စစ်ရေး

  • Jun- 2026 -
    19 June

    ရွှေကူကို ဘာကြောင့် အပြိုင်ထိန်းချုပ်ဖို့ ကြိုးပမ်းနေကြသလဲ

    ကချင်ပြည်နယ် ရွှေကူမြို့နယ်တစ်ဝှိုက်မှာ လတ်တလော တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး စစ်တပ်ဘက်ကလည်း ရှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ် ငအိုးဒေသကနေ အင်အားထပ်မံဖြည့်တင်းနေပါတယ်။

    Read More »
  • 18 June

    ရွှေကူမြို့တွင်းတပ်အတွက် လေထီးဖြင့် ထောက်ပို့ပစ္စည်းများချပေး

    ကချင်ပြည်နယ် ရွှေကူမြို့မှာ စစ်တပ်ဘက်က မြို့တွင်းအခြေစိုက်တပ်အတွက် လေယာဉ်ပေါ်ကနေ လေထီးအသုံးပြုပြီး ထောက်ပို့ပစ္စည်းတွေ ချပေးခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီကနေ့ ညနေ ၅ နာရီကျော်အချိန်မှာ စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စီးဟာ ရွှေကူမြို့ပေါ်ကနေ ပျံသန်းခဲ့ပြီး လေထီးတွေနဲ့ ပစ္စည်းတွေ…

    Read More »
  • 11 June

    ရွှေကူမြို့ခံများ မြို့စွန့်ခွာဖို့ အခက်အခဲရှိနေ

    ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်က မြို့စွန့်ခွာဖို့ သတိပေးထုတ်ပြန်ထားတဲ့ တစ်ဖက်မှာ စစ်တပ်ဘက်ကတော့ ရွှေကူမြို့အတွင်းမှာပဲ ဆက်လက်နေထိုင်ကြဖို့ အရပ်သားတွေကို တိုက်တွန်းနေတယ်လို့ ရွှေကူမြို့ခံတွေနဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    Read More »
  • 10 June

