စစ်ရေး
-
Jun- 2025 -27 June
နောင်ပိုအောင်ရွာမှာ စစ်ရေးတင်းမာနေလို့ ဒေသခံတွေကိုကြိုတင်တိမ်းရှောင်ခိုင်းထား
စစ်ကိုင်းတိုင်းဒေသကြီး ၊ဟုမ္မလင်းမြို့နယ်ထဲက နောင်ပိုအောင်ကျေးရွာမှာ စစ်ရေးတင်းမာနေတဲ့အတွက် ဒေသခံတွေကိုလည်းကြိုတင်တိမ်းရှောင်ထားကြဖို့ပြောထားကြောင်း သိရပါတယ်။ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ စစ်ကောင်စီတပ်ပူးပေါင်းတပ်စွဲနေတဲ့ ဟုမ္မလင်းမြို့ရဲ့အရှေ့ဘက်ရှိ နောင်ပိုအောင်ကျေးရွာကို ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေ ထိုးစစ်ဆင်နေတာကြောင့် ရွာခံတွေကိုကြိုတင်တိမ်းရှောင်ကြဖို့သတိပေးထားတယ်လို့ ဟုမ္မလင်းမြို့ခံ အသက် ၄၀ ကျော်အမျိုးသမီးတစ်ဦးက KNG…
Read More » -
May- 2025 -7 May
နန်းယွန်းမှာ စစ်တပ်ကအင်အားဖြည့်နေ
စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့ပေါ်မှာ စစ်ကောင်စီတပ်က စစ်အင်အားဖြည့်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဧပြီလ ၂၈ ရက်ကစပြီး နန်းယွန်းမြို့မှာထိုင်ထားတဲ့ ခ.လ.ရ ၁၂၆ တပ်ထဲကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြည့်ထားတယ်လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “မြို့ကကျဉ်းတော့ ဒီမှာရှိတဲ့စစ်သားတွေဆိုသိတယ်။ခုမြို့ထဲမှာလည်း…
Read More » -
Apr- 2025 -30 April
စစ်ရေးအခြေနေကြောင့် လီဒိုလမ်းမပေါ်ရှိ ရွာများ လယ်လုပ်ဖို့အခက်ကြုံ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ် ရှိ လဝါးကျေးရွာနဲ့ ဝါရာဇွပ်ကျေးရွာတစ်လျှောက် စစ်ရေးတင်းမာနေတာကြောင့် ကျေးရွာဒေသခံတွေဟာ လယ်ယာလုပ်ငန်းလုပ်ကိုင်ဖို့ အခက်အခဲကြုံနေရတယ်လို့ ပြောပါတယ်။ မေလကစပြီး လယ်ယာဝင်ချိန်ဖြစ်နေပေမဲ့ တိုက်ပွဲနယ်မြေဖြစ်တဲ့ ဝါရာဇွပ်နဲ့ လဝါးကျေးရွာအပါအဝင်ကျေးရွာ ၄ ရွာက ပြည်သူတွေဟာ လုပ်ငန်သွားဖို့…
Read More » -
30 April
ဗန်းမော်မြို့တွင်း သီရိရတနာစျေးအပါအဝင် လူနေအိမ်အများအပြား မီးလောင် ပျက်စီးနေ
မြို့သိမ်းတိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်မြို့မှာ မြို့အထင်ကရ သီရိရတနာ နံနက်စျေးကြီး ဒီကနေ့ ဧပြီလ ၃၀ ရက်နေ့အထိ မီးလောင် ပျက်စီးနေဆဲဖြစ်သလို အရပ်သားနေအိမ် အများအပြားလည်း ဆက်ပြီး မီးရှို့ဖျက်ဆီးခံနေရတယ်လို့ ဒေသသတင်းအရင်းအမြစ် တွေကနေ သိရပါတယ်။ ဗန်းမော် သီရိရတနာစျေးကြီး…
Read More » -
Jan- 2025 -3 January
