ကျေးရွာတွေမှာတော့ဖွင့်လှစ်နိုင်ဖို့ကြိုးပမ်းနေဆဲလို့သိရပါတယ်။

“PDF တွေကတော့ဖွင့်ပေးထားတယ် အခမဲ့ဆေးခန်းတွေ ဒါပေမယ့် ဟိုလို့ဆေးရုံကြီးတွေလိုလုံလုံလင်လင်တော့မရှိဘူးပေါ့ အရမ်းကြီးဖျားနာတာမဟုတ်ရင်တော့ အဲ့ဒီဆေးခန်းတွေကိုလာကြတယ် ဆိုးဆိုးဝါးဝါးဆိုကြတော့ မြို့ပေါ်တက်ရတာပေါ့”လို့ဒေသခံတစ်ဦးကပြောပါတယ်။

အခုလိုရွှေကူနယ်ဘက်ဆေးဝါးသယ်ယူခွင့်တားတင်းကြပ်ထားတာကြောင့် ကလေးသူငယ်တွေကာကွယ်ဆေးထိုးနှံခွင့်ဆုံးရှုံးနေရသလို ကိုယ်ဝန်ဆောင်မိခင်သည်တွေနဲ့ နာတာရှည်ရောဂါသည်တွေလည်း ဆေးဝါးကုသခွင့်တွေဆုံးရှူံးနေရတယ်လို့ဒေသခံတွေကဆိုပါတယ်။

ရွှေကူမြို့နယ်ထဲက ကျေးရွာအများပိုင်းကို KIAKPDF ပူးပေါင်းတပ် ထိန်းချုပ်ထားပေမယ့် ရွှေကူမြို့ကိုတော့ စစ်ကောင်စီတပ်က အပြည့်အဝထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

ရွှေကူမြို့ဟာ ဗန်းမော်ခရိုင်ထဲက မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီထိန်းချုပ်ထားတဲ့နောက်ဆုံးမြို့ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button