တိုက်ပွဲ

  • Aug- 2024 -
    29 August

    ဝိုင်းမော် စန်းကားကျေးရွာအုပ်စုမှာ စစ်တပ်နဲ့ KIA တပ်တို့စစ်ရေးတင်းမာ

    မတ်လ ၇ ရက်နေ့စပြီး တိုက်ပွဲပြင်းထန်လာတဲ့ ဝိုင်းမော်မြို့နယ်တွင်း ကျေးရွာတစ်ချို့မှာ စစ်တပ်က စစ်အင်အားဖြည့် စစ်ရေးလှုပ်ရှားနေတဲ့အထဲ စန်းကားကျေးရွာအုပ်စုလည်းပါဝင်ပါတယ်။

    Read More »
  • 29 August

    တိုက်ပွဲကြောင့်ပိတ်ထားတဲ့ မြစ်ကြီးနား-မန္တလေးလမ်းဖွင့်ဖို့ကျန့်ကြာနိုင်သေးလိို့ဆို 

    စစ်ကိုင်းနဲ့ကချင်အစပ်ဒေသက တိုက်ပွဲတွေကြောင့်ပိတ်ထားရတဲ့ မြစ်ကြီးနား–မန္တလေးလမ်းပိုင်းပြန်ဖွင့်ဖို့  ရက်ကြာမြင့်အုံးမယ်လို့ ကားသမားတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့လောက်ကစပြီးတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်း အဖွဲ့တွေဟာ အင်းတော်မြို့အပါအဝင် ကချင်နဲ့စစ်ကိုင်းအစပ်ကမြို့တွေကိုသိမ်းပိုက်ဖို့အတွက် စစ်ဆင်ရေး လုပ်နေတာဖြစ်ပြီး အဲ့ဒီမြို့သိမ်းတိုက်ပွဲကြောင့် လမ်းတွေပိတ်ထားရတာဖြစ်ပါတယ်။ အဲ့ဒီလမ်းပိုင်းစပိတ်တဲ့နေ့က ပိတ်မိနေတဲ့ ခရီးသည်ယာဥ်လိုင်းတစ်ခုရဲ့ပိုင်ရှင်ကတော့ လမ်းပိုင်းဖွင်ဖို့ကြာ အုံးမယ်လို့ ကာကွယ်ရေးတပ်တွေဘက်ကပြောလာတဲ့အတွက် ပြန်လှည့်ခဲ့ရတဲ့အကြောင်းအခုလို ပြောပြ ပါတယ်။ “မြစ်ကြီးနားလမ်းပိုင်းအခြေနေက လမ်းကပိတ်တုန်းပဲ ကျနော့ကားတွေတောင် ၁၀ ရက်လောက်စောင့် သေးတယ် ဒါပေမဲ့အခုတော့ပြန်လှည့်လာရပြီ မန္တလေးတောင်ပြန်ရောက်ပြီ ဖွင့်ဖို့အခြေနေကမရှိဘူး ကြာအုံးမယ်လို့ပြောတယ်။” ဒီနေ့အထိ အင်းတော်မြို့နယ်မှာ တိုက်ပွဲတွေကဆက်လက်ပြင်းထန်နေသလို အင်းတော်မြို့တွင်းကိုတော့ တော်လှန်ရေးအင်အားစု တွေဘက်က ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။ လက်ရှိတော့ အင်းတော်မြို့နားမှာရှိတဲ့ တပ်မ ၇၇ အထိုင်ချထားတဲ့ ဂျပန်လှိုဏ်ဂူအမည်ရှိတဲ့ တပ်စခန်းကြီး တစ်ခုသာကျန်ရှိတော့ပြီး မြစ်ကြီးနား–မန္တလေးလမ်းပိုင်းဖွင့်ဖို့ ကြာနိုင်သေးတယ်လို့ ရှေ့တန်းရောက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ “လမ်းကကြာအုံးမယ်ထင်တယ်။ အခုအင်းတော်က အကုန်လုံးရထားပြီတစ်မြို့လုံးပေါ့ ဗျူဟာကုန်းနဲ့ ဂျပန်လှိုဏ်ဂူနဲ့ဆက်နေတာ အဲ့နေရာပဲကျန်တာ အဲ့မှာကအင်အားတော်တော်များတယ်။ ဒီတစ်လမဟုတ် ရင်တောင် လဝက်လောက်ကြာအုံးမယ်ထင်တယ်။” လို့ပြောပါတယ်။ တိုက်ပွဲတွေကြောင့် မြစ်ကြီးနား–မန္တလေး လမ်းပိုင်းပိတ်ထားတာ ရက်ကြာမြှင့်လာတာနဲ့အတူ ကချင်ပြည် နယ် တစ်ဝှမ်း အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဆက်တိုက်မြှင့်တက်နေပြီး မြစ်ကြီးနားမြို့နယ်မှာ ကြက်ဥတစ်လုံးကို ၁၃၀၀ အထိပေးဝယ်နေရပြီလို့ မြစ်ကြီးနားမြို့ဒေသခံတွေကပြောပါတယ်။ လက်ရှိ တပ်မ ၇၇ အထိုင်ချထားတဲ့ ဂျပန်ခေတ်ကတည်းက ဆောက်လုပ်ထားတဲ့ စစ်ဆေးရုံနဲ့ ဒေသအခေါ် ဂျပန်လှိုဏ်ဂူတို့မှာ အထိုင်ချထားတာဖြစ်ပြီးအင်းတော်မြို့ပေါ်နဲ့လည်းကပ်လျက်မှာပဲ တည်ရှိတာလို့ ကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။ ဒါ့အပြင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ ကစလို့ မြို့သိမ်းတိုက်ပွဲတွေအဖြစ်စစ်ဆင်ရေးတွေလုပ်နေပြီး အင်းတော်မြို့နယ်အပါအဝင် ပင်လည်ဘူး၊ ထီးချိုင့်နဲ့ ကန့်ဘလူမြို့တို့မှာလည်း မြို့သိမ်းတိုက်ပွဲအဖြစ် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။ By – အမိုး