KIA သိမ်းပိုက်ထားတဲ့ ဆွမ်ပရာဘွမ်မြို့နယ်ဘက်ကို စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်
ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာဘက်မှာ တပ်ချထားတဲ့ စစ်ကောင်စီတပ်က ဆွမ်ပရာဘွမ်မြို့နယ်ဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ပူတာအိုမြို့နယ် နဲ့ ဆွမ်ပရာဘွမ်မြို့နယ်ကြားရှိ ဆွမ်ပီယန်၊ တန်ဂျာကျေးရွာတွေမှာ ထိုင်ထားတဲ့စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၆ရက်နေ့ကနေ ဇန်နဝါရီလ ၃ ရက်နေ့အထိ ဆွမ်ပရာဘွမ်မြို့နယ်ဘက်ကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေတယ်လို့ ပူတာအိုမြို့ မူလာရှီးဒီ ရပ်ကွက်က အမျိုးသားတစ်ဦးက KNG ကို…
Read More » -
Dec- 2024 -9 December
ဗန်းမော်တိုက်ပွဲပြင်းထန်နေချိန် တရုတ်အစိုးရက KIO ကိုတွေ့ဆုံဖို့ဖိတ်ခေါ်
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်နဲ့မံစီမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေချိန် တရုတ်အစိုးရက KIO နဲ့တွေ့ဆိုဖို့ဖိတ်ခေါ်တာကြောင့် KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဦးဆောင်တဲ့အဖွဲ့ တရုတ်နိုင်ငံကိုထွက်ခွာသွားကြောင်း KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ (KIO ) ဥက္က ဗိုလ်ချူပ်ကြီး အင်ဘန်လဦးဆောင်တဲ့အဖွဲ့ ဒီဇင်ဘာ ၈ ရက်နေ့ မနေ့ကတည်းက တရုတ်ပြည်ကို ထွက်သွားတာဖြစ်ပြီး တွေ့ဆုံရမယ့်အကြောင်းအရင်းအသေးစိတ်မသိရဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ “KIO က တရုတ်အစိုးရနဲ့တွေ့ဆုံဆွေးနွေးတယ်လို့မဟုတ်ပဲ ကျနော်တို့ KIO ခေါင်းဆောင်တွေကို တရုတ်အစိုးရဘက်က ခေါ်ဆိုတာကြောင့် သွားလိုက်တာဖြစ်တယ်။ တွေ့ဖြစ်၊ မတွေ့ဖြစ် မသိဘူးနော် သွားတော့သွားလိုက်တယ် မနေ့က သွားလိုက်တယ်။ မနေ့ကသွားလိုက်တဲ့ထဲမှာ ကျနော်တို့ ဥက္ကဌ ဗိုလ်ချုပ်အင်ဘန်လ ဦးဆောင်သွားလိုက်တာဟုတ်တယ်။”လို့ KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက KNG ကချင်သတင်းဌာနကို ပြောပါတယ်။ ကချင်ပြည်နယ်တွင်းရှိ တရုတ်–မြန်မာနယ်စပ်တစ်ကြော စီပွားရေးဇုံနယ်အားလုံးကို KIO/KIAထိန်းချူပ်ထားပြီး လက်ရှိ ဗန်းမော်မြို့နဲ့မံစီမြို့နယ်တို့မှာ စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်နေချိန် KIO ကို တရုတ်အစိုးရဘက်က တွေ့ဆုံဖို့ ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။ ခုလို KIO အဖွဲ့ကို တရုတ်အစိုးရဘက်က ဖိတ်ခေါ်တာဟာ ဗန်းမော်တိုက်ပွဲရပ်တန့်ပေးဖို့ ဖြစ်နိုင်သလို၊ KIA