    ရွှေကူမြို့ကို စစ်ကြောင်း ၃ ခုနဲ့ ထိုးစစ်ဆင်နေတယ်လို့  KIA ပြော

    ကချင်ပြည်နယ်၊ ရွှေကူ–ငအိုးဒေသတစ်ဝှိုက်နဲ့ ရွှေကူမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ KIA ဘက်ကပြောပါတယ်။ KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက စစ်ကောင်စီတပ်ဘက်က ထီးချိုင့်–ငအိုးဘက်ကနေ စစ်ကြောင်း ၃ ကြောင်းခွဲပြီး အင်အားများစွာနဲ့ ရွှေကူဘက်ကို ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ ပြောပါတယ်။ “အင်အား ၄၀၀၊ ၅၀၀ လောက်နဲ့ စစ်ကြောင်းထိုးတာရှိတယ်။ ငအိုးကနေတက်လာပြီး ရွှေကူဘက်ကို ဦးတည်နေတာဖြစ်တယ်။ ရွှေကူကိုတော့ မရောက်သေးဘူး။ တခြားလမ်းကြောင်းတွေမှာလည်း စစ်ဆင်ရေးလုပ်နေတယ်။ စစ်ကြောင်း ၃ ခုနဲ့ လှုပ်ရှားနေတာပါ”လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဘက်က ရွှေကူမြို့တွင်းကို တိုက်ရိုက်ဝင်ရောက်နိုင်ခြင်း မရှိသေးပေမယ့် လမ်းကြောင်းတစ်လျှောက်မှာ စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ စစ်ကြောင်း ၃ ကြောင်းလုံး တပြိုင်နက်တည်း လှုပ်ရှားနေတဲ့အခြေအနေကြောင့် ဒေသတစ်ဝှိုက်မှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားလာနေပြီး စစ်ရေးအခြေအနေကလည်း ယနေ့အထိ တင်းမာနေဆဲဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါ့အပြင် ငအိုး–ရွှေကူလမ်းပိုင်းထဲက ၅ လမ်းဆုံရွာအနီးမှာလည်း စစ်ကောင်စီတပ်ဘက်က ရှေ့တန်းတပ်ဖွဲ့တွေ ခြေကုပ်ယူထားတဲ့ အခြေအနေရှိနေတယ်လို့ KIA ဘက်က ထပ်မံပြောပါတယ်။ အဆိုပါနေရာဟာ လမ်းကြောင်းအရေးပါတဲ့ ချိတ်ဆက်လမ်းဆုံတစ်ခုဖြစ်ပြီး ဒေသတွင်း စစ်ရေးလှုပ်ရှားမှုအတွက် အဓိကအချက်အချာနေရာတစ်ခုအဖြစ် ရှိနေတယ်လို့ ဆိုပါတယ်။ “ရွှေကူရောက်ပြီဆိုရင် သူတို့ဘက်က ဗန်းမော်ဘက်ကို ဆက်တက်ဖို့ ဦးတည်ချက်ရှိတယ်”လို့ ဗိုလ်မှူးကြီး နော်ဘူက သတိပေးပြောဆိုပြီး လက်ရှိစစ်ရေးလှုပ်ရှားမှုတွေဟာ အဆိုပါလမ်းကြောင်းကို ထိန်းချုပ်နိုင်ရေး ဦးတည်နေတယ်လို့ သုံးသပ်ပါတယ်။ ဒီအခြေအနေကြောင့် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း လမ်းကြောင်းတစ်ဝှိုက်မှာ ကြားဖြတ်တားဆီးမှုနဲ့ ခုခံတိုက်ခိုက်မှုတွေ နေ့စဉ်လုပ်ဆောင်နေပြီး ယနေ့မနက်ပိုင်းအထိ ၅ လမ်းဆုံအနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအခြေအနေအရ စစ်ကြောင်းတွေဘက်က ရှေ့ဆက်တိုးလာတာ မတွေ့ရဘဲ ငအိုး–ရွှေကူလမ်းမကြီးတစ်လျှောက်နေရာတွေမှာ ခြေကုပ်ယူထားတဲ့ အနေအထားဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒါ့အပြင် စစ်ရေးတင်းမာမှုတွေကြောင့် ဒေသခံပြည်သူတွေကိုလည်း လုံခြုံရေးကို ဦးစားပေးပြီး သက်ဆိုင်ရာထုတ်ပြန်ချက်တွေကို လိုက်နာဖို့နဲ့ လိုအပ်ပါက စစ်ရှောင်ပြင်ဆင်ထားဖို့ KIA ဘက်က တိုက်တွန်းထားပါတယ်။ “တိုက်ပွဲကတော့ အချိန်မရွေး ဖြစ်လာနိုင်တဲ့အခြေအနေပါ။ ပြည်သူတွေက လုံခြုံရေးကို အရင်ဆုံးထားပြီး စဉ်းစားဖို့လိုပါတယ်”လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ လက်ရှိအခြေအနေအရ ငအိုး–ရွှေကူဒေသတစ်ဝှိုက်မှာ စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက်တင်းမာနေပြီး အချိန်မရွေး တိုက်ပွဲကျယ်ပြန့်လာနိုင်တဲ့ အခြေအနေရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သုံးသပ်ထားပါတယ်။ ရွှေကူမြို့နယ်တစ်ခုလုံးအခြေအနေအရ စစ်ကောင်စီတပ်ဘက်က မြို့တွင်းကို ဆက်လက်ထိန်းချုပ်ထားပြီး တော်လှန်ရေးအင်အားစုတွေကတော့ မြို့နယ်အတွင်း ကျေးရွာအချို့ကို စိုးမိုးထားနိုင်တယ်လို့လည်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။ ရွှေကူ–ငအိုး–ဗန်းမော်လမ်းကြောင်းဟာ ကချင်ပြည်နယ်အတွင်း စစ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအရ အရေးပါတဲ့ ချိတ်ဆက်လမ်းကြောင်းတစ်ခုဖြစ်ပြီး လက်ရှိအခြေအနေအရ စစ်ကောင်စီတပ်ဘက်က မြို့တွင်းကို ထိန်းချုပ်ထားသော်လည်း မြို့နယ်အတွင်း ကျေးရွာအချို့ကို တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားတဲ့ အခြေအနေဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။ By – အမိုး

    Read More »
  • 5 June

    တစ်လကျော်ကြာ ထိုးစစ်ဆင်နေပေမယ့် ရွှေကူမြို့ထဲ စစ်ကြောင်းမဝင်နိုင်သေး

    ကချင်ပြည်နယ် ရွှေကူ–ငအိုးလမ်းကြောတစ်လျှောက်မှာ ဒီနေ့အထိ တိုက်ပွဲတွေ နေ့တိုင်းလိုလို ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်စစ်ကြောင်းဟာလည်း ရွှေကူမြို့ထဲကို အခုချိန်ထိ ဝင်ရောက်နိုင်ခြင်း မရှိသေးဘူးလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    Read More »
  • 4 June

