-
May- 2025 -21 Mayသတင်း
ပူတာအို-မြစ်ကြီးနားကားခ အဆ မတန်မြင့်တက်
ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနား လမ်းပိုင်းမှာ ကားခအဆမတန်မြင့်တက်လာတယ်လို့ ခရီးသွားသူတွေဆီကသိရပါတယ်။ ဒီနှစ် ဇန်နဝါရီလစလို့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းမှာ အဆင်းခရီးသည်တစ်ဦးလျှင် ကားခ ကျပ် ၁၂၀၀၀၀ ( တစ်သိန်းနှစ်သောင်း)၊ အတက်ခရီးသည်တစ်ဦး ကျပ် ၂၀၀၀၀၀ ( နှစ်သိန်း)အထိစျေးတက်သွားတယ်လို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦး KNG…
Read More » -
21 Mayသတင်း
အာဏာသိမ်းကာလ ၄ နှစ်ကျော်အတွင်း စစ်လေယာဉ် ၅ စီးအထိ KIA ပစ်ချနိုင်ခဲ့
စစ်တပ်အာဏာသိမ်းပြီး တော်လှန်ရေးကာလ ၅ နှစ်တာအတွင်းမှာ စစ်ကောင်စီရဲ့ လေယာဉ် ၅ စီးအထိကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ပစ်ချနိုင်ခဲ့ပြီလို့ KIO ပြောပါတယ်။ “မနေ့က နှစ်စီးပစ်ချနိုင်ခဲ့တဲ့ စစ်လေယာဉ်နှစ်စီးနဲ့ ဆိုရင် ဒီတော်လှန်ရေးကာလ…
Read More » -
20 Mayသတင်း
ဖားကန့်တိုက်ပွဲမှာ စစ်တပ် လေကြောင်းအကူပေးရတဲ့အထိ တိုက်ပွဲပြင်းထန်
ကချင်ပြည်နယ် ဖားကန့်မြို့ကိုဦးတည်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းပစ်ကူပေးရတဲ့အထိ တိုက်ပွဲပြင်းထန်တယ်လို့ KIO ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။ “ဖားကန့်ဘက်က တိုက်ပွဲပြင်းထန်နေတယ်။ လေယာဉ်နဲ့ဗုံးလာကြဲပြီး ကူပေးနေရတဲ့အထိ တိုက်ပွဲအရမ်းပြင်းထန်နေပါတယ်”လို့ KIO ဗဟိုပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးအင်ဖန်နော်ဘူက…
Read More » -
20 Mayသတင်း
မြေမြုပ်မှိုင်းနဲ့ လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ၅ ရက်အတွင်း မြေမြုပ်မှိုင်းနဲ့ လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သား ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ပထမဖြစ်စဉ်က မေလ ၁၆ ရက်နေ့ ည ၇ နာရီဝန်းကျင်…
Read More » -
20 Mayသတင်း
ဗန်းမော်တိုက်ပွဲ စစ်တပ်က ဒရုန်းအလွန်ကျွံတိုက်ခိုက်မှုကြောင့် မြို့သိမ်းဖို့ ကြန့်ကြာနေ
ငါးလခန့်ကြာမြင့်လာတဲ့ ဗန်းမော်တိုက်ပွဲမှာ KIA ပူးပေါင်းတပ်ဘက်က မြို့သိမ်းနိုင်ဖို့ အပြင်းထန်ကြိုးစားနေပေမယ့် စစ်တပ်ရဲ့ ဒရုန်းအလွန်အကျွံပစ်ခတ်တိုက်ခိုက်မှုကြောင့် မြို့အပြီးသတ်သိမ်းနိုင်ဖို့ ကြန့်ကြာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဗန်းမော်မြို့ လက်မလွတ်ရေး မြို့တွင်း ဟိုတယ်ကဲ့သို့ တိုက်အဆောက်အဦးနေရာတွေမှာအခိုင်မာနေရာယူထားတဲ့အပြင် လေကြောင်းထက် ဒရုန်းစစ်ဆင်ရေး၊ဗျူဟာကိုပြင်းပြင်းထန်ထန်…
