တိုက်ပွဲ

  • Aug- 2023 -
    15 August

    အင်းတော်မြို့တွင်း စစ်ဆေးရေးဂိတ်မှာ အမျိုးသမီးနှစ်ဦး ထပ်မံဖမ်းဆီးခံရ

    စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ စစ်ကိုင်းဒေသကြီး အင်းတော်မြို့ထဲက စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ အမျိူးသမီး ၂ ဦးထပ်မံ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသမီးငယ် ၂ ဦးဟာ ကသာဘက်ကို မွေးနေ့ပွဲသွားပြီးအပြန်  အင်းတော်အထွက်သံလမ်းနားမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “အသက် ၂၀ ကျော်အရွယ်ကောင်မလေးတွေပဲဟုတ်တယ်သူတို့က ကသာကို မွေးနေ့ပွဲသွားတာကသာကနေအပြန်အင်းတော်မြို့ထဲက ပညာရေးမှူးရုံးရှေ့မှာဖမ်းခံလိုက်ရတာ”လို့ သူကပြောပါတယ်။…

    Read More »
  • 14 August

    စစ်ကောင်စီအရာရှိတစ်ချို့နဲ့ လက်နက်ခဲယမ်းတွေတင်လာတဲ့ယာဥ်တန်း အင်းတော်နယ်မှာတိုက်ခိုက်ခံရ၊ ကားတစ်စီးပျက်စီး

    စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ကနေ အင်းတော်မြို့ ဘက်ကိုတက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကားနှစ်စီး အင်းတော်နယ်အဝင်မှာ တိုက်ခိုက်ခံလိုက်ရတာဖြစ်ပြီး ကားတစ်စီးပျက်စီးသွားသလိုစစ်ကောင်စီတပ်ဘက်က အထိအခိုက်လည်းများတယ်လို့ အင်းတော်ကာကွယ်ရေးတပ်တွေကနေ သိရပါတယ်။ အဲဒီစစ်ကား ၂ စီးမှာ စစ်ကောင်စီတပ်အရာရှိအချို့နှင့် လက်နက် ခဲယမ်းတွေတင်လာတာဖြစ်ပြီး မနေ့ည ၁၀…

    Read More »
  • 11 August

    ရွှေကူ အရှေ့ဘက်ခြမ်း မီးသွေးချောင်းအနီးမှာ စစ်ကောင်စီနဲ့ KIA ၊ PDF တို့တိုက်ပွဲဖြစ်

    ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်း မီးသွေးချောင်းဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF တို့ကြား ယနေ့ မနက်ပိုင်းက ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဇင်းဘုံဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ် တပ်မ ၇၇ နှင့် ခလရ ၁၀ ပူးပေါင်းစစ်အင်အား ၁၀၀ ကျော်ဟာ…

    Read More »
  • 11 August

    ပန်ရှီ စစ်ကောင်စီတပ်စခန်းကို KIA က ထပ်မံတိုက်ခိုက်သိမ်းပိုက်

    ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာရဲ့ အရှေ့တောင်ခြမ်းဘက်မှာရှိတဲ့ ပန်ရှီ (Pang Shi) စစ်ကောင်စီ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့က ထပ်မံသွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ အဲဒီတပ်စခန်းဟာ ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက စစ်အင်အားအများအပြား တစ်စွဲနေထိုင်ထားတဲ့ တပ်စခန်းဖြစ်တဲ့အတွက် ဩဂုတ်လ ၁၀…

    Read More »
  • 8 August

    ယင်းမာပင်တိုက်ပွဲမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ဦး၊ စစ်တပ်ဘက်က ၅ ဦးသေဆုံ