    ကချင်ကိုဝင်လာတဲ့ စစ်ယာဉ်တန်းတွေ၊ အရပ်သားအကူအညီလား စစ်ရေးထောက်ပို့လား

    ကချင်ပြည်နယ်ကို ဝင်ရောက်လာနေတဲ့ စစ်ကောင်စီယာဉ်တန်းတွေမှာ ဘာတွေတင်ဆောင်လာသလဲဆိုတဲ့ မေးခွန်းက လတ်တလော စိတ်ဝင်စားစရာအကြောင်းအရာတစ်ခု ဖြစ်နေပါတယ်။ စစ်တပ်ထောက်ခံတဲ့ ချန်နယ်လ်တွေနဲ့ ထုတ်ပြန်ချက်တွေရဲ့ ဖော်ပြချက်အရ မေလ ၃၁ ရက်နေ့မှာ မြစ်ကြီးနားမြို့ကို ရောက်ရှိသွားတဲ့ ဒုတိယအကြိမ် စစ်တပ်ယာဉ်တန်းဟာ ကျောင်းသုံးစာအုပ်တွေ၊ ဆေးဝါးတွေ၊ အခြေခံစားသောက်ကုန်တွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ စက်သုံးဆီတွေကို သယ်ဆောင်လာတာဖြစ်တယ်လို့ ဆိုထားပါတယ်။ စစ်တပ်ဘက်ကတော့ မန္တလေး–မြစ်ကြီးနား လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် လမ်းတစ်လျှောက်က မြို့ရွာတွေမှာ အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်ရေး၊ ကျောင်းဖွင့်နိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အခုလို ပစ္စည်းတွေ ပို့ဆောင်နေတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါသေးတယ်။ ဒါပေမယ့် KIA/KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ အရင်တစ်ခေါက် ကချင်ပြည်နယ်ဘက်ကို တက်လာခဲ့တဲ့ ယာဉ်အစီး ၄၀၀ ကျော်ရှိတဲ့ စစ်တပ်ရဲ့ယာဉ်တန်းမှာ ဘိလပ်မြေ၊ ဆောက်လုပ်ရေးပစ္စည်းနဲ့ စားနပ်ရိက္ခာတွေ ပါဝင်သလို လက်နက် ခဲယမ်းတွေလည်း ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။ “ရှေ့တစ်ခေါက် အစီး၄၀၀ တက်လာတုန်းကလည်း ဘိလပ်မြေအိတ်တင်တဲ့ ကားအစီး၁၀၀ပါတယ်။ တခြားဆောက်လုပ်ရေး ပစ္စည်းတွေလည်း ပါတယ်။ စားနပ်ရိက္ခာတင်တဲ့ကားတွေလည်းပါတာ ဟုတ်တယ်။ လက်နက်ခဲယမ်းတွေလည်းပါတယ်။”လို့ ဗိုလ်မှူးကြီး နော်ဘူက KNG ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က ကချင်ပြည်နယ်မြစ်ကြီးနားမြို့ကိုထပ်ရောက်လာတဲ့ ယာဉ်တန်းမှာလည်း အစားအသောက်နဲ့ ပြည်သူတွေအသုံးပြုရမယ့် ပစ္စည်းတွေ ပါဝင်နိုင်ပေမယ့် စစ်ယာဉ်တန်းဖြစ်တဲ့အတွက် လက်နက်ခဲယမ်းနဲ့ စစ်ရေးထောက်ပို့ ပစ္စည်းတွေပါဝင်ဖို့ များတယ်လို့ ဗိုလ်မှူးကြီးနော်ဘူကဆက်ပြောပါတယ်။ “ဒီတစ်ခေါက်လည်း အစားအသောက်တွေလည်း ပါမှာဘဲ ။ အဲဒီလိုဘဲ ပြည်သူတွေ အသုံးပြုရမယ့် ပစ္စည်းတွေလည်းပါမှာဘဲ။ ဒါပေမယ့်လည်း ဘာပဲဖြစ်ဖြစ် စစ်ကားဖြစ်တဲ့ အတွက် လက်နက်ခဲယမ်းတွေလည်း သယ်တာတွေလည်း သေချာပေါက်ပါမယ် လို့တော့ သိရှိနိုင်တယ်။ ပြီးတော့ စစ်အင်အား