တိုက်ပွဲ

  • Jul- 2024 -
    29 July

    မိုးမိတ်မြို့ ဗျူဟာကုန်းအနီး တိုက်ပွဲဆက်ပြင်းထန်နေ

    ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA ပူးပေါင်းအဖွဲ့အကြား ဒီရက်ပိုင်းအတွင်းတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ TNLA ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ မနေ့က ဇူလိုင်လ ၂၈ ရက်နေ့ ညနေပိုင်းမှာ မိုးမိတ်မြို့နဲ့ ၂ မိုင်ကျော်အကွာ မိုးမိတ်ဗျူဟာကုန်းအနီးတစ်ဝှိုက် စစ်ကောင်စီတပ် စကခ ၂၁ လက်အောက်ခံ ခလရ ၃၄၈၊ ခလရ ၂၇၆ နဲ့ ခလရ ၂၂၃ တပ်ရင်းတွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။ “ပြီးခဲ့တဲ့နှစ်ပတ်လောက်ကကြားတာက ဗျူဟာကုန်းပဲကျန်တယ်တဲ့ မနေ့ကလည်းကြားရတာက ညနေ ၂ နာရီလောက်မှာ ဗျူဟာဘက်မှာ လေယာဥ်တစ်စီးပြီးတစ်စီးနဲ့လာကြဲချနေတာတဲ့ တပ်ဘက်အခြမ်းပဲဖြစ်နေ တာပေါ့ “ လို့ဒေသခံ အမျိုးသားတစ်ဦးပြောပါတယ်။ မိုးမိတ်မြို့တွင်းမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့မှာပဲ မြို့တွင်းကနေ တပ်ပြန်ဆုတ်ထားရပြီး တအာင်းတပ်မတော် TNLA နဲ့ပူးပေါင်းအဖွဲ့တွေကထိန်းချုပ်ထားတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မိုးမိတ်မြို့ကို လက်မလွှတ်ရရေးအတွက် မြို့တွင်းက သာသနာ့ဗိမာန် အဆောက်အဦးနဲ့ အရပ်သားနေအိမ်တစ်ချို့မှာ တပ်စွဲပြီးခုခံခဲ့ကြတာလို့ ဒေသခံတွေကပြောပါတယ်။ “မိုးမိတ်မြို့ထဲက ခရိုင်ရဲနဲ့ မြို့နယ်ရဲက သာသနာ့ဗိမာန်မှာပဲအသေထိုင်ပြီးလှုပ်ရှားတာကို မြို့ခံတပ်က လည်း မြို့ထဲမှာ လှုပ်ရှားတပ်ဖွဲ့ရှိတယ်လေ ပြီးခဲ့တဲ့တစ်လလောက်ကတည်းကတိုက်ပွဲဖြစ်တာလေ တအာင်း ပလောင်ဘက်ကတော့ မြို့ကိုတော့ထိန်းချုပ်ထားပြီ ဗျူဟာဘက်တော့မရသေးတာပေါ့” လို့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒါ့အပြင် ခလရ ၃၄၈ တပ်ရင်းနဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဆီက လက်နက်ခဲယမ်းတစ်ချို့သိမ်းပိုက်နိုင် ခဲ့တယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ မိုးမိတ်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း စစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်ခဲ့သလို မြို့ကို KIA ဘက်က ထိန်းချုပ်နိုင်ခဲ့ပြီးမှ တပ်ပြန် ဆုတ်ခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီပထမအကြိမ် တိုက်ပွဲကတည်းက မိုးမိတ်မြို့ဟာ ပျက်စီးဆုံးရှုံးမှုတွေများပြားခဲ့ပြီး ဒီတစ်ကြိမ် တအာင်းတပ်မတော် TNLA၊ PLA နဲ့ MOD PDF ပူးပေါင်းအဖွဲ့တွေရဲ့ ၁၀၂၇ ဒုတိယအပိုင်းစစ်ဆင်ရေး မှာလည်း မြို့တွင်းရပ်ကွက်တွေက ပျက်စီးဆုံးရှုံးမှုတွေများပြားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAပူးပေါင်းအဖွဲ့ တို့အကြား ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က စလို့ မိုးမိတ်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းရဲ့ စစ်ဆင်ရေးအဖြစ် တကျော့ပြန် တိုက်ပွဲဖြစ်နေတာဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 26 July

    လားရှိုးမြိို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခြင်းမရှိသေးဘူးလို့ ဒေသခံတွေကပြော

    ရှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းပိုက်နိုင်ပြီလို့ ကိုးကန့် MNDAA တပ် ထုတ်ပြန်ခဲ့ပေမဲ့ မြေပြင်မှာအပြီးသတ်သိမ်းပိုက်တာမျိုးမရှိသေးပဲ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ ဇူလိုင် ၂၆ ဒီနေ့မွန်းလွဲပိုင်းထိ လားရှိုးမြို့ထဲမှာ တိုက်ပွဲတွေဆက်လက်ဖြစ်နေပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့နှစ်ခု မြို့တွင်းတစ်ဝက်စီ နေရာယူကာ အချင်းချင်းပစ်ခတ်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ လားရှိုးဒေသခံတစ်ဦးက ကချင်သတင်းဌာန KNGကို ပြောပါတယ်။ “အခုအခြေအနေက တစ်ဝက်တစ်ဝက်ပဲဗျ။ လောလောဆယ်အနေအထားက MNDAA တစ်ဝက်၊ စစ်ကောင်စီတစ်ဝက်တော့ရှိနေတယ်။ သိမ်းလို့ရပြီဆိုတာလည်း မဟုတ်သေးဘူး။ မြို့တွင်းထဲမှာ ပစ်ခတ်မှုတွေရှိတယ် ရပ်ကွက်ထဲမှာ ပစ်ခတ်မှုတွေရှိတယ်။ လားရှိုးကို မြန်မြန်သိမ်းနိုင်မဲ့အနေအထားတော့ ရှိတယ်။ ဘာလို့ဆိုမြောက်ပိုင်းတိုင်း စကစအနေနဲ့လည်း စိတ်ဓာတ်ကျနေကြပြီလေ။” လို့ လားရှိုးဒေသခံတစ်ဦး ကပြောပါတယ်။  လားရှိုးအရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို ဇူလိုင် ၂၅ ရက်နေ့ မနက်ပိုင်း ၄ နာရီလောက်ကတည်းကစပြီး သိမ်းပိုက်လိုက်ပြီး လားရှိုးမြို့ လုံး၀လွတ်မြောက်ကြောင်း ကိုးကန့် MNDAA က ဇူလိုင် ၂၅ မနက် ၁၀ နာရီလောက်မှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။ ဒါပေမဲ့ မြေပြင်အခြေအနေမှာတော့ အခြေအနေရှုပ်ထွေးနေသေးသလို စစ်တပ်ဘက်လည်း လေကြောင်း၊လက်နက်ကြီးတွေနဲ့ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဒေသခံတွေ ပြောဆိုချက်အရ လက်ရှိ လားရှိုတိုက်ပွဲမှာ တိုင်းမှူးကရှောင်ပြေးနေတာကြောင့် စစ်ကောင်စီဘက်က တိုင်းစစ်ဌာနချုပ် (ရမခ)ရဲ့ ဗဟိုအမိန့်ညွှန်ကြားမှုမရှိတော့တဲ့အတွက်  တပ်ဖွဲ့ဝင်တွေဟာ မြို့ထဲ ပြန့်ကျဲနေပြီး ဆက်လက်ခုခံနေတယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာ ကိုးကန့် MNDAA ဘက်ကလည်း မြို့တော်ခန်းမအနီးနဲ့ လားရှိုးစစ်ဌာနချုပ် (ရမခ)တစ်ဝက်နားထိ နေရာယူထားတဲ့အပြင် မြို့တွင်းနေရာတော်တော်များနဲ့ အရပ်သားနေအိမ်တွေထဲ နေရာယူနေတာကြောင့် နှစ်ဖွဲ့တပ်ကြား အပြန်အလှန်ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိတဲ့ ပြည်သူတွေ ပိုများလာနေတယ်လို့ ပြောပါတယ်။  “လက်နက်ကိုင်တွေက နေအိမ်တွေပေါ်မှာလည်း လိုက်နေနေတယ်။ အခုပြည်သူတွေ ထွက်ချင်တဲ့သူတွေလည်း ထွက်လို့ရနေတယ်။ မနေ့ကထိတော့ ထွက်လို့မရဘူး။ ရှိတဲ့ဟာတွေလည်း ကြိုးစားထွက်နေတယ်။ ဒီနေ့ အားလုံးလည်း တန်းစီပြီး ထွက်နေကြတယ်။ တိုက်ပွဲအခြေအနေက ပုံမှန်ပဲ။ အဓိကဆိုးတာက လူတွေဒဏ်ရာရထားတဲ့ဟာကို သွားယူပေမဲ့မရဟိတတွေမရှိတာ။”လို့ နောက်ထပ် လားရှိုးဒေသခံ ကဆက်ပြောပါတယ်။ လက်ရှိ လားရှိုးမြို့ထဲမှာ အရပ်သားပြည်သူ ၂၀ ရာခိုင်နှုန်းခန့် ကျန်ရှိနေသေးတာဖြစ်ပြီး ဇူလိုင် ၂၅ ရက်နေ့ ထွက်လို့မရပဲပိတ်မိနေပေမဲ့ ဒီနေ့ ဇူလိုင် ၂၆ ဒီနေ့မနက်မှာတော့ မြို့ထဲကနေ ဆက်လက်ထွက်ခွာ ရှောင်ပြေးသူတွေရှိနေတယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာ မြို့တွင်း လက်နက်ကြီးထိမှန်သေဆုံးနေတဲ့အရပ်သားတွေရဲ့ အလောင်းတွေကိုလည်း ကောက်ယူဖို့မရရှိတဲ့အပြင်  လက်နက်ကျရောက်ပေါက်ကွဲပြီး ထိခိုက်ထားသူတွေကိုလည်း ကူညီကယ်ဆယ်နိုင်ဖို့ ပရဟိတအသင်းတွေ မရှိဘူးလို့ သူကပြောပါတယ်။  လက်ရှိ လားရှိုးမြို့ထဲက နောက်ဆုံးအခြေအနေကို နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကလည်း အခုလိုပြောပြပါတယ်။ “လားရှိုးရပြီလို့မဟုတ်သေးဘူး။ကိုးကန့်ကဝင်လိုက်၊ပစ်လိုက်၊  ပြန်ဆုတ်လိုက်၊ စစ်တပ်ကလည်း ပြန်ပစ်လိုက်၊ ပြန်ရှောင်လိုက် အဲလိုရှိနေကြသေးတယ်။ မနေ့ညအထိ စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲနေတုန်းဖြစ်တယ်။ သိမ်းပြီလို့ထုတ်လိုက်တာက ဆိုရှယ်ဗီဒီယာ မှာ ကစားတာလို့ပဲမြင်တယ်။ စစ်တပ်က ဆုတ်သွားရင်တောင် အခြေအနေကကြာအုံးမယ်လို့မြင်တယ်။ စစ်တပ်ထဲ ကိုးကန့်ဝင်ရောက်နိုင်ပြီဆိုရင်တောင် စစ်ကောင်စီဘက်ကလည်း တစ်ခုခုတော့ ကြံစည်ကစားနေတယ်လို့မြင်တယ်။”လို့ သူကပြောပါတယ်။ စစ်ကောင်စီဘက်က တပ်ရင်းစခန်းတွေထဲကနေ ခုခံတာမျိုးမလုပ်တော့တာကြောင့် ကိုးကန့် MNDAA ဘက်က စစ်တပ်စခန်းတွေကို သိမ်းပိုက်ရရှိပြီဆိုရင်တောင် လားရှိုးတိုက်ပွဲက အခြေအနေ ဆက်လက်ရှုပ်ထွေးနိုင်ပြီး အချိန်ကြာနိုင်သေးတယ်လို့ သူက သုံးသပ်ပြောပါတယ်။  တစ်ဖက်မှာ လားရှိုးမြို့ကို အထူးအုပ်ချူပ်ရေးဒေသအဖြစ်သတ်မှတ်ပြီး နယ်မြေလုံခြုံရေးအတွက် ဆောင်ရွယ်မယ်လို့ ကိုးကန့်ကထုတ်ပြန်လာပြီးနောက် တစ်ဆက်တည်း လားရှိုးနဲ့သက်ဆိုင်တဲ့ သတင်းတုသတင်းမှားတွေကို ဖြန့်ချိရင် အရေးယူမယ်လို့ ကိုးကန့် MNDAA က ပြောထားတာတွေလည်း ရှိနေပါတယ်။   လက်ရှိ ဖြစ်ပွားနေတဲ့ လားရှိုးမြို့တိုက်ပွဲအပေါ် လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သူ့ရဲ့အမြင်ကို အခုလိုဆက်ပြောဆိုပါတယ်။ “ကျနော်တို့ပြည်သူအမြင်က ကိုးကန့် MNDAAက ဘာမဆိုအတင်းအဓမ္မအရမ်းလုပ်လို့ မကြိုက်ဘူး။ ပြည်သူအများပိုင်းမကြိုက်ဘူး။ ကိုးကန့်က ကွန်မြူနစ်စနစ်ကျင့်သုံးသွားလိမ့်မယ်။ အခုမုံးကိုး–ဖောင်းဆိုင်ဘက်သိမ်းပိုက်ထိန်းချူပ်နေတဲ့အခြေအနေကိုကြည့်ရင် သူတို့က သူတို့ကြိုက်သလိုလုပ်တယ်။ ပြည်သူ့သဘောထားနဲ့မဟုတ်ဘူး။ တပ်သားစုဆောင်းမယ်ဆိုလည်း ကြိုက်သလိုခေါ်သွားတယ်။ ပြည်သူမှာလူ့အခွင့်အရေးတွေပိုဆုံးရှုံးသွားသလို အခြေအနေရှိနေတယ်။”လို့ ပြောပါတယ်။      လားရှိုးမြို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ကတည်းကစပြီး ကိုးကန့် MNDAA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ စတင်ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇူလိုင် ၂၀ ကျော် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း  ခလရ–၄၁၊ ခလရ–၆၈၊ ခမရ–၅၂၂ နှင့် ခမရ–၅၀၇ စတဲ့ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းယူနိုင်ခဲ့ပြီး လားရှိုးအရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ကို အလုံးစုံ သိမ်းပိုက်နိုင်လုနီးပါးအနေအထားမှာတင်ဆက်ရှိနေသေးကြောင်း ဒေသခံတွေပြောပါတယ်။ By –…