    စစ်ကိုင်းတိုင်း ယင်းမာပင်နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ် တွေအကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဘက်ကတော့ ၂ ဦးကျဆုံးခဲ့တယ်လို့ အာဠာဝကဒေသကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၆ရက်နေ့မနက်ပိုင်းမှာ အကျိုးကုန်းလို့ခေါ်တဲ့ရွှေတောင်ဦးဂိတ်စခန်းက စစ်ကောင်စီတပ်ဖွဲ့တွေဟာ ယင်းမာပြင်နယ် ပတိန်ပြင်ရွာအနားမှာရှိတဲ့ ပတိန်ပြင်သစ်ကွင်းက သစ်တွေကို လာသယ်ရာကနေ နှစ်ဖက်ထိတွေ့မှုတွေဖြစ်ခဲ့တာဖြစ်တယ်လို့ အာဠာဝကတပ်ဖွဲ့က တပ်ရင်းမှူး ဗိုလ်ထက်ရှိုင်းက ပြောပါတယ်။ “နေ့လည် ၁နာရီ လောက်မှာဖြစ်တာ ကျနော်တို့ထမင်းစားစားပြီးချင်း…

    Read More »
  • 8 August

    ပုလဲတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်ကအကျအဆုံးများ

    စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မြောက်ဘက်ခြမ်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အကျအဆုံးများခဲ့တဲ့အတွက် လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ မနေ့က မနက်ပိုင်း ၁၀နာရီလောက်မှာ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းကနေ ထွက်လာတဲ့ စအရ ၉၀၉နဲ့ ခမရ ၇၀၄တပ်က အင်အား ၈၀ကျော်နဲ့ ကာကွယ်ရေးတပ်တို့ ကျေးနင်း နဲ့…

    Read More »
  • 7 August

    ဆယ်ဇင်းကြိုးတံတားနားမှာရှိတဲ့ SNA တပ်စခန်းကို KIA ဘက်က ထပ်ပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

    ဖားကန့် ဆယ်ဇင်းကျေးရွာမှာရှိတဲ့ ကြိုးတံတားနားက ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်  KIA ဘက်က ဒီမနက် ၆နာရီဝန်းကျင်မှာ သွားရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုပါတယ်။ ဒီနေ့မနက် နမ့်မော်နဲ့ကသိုဏ်းစစ်တပ်စခန်းဝင်ရောက်ချိန် တစ်ပြိုင်နက်ထဲမှာဘဲ ဆယ်ဇင်းရွာကြိုးတံတားနားမှာတပ်စွဲနေထိုင်တဲ့ SNA စခန်းကိုလည်း သွားရောက်တိုက်ခိုင်တာဖြစ်တယ်လို့ ပြောပါတယ်။ “ဒီမနက် စခန်း ၂ခုစလုံးကို သိမ်းနိုင်တဲ့အခြေနေဟုတ်တယ် ကသိုဏ်းရော ဆယ်ဇင်းက SNAစခန်းရော သိမ်းလိုက်တယ်ဆိုတာ မှန်ပါတယ်” လို့ပြောပါတယ်။ SNA တပ်စခန်းဝင်ရောက်တိုက်ခိုက်ရာမှာ အရာရှိ ၃ ဦးနဲ့သုံ့ပန်းတွေလည်း ဖမ်းဆီးရမိပြီးလက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိသွားတယ်လို့ ဒေသခံတွေ ဆယ်ဇင်းဘက်က ဒေသခံတွေပြောဆိုနေကြပေမယ့် ဒီအချက်လက်ကိုတော့ KNG အနေနဲ့သီးခြားအတည် ပြုနိုင်တာမရှိသေးပါဘူး။ KIA ဘက်က ဒီမနက်ထဲမှာဘဲ ဖားကန့်မှာရှိတဲ့ နမ့်မော်၊ကသိုဏ်းစစ်တပ်စခန်းအပြင် ဆယ်ဇင်း SNA စခန်းကိုဝင်ရောက်တိုက်ခိုက်တာဟာ ကသိုဏ်းတပ်စခန်းဘက်ကို စစ်ကူအနေနဲ့ဝင်ရောက်လာမယ့် စစ်ကောင်စီတပ်နဲ့SNA အဖွဲ့တွေကို တားဆီးတဲ့အနေနဲ့ သွားရောက်တိုက်ခိုက်တာ ဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။ “အဓိကတော့ ဒီဘက်ကို စစ်ကူမလာနိုင်အောင် သွားတားတော့ဟုတ်တယ်။ဒါပေမယ့် လက်နက်ကိုင်ထားတဲ့တူတွေဆိုတဲ့ ကိုယ်ပစ်သူပစ်ပေါ့ သူတို့ဘက်က ထိခိုက်သေဆုံးသူများတယ်”လို့ပြောပါတယ်။ ဒီမနက် ကသိုဏ်တပ်စခန်းကိုသွားရောက်တိုက်ခိုက်တဲ့ KIA တပ်ရင်း ၆ နဲ့ဆယ်ဇင်း SNA စခန်းသွားရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ KIA တပ်ရင်း၂၆ ဟာ တပ်မဟာ ၉လက်အောက်ခံတပ်တွေဖြစ်ပါတယ်။ လက်ရှိ ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေက နမ်ဆန်ယန်ဘက်ကိုလည်း နေ့တိုင်းစစ်အင်အား ဖြည့်နေတဲ့အပြင် ဖားကန့်ဘက်မှာလည်း စစ်တပ်စခန်းထိခိုက်သေဆုံးတာတွေများလာတဲ့အတွက် စစ်တပ်ဘက်က လေကြောင်းအသုံးပြုလာနိုင်သောကြောင့် အရပ်သားပြည်သူများ သတိထားနေကြဖို့ကိုလည်း KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ခုလိုပြောပါတယ်။