ဘယ်လောက်ပါတယ် ဆိုတာကိုတော့ သေချာ မသိရသေးဘူး။ ကားကို ဖုံးပြီး မောင်းလာတာဖြစ်တဲ့အတွက် စစ်အင်အား ဘယ်လောက်ပါတယ်ဆိုတာကိုတော့ မသိရသေးဘူး“ စစ်တပ်ဟာ မန္တလေး–မြစ်ကြီးနား လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ယာဉ်အစီး ၄၀၀ ကျော်ပါ ယာဉ်တန်းတစ်ခုနဲ့ ယာဉ်အစီး ၂၀၀ ခန့်ပါဝင်တဲ့ နောက်ထပ်ယာဉ်တန်းတစ်ခုကို ကချင်ပြည်နယ်အတွင်းကို ဆက်တိုက်ဆိုသလို ဝင်ရောက်အင်အား ဖြည့်နိုင်ခဲ့တာပါ။ ဒီနေရာမှာ မေးခွန်းထုတ်စရာ ဖြစ်လာတာကတော့ အရပ်သားတွေအတွက် အသုံးပြုမယ့် ကျောင်းစာအုပ်၊ ဆေးဝါးနဲ့ စားသောက် ကုန်တွေကို စစ်ရေးထောက်ပို့ပစ္စည်းတွေနဲ့အတူ ယာဉ်တန်းတစ်ခုတည်းမှာ ရောပြီးသယ်ဆောင်လာတာ ဟုတ်မဟုတ်ဆိုတဲ့ အချက်ပါ။ ဥပဒေပညာရှင်တစ်ဦးကတော့ ပဋိပက္ခမှာ ပါဝင်နေတဲ့ လက်နက်ကိုင်တပ်များအားလုံးဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (International Humanitarian Law-IHL) ကို တူညီစွာလိုက်နာရမှာဖြစ်ပြီးစစ်ရေးပစ်မှတ်တွေနဲ့ အရပ်သားပစ်မှတ်တွေကို အမြဲတမ်း ခွဲခြားသတ်မှတ်ထားရမယ်လို့ KNG ကို ပြောပါတယ်။ “နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ အရပ်သားတွေနဲ့ အရပ်သားပိုင်ပစ္စည်းတွေကို ကာကွယ်ပေးထား ပါတယ်။ ဒါပေမဲ့ စစ်ရေးလှုပ်ရှားမှုကို ထိရောက်စွာ အထောက်အကူပြုနေတဲ့ ယာဉ်တန်းတွေဟာ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ခံရနိုင်ပါတယ်။ အကယ်၍ အကူအညီပစ္စည်းတွေနဲ့အတူ လက်နက်ခဲယမ်းတွေပါ သယ်ဆောင်လာတယ်ဆိုရင် အဲ့ဒီယာဉ်တန်းဟာ သီးသန့် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် မသတ်မှတ်နိုင်တော့ဘဲ IHL အရ ရရှိထားတဲ့ အကာအကွယ်အချို့ကို ဆုံးရှုံးသွားနိုင်ပါတယ်“လို့ အထက်တန်းရှေ့နေတစ်ဦးဖြစ်တဲ့ Ja Seng Hkawn ကဆိုပါတယ်။ ဂျီနီဗာကွန်ဗင်းရှင်းရဲ့ Additional Protocol I မှာ ပါဝင်တဲ့ Distinction Principle အရ ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့တွေဟာ စစ်ရေးပစ်မှတ်တွေနဲ့ အရပ်သားပစ်မှတ်တွေကို ရှင်းလင်းစွာ ခွဲခြားသတ်မှတ်ထားရမှာ ဖြစ်ပါတယ်။ အရပ်သားအသုံးပြုပစ္စည်းတွေနဲ့ စစ်ရေးဆိုင်ရာ ထောက်ပို့ပစ္စည်းတွေကို ယာဉ်တန်းတစ်ခုတည်းမှာ ရောနှောသယ်ဆောင်လာ တာ မှန်ကန်ခဲ့မယ်ဆိုရင် အဲ့ဒီအခြေအနေဟာ ဥပဒေရေးရာနဲ့ လူသားချင်းစာနာထောက်ထားမှု ရှုထောင့်တွေကနေ မေးခွန်း ထုတ်စရာ ဖြစ်လာနိုင်တယ်လို့ ဥပဒေရေးရာလေ့လာသူတွေက သုံးသပ်ကြပါတယ်။…