    Read More »
  • 26 July

    ရှမ်းမြောက် ၁၀၂၇  စစ်ဆင်ရေး ဒုတိယမှာ အမျိုးသမီးနဲ့ကလေးသူငယ် ၁၆၀ ဦးထိခိုက်သေဆုံး

    ရှမ်းမြောက် ညီနောင်မဟာမိတ်တပ်ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း တိုက်ပွဲကာလ တစ်လအတွင်း အရပ်သား ၃၀၀ ခန့် ထိခိုက်သေဆုံးမှုရှိခဲ့ပြီး အဲဒီထဲမှာ အမျိုးသမီးနဲ့ကလေးသူငယ် ၁၆၀ ဦးထိခိုက်သေဆုံးတယ်လို့ တအာင်း PSLF/TNLA က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ (၂၅) ရက်နေ့ကစပြီး တစ်ကျော့ပြန် ပြန်လည်ဆင်နွှဲလာခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းဟာ ဇူလိုင်လ ၂၅ ရက်နေ့မှာ တစ်လပြည့်ပြီဖြစ်ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့်  အရပ်သား ၁၂၅ ဦးသေဆုံးပြီး ၁၆၇ ဦး ဒဏ်ရာရပြီး စုစုပေါင်း ထိခိုက်သေဆုံးတဲ့ အရပ်သား ၂၉၂ ဦးရှိတယ်လို့  PSLF/TNLA ရဲ့သတင်းပြန်ကြားရေးအဖွဲ့က ဇူလိုင် ၂၅ ရက်နေ့ည ထုတ်ပြန်ထားပါတယ်။ အဲဒီထိခိုက်သေဆုံးမှုစာရင်းထဲမှာ အမျိုးသမီးနဲ့ ကလေးသူငယ် ထိခိုက်သေဆုံးမှုစာရင်း စုစုပေါင်း ၁၅၀ ခန့်ရှိတယ်လို့လည်း ဆိုထားပါတယ်။  ဒါ့အပြင် လက်ရှိ စစ်ကောင်စီဘက်က လားရှိုးကိုထိုးစစ်ဆင်နေတဲ့ ကိုးကန့် MNDAA ရဲ့ ထိန်းချူပ်နယ်မြေ သိန္နီ– ကွမ်းလုံ – ရှင်းရွှေဟော်နဲ့ လောက်ကိုင် စတဲ့နေရာတကြောကိုပါ လေကြောင်းပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ကိုးကန့်ဒေသက ပြည်သူတွေ ထပ်မံထွက်ပြေးနေရသလို ဘာသာရေး နဲ့ ပညာရေးကျောင်းတွေအားလုံး ပိတ်ထားရကြောင်း ဆက်လက်သိရပါတယ်။ “စိုးရိမ်ရတယ်။အခုက အနီးနား ကွတ်ခိုင်နဲ့ သိန္နီကြားတွေမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိတယ်။ အဲဘက်မှာ လေယာဉ်နဲ့ဗုံးကြဲတာ ဒီဘက်ကွတ်ခိုင်၊ကောင်းခါးဘက်ထိ ကြားရတယ်။ ဒါကြောင့် စိုးရိမ်မှုနဲ့ပဲ နေနေကြတယ်။ သိန္နီဘက်က အချိန်မရွေးပဲ ဆက်တိုက်ဗုံးကြဲနေတယ်။ နေ့ဆိုရင် အားလုံးကိုယ့်အိမ်ကိုယ်ရှိကြတယ် ညဆိုရင်တော့ အားလုံးရှောင်ကြတယ်။ လောက်ကိုင်–ရှင်းရွှေဟော်– ကွမ်းလုံ – နမ့်ဇလပ် – သိန္နီ ဒီတစ်ကြောအားလုံးတော့ ကျောင်းတွေအားလုံးပိတ်ထားရတယ်။”လို့ ကွတ်ခိုင်ဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောပါတယ်။   စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် လက်ရှိ TNLA ၊ KIA တို့ ထိန်းချူပ်ထားတဲ့ နယ်မြေတွေထဲက ပြည်သူတွေလည်း လေကြောင်းအန္တရာယ် စိုးရိမ်မှုတွေနဲ့ပဲဲ နေနေရတယ်လို့ ဆိုပါတယ်။  KIA ထိန်းချူပ်ထားတဲ့ နမ့်ဖတ်ကာမြို့ထဲမှာလည်း ဘာသာရေးကျောင်းတွေနဲ့ လူအများစုဖွဲ့ပြီး ဝတ်ပြုကိုးကွယ်တာတွေ ရပ်နားထားရသလို စာသင်ကျောင်းတွေကိုလည်း အခြေအနေကို ကြည့်ပြီး ဖွင့်နေကြတယ်လို့ သိရပါတယ်။  “နမ့်ဖတ်ကာမှာလည်း လားရှိုးဘက်တိုက်ပွဲမှာ KIA ပါဝင်နေမှုမရှိရင်လည်း နမ့်ဖတ်ကာဘက်ကလည်း သူတို့စစ်တပ်စခန်းကြီးတပ်စွဲတဲ့နေရာတစ်ခုဖြစ်တာကြောင့် လေကြောင်းသတိထားပြီးတော့ နေနေကြရတယ်။ ဒါကြောင့် အခု ဘုရားကျောင်း ဝတ်ပြုကိုးကွယ်အစီအစဉ်တွေ မလုပ်တော့ဘူး။ သိန္နီဘက် အဘက်ဘက်လေယာဉ်နဲ့ ဗုံးကြဲတာတွေရှိနေတော့ နမ့်ဖတ်ကာကသူတွေလည်း သတိနဲ့ပဲနေနေကြပါတယ်။” လို့ နမ့်ဖတ်ကာဒေသခံ အမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။  ရှမ်းမြောက်မှာ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ်တွေထဲ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာတွေလည်းရှိနေတာကြောင့် မြေပြင်မှာ အရပ်သားထိခိုက်သေဆုံးမှုအရေအတွက်နဲ့ ဘာသာရေးကျောင်းဆောင်များ၊ နေအိမ် အဆောက်အဦးတွေ ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ် သိရှိနိုင်ဖို့ ခက်ခဲနေပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 25 July