သိမ်းပိုက်ထားတဲ့ နယ်စပ်ဂိတ်အားလုံး ပြန်လည်ဖွင့်ဖို့ ညှိနှိုင်းတာလည်း ဖြစ်နိုင်တယ်လို့ တရုတ်အရေးကျွမ်းကျင်တဲ့ကချင်နိုင်ငံရေးလေ့လာသုံးသူတစ်ဦးက ခုလိုပြောပါတယ်။ “အကြောင်းအရင်းက ၂ ခုဖြစ်နိုင်တယ်။ ပထမတစ်ချက်က နယ်စပ်ဂိတ်တွေအားလုံးဖွင့်မယ့်ကိစ္စတိုင်ပင်လာနိုင်မလား၊ နောက် ဒုတိယအချက်က ဗန်းမော်တိုက်ပွဲလည်း ပြင်းထန်နေတာဆိုတော့ ဗန်းမော်တိုက်ပွဲရပ်ပေးဖို့ ပြောတာလည်း ဖြစ်နိုင်တယ်”လို့ ပြောပါတယ်။ ဒါပေမယ့် KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူကြီးအင်ဖန်နော်ဘူပြောတာက တရုတ်အစိုးရနဲ့ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIO ကြား တစ်လ(သို့မဟုတ်) ၂ လ တစ်ကြိမ် ပုံမှန်တွေ့ဆုံမှုသာဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ကချင်အထူးဒေသ (၁) နယ်မြေမသိမ်းပိုက်ခင်လည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို တရုတ်ဘက်က တိုက်ပွဲမဖော်ဆောင်ဖို့ ဖိအားပေးခဲ့တာတွေရှိခဲ့ပါတယ်။ ဒါပေမယ့် KIA က တရုတ်ဖိအားတွေကြား မြေရှားသတ္တုထွက်ရှိရာ ကချင်အရှေ့ဘက်ခြမ်း ချီဖွေဒေသ၊ ပန်ဝါမြို့၊ ကန်ပိုင်တီမြို့ စတဲ့နယ်စပ်ကုန်သွယ်ရေး ဒေသအားလုံး သိမ်းပိုက်ထိန်းချူပ်လိုက်ပြီး လက်ရှိချိန်ထိ ကုန်သွယ်ရေးဂိတ်တွေအားလုံး ပိတ်ထားဆဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇင်ဘာလ ၄ ရက်နေ့ကစ တရုတ်နယ်စပ် လွယ်ဂျယ်မြို့နဲ့ မိုင် ၄၀ အကွာမှာရှိတဲ့ ဗန်းမော်မြို့ကို ထိုးစစ်စတင်ကာ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် အခုလို စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေချိန် တရုတ်အစိုးရဘက်က KIO ကို ခေါ်ယူတွေ့ဆုံမှုအပေါ် လူထုကြား စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ ရှမ်းမြောက်မှာ နယ်စပ်ကုန်သွယ်ရေးနဲ့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချူပ် လားရှိုးမြို့အပါအဝင် နယ်မြေအမြောက်အများကို သိမ်းပိုက်ထိန်းချူပ်ထားနိုင်ပြီ ဖြစ်တဲ့ ကိုးကန့် MNDAA နဲ့ တစ်ဖက်က တအာင်းလွတ်မြောက်ရေးအဖွဲ့ PSLF/TNLA တပ်ဖွဲ့ တို့ဟာ တရုတ်ဖိအားကြောင့် စစ်တပ်နဲ့အပစ်ရပ်ပြီး စစ်ကောင်စီနဲ့ ဆွေးနွေးရန် တပ်ဖွဲ့နှစ်ဖွဲ့လုံး ထုတ်ပြန်စာအသီးသီး ထုတ်ပြန်ထားပြီလည်း ဖြစ်ပါတယ်။ တရုတ်– မြန်မာနယ်စပ်မှာ တိုက်ပွဲတွေဖော်ဆောင်တာ မလုပ်ဖို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို တရုတ်ဘက်က နယ်စပ်ဂိတ်တွေပိတ်ပြီး ဖိအားပေးနေချိန်မှာပဲ နယ်စပ်ဒေသတစ်ခုကို KIA က သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Nov- 2024 -18 November