    Read More »
  • 26 August

    အင်းတော်မြို့သိမ်း တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းနဲ့အပြင်းထန်တိုက်ခိုက်နေ

    “လေယာဥ်ကတော့မနက်တိုင်း၊နေ့တိုင်းကြဲ ညကိုလဲလာကြဲတယ်။ပြီးရင်လေထီးနဲ့အထုပ်တွေချ နေ့တိုင်းပဲ။  လက်နက်ကြီးတွေဟောင်ဝစ်ဇာတွေနဲ့ကတော့ အထိုင်တပ်ဂျပန်လှိုဏ်ဂူကနေပစ်တာပေါ့။ လေယာဥ်က တော့ နေ့တိုင်းပေါ့ ဒီမနက်လည်းကြဲပြီးသွားပြီ” လို့ပြောပါတယ်။

    Read More »
  • 23 August

    ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ စစ်တပ်ကလေကြောင်းအသုံးပြုပြီးအင်အားဖြည့်နေ

    စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ ပင်လည်ဘူးမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တပ်ဟာ လေကြောင်း အသုံးပြုအင်အားဖြည့်တင်းမှုတွေဆက်တိုက်လုပ်နေတယ်လို့ ပင်လည်ဘူးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဆီက သိရပါတယ်။ ဩဂုတ်လ ၂၂ ရက်နေ့ မနေ့ကတော့ စစ်ကောင်စီတပ်ဘက်က မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ် နဲ့ ဝန်းသိုဘက်က စစ်အင်အားတွေကို ပင်လည်ဘူးကိုလေကြောင်းနဲ့ဖြည့်တင်းထားတယ်လို့ ပင်လည်ဘူး…

    Read More »
  • 22 August

    ထီးချိုင့်မှာ ကာကင်းစခန်းတစ်ချို့သိမ်းပိုက်ရရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော

    “မနေ့က ထီးချိုင်မြို့နယ် မြတောင်ဘက်မှာ ကာကင်းစခန်းတွေသိမ်းနိုင်တယ်လို့ကြားရတယ်။ အဲ့ဒါ နောက်ဆုံးပါ။ တစ်ခြားသတင်းတွေတော့ဘာမှမရဘူး။ မြတောင်ကတော့ မနေ့ကမနက်အစောကြီးကို ဝင်တိုက်တာ”လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