    မိုးမောက် ခမရ ၄၃၇ တပ်ရင်းအပါ ဗန်းမော်မြို့အနီးအထိ စစ်တပ်နဲ့ KIA တပ်ကြားတိုက်ပွဲပြင်းထန်နေ

    တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းအပြင် ဗန်းမော်မြို့အနီးဆုံးနေရာတွေမှာလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ တစ်လဝန်းကျင်အကြာ တိုက်ပွဲငြိမ်သက်သွားတဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းနေရာကို KIA…

    Read More »
  • 24 July

    လားရှိုးမြို့တွင်းနဲ့ အကျဥ်းထောင်အနီးတစ်ဝိုက် တိုက်ပွဲဆက်လက်ပြင်းထန်နေ

    ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင်းနဲ့ အကျဥ်းထောင်အနီးတစ်ဝှိုက် စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် MNDAA ပူးပေါင်းအဖွဲ့ ဒီကနေ့ နေ့လည်ပိုင်း ၁၂ နာရီလောက်ထိတိုက်ပွဲဆက်တိုက်ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ လားရှိုးအကျဥ်းထောင်ရှိတဲ့ ရပ်ကွက် ၁၂၊ ခမရ ၅၀၇ ရှိတဲ့ ရပ်ကွက် ၅ နဲ့ ခလရ ၆၈ တပ်ရင်း အနီးတို့မှာ တိုက်ပွဲတွေပြင်းထန်နေတာလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “နေ့လည်ပိုင်းအထိ အကျဥ်းထောင်နားမှာတိုက်ပွဲကထပ်ဖြစ်နေတုန်းပဲ။ အကျဥ်းထောင်ပေါက်သွားတယ် ဆိုတာတော့မရှိသေးဘူး။ ရပ်ကွက် ၁၂ အကျဥ်းထောင်ဘက်ပေါ့လေ။ ၆၈ တပ်ရင်းကတော့ ကျပြီလို့ ပြောဖို့ ခက်နေတယ်။ ဆုတ်လိုက် ပြန်ဝင်လိုက် နှစ်ဖက်လုံးကအဲ့လိုဖြစ်နေတော့ အဖွဲ့အစည်းတွေက ခိုင်ခိုင်မာမာထုတ်မှပဲ အတည်ပြုနိုင်မယ်” လို့ပြောပါတယ်။ တစ်ဖက်မှာတော့ ခလရ ၄၁ တပ်ရင်းကို သိမ်းပိုက်ချိန် စစ်ကြောရေးရောက်နေတဲ့ နိုင်ငံရေးအကျဥ်းသားတစ်ချို့ နဲ့ တစ်ခြားနိုင်ငံရေးအမှုနဲ့ဆက်စပ်သူတွေလွှတ်မြောက်လာတယ်လို့ သိရပါတယ်။ ဒါ့အပြင် လွတ်မြောက်လာတဲ့ အကျဥ်းသားတွေထဲမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ လူငယ်တစ်ချို့လည်းပါဝင်ပြီး အတည်ပြုလို့ရတဲ့အကျဥ်းသားဦးရေကတော့ ၄ ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ “ခလရ ၄၁ ကျသွားတော့ စစ်ကြောင်ရေးမှာရောက်နေတဲ့ အကျဥ်းသား တချို့တော့ပြန်လွှတ်လာတယ်။ အရေအတွက်တော့အတိအကျတော့မသိဘူး။ ဒါပေမဲ့ လက်နက်မှုတွေကြောင့်ပါတယ်။ တစ်ချို့ကတော့ နိုင်ငံရေး နဲ့ ဆက်စပ်ပြီးဖမ်းခံရသူတွေပါတယ်။ ကျနော်တို့သိတာကတော့ ၄ ယောက်သေချာတယ်။ ”လို့ဒေသခံတစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ကိုးကန့်တပ်ရော၊ TNLA တပ်ဖွဲ့ နှစ်ဖွဲ့လုံးနဲ့ စစ်ကောင်စီ တပ်တို့အကြား အပစ်ရပ်ကြောင်းကြေညာခဲ့သလို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ ကိုးကန့်တပ် MNDAA နဲ့ စစ်ကောင်စီတပ် နှစ်ဖွဲ့အကြား ဒီလကုန်ထိအပစ်ရပ်မယ်လို့ကြေညာခဲ့တာဖြစ်ပါတယ်။ ဇူလိုင်လကုန်ထိအပစ်ရပ်မယ့်ကြေညာချက်ကိုတော့ ကိုးကန့်တပ်ဖွဲ့ MNDAA ကဘဲကြေညာခဲ့တာဖြစ်ပြီး တအာင်းတပ်မတော် TNLA ဘက်ကတော့တစ်စုံတစ်ရာထုတ်ပြန်လာတာ ဒီကနေ့ ဇူလိုင်လ ၂၄ ရက်နေ့အထိ မတွေ့ရသေးပါဘူး။ လားရှိုးမြို့က ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်တို့ရဲ့ နှစ်ဖက်ပစ်ခတ်မှုတွေအကြား မြို့တွင်းလက်နက်ကြီး ကျရောက် ပေါက်ကွဲမှုတွေရှိပြီး အရပ်သား သေဆုံးမှုတွေလည်းရှိနေဆဲဖြစ်သလို နေအိမ်ပျက်စီးဆုံးရှုံး မှုကလည်းမြင့်တက်နေဆဲလို့ ဒေသခံတွေ နဲ့ လူ့အခွင့်ရေးလေ့လာစောင့်ကြည့်တဲ့အဖွဲ့တွေက ထုတ်ပြန် ထားပါတယ်။ By – အမိုး