    Read More »
  • 3 June

    မင်းအောင်လှိုင်ကို တော်လှန်တဲ့အဖွဲ့များအားလုံး ပါဝင်တဲ့ဆွေးနွေးမှုသာ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မယ်လို့ KIO ပြော

    စစ်ခေါင်းဆောင် မင်းအောင်လှိုင် အစိုးရလက်အောက်မှာ စစ်တပ်ကို တော်လှန်နေတဲ့အဖွဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ ရှိလာရင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေနဲ့ ပါဝင်သွားမှာ ဖြစ်တယ်လို့ KIO က ထပ်မံပြောဆို လိုက်ပါတယ်။

    Read More »
  • May- 2026 -
    29 May

    တိုက်ပွဲငြိမ်နေလို့ မန္တလေး–မြစ်ကြီးနားလမ်းကို ခရီးသွားတွေ ပြန်သုံးလာ

    မန္တလေး–မြစ်ကြီးနားလမ်းပိုင်းမှာ ရက်ပိုင်းကြာပိတ်မိနေခဲ့တဲ့ ကားတန်းတချို့ကို အခုရက်ပိုင်းအတွင်း တဖြည်းဖြည်း ပြန်လွှတ်ပေးလာနေပြီး ခရီးသွားတချို့လည်း ဒီလမ်းပိုင်းကို ပြန်အသုံးပြုလာနေကြတယ်လို့ ကားသမားတွေက ပြောပါတယ်။ ဒါပေမယ့် လမ်းတစ်လျှောက် တိုက်ပွဲအခြေအနေ လုံးဝငြိမ်သက်သွားတာမျိုး မဟုတ်သေးဘဲ လုံခြုံရေးအခြေအနေကတော့ စိုးရိမ်စရာ ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ မေလ ၂၉ ရက် ဒီနေ့အထိလည်း လမ်းပိုင်းမှာ ကားတွေ ဆက်လက်သွားလာနေကြပြီး လက်ရှိအခြေအနေက တိုက်ပွဲတွေ ခေတ္တငြိမ်နေတဲ့ အနေအထားသာ ဖြစ်တယ်လို့ မန္တလေး–မြစ်ကြီးနား ခရီးစဉ်ပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက KNG ကို ပြောပါတယ်။ “သိတာတစ်ခုကတော့ တိုက်ပွဲငြိမ်နေတယ်။ ဒီကလွှတ်တဲ့ကားတွေ လမ်းကြောင်းမှာတော့ ရောက်သွားကြတယ်။ လမ်းမှာ မရပ်ရဘူးပေါ့။ အဲ့လောက်ပဲ သိရသေးတယ်။ လောလောဆယ်တော့ ငြိမ်နေတာပဲ ရှိသေးတာပါ။ မဖြစ်မနေ သွားရမယ့်သူတွေကတော့ သွားလို့ရပါတယ်” ဒါပေမယ့် အပန်းဖြေခရီးသွားတာမျိုးတော့ ဒီလမ်းကို မသုံးသင့်သေးဘူး။ အခုလည်း မသွားသင့်သေးပါဘူး။ အလုပ်ကိစ္စ၊ ကျောင်းကိစ္စလို မဖြစ်မနေကိစ္စတွေလောက်ပဲ သွားတာ အဆင်ပြေပါတယ်” လို့ သူက ပြောပါတယ်။ ကားသမားတွေရဲ့ ပြောဆိုချက်အရ လက်ရှိမှာ ယာဉ်တွေကို ဆက်တိုက်ရပ်နားစရာမလိုဘဲ ဖြတ်သန်းခွင့်ပြုနေပြီး တိုက်ပွဲအခြေအနေပေါ် မူတည်ကာ သွားလာခွင့်အပြောင်းအလဲတွေ ဆက်ရှိနိုင်သေးတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နောက်ပိုင်းကစပြီး ကသာ၊ အင်းတော်၊ မော်လူး၊ မော်ဟန်နဲ့ နန့်စီးအောင်တစ်ဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့တာကြောင့် မန္တလေးဘက်ကနေ ကချင်ပြည်နယ်ကို ဦးတည်လာတဲ့ ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်တင်ယာဉ် ရာနဲ့ချီဟာ ထီးချိုင့်–ကသာလမ်းပိုင်းနဲ့ ကသာမြို့တစ်ဝိုက်မှာ ရက်အတန်ကြာ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် မေလ ၂၇ ရက်နေ့ကစပြီး လမ်းပိုင်းတချို့မှာ တိုက်ပွဲအခြေအနေ ယာယီငြိမ်သက်လာတာကြောင့် ပိတ်မိနေတဲ့ ယာဉ်တွေကို ၁၀ စီးစီ အုပ်စုလိုက် တဖြည်းဖြည်း ဖြတ်သန်းခွင့်ပေးလာခဲ့တာပါ။ လက်ရှိ မန္တလေး–မြစ်ကြီးနားလမ်းပိုင်း အခြေအနေနဲ့ပတ်သက်ပြီး KIA/KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာ လုံခြုံရေးအရ သွားလာခွင့် ကန့်သတ်တာတွေ ရှိနိုင်ပေမယ့် ပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့တာမျိုး မရှိဘူးလို့ ပြောပါတယ်။ “တိုက်ပွဲဖြစ်ရင်တော့ သိတဲ့အတိုင်း လုံခြုံရေးဘက်က ကြည့်ပြီး မဖြတ်ခိုင်းတာတွေ ရှိကောင်းရှိနိုင်ပါတယ်။ မိဘပြည်သူတွေအနေနဲ့လည်း တိုက်ပွဲရှိရင် နားလည်ပေးဖို့ အရေးကြီးပါတယ်။ တိုက်ပွဲရှိရင် သွားရေးလာရေး အဆင်မပြေဘူးလေနော်။ ကျနော်တို့က ပြည်သူလူထုကို ပိတ်ဆို့တာမျိုး မရှိပါဘူး။ အဲ့ဒါကိုတော့ နားလည်ပေးဖို့ ပြောလိုပါတယ်” လို့ ဆိုပါတယ်။ မန္တလေး–မြစ်ကြီးနားလမ်းဟာ ကချင်ပြည်နယ်ကို မြန်မာပြည်အလယ်ပိုင်းနဲ့ ဆက်သွယ်ထားတဲ့ အဓိကကုန်းလမ်းကြောင်းဖြစ်ပြီး ကုန်စည်စီးဆင်းမှုနဲ့ လူအင်အားသွားလာရေးအတွက် အရေးပါတဲ့ လမ်းမကြီးတစ်ခုလည်း ဖြစ်ပါတယ်။ စစ်တပ်ဘက်ကတော့ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး ထီးချိုင့်၊ ကသာ၊ အင်းတော်နဲ့ မော်လူးဘက်ကို စစ်အင်အားတွေ ဆက်တိုက် ဖြည့်တင်းလာခဲ့ရာကနေ ဧပြီလနဲ့ မေလအတွင်း အင်းတော်နဲ့ မော်လူးမြို့တွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် မြို့တွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက်ပိုင်းမှာလည်း လမ်းပိုင်းတစ်လျှောက်နဲ့ မြို့ပတ်ဝန်းကျင်ဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေက ပြောဆိုနေကြပါတယ်။ By – အမိုး