အရပ်သားပြည်သူနဲ့ ဘာသာရေးကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ လုပ်ရပ်က ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးစေတယ်လို့ KIO ပြော
အာဏာသိမ်းစစ်တပ်အနေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ နေရာဒေသက အရပ်သားပြည်သူ နဲ့ ဘာသာရေးကျောင်းနေရာတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်နေတဲ့လုပ်ရပ်ဟာ ငြိမ်းချမ်းရေးနဲ့ ပိုပြီးတော့ အလှမ်းဝေးသွားစေမှာဖြစ်တယ်လို့ KIO ပြောဆိုလိုက်ပါတယ်။ အဖပ်ဖက်ကနေစစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှုကျူးလွန်ပြီး အရပ်သားပြည်သူတွေကို သတ်ဖြတ်နေတဲ့…
Read More » -
1 November
ဖောင်းပြင်မြို့ကို SNA နဲ့ စစ်ကောင်စီတပ်အင်အားဖြည့်နေ
စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့ထဲကို SNA နဲ့စစ်ကောင်စီပူးပေါင်းတပ် စစ်အင်အားဖြည့်နေတာ ၄ ရက်ဆက်တိုက်ရှိနေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မုံရွာ–ဟုမ္မလင်းကားလမ်းပိုင်းမှာရှိတဲ့ ဖောင်းပြင်မြို့တွင်းအထိုင်တပ် ခလရ ၃၆၇ နဲ့ ၃၆၈ တပ်ထဲကို ရှမ်းနီအမျိုသားများတပ်မတော် SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ် ဒီရက်ပိုင်း အင်အားဖြည့်နေတယ်လို့ ဟုမ္မလင်းမြို့နေ အမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “တစ်ခါထွက်ရင်ကားနှစ်စီးသုံးစီးအပြည့်အပြည့်ထွက်တယ် ရှမ်းနီစစ်သားတွေကများတယ် ကားတစ်စီးကိုစစ်သားတွေက ၅ ယောက်လောက်ပဲပါတာ ကျန်တာရှမ်းနီးစစ်သားတွေပဲ လေးရက်လောက်ရှိပြီနေ့တိုင်းသွားတယ် ဖောင်းပြင်မြို့ထဲတပ်ကိုအင်အားဖြည့်တာတဲ့”လို့သူကပြောပါတယ်။ ဖောင်းပြင်မြို့ကို နိုဝင်ဘာလထဲမှာ ဟုမ္မလင်း PDF တပ်ပေါင်းစုသိမ်းပိုက်မယ်ဆိုတဲ့သတင်းတွေ လတ်တလောမှာပျံ့နှံ့နေတာကြောင့် မြို့တွင်းအထိုင်တပ်နှစ်ခုကို အောက်တိုဘာ၂၆ ရက်နေ့ကနေ မနေ့ကအထိ အင်အားဖြည့်နေတာလို့ သိရပါတယ်။ “ဖောင်းပြင်အနီးဝန်းကျင်မှာ PDF တွေ သုံးထောင်လေးထောင်လောက် ရောက်နေတယ် မြို့ကိုသိမ်းမယ်ဆိုပြီးကြားလို့တဲ့ ဒီဟုမ္မလင်းမြို့ထဲကတပ်တွေကော ၊နောင်ပိုအောင်တို့ဘက်ကကောပြီးတော့ ခန္တီးဘက်ကတွေကော အကုန်ဖောင်းပြင်ဘက်ကိုဆင်းသွားကြတာမြို့ကိုကာမယ်ဆိုပြီးတဲ့”လို့ ဟုမ္မလင်းမြိုခံ အမျိုးသားတစ်ဦး ပြောပါတယ်။ ဖောင်းပြင်မြို့ကိုကာကွယ်ဖို့အတွက် ဟုမ္မလင်းမြို့ပေါ်က SNA နဲ့စစ်ကောင်စီစစ်သားတွေအပြင် နောင်ပိုအောင်ဘက်က SNA တွေနဲ့ ဟုမ္မလင်း ခန္တီးလမ်းပိုင်းမှာထိုင်တဲ့ SNA ဂိတ်တွေပါရုတ်သိမ်းပြီး အင်အားဖြည့်နေတယ်လို့သိရပါတယ်။ အခုလို SNAနဲ့စစ်ကောင်စီပူးပေါင်းတပ်တွေ စစ်ရေးလှုပ်ရှားနေတာကြောင့် ဟုမ္မလင်း– မုံရွာကားလမ်းပိုင်း ပိတ်မထားပေမယ့် အရပ်သားတွေသွားလာလို့မရဖြစ်နေတယ်လို့ ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။ “လေးငါးရက်ရှိပြီ သူတို့တွေ(SNA နဲ့စစ်ကောင်စီတပ်)သွားလာနေတော့ဘယ်သူမှမသွားလာကြဘူး ကျွန်မတို့ မုံရွာကနေပစ္စည်းမှာတာ ကားသမားတွေမုံရွာကနေဒီဘက်ကိုမလာရဲလို့တဲ့မှာလို့မရဘူး ကုန်းကြောင်းက ခြောက်လလောက်ပိတ်မယ်လို့လည်းကြားတယ်”လို့သူကပြောပါတယ်။ မုံမှန်အားဖြင့် ဟုမ္မလင်းမြို့နယ်ထဲကို ကုန်စည်တွေသယ်ယူဖို့ မုံရွာ–ဟုမ္မလင်းကားလမ်းနဲ့မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းနှစ်ခုရှိပေမယ့် လက်ရှိ ကုန်းကြောင်းသွားလားလို့မရတာကြောင့် ဟုမ္မလင်းနယ်မှာကုန်အဝင်နှေးနေပြီးကုန်ပစ္စည်းစျေးတက်တာတွေ ဖြစ်နေတယ်လို့သိရပါတယ်။ ဟုမ္မလင်းနယ်ထဲက SNAနဲ့စစ်ကောင်စီပူးပေါင်းတပ်တွေဟာယ ခုရက်ပိုင်း ဖောင်းပြင်ဘက်ကိုအင်အားဖြည့်နေသလို ဟုမ္မလင်းမြို့နယ်နဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အစပ် ဆယ်ဇင်းဘက်ကိုလည်းအင်အားဖြည့်နေတယ်လို့သိရပါတယ်။ ဟုမ္မလင်းမြို့နယ်ထဲက PDF ပူးပေါင်းတွေဟာ ဒီနှစ်ထဲ ရွှေပြည်အေးမြို့နဲ့ လွှစင်ကုန်းတို့ကိုသိမ်းပိုက်ထားသလို ဖောင်းပြင်မြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်ကြားထဲက ကျေးရွာအများအပြားကိုလည်းသိမ်းပိုက်ထားပြီလို့သိရပါတယ်။ By – Zaw Zaw
Read More » -
Oct- 2024 -28 October
လုံရှာယန်နဲ့ဆွမ်ပီယန်ကြား စစ်တပ်က အင်အားဖြည့်ပြီး စစ်ရေးလှုပ်ရှားနေ
ပူတာအိုမြို့နယ် လုံရှာယန်နဲ့ ဆွမ်ပီယန်ကြားမှာ စစ်ကောင်စီအင်အားဖြည့်စစ်ရေးလှုပ်ရှားနေပြီး လမ်းသွားလမ်းလာအရပ်သားတွေကို စစ်ဆေးရေးတင်းကြပ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ ၂၀၂၃ ခုနှစ် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြားတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ လုံရှာယန်၊ဆွမ်ပီယာန် ဒေသခံတွေ ၂၀၂၄ နှစ်ဆန်းပိုင်း ပြည်သူတစ်ချို့နေရပ်ပြနလာပြီး အသက်မွေးဝမ်းကျောင်းပြုဖို့ လယ်ယာ၊တောင်ယာ လာရောက်လုပ်ကိုင်ရင်း