    Read More »
  • 23 July

    လားရှိုးမြို့အဝင်က ခလရ ၄၁ တပ် ကို MNDAA သိမ်းပိုက်

    ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အဝင်က စစ်ကောင်စီရဲ့ ခလရ ၄၁ တပ်ရင်းကို ကိုးကန့်တပ် MNDAA က အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေဆီကသိရပါတယ်။ ဒါ့အပြင် လားရှိုးမြို့တစ်ဝှိုက်တပ်စွဲထားတဲ့ စစ်ကောင်စီ ရဲ့ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူတွေအပါအဝင် စုစုပေါင်း ၃၀၀ ကျော်လက်နက်ချအညံ့ခံခဲ့တယ်လို့ ကိုးကန့်တပ်…

    Read More »
  • 23 July

    လားရှိုးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ

    “မြို့အဝင် မုခ်ဦးနားအထိတော့တိုက်ပွဲကရောက်လာပြီပေါ့နော်။ ၄၁ တပ်ရင်းနားထိပေါ့လေ အပြန်အလှန် ပစ်ခတ်တဲ့သဘောပေါ့ ကိုးကန့်ဘက်ကလည်း မြို့နားကပ်လာတာကို ဒါ့ကြောင့်မြို့နားမှာရှိတဲ့တပ်နဲ့ တွေ့တဲ့ သဘောပေါ့”လို့ပြောပါတယ်။

    Read More »
  • 22 July

    လားရှိုးမှာတိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး မြို့ခံပြည်သူအားလုံး မြို့စွန်ခွာထွက်ပြေးနေဆဲ