    Read More »
  • 21 August

    အင်းတော်မြို့သိမ်း တိုက်ပွဲပြင်းထန်နေပြီး ရဲစခန်းအပါအဝင် စခန်းတစ်ချို့ သိမ်းပိုက်ရရှိ

    “နဘားကာကင်းတော့ရပြီ၊ မြို့တော့မသိမ်းနိုင်သေးဘူး။ ရဲစခန်း၊ထွေအုပ်ရော။ ကျန်တာတော့မရသေး ဘူး။ မြို့တွင်းဝင်ပြီပေါ့ တပ်မကုန်း အကြီးစားပဲ ကျန်တယ်။ အတော်ကြမ်းရမယ် အချိန်ကြာမယ်။ တပ်မ ထိုင်တာ”လို့ပြောပါတယ်။

    Read More »
  • 19 August

    တိုက်ပွဲကာလ တစ်လလောက်ကြာမြင့်ခဲ့တဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA အပြီးသတ်သိမ်းပိုက်

    KIA သိမ်းပိုက်လိုက်တဲ့ မိုးမောက်တိုက်မှာ စစ်ကောင်စီဘက်က ထွက်ပြေးလွတ်မြောက်သွားတဲ့ တပ်သားတစ်ချို့ရှိသလို ဖမ်းဆီးရမိတာတွေလည်းရှိတယ်လို့ သိရပါတယ်။

    Read More »
  • 19 August

    မိုးမောက်တိုက်ပွဲမှာ ထိခိုက်သေဆုံးသူတွေကို သယ်ထုတ်ဖို့နဲ့ စစ်ကူတက်လာတဲ့ စစ်ကောင်စီယာဉ်တန်း တစ်ခုလုံးပြုတ်