Read More » -
20 Mayသတင်း
မိုင် ၄၀ ကျော်ကွင်းလမ်း ဆိုးဆိုးဝါးဝါးပျက်စီးနေလို့ မြစ်ကြီးနားတက်တဲ့ကားများ ပိတ်မိနေ
စစ်ကိုင်းနဲ့ကချင်အစပ်က အင်းတော်မြို့နယ်မြို့သိမ်းတိုက်ပွဲအပြီးမှာ အင်းတော်မြို့နယ်လမ်းပိုင်းကိုကာကွယ်ရေးတပ်ဘက်က ပြန်ဖွင်ပေးခဲ့ပေမဲ့ မိုင် ၄၀ ကျော်ရှိတဲ့ကွင်းလမ်းကိုဆက်လက်အသုံးပြုနေရဆဲလို့ ကားသမားတွေကပြောပါတယ်။ ကန့်ဘလူမြို့နယ် ဇီးကုန်း၊ ပေကြီး၊ စံပါယ်နံ့သာ စတဲ့ကျေးရွာတွေတစ်ဝှိုက်က ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီတပ် က ဖြတ်သန်းခွင့်မပေးဘဲ ပိတ်ထားတာကြောင့် ကားသမားတွေဟာကွင်းလမ်းကိုအသုံးပြုနေရတာလို့သိရပါတယ်။ လက်တလောမှာတော့…
Read More » -
19 Mayသတင်း
ဖားကန့်ဘက် စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ပြည်သူပိုင်ပစ္စည်း ခိုးယူနေ
ဖားကန့်ဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေက နန့်ယားကျေးရွာရှိ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းပြီး အိမ်တွင်းရှိ တန်ဖိုးရှိ ပစ္စည်းတွေကို ကားအကြီးတွေနဲ့ ခိုးယူသယ်ထုတ်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီစစ်ကြောင်းတွေက KIA သိမ်းပိုက်ထားတဲ့ နန့်ယားကျေးရွာမှာ ဧပြီလဆန်းပိုင်းမှာ ဝင်ရောက်နိုင်ခဲ့ပြီးတော့ ယခုရက်ပိုင်းအတွင်းမှာ…
Read More » -
19 Mayသတင်း
အမျိုးသားတစ်ဦး သစ်ပင်ကို ဆိုင်ကယ်ဝင်တိုက်မိပြီး ပွဲချင်း ပြီးသေဆုံး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦး ဆိုင်ကယ်စီးလာရင်း သစ်ပင်ကိုဝင်တိုက်မိပြီး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဖြစ်စဉ်မှာ မေလ ၁၈ ရက် ည ၈ နာရီခွဲအချိန် မြို့သစ်ရပ်ကွက် Morning Cafe ဆိုင်ရှေ့ရှိ…
Read More » -
19 Mayသတင်း
ကားတိုက်ခံရတဲ့ ဖခင် အရေးပေါ်ခန်းမှာ သတိမေ့မျောနေဆဲ ဖြစ်တဲ့အတွက် သားဖြစ်သူကို ဖခင်မပါဘဲ သင်္ဂြိုလ်လိုက်ရ
မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ၄ ရက်ခန့်က ကားတိုက်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားတဲ့ ကလေးငယ်ကို ဖခင်ဖြစ်သူလည်း ဒဏ်ရာဖြင့် ဆေးရုံမှာ သတိမေ့မျောနေဆဲ အခြေအနေကြောင့် ဖခင်မပါဘဲ ပြီးခဲ့တဲ့ သောကြာနေ့မှာဘဲ သင်္ဂြိုလ်လိုက်ပြီ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ ည ၉ နာရီဝန်းကျင်အချိန် မြေမြင့်ရပ်ကွက် Second