    Read More »
  • 7 August

    ဖားကန့် ကသိုဏ်းတောင် စစ်တပ် စခန်းတိုက်ခိုက်ခံရ၊ တပ်ရင်းတစ်ရင်းလုံးပြုတ်ပြီး လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းနိုင်

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်မှော်ကျေးရွာနားမှာထိုင်ထားတဲ့ စစ်ကောင်စီစစ်တပ်ကုန်းနဲ့ ကသိုဏ်းတောင် စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ဒီနေ့ မနက် ၅ နာရီလောက်မှာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်သွားရာမှာ ကသိုဏ်းတောင်တပ်စခန်း တပ်ရင်းတစ်ရင်းလုံးပြုတ်သွားပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိတယ်လို့  KIA ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။ “ကသိုဏ်းတောင်ကိုသိမ်းလိုက်နိုင်ပြီ နမ့်မော်တပ်စခန်းကတော့ သူတို့ ကသိုဏ်းတောင်ဘက်ကို စစ်ကူလာမှာစိုးလို့ တားထားတဲ့သဘော အဓိကတော့ ကသိုဏ်းတောင်ကိုတိုက်တာ…

    Read More »
  • Jul- 2023 -
    25 July

    နမ်ဆန်ယန်လမ်းမပေါ်မှာ တစ်ရက်ထဲတိုက်ပွဲ ၃ ကြိမ်ဖြစ်ပွား

    မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်ရှိ ကျေးရွာ ၃ ခုလောက်မှာ ဇူလိုင်လ ၂၅ ရက်နေ့ တစ်ရက်ထဲ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ကြား ထိတွေ့တိုက်ခိုက် ၃ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ယနေ့နံနက်ပိုင်း ၈ နာရီဝန်းကျင်…

    Read More »
  • 25 July

    TNLA ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်နေ

    မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာမှာရှိနေတဲ့ တအောင်းတပ်မတော် TNLA တပ်ဖွဲ့ကို စစ်ကောင်စီတပ်ဖွဲ့က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မူဆယ်နဲ့ ကွတ်ခိုင်ကြား နမ့်အွမ်ကျေးရွာအထက် ဂေါင်ငူကောင်( တောင်ကုန်း) မှာ တပ်ချနေတဲ့ တအောင်တပ်မတော် TNLA တပ်ဖွဲ့နဲ့  စစ်ကောင်စီတပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဟာ ယနေ့မနက် ၁၀ နာရီခွဲမှ ၁၂ နာရီခန့်အထိ လေယာဉ်တစ်စီးနဲ ဗုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ နမ်အွမ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။  “အခုနမ့်အွမ်ဘက်မှာက TNLA တပ်ဖွဲ့တွေ ၃…

    Read More »
Back to top button