ဖားကန့်မြို့တွင်း နေရာအချို့တွင် ယခုရက်ပိုင်း Mytel အင်တာနက်လိုင်း ပြန်ရနေ
,
Covid-19 ကူးစက်ရောဂါကာကွယ်ရန် လက်ဆေးခြင်းသည် အဓိကဖြစ်သော်လည်း ကချင်ပြည်နယ်တွင်းရှိ စစ်ရှောင်စခန်းတချို့တွင် လက်ဆေးရန် ရေအလုံအလောက်မရှိသည့်အပြင် အခြားကာကွယ်ရေးပစ္စည်းများ ပြတ်လတ်မှုရှိနေကြောင်း သိရသည်။ (more…)
Covid-19 ကပ်ရောဂါကာကွယ်တားဆီးရာတွင် ပြည်နယ်အတွင်း မြို့နယ်အသီးသီးတွင်ဖွဲ့စည်းထားသော ကော်မတီများတွင် အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ်များကို ထည့်သွင်းရန် ကချင်အရပ်ဘက်အဖွဲ့အစည်းများ ယနေ့ တောင်းဆိုလိုက်သည်။ (more…)
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာစိုးရိမ်ရသောကြောင့် ပြီးခဲ့သည့်အပတ်မှ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်လာချိန်မှာ ကချင်ပြည်နယ် တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ဖွင့်နေဆဲဖြစ်သည်။ (more…)
တရုတ် ဝူဟန်ဗိုင်းရပ်ကူးစက်မှုအန္တရယ်ကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ် ပထမနှစ်ဝက် စာမေးပွဲဖြေဆိုနေမှုကို မတ်လ ၂၄ ရက်မှစကာ ရက်အကန့်သတ်မရှိ ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။ (more…)
Covid-19 ကူးစက်ရောဂါကြောင့် ကချင်-တရုတ်နယ်စပ်ဂိတ်များ ပိတ်ရန် ကချင်ပြည်နယ်အစိုးရတွင် အခွင့်မရှိကြောင်း ကချင်လူဝင်မူကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးဇော်ဝင်း ပြောသည်။ နယ်စပ်ဂိတ်များ ပိတ်ရန် ကချင်ဒေသခံများ လိုလားနေသော်လည်း ပြည်ထောင်စုအစိုးရမှ တိုက်ရိုက်ချုပ်ကိုင်ထားသဖြင့် ပြည်နယ်အစိုးရအနေဖြင့် ပိတ်ပိုင်ခွင့်မရှိကြောင်း သိရသည်။ “ကျနော်တို့ ဒီကန်ပိုက်တီနဲ့ လွယ်ဂျယ်ဂိတ်တွေကတော့ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်မဟုတ်ဘူး။ ပြည်ထောင်စုအစိုးရရဲ့ လုပ်ပိုင်ခွင့် ဖြစ်တယ်။ ၁၉၉၇ နှစ် တရုတ်နဲ့မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးစာချုပ် ချုပ်ဆိုထားတာဖြစ်တဲ့အတွက် ပြည်ထောင်စုရဲ့လုပ်ပိုင်ခွင့်ဖြစ်တယ်။ သို့သော် ပန်ဝါဂိတ်ကတော့
ကချင်ပြည်နယ် ဆော့လော်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်ကြောင့် တရုတ်ပြည်နယ်စပ် ပိတ်လိုက်ပြီးနောက် ဆန် နှင့် စားသောက်ကုန် ဈေးမြင့်တက်မှုအခက်အခဲ ကြုံနေရသည်ဟု သိရသည်။ (more…)
တရုတ်နယ်စပ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေများတွင် ကိုရိုနာဗိုင်းရပ် ကာကွယ်ရေး ကျန်းမာရေး အသိပညာပေးအစီစဉ်များ ပြုလုပ်နေကြောင်း တာဝန်ရှိသူများထံမှ သိရပါသည်။ “ကျွန်တော်တို့ အနေနဲ့တော့ ပြည်သူတွေကို ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့နည်းတွေ mask အုပ်ရမယ်ဆိုတာတွေ ၊ တစ်ကိုယ်ရေ ကျန်းမာရေး လိုက်စားရမယ်ဆိုတာတွေ ၊ နိုင်ငံတကာသတိပေးချက်အတိုင်း လူအများရှိတဲ့နေရာတွေ မသွားဖို့ ၊ ဒီလိုမျိုး ပညာပေးတဲ့အပိုင်းတွေကို FM ကနေလွင့်ပေးခြင်း၊ လူစုတဲ့နေရာတွေမှာ စာရွက်တွေနဲ့ဖြန့်ဝေပေးခြင်းမျိုးတွေကို လုပ်နေတယ်” ဟု KIO
ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ် ကန်ပိုင်တီဂိတ်ဝတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ရောဂါစစ်ဆေးမှု မြန်ဆန်စေရန် Thermal Scanners (အပူတိုင်းကိရိယာ) ထားရှိထားပြီဖြစ်ကြောင်း ဝိုင်းမော်မြို့နယ် ကျန်းမာရေး ဌာနမှသိရပါသည်။ တရုတ်နိုင်ငံ ဝူဟန်မြို့မှစတင်ခဲ့သော အဆိုပါရောဂါကြောင့် ၄ ရက်အတွင်း တရုတ်နိုင်ငံမှ မြန်မာပြည်သို့ နေရပ်ပြန်လာသည့် မြန်မာလုပ်သားများပေါင်း ၂ ထောင်ကျော်ရှိလာသဖြင့် စစ်ဆေးရေးတွင် လစ်ဟမှုမရှိအောင် Thermal Scanners (အပူတိုင်းကိရိယာ) စက်ဖြင့် စစ်ဆေးရန်လိုအပ်နေကြောင်း ဝိုင်းမြို့နယ် ကျန်းမာရေးမှူး ဒေါက်တာသိန်းမြို့
တရုတ်နိုင်ငံ ဝူဟန်မြို့မှစတင်ဖြစ်ပွားခဲ့သော ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ရန် ကချင်ပြည်နယ် Kambaiti (ကန်ပိုင်တီ) နှင့် Loije (လွယ်ဂျယ်)နယ်စပ်ဂိတ် နှစ်ခုတွင် ရောဂါစစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်နေပြီး၊ နယ်စပ်ဂိတ်ပိတ်ရန်လည်း ပြည်ထောင်စုသို့ စာတင်ထားကြောင်း သက်ဆိုင်ရာ ဌာနများဆိုသည်။ ဇန်နဝါရီ (၂၇)ရက်နေ့မှစတင်ကာ တရုတ်-မြန်မာ ချစ်ကြည်ရေး Kambaiti ဥမင်ထွက်ပေါက်ဝ တွင် ဖြတ်သန်းသွားလာသူများကို လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန မဖြတ်သန်းမှီ ကြိုတင်စစ်ဆေးနေကြောင်း ပြည်နယ်ကျန်းမာရေးဌာနမှ သတင်းထုတ်ပြန်ထားသည်။ ထို့အပြင် နယ်စပ်ဂိတ်များကို