    တိုက်ပွဲပြင်းထန်နေတဲ့ မိုးမောက်မြို့နယ်ဘက်ကို စစ်ကူတက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်း တိုက်ခိုက်ခံရပြီး တင့်ကားတစ်စီးအပါ စစ်ကား ၄ စီး မီးလောင်ပျက်စီးသွားတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေပြောပါတယ်။ တစ်လဝန်းကျင် တိုက်ပွဲပြင်းထန်နေတဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းဘက်ကို ဗန်းမော်ဘက်ကနေ တင့်ကားတစ်စီးအပါ စစ်လက်နက်နဲ့ ဒဏ်ရာရထားတဲ့ တပ်သားတွေကို သယ်ထုတ်ဖို့ တက်လာတဲ့ စစ်ကား ၅ စီးကို ၆ မိုင်နဲ့ ၇ မိုင်ကြားမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက KNG ကိုပြောပါတယ်။ “စစ်ကားတစ်စီးက သိမ်းနိုင်တယ်။ စစ်ကား ၃ စီးက မီးရှို့ဖျက်ဆီးပေးလိုက်တယ်။ တင့်ကားက စက်နိုးလို့မရလို့ ကားလမ်းပေါ်မှာရပ်နေတာ စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲတော့ မီးလောင်ပျက်စီးသွားတယ်။ စစ်အင်အားတော့ သိမ်မများဘူး။ အဓိကတော့ တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ကယ်ထုတ်ဖို့နဲ့ လက်နက်ပစ္စည်းလာပို့ဖို့တက်လာတာ ကျော်တက်လို့မရဖြစ်သွားတာ”လို့ပြောပါတယ်။ KIA ပူးပေါင်းတပ်တွေ ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့ ၆ မိုင်နဲ့ ၇ မိုင်ကြားကို စစ်ကောင်စီတပ်ဘက်က ဒီနေ့ မနက်ပိုင်း ၇ နာရီခွဲလောက်မှာ Y – 12 လေယာဉ်အမျိုးအစားနဲ့ အဆက်မပြတ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တင့်ကားတစ်စီး မီးလောင်ပျက်စီးသွားတယ်လို့ပြောပါတယ်။ ဒါ့အပြင် ဗန်းမော်ဘက်ကနေ တက်လာတဲ့ တင့်ကားအပါ စစ်ကား ၅ စီးတက်လာတဲ့ထဲကနေ ၄ စီးက မီးလောင်ပျက်စီးသွားပြီး ၁ စီးက KIA ပူးပေါင်းတပ်တွေ လက်နက်ပစ္စည်းတစ်ချို့နဲ့အတူ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ အခုလို KIA ဘက်ကနေ စစ်ကား ၃ စီး မီးရှို့ဖျက်ဆီးပေးလိုက်တာနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ အသေးစိတ်မသိရှိရသေးဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ “သတင်းက အသေးစိတ်မသိရသေးဘူး။ ဒါပေမယ့် မိုးမောက်တိုက်ပွဲက တစ်ရက်ပြီး တစ်ရက်တော့ ပိုပြီး ပြင်းထန်နေဆဲဖြစ်ပါတယ်။ စစ်တပ်ဘက်ကနေ လေကြောင်းနဲ့ ပစ်တယ်။ မြေပြင်ကနေ ပစ်တယ်။ နှစ်ဖက်တပ်အပြင်းအထန်တော့ဖြစ်နေတယ်”လို့ပြောပါတယ်။ မိုးမောက်တိုက်ပွဲဟာ ဒီကနေ့ ဩဂုတ်လ ၁၉ ရက်နေ့ နေ့လည် ၁ နာရီအထိ တိုက်ပွဲပြင်းထန်နေဆဲဲဖြစ်ပြီးတော့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက် ထိခိုက်သေဆုံးမှုများတာကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ သူတွေကို သယ်ထုတ်ယူဖို့ နဲ့ စစ်အင်အားပြန်ဖြည့်လာတဲ့ စစ်ကား ၅ စီးဟာ လမ်းခုလပ်မှာ တိုက်ခိုက်ခံရတာလည်းဖြစ်ပါတယ်။ KIA ရှေ့တန်း သတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ မိုးမောက် ခမရ ၄၃၇ တိုက်ပွဲဟာ KIA ပူးပေါင်းတပ်တွေ တပ်တွင်းထဲကအများပိုင်းကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့် အရေးပါတဲ့ နေရာတစ်ချို့ကျန်ရှိနေသေးတာကြောင့် မပြီးပြတ်နိုင်သေးတာဖြစ်တယ်လို့ပြောပါတယ်။ မိုးမောက်တိုက်ပွဲကို KIA တပ်တွေ ဇူလိုင်လ ၂၁ ရက်နေ့မှာ တစ်ကျော့ပြန် တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပြီး တိုက်ပွဲကာလဟာ တစ်လလောက်ကြာမြင့်လာပြီလည်းဖြစ်ပါတယ်။ မိုးမောက် ခမရ ၄၃၇ တပ်ရင်းဟာ ဗန်းမော်မြို့အပါ မိုးမောက်မြို့တစ်ခုလုံးနဲ့ တရုတ်နယ်စပ် လွယ်ဂျယ်နယ်စပ်အထိ စစ်ရေးအရ အလွန်အရေးပါတဲ့ တပ်ရင်းအကြီးတစ်ခုဖြစ်တာကြောင့် စစ်ကောင်စီဘက်ကလည်း တပ်စခန်းလက်မလွတ်ရေး လေကြောင်း၊ ဒရုန်းတွေနဲ့ အပြင်းအထန်ခုခံတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 15 August