    Read More »
  • 25 May

    တိုက်ပွဲကြောင့် ခရီးသွားပြည်သူထောင်ချီပိတ်မိနေ

    မန္တလေးမြို့ကနေ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကိုဦးတည်တဲ့ ခရီးသွားအရပ်သား ၁၀၀၀ ဝန်းကျင် ထီးချိုင့်-ကသာလမ်းပိုင်းနဲ့ ကသာမြို့တွေမှာပိတ်မိနေတာ ၄ ရက်ကြာရှိလာပြီလို့ ပိတ်မိနေသူတွေနဲ့ကားသမားတွေဆီကသိရပါတယ်။

    Read More »
  • 23 May

    ကချင် စစ်မျက်နှာ အများအပြားကို ထိုးစစ်ဆင်ဖို့ အာဏာသိမ်း စစ်တပ် အင်အားဖြည့်

    စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရသစ်လက်အောက်မှာ လက်နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ်ဆွေးနွေးဖို့ ပြောဆိုနေပေမယ့် ကချင်ဒေသတစ်ခုလုံမှာတော့ စစ်မျက်နှာ အများအပြားကို တစ်ပြိုင်နက် ထိုးစစ်ဆင်ဖို့ စစ်တပ်က ပြင်ဆင်နေတယ်လို့ သိရပါတယ်။

    Read More »
Back to top button