နေထိုင်နေကြတာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်တွေဟာ အရပ်သားပြည်သူတွေ လွတ်လပ်စွာသွားလာခွင့်မရအောင် ရွာအဝင်အထွက် စစ်ဆေးတင်းကြပ်တာ၊ အချိန်အကန့်အသတ်နဲ့ သွားလာခွင့်ပြုပြီး တားဆီးပိတ်ပင်တာတွေလုပ်နေတာကြောင့် ဒေသခံပြည်သူတွေ သွားလာရေးခက်ခဲပြီးအခက်တွေ့နေတယ်လို့ ပြောပါတယ်။ “အပြင်တွေဘာတွေသွားတာတို့၊ တောင်ယာ အခင်းတွေဆီ သွားလာရေးမှာ အရမ်းတားမြစ်ပိတ်ပင်မှုဖြစ်တယ်။ အချိန်တွေကန့်သတ်ပေးတာတွေပေါ့။ တန်ဂျာယန်မှာလည်း စစ်တပ်စခန်းလည်းရှိနေတော့ အဲမှာလည်း အင်အားက ၅၀ လောက်ရှိမယ်။ ပြည်သူတွေက အခုချိန်က လယ်ယာစပါးတွေလည်း မှည့်တဲ့အချိန်ဆိုတော့ အလုပ်များတဲ့အချိန်ဖြစ်တယ်။ ဒီလိုအခြေအနေမှာ အားလုံးက သတိဝီရိယနဲ့ပဲ စိုးရိမ်ပြီး သွားလာလုပ်ကိုင်နေကြရတာပေါ့။” လို့ လုံရှာယာန်ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ဆွမ်ပီယန့်နဲ့လုံရှာယန်ပြည်သူတွေဟာ လယ်ယာ၊တောင်ယာလုပ်ကိုင်ဖို့ တစ်ချို့တစ်ဝက်သာဝင်ရောက်လာတာဖြစ်ပြီး အများပိုင်း ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလလောက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ အင်အား ၆၀ ခန့်နဲ့ လုံရှာယန်ကျေးရွာထဲ ဝင်ရောက်တပ်စွဲ စခန်းတည်ဆောက်လာတာဖြစ်ပြီး လတ်တလော စစ်အင်အားထပ်ဖြည့်ကာ တန်ဂျာကျေးရွာတွေထိ တပ်စခန်းတိုးချဲ့ပြီး ကတုတ်ကျင်းတွေ အခိုင်အမာတည်ဆောက်ကာ လုံခြုံရေးအပြည့်နဲ့ လှုပ်ရှားနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ “တန်ဂျာရွာမှာလည်း ဆောက်လုပ်ရေးရှိတဲ့နေရာတွေ၊ တံတားအောက်မှာတွေ တပ်စခန်းအကုန်ချထားတယ်။ အရင်စခန်းမရှိတဲ့နေရာတွေမှာ အကုန်တပ်စွဲပြီး ရွာပြင်၊ရွာထဲ အကုန်လုံခြုံရေးပြုထားတယ်။ လုံရှာယန်မှာက ခိုင်ခိုင်မာမာ ကတုတ်ကျင်းတွေ တူးဖော်ဆောက်လုပ်ပြီး လူအင်အားထပ်ဖြည့်၊ လက်နက်ကြီးလည်း ၃ ခုလောက်ထောင်ပြီး နေနေတယ်။ ဒီဒေသက ပြည်သူ့စစ်တွေနဲ့ စစ်ကောင်စီတပ်တွေ အားလုံးတပ်ပေါင်းစုပြီး ဆွမ်ပီယန်ဘက်အထိ ရောရောနှောနှော လှုပ်ရှားနေကြတယ်။”လို့ လုံရှာယာန်ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ဒါ့အပြင် ဆွမ်ပီယန်ဘက်မှာတော့ ၂၀၂၄ ခုနှစ် မေလလောက်ကစပြီး စစ်ကောင်စီတပ်တွေ ကျေးရွာအတွင်း ဝင်ရောက်လာပြီး ရွာသားတွေကို ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်ကာ နေအိမ်တွေကို ဖောက်ထွင်းခံရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ လတ်တလော ဆွမ်ပီယန်၊ ၀ဒတ်ရွာနဲ့ အင်စီးယန် စတဲ့ကျေးရွာ ၃ ခုက ရွာသား ၁၅၀၀ ကျော်ဟာ လတ်တလော တောထဲ မိုးကာတဲတွေထိုးပြီး စစ်ဘေးရှောင်နေကြရလလောက်ကြာလာပြီဖြစ်ကာ ဖျားနသူတွေလည်း များပြားနေပြီး ဆေးဝါးလည်းမရှိ၊ အစားအသောက်လည်း မလုံလောက်ကာ ဒုက္ခရောက်နေကြရတယ်လို့ သိရပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