    KIA တပ်ရင်း(၆) နေရာကို ထိန်းချုပ်တဲ့ တောမှော် စစ်တပ်စခန်းကို KIA ထပ်မံသိမ်းပိုက်

    ဖားကန့်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA လုံးခင်းအုပ်စုထဲမှာရှိတဲ့ လမောင်(Lamawng) စစ်တပ်ဗျူဟာကုန်းကို သိမ်းပိုက်လိုက်ပြီးနောက် တပြိုင်နက်တိုက်ခိုက်ခဲ့တဲ့ တောမှော်(Tawmaw) တပ်စခန်းကိုလည်း ထပ်မံသိမ်းပိုက်ခဲ့တယ်လို့ KIO ပြောပါတယ်။ “တောမှော်တပ်စခန်းကို ဒီညနေ ၄ နာရီခွဲလောက်မှာ သိမ်းပိုက်ပြီ။ အဲဒီတပ်စခန်းလည်း တပ်စခန်းအကြီးပါဘဲ။ အဓိကကျတဲ့ လုံခြုံရေးတပ်စခန်းတွေပေါ့”လို့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ တောမှော်စစ်တပ်စခန်းဟာ လုံးခင်းအုပ်စုထဲမှာရှိပြီး လမောင်စစ်ဗျူဟာကုန်းနည်းတူ ရှေ့တန်းလုံခြုံရေးတပ်စခန်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။ KIA တပ်တွေဟာ ဒီကနေ့ ဩဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်မှာ လမောင်စစ်တပ်ကုန်းကို သိမ်းပိုက်ရရှိခဲ့ပြီးနောက် ညနေပိုင်း ၄ နာရီလောက်မှာ တောမှော်တပ်စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ တောမှော်တပ်စခန်းက ဖားကန့်မြို့နဲ့ ၁၀ မိုင်လောက်အကွာမှာတည်ရှိပြီး ကံဆီးကျေးရွာနဲ့လည်း နီးသလို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၆ နေရာကို အဓိက ထိန်းချုပ်နေတဲ့ တပ်စခန်းတစ်ခုဖြစ်တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးကလည်း ဆက်ပြောပါတယ်။ “တောမှော်ဆိုတာက ကံဆီး KIA တပ်ရင်း ၆ ကို တက်သွားတဲ့ လမ်းနေရာမှာရှိတာဖြစ်တယ်။ အခုသိမ်းလိုက်တဲ့ လမောင်စစ်တပ်စခန်းနဲ့ လည်း လှမ်းထောက်နိုင်တယ်။ တပ်ရင်း ၆ ဘက်ကို တက်သွားတဲ့ လမ်းနေရာက စစ်တပ်ရဲ့ ကာကင်းတပ်စခန်းတစ်ခုဖြစ်တယ်”လို့ပြောပါတယ်။ လမောင်စစ်ကုန်းနဲ့ တောမှော် စစ်တပ်စခန်းဟာ ၅ မိုင်လောက်အကွာမှာသာရှိပြီး တောမှော် တပ်စခန်းမှာ စစ်ကောင်စီတပ် ခမရ ၁၂ က တပ်ထိုင်ထားတဲ့ တပ်စခန်းဖြစ်တယ်လို့ သိရပါတယ်။ KIA က တစ်ရက်ကျော်အကြာမှာပဲ ဖားကန့်မြို့တစ်ခုလုံးအပါ ဖားကန့် မြို့တွင်းမှာရှိတဲ့ စစ်ဗျူဟာကုန်း၊ လုံးခင်းယမ်းချက်တပ်စခန်း နဲ့ ကံဆီးတပ်စခန်းနေရာတွေကို အဓိက လုံခြုံရေးယူပေးနေတဲ့ လမောင်စစ်တပ်ကုန်းနဲ့ တောမှော် တပ်စခန်း ၂ ခုကို သိမ်းပိုက်ယူလိုက်တာဖြစ်ပါတယ်။ ဒီနေ့ မနက်ပိုင်း လမောင်စစ်တပ်စခန်း သိမ်းပိုက်မှုမှာလည်း KIA ဘက်က စစ်ကောင်စီတပ်သား ၁၂ ဦးဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းနိုင်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေကပြောပါတယ်။ အဲဒီတပ်စခန်း ၂ ခုကို ဩဂုတ်လ ၁၄ ရက်နေ့ KIA ပူးပေါင်းတပ်တွေ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၅ ရက်နေ့မှာ တပ်စခန်း နှစ်ခုစလုံး သိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ဆန်းပိုင်းအတွင်း ဖားကန့်မြို့နယ်ထဲမှာရှိတဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်း ၆ ခုလောက်ကို သိမ်းပိုက်လိုက်တဲ့ နောက်ပိုင်း အခု ၄ လခန့်အကြာမှာ တိုက်ပွဲပြန်လည်ဖော်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။ By –…

    Read More »
  • 15 August

    လမောင်စခန်းသိမ်းတိုက်ပွဲမှာ စစ်တုံ့ပန်း ၁၂ ဦးဖမ်းမိ၊စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေ

    ဖားကန့်မြို့ လမောင်စခန်းသိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း ၁၂ ဦးကို KIA ပူးပေါင်းတပ် ဖမ်းဆီးရမိထားပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ ဩဂုတ်လ ၁၄ ရက် မနက် ၃ နာရီဝန်းကျင် လမောင်ဗျူဟာစခန်းနဲ့ တောမှော်စခန်းတို့ကို KIA ပူးပေါင်းတပ် တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ ဩဂုတလ ၁၅ ရက်နေ့ မနက် ၉နာရီမှာ လမောင်ဗျူဟာကုန်း သိမ်းပိုက်ရရှိခဲ့ပြီး စစ်တုံ့ပန်း ၁၂ ဦးကိုလည်း KIA ဘက်က ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။ အဲဒီနောက် စခန်းလက်လွတ်လိုက်ရတဲ့ စစ်ကောင်စီတပ်က နေ့လည်  ၁၂ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ Y-12 လေယာဉ်နဲ့ဗုံးကြဲသွားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “ဖမ်းမိထားတာက ၁၂ ယောက်ရှိတယ် ရာထူးတွေတော့မသိရသေးဘူးဗျ မနက်က ဖမ်းမိတာဟုတ်တယ် နေ့လည်ကတော့ လေယာဉ်နဲ့လာပစ်သေးတယ်။ ခုလည်း လေယာဉ်ကမကြာခန လာဝဲနေတုန်း”လို့ ပြောပါတယ်။ ဖားကန့်ဒေသခံတွေရဲ့ပြောဆိုချက်အရ လမောင်ကုန်းစခန်းကို KIA ပူးပေါင်းတပ်သိမ်းပိုက်လိုက်ကြောင်း သတင်းထွက်လာပြီးနောက် ဖားကန့်ဗျူဟာကုန်းကနေ စစ်ကြောင်းတစ်ကြောင်း အေးမြသာယာဘက် စစ်ကြောင်းထိုးလာတယ်လို့သိရပြီး ဒီစစ်ကြောင်းဟာ လမောင်စခန်းဘက် စစ်ကူသွားဖို့ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်နေကြပါတယ်။ ဩဂုတ်လ ၁၅ ရက် ညနေ ၅ နာရီဝန်းကျင်အထိ လက်နက်ကြီးပစ်ခတ်သံတွေဆက်တိုက်ကြားနေရဆဲဖြစ်ပြီး စစ်တပ်နဲ့ KIA ပူးပေါင်းတပ်ကြား နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF တပ်တို့် တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ လမောင်ဗျူဟာစခန်းကုန်းဟာ ဆယ်စုနှစ်တစ်စုကြာ အခိုင်အမာတည်ရှိတဲ့စခန်းဖြစ်ပြီး တပ်မ ၃၃ လက်အောက် ခမရ ၁၂ တပ်ရင်းအထိုင်ချစခန်းဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီစခန်းကုန်းဟာ ဖားကန့်မြို့နယ်တစ်ခုလုံးကို အပေါ်စီးကနေ လှမ်းမြင်နိုင်ပြီး ဖားကန့်မြို့တွင်း စစ်တပ်ဗျူဟာကုန်း၊ လုံးခင်းယမ်းချက်နဲ့ မြို့တွင်းတပ်အားလုံးကို လက်နက်ပစ်ကူ လုံခြုံရေးယူပေးနေတဲ့ စခန်းဖြစ်သလို စစ်ရေးအရ အချက်ချာကျတဲ့နေရာဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ “သုံးပွင့်ဆိုင်ပုံစံမျိုးနေရာယူထားတာ ပြောမယ်ဆိုရင် ဖားကန့်ဗျူဟာကုန်း၊ လုံးခင်းယမ်းချက်၊ လမောင်းကုန်း နေရာ ၃ ခုက ဖိုခနှောင့်လိုဖြစ်နေတာ ခု လမောင်ကုန်းရသွားပြီဆိုတော့ စစ်တပ်အတွက် နောက်ကျောမလုံတော့ဘူး” လို့ ဖားကန့်မြို့ခံတစ်ယောက်က ပြောပါတယ်။ ယနေ့ ညနေပိုင်း ၆ နာရီဝန်းကျင်လောက်မှာလည်း သိမ်းဆည်းဖို့ ကျန်ရှိနေသေးတဲ့ တောမှော်တပ်စခန်းကိုလည်း သိမ်းပိုက်ရရှိခဲ့ပြီပြီလို့…

    Read More »
Back to top button