စစ်ရေးသတင်း

နောင်ပိုအောင်ရွာမှာ စစ်ရေးတင်းမာနေလို့ ဒေသခံတွေကိုကြိုတင်တိမ်းရှောင်ခိုင်းထား

စစ်ကိုင်းတိုင်းဒေသကြီး ၊ဟုမ္မလင်းမြို့နယ်ထဲက နောင်ပိုအောင်ကျေးရွာမှာ စစ်ရေးတင်းမာနေတဲ့အတွက် ဒေသခံတွေကိုလည်းကြိုတင်တိမ်းရှောင်ထားကြဖို့ပြောထားကြောင်း သိရပါတယ်။

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ စစ်ကောင်စီတပ်ပူးပေါင်းတပ်စွဲနေတဲ့ ဟုမ္မလင်းမြို့ရဲ့အရှေ့ဘက်ရှိ နောင်ပိုအောင်ကျေးရွာကို ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေ ထိုးစစ်ဆင်နေတာကြောင့် ရွာခံတွေကိုကြိုတင်တိမ်းရှောင်ကြဖို့သတိပေးထားတယ်လို့ ဟုမ္မလင်းမြို့ခံ အသက် ၄၀ ကျော်အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။

အဲ့နောင်ပိုအောင်ကိုအခုကာကွယ် ရေးတပ်တွေကဝိုင်းထားတယ် သူတို့ဝိုင်းထားက ငါးရက်လောက်ရှိပြီပြည်သူတွေကိုလည်းခနရှောင်ကြဖို့ပြောလို့ ဟုမ္မလင်းမြို့ပေါ်ကိုအများကြီးရောက်လာကြတယ် တချို့လည်းအဲ့ဘက်ကနီးစပ်တဲ့ရွာတွေမှာပဲခနရှောင်ထားကြတယ်လို့ ဟုမ္မလင်းPDF နဲ့နီးစပ်တဲ့အထက်ဖော်ပြပါအမျိုးသမီးကပြောပါတယ်။

ဟုမ္မလင်း PDF တပ်ပေါင်းစုတွေဟာ ဇွန်လ ၁၅ ရက်နေ့ကတည်းက နောင်ပိုအောင်ကျေးရွာဘက် ထိုးစစ်ဆင်လာတဲ့အတွက် နှစ်ဖက်တပ်အကြားစစ်ရေးတင်းမာနေတာကြောင့် ရွာခံတွေလည်း ဇွန်လ ၁၆ ရက်နေ့ကတည်းကနေ နေ့စဥ်ထွက်ခွာလာနေတဲ့အတွက် ရွာထဲမှာ ကျန်နေတဲ့ပြည်သူဟာ လေးပုံသုံးပုံခန့်သာကျန်တော့တယ်လို့ ဆိုပါတယ်။

ရွာထဲမှာကျန်တော့ကျန်သေးတယ်။တစ်ချို့မထွက်လာကြသေးဘူးနေရဲတဲ့သူတွေတော့နေကြတုန်း ကျွန်တို့ကမနေရဲဘူးဖြစ်လာမှဆိုမလွယ်ဘူးလေးပြေးဖို့လွှားဖို့ရာက လမ်းလည်းဖွင့်ထားပေးတယ်ဆိုတော့ဒီဘက်မြို့ပေါ်ကိုပဲပြေးကြတာများတယ်လို့ နောင်ပိုနောင်ကျေးရွာခံစျေးသည်အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။

ပုံမှန်အားဖြင့် SNAနဲ့စစ်ကောင်စီတပ်တွေဟာ နောင်ပိုအောင်နန်တောဟုမ္မလင်းကားလမ်းပိုင်းမှာစစ်ဆေးရေး ဂိတ်နှစ်ခု၊ နောင်ပိုအောင်တံတားထိပ်မှာတစ်ခု၊ နောင်ပိုအောင်ကျေးရွာအထွက် ဒေသအခေါ် (သခ်ျိုင်းကုန်းအနီး)မှာဂိတ်တစ်ခုထိုင်ကာ ရွာအဝင်အထွက်တွေကိုထိန်းချုပ်ထားတာဖြစ်ပေမယ့်ကာကွယ်ရေးတပ်တွေက အဲ့ဒီဂိတ်တွေကိုရုပ်သိမ်းပေးဖို့နဲ့မရုပ်သိမ်းပေးရင် ဝင်ရောက်တိုက်ခိုက်မှာဖြစ်ကြောင်း သတိပေးထားတာကြောင့်ဂိတ်တွေလည်းလုံးလည်းရုပ်သိမ်းသွားတယ်လို့သိရပါတယ်။

အခုက ဘာဂိတ်မှမရှိတော့ဘူးတဲ့ နောင်ပိုအောင်တံတားထိပ်နဲ့ နောင်ပိုအောင်နန်တောလမ်းကဂိတ်ကအဆုံးပဲ အဲ့ဒီဂိတ်တွေလည်းမထိုင်တော့ဘူးအားလုံး ဆုတ်သွားကြပြီဒီဘက်(PDF)ကသတိပေးထားတယ်လေးဂိတ်တွေပြန်ရုပ်သိမ်းပေးဖို့လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။

နောင်ပိုအောင်ကျေးရွာ အရှေ့ဘက်ခြမ်းနဲ့မြောက်ဘက်ခြမ်းတွေမှာရှိတဲ့ လွှစင်ကုန်း၊ နားမော်၊ မှန်ဟုန်၊ပုရစ်၊ဖါနှိုင်းစတဲ့ကျေးရွာတွေဟာ ဟုမ္မလင်းPDF တွေသိမ်းပိုက်ထားတဲ့ရွာတွေဖြစ်ပါတယ်။

နောင်ပိုအောင်ကျေးရွာမှာတော့ SNAနဲ့စစ်ကောင်စီပူးပေါင်းတပ်အင်အားအနည်းဆုံး ၃၀၀ ခန့်ရှိတယ်လို့သိရပြီး နောင်ပိုအောင်ကျေးရွာဟာ SNA တပ်သားသစ်တွေကို စစ်သင်တန်းတွေပေးတဲ့နေရာလ ည်းဖြစ်တယ်လို့သိရပါတယ်။

ဟုမ္မလင်းPDF တပ်ပေါင်းစုတွေဟာ နောင်ပိုအောင်ကျေးရွာကိုသိမ်းပိုက်ဖို့အတွက် ၂၀၂၄ နှစ်ကုန်ကတည်းက သတင်းတွေထွက်ပေါ်ခဲ့ပြီး ၂၀၂၅ မတ်လတုန်းကလည်း နောင်ပိုအောင်ကိုသိမ်းမယ်ဆိုတဲ့သတင်းကြောင်းကျေးရွာနေပြည်သူအချို့တိမ်းရှောင်တာတွေရှိခဲ့ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button