18 October
လီဒိုလမ်းမပေါ်က ဒေသခံတွေ လယ်ယာလုပ်ကိုင်သူနည်းပါးလာတဲ့အတွက် အစားသောက်ပိုကြပ်တည်းလာနိုင်
တနိုင်း– လီဒိုလမ်းမပေါ် ဒေသခံပြည်သူတွေဟာ စစ်ရေးခြေအနေကြောင့် လယ်ယာလုပ်ကိုင်သူနည်းပါးလာတဲ့အတွက် ဒေသအတွင်း အစားအသောက် ပိုမိုကြပ်တည်းလာနိုင်တယ်လို့ ဒေသခံတွေပြောပါတယ်။ လယ်ယာလုပ်ငန်းနဲ့အဓိကဝမ်းကျောင်းပြုနေကြတဲ့ နောင်းမီ၊ ဝါရာဇွပ်၊ ရှဒူးဇွပ်စတဲ့ ကျေးရွာနေပြည်သူတွေဟာ လက်ရှိဖြစ်နေတဲ့ စစ်ရေးအခြေအနေတွေကြောင့် ဒေသအတွင်းမတည်မငြိမ်ဖြစ်ပြီး လယ်ယာလုပ်ကိုင်ဖို့ ခက်ခဲသွားတဲ့အခြေအနေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ မြို့နယ်တစ်ချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စခန်းသိမ်းတိုက်ပွဲဖော်ဆောင်လိုက်ပြီးနောက် တနိုင်းလီဒိုလမ်းမဘက်ကိုလည်း တိုက်ပွဲစတင်လာနိုင်တဲ့အကြောင်း သတင်းတွေထွက်ပေါ်ခဲ့တာပါ။ ဒါကြောင့် ဝါရာဇွပ်ကျေးရွာအပါ ရှဒူးဇွပ်၊ အောင်ရာ၊ စံပြ စတဲ့ ကျေးရွာနေရာပြည်သူတွေ မိုးကောင်၊ နမ္မတီး ဘက်ကို ကြိုတင်တိမ်းရှောင်နေကြသလို ဒေသခံတစ်ချို့ တိမ်းရှောင်နေရာတွေလုပ်ပြီး အဆင်သင့်ပြင်ဆင်နေပြီး နေနေရတယ်လို့သိရပါတယ်။ ဒါကြောင့် လီဒိုလမ်းမပေါ်မှာရှိတဲ့ ဒေသခံတောင်သူတွေဟာ နှစ်စဉ်လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာလုပ်ငန်းတွေ ရပ်နားလိုက်ရတဲ့အထိ အခက်အခဲကြုံတွေ့ခဲ့တယ်လို့ ဝါရာဇွပ်ဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။ “မနှစ်တုန်းကတော့ တိုက်ပွဲဖြစ်တာတွေရှိပေမယ့် လယ်ယာလုပ်ငန်းတွေက လုပ်ကိုင်နိုင်ကြတယ်လို့ ပြောလို့ရမယ်။ ဒီနှစ်မှာတော့ တိုက်ပွဲတွေဖြစ်လာတော့မယ်ဆိုပြီး စစ်ရှောင်စခန်းတွေ လုပ်ရမယ် စသဖြင့် သတင်းတွေ ထွက်ပေါ်ခဲ့တော့ အားလုံးက စိုးရိမ်ပြီးမှပဲ နေကြတော့တယ်။ အဲ့လိုပဲ လယ်ယာလုပ်ကိုင်တဲ့ သူတွေကလည်း ဖြစ်လာမလား ဆိုပြီး တစ်ချို့က တန်းလန်း မစိုက်နိုင်ပဲ ရပ်နားလိုက်တဲ့ သူတွေရှိတယ်။ တစ်ချို့ဖြစ်သလို စိုက်လိုက်ရတဲ့ သူတွေရှိကြတယ်။ အရင်နှစ်တွေလို သေသေချာချာ မလုပ်ရဘူး”လို့ပြောပါတယ်။ နောင်မီ၊ ဝါရာဇွပ်၊ ရှဒူးဇွပ် ကျေးရွာတွေမှာ နှစ်စဉ်လယ်စပါးကို