Family ဖုန်းဆိုင်အနီး ဆိုင်ကယ်မောင်းလာတဲ့ သားအဖနှစ်ယောက်ကို ကားအဖြူတစ်စီးက ဝင်တိုက်သွားတာကြောင့် သားဖြစ်သူက ဗိုက်ပေါက်ဒဏ်ရာအပြင် မျက်နှာနဲ့ ဦးခေါင်းဒဏ်ရာတွေကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့တာပါ။ ဖခင်ဖြစ်သူကတော့ ဦးခေါင်းဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး ခွဲစိတ်ခဲ့ရသလို ပြီးခဲ့တဲ့ သောကြာနေ့ထိ သတိမလည်သေးဘဲ မြစ်ကြီးနားဆေးရုံကြီး အရေးပေါ်အခန်းမှာရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ အသက် ၁၂နှစ်အရွယ် ဆွတ်ဆိုင်းဒီးကို ဆွေးမျိုးသားချင်းတွေနဲ့ ဘာသာရေးအသင်းတော်တွေက ကူညီပြီး ဒီကနေ့မှာပဲ သင်္ဂြိုလ်လိုက်ပြီလို့ သိရပါတယ်။ အဖေဖြစ်သူ ဦးအားဒီယောဟန်ရဲ့ အခြေအနေဟာ စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေပြီး ပြီးခဲ့တဲ့ သောကြာနေ့အထိ သတိမလည်သေးလို့ အမည်မဖော်လိုသူ အခြေအနေကို သိရှိသူ အမျိုးသားတစ်ဦးက အခုလို ပြောပါတယ်။ “လူနာဒဏ်ရာ အရမ်းပြင်းထန်တယ် ခေါင်းက အတော်လေးကိုထိထားတယ်။ လက် ခြေထောက်ပွတ်ပဲ့တယ် အခုထိသတိမရပါ“ လို့ ဆိုပါတယ်။ မိခင်ဖြစ်သူမှာလည်း အရင်ကတည်းက ဆုံးပါးသွားပြီလို့သိရပြီး လက်ရှိ သေဆုံးသွားတဲ့ ကလေးကတော့ အငယ်ဆုံးသားလေး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ သူတို့ သားအဖနှစ်ဦးကို ကားဖြင့်တိုက်ပြေးသွားတဲ့ ကားဟာ အဖြူရောင်လို့ သိရှိရပေမယ့် အသေးစိတ်ကို မသိရတဲ့အတွက် သေချာမသိရှိရသေးသလို တရားခံလည်း အခုချိန်ထိ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ မြစ်ကြီးနားမြို့မှာ လိုင်စင်မဲ့ကားတွေ များပြားနေသလို ညအချိန်အရက်သေစာနဲ့ မူးယစ်ဆေးဝါးတွေ သောက်စားပြီး ယာဉ်မောင်းနှင်မှုတွေကြောင့် ယာဉ်တိုက်မှု မကြာခဏဖြစ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ By – Hope
Read More » -
17 Mayသတင်း
လေယာဉ်ဖြင့် ဗုံးကြဲနေမှု လူမဆန်တဲ့လူသတ်မှုဖြစ်တဲ့အတွက် ခွင့်မလွတ်နိုင်ဘူးလို့ ကချင်တက်ကြွလှုပ်ရှားသူတွေပြော
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တပတ်အတွင်း ပညာသင်အရွယ် ကလေး သူငယ်အများအပြား သေဆုံးသွားတဲ့ ဖြစ်ရပ်မှာ လူမဆန်တဲ့သတ်ဖြတ်မှုဖြစ်တဲ့အတွက် ခွင့်မလွတ်နိုင်ဘူးလို့ ကချင်လူထုတက်ကြွလှုပ်ရှားသူတွေက KNG ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ သူတို့ တိုက်ပွဲရပ်နားထားမယ်လို့ ထုတ်ပြန်ချက်ထားတဲ့ကာလအတွင်းမှာပဲ မေလ ၆…
Read More »