ဧကသိန်းချီစိုက်ပျိုးနိုင်တဲ့နေရာဖြစ်ပြီး ဧကရာချီစိုက်ပျိုးတဲ့ တောင်သူတွေက ဒီနှစ်မှာ ဧက ၂၀ နဲ့ ၃၀ ကြားသာ စိုက်ပျိုးနိုင်ပြီး တစ်ချို့တောင်သူတွေက ဧက ၅ ဧကလောက်သာ စိုက်ပျိုးနိုင်ကြတယ်လို့ပြောပါတယ်။ ခုလို ဒေသခံတောင်သူတွေ လယ်ယာလုပ်ကိုင်သူနည်းပါးလာတဲ့အကြောင်းအရင်းတွေဟာ စစ်ရေးအပြင် ကားလမ်းပျက်စီးပြီးကုန်ပစ္စည်းနဲ့ စက်သုံးဆီတင်ကား သွားလာဖို့ အခက်အခဲတဲ့ ပြဿနာလည်းပါဝင်တယ်လို့ ဒေသခံတွေပြောပါတယ်။ ကချင်ပြည်နယ်တစ်ခုလုံး ပြီးခဲ့တဲ့ ဇူလိုင်လမှာ ရေကြီးရေလျှံဖြစ်ခဲ့တာကြောင့် တနိုင်းသွားလမ်း နောင်းမီနဲ့ ဝါရာဇွပ် ကားလမ်းပိုင်းမှာ နှစ်လဝန်းကျင်အထိ ကုန်ကားသွားလာဖို့ ၆ နေရာလောက်မှာ လမ်းပိုင်းပျက်စီးသွားတာဖြစ်ပါတယ်။ ကားလမ်းပိုင်းပျက်စီးနေတဲ့ နေရာတွေမှာ ထွန်စက်အကြီးတွေနဲ့ အခကြေးငွေပေးပြီးဆွဲထူကာ သွားလာနေရတာကြောင့် စက်သုံးဆီနဲ့ ကုန်ပစ္စည်းစျေးနှုန်းလည်း အဆမတန်မြင့်တက်သွားတာဖြစ်ပါတယ်။ တစ်ဖက်မှာ ဒေသခံပြည်သူတွေ ကုန်စျေးနှုန်းမြင့်တက်ဒဏ်ကြုံတွေ့နေရကြားထဲ လယ်ယာလုပ်ငန်းမှာ စက်သုံးဆီအသုံးပြုဖို့အထိ ငွေကြေးမတတ်နိုင်တာကြောင့် လယ်ယာလုပ်ငန်း လုပ်ကိုင်သူနည်းပါးသွားတယ်လို့ ဒေသခံတောင်သူတွေပြောပါတယ်။ အခုလို လယ်ယာလုပ်ငန်း လုပ်ကိုင်သူ နည်းပါးသွားတဲ့အတွက် ဒေသအတွင်း လာမယ့်နှစ်တွေမှာ အစားအသောက် အခက်အခဲတွေ ပိုမိုကြပ်တည်းလာနိုင်တယ်လို့ ဝါရာဇွပ်ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။ “ဒီအခြေအနေမှာ ကျနော်တို့ ဒေသခံတွေက ပိုပြီး ခက်ခဲလာနိုင်ပါတယ်။ ငွေကြေးတတ်နိုင်ပြီး လုပ်နိုင်တဲ့ သူတွေလည်း အရင်းအနှီးအများကြီးထည့်ထားပြီဖြစ်တဲ့အတွက် ဆန်စျေးနှုန်းတွေက ဒီထက်ပိုပြီးတက်လာဖို့ပဲရှိတယ်။ တစ်ချို့ကလည်း တတ်နိုင်သလောက် လုပ်ထားတယ်ဆိုပေမယ့်လည်း နိုင်ငံရေးအခြေအနေကြောင့် သေချာလေးဂရုမစိုက်နိုင်တဲ့အတွက် ထင်သလောက်ထွက်မှာမဟုတ်ဘူ”လို့ပြောပါတယ်။ ဝါရာဇွပ်ကျေးရွာ အုပ်စု၊ ရှဒူးဇွပ်ဒေသမှာ တိုက်ပွဲငြိမ်သက်သွားတာ တစ်နှစ်ကျော် ကြာမြင့်သွားပြီဖြစ်ပေမယ့် ဒေသအတွင်း စစ်ရေးမတည်ငြိမ်မှုတွေကြောင့် လယ်ယာလုပ်ငန်းအပြင် တစ်ခြားလုပ်ငန်းသွားလာလုပ်ကိုင်ဖို့လည်း ခက်ခဲနေကြတာဖြစ်ပါတယ်။ အခုလို အခြေအနေကြောင့် လီဒိုလမ်းမပေါ်မှာရှိကြတဲ့ ကျေးရွာတစ်ချို့ လာမယ့် ရာသီကောက်သစ်စားပွဲ၊ ခရစ္စမတ်ပွဲတွေကို ပြုလုပ်နိုင်ဖို့ အလားအလာမရှိဘူးလို့လည်း ပြောဆိုနေကြပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More »