    လားရှိုးမြို့ထဲ ကိုးကန့် MNDAA နဲ့ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်နေရာယူထားပြီး တိုက်ပွဲဆက်လက်ဖြစ်နေတာကြောင့် ပြည်သူတွေအားလုံးနီးပါး မြို့စွန့်ခွာထွက်ပြေးနေဆဲဖြစ်တယ်လို့ လားရှိုးကနေထွက်ပြေးနေတဲ့ ဒေသခံပြည်သူတွေ ပြောပါတယ်။ လက်ရှိ လားရှိုးမြို့ပြင်နဲ့ မြို့ထဲထိ ကိုးကန့် MNDAA တပ်ဖွဲ့ ဝင်ရောက်နေရာယူထားပြီး တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေတာကြောင့် ဇူလိုင် ၂၂ ရက်နေ့ မြို့ထဲကနေစွန့်ခွာထွက်ပြေးနေသူ ပြည်သူတစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ “လက်ရှိအခြေအနေက မြို့ထဲကို ကိုးကန့် MNDAA ဝင်ရောက်နေပြီ။ ကျနော်တိုလည်း မြို့ပြင်ရောက်သွားပြီ။ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်။ မြို့ထဲတချို့ရှိသေးတယ်။ မထွက်ပြေးပဲ ရှိနေမယ်ဆိုတဲ့သူတွေ ရှိနေတယ်။ အားလုံးနီးပါးထွက်ပြီ။ မနေ့ကမနက်မြို့ထဲ လက်နက်ကြီးကျလို့ အများအပြားထိခိုက်တာ တွေ့ခဲ့လိုက်တယ်။ လမ်းမှာလည်း ပြည်သူတွေစစ်ရှောင်ထွက်နေကြချိန် လက်နက်ထိသူတွေရှိတယ်။ ထွက်ခွာသူတွေက ဒီနေ့တစ်နေ့လုံးလည်း ထွက်နေကြဆဲပဲ။”  လို့ လားရှိုးမြို့ထဲကနေ ထွက်ပြေးနေသူပြည်သူတစ်ဦးက ပြောပါတယ်။ ဇူလိုင် ၂၁ ရက်နေ့ မနေ့က လားရှိုးမြို့ထဲ လက်နက်ကြီးထပ်ကျလို့ အရပ်သားပြည်သူအများအပြား ထပ်မံ ထိခိုက်သေဆုံးကြောင်း သိရပေမဲ့ အသေးစိတ်မသိရှိရသေးတဲ့အပြင် ဇူလိုင် ၁၉ ရက်နေ့ နေ့လည်ပိုင်းမှာလည်း လားရှိုးမြို့ ရပ်ကွက် ၅ ရှိ ဧဒင်ဘုရားကျောင်းမှာ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲပြီး ဘုရားကျောင်းပျက်စီးသွားပါတယ်။ တစ်ဖက်မှာ မြို့စွန့်ခွာထွက်ပြေးနေသူတွေမှာလည်း လမ်းခရီးမှာ လက်နက်ထိမှန်တာတွေရှိနေတဲ့အပြင် ကိုးကန့် MNDAA က ပစ်ခတ်လို့ အသက်သေဆုံးရတဲ့သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ရှောင်ပြည်သူတွေထဲက လူငယ်၊လူလတ်တွေကို ကိုးကန့် MNDAA တပ်ဖွဲ့က တပ်သားစုဆောင်းတာတွေ၊ စစ်ရှောင်လာတဲ့သူတွေရဲ့ ကား၊ဆိုင်ကယ် ငှားရမ်းသိမ်းယူလိုက်တဲ့ဖြစ်စဉ်တွေ၊ စစ်ရှောင်ကူညီရေးကားတွေကို ပစ်ခတ်တဲ့ဖြစ်စဉ်တွေ ဖြစ်ပွားနေကြောင်း ဆက်လက်သိရပါတယ်။ လက်ရှိ မြို့ထဲကနေ မထွက်ပြေးပဲကျန်နေတဲ့ ဒေသခံပြည်သူတစ်ချို့ကိုတော့ ကိုးကန့် MNDAA က ကာကင်းစခန်းတွေအတွက် ကတုတ်ကျင်းလိုက်လံတူးခိုင်းတာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ “လားရှိုးစစ်ပွဲက ကြာအုံးမယ်ထင်တယ်။ စစ်တပ်လည်း ထောက်ပို့ဆက်တိုက်ဖြည့်နေဆဲပဲ။ လေယာဉ်နဲ့ ဆက်တိုက်ဖြည့်နေတယ်။ ကို့ကန့်တပ်ဖွဲ့လည်း မြို့ထဲကို ထိုးစစ်ဆင် ဝင်နေဆဲပဲ။” လို့ ထွက်ပြေးနေသူ ဒေသခံကဆက်ပြောပါတယ်။   မြို့ထဲကို ကိုးကန့် MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင် ဝင်ရောက်နေရာယူနေသလို စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာ၊ စစ်အင်အားဖြည့်တာတွေလုပ်နေတာဖြစ်ပါတယ်။ လက်ရှိ လားရှိုးမြို့ထဲကနေ ပြည်သူ အားလုံးနီးပါး ခြေလျင်၊ ကား၊ဆိုင်ကယ်တွေနဲ့  လားရှိုးမြို့ထဲကနေ တောင်းကြီးဘက်ကို ထွက်ပြေးစစ်ရှောင်နေပြည်သူ ဒေသခံပြည်သူတစ်ဦးကလည်း ပြောပါတယ်။ “အိုး…လုံးလုံးမရဘူး။ ဆက်နေနေလို့ကိုမရဘူး။ လားရှိုးမှာ ဖုန်းလိုင်းလည်းပြတ်တောက်နေတယ်။ လမ်းလျှောက်တာနဲ့ ဆိုင်ကယ်နဲ့ ကားနဲ့ ကိုယ့်ဟာနဲ့ကိုယ်တတ်နိုင်သလိုထွက်နေတယ် မရှောင်ဘူးလို့ကျန်နေတဲ့ ကျနော့အသိဆွေမျိုးတွေလည်း အားလုံးရှောင်ပြီ။ လားရှိုးမြို့ကနေ ဘယ်မှမထွက်ဘူး အနှစ် ၆၀ ရှိပြီ ဆိုတဲ့အဘိုးတွေလည်း အကုန်ထွက်ပြီ”  လို့ သူကပြောပါတယ်။ တစ်ဖက်မှာ လားရှိုးမြို့ပြင်ဘက် နောင်လဲန်ကျေးရွာမှာ ရွာသားအားလုံးနီးပါး ထွက်ပြေးနေပေမယ့် အိမ်မှာကျန်ရှိနေသေးတဲ့သူတစ်ချို့လည်းရှိနေသေးတယ်လို့ နောင်လဲန်(Nawngleng)ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးကတော့ အခုလို ပြောဆိုပါတယ်။ “ဝက်အများကြီးမွေးထားတော့ ဒီတိုင်းပစ်ထားလို့မရတာကြောင့် ဘေးပတ်ဝန်းကျင် တစ်ယောက်တစ်လေရှိနေသေးတော့ ကိုယ်လည်းရှိနေသေးတယ်။ ကတုတ်ကျင်းတွေတူးထား၊ အိပ်ခန်းမှာ ကုတင်ပေါ်မွေ့ယာအထူတွေတင်လိုက်ပြီး ညဆိုအဲ့အောက်မှာအိပ်တယ်။ သေနတ်သံအရမ်းဆူညံလာရင် ကတုတ်ကျင်းထဲပြေးဝင်လိုက်နဲ့ နေနေတယ်။ ပလောင်၊ ရှမ်း ၊ ဗမာ တို့ တချို့ဆို ထွက်ပြေးပြီး သွားဒုက္ခကြုံကြတာကြောင့် ပြန်ခေါက်လာသူတွေလည်းရှိတယ်။ ထွက်ပြေးနေစရာမရှိ၊ တောကျောက်ဆောင်တွေထဲပဲ လိုက်ပုန်းအောင်းကြသူတွေက အစားအသောက်ကုန်လာလို့ ပြန်လာကြတယ်။” လို့ အိမ်မှာကျန်နေသေးတဲ့ နောင်လဲန်( Nawngleng) ကျေးရွာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။   ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့ကစပြီး ၄ ရက်တာ အပစ်အခတ်ယာယီရပ်စဲဖို့ ကိုးကန့် MNDAA ဘက်က ထုတ်ပြန်ခဲ့ပြီးနောက် ၄ ရက်ပြည့်ပြီး ဇူလိုင် ၁၉ ရက်နေ့ကစလို့ လားရှိုးမြို့ထဲကို MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ စစ်ကြောင်းခွဲပြီး ထပ်မံ ထိုးစစ်ဆင်ဝင်ရောက် တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိ လားရှိုးမြို့ စစ်ကောင်စီတပ်စခန်းတည်ရှိရာ နေရာတွေမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်တပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေကြသလို စစ်ကောင်စီက ကိုးကန့်ထိန်းချူပ်ရာနေရာတွေထိ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်တာဖြစ်ပါတယ်။ ဒါကြောင့် အရပ်သားထိခိုက်သေဆုံးမှု မြှင့်တက်နေပြီး ဘာသာရေးအဆောက်အအုံများ၊ ကျောင်းဆောင်များ၊ နေအိမ်အမြောက်အများထိခိုက်ပျက်စီးနေရကြောင်း ဒေသခံပြည်သူတွေ ပြောပါတယ်။ လားရှိုးမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ကစပြီး ကိုးကန့် MNDAA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ စစ်ကောင်စီတပ်ကို အပြင်းအထန် တိုက်ခိုက်ဝင်ရောက်လာရာ တိုက်ပွဲပြင်းထန်လာတာကြောင့် ဒေသခံပြည်သူအားလုံးလည်း တောင်ကြီး၊ မန္တလေးနဲ့ နမ္မတူ၊ ကွတ်ခိုင်၊ ၀ ပြည် စသဖြင့် နေရာအသီးသီးကို ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ လက်ရှိ လားရှိုးမြို့တိုက်ပွဲကြောင့် တအာင်း TNLA ၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကိုးကန့် MNDAA စသဖြင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချူပ်နေတဲ့ ကွတ်ခိုင်၊ သိန္နီ၊ လောက်ကိုင်၊ နမ့်ဖတ်ကာ၊ ကောင်းခါးမြို့၊ လွယ်ခမ်း ၊ နမ့်ခမ်း၊ တာမိုးညဲ နဲ့ အခြားလေကြောင်းအန္တရာယ်စိုးရိမ်ရတဲ့နေရာတွေမှာ စာသင်ကျောင်းအားလုံး ပိတ်ထားတယ်လို့ ဆက်လက်သိရပါတယ်။ By –…

    Read More »
  • 18 July

    တင့်ကား ၅စီး ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်း နှစ်ရက်အကြာပိတ်ဆို့တိုက်ခိုက်ခံရပြီး တပ်ပြန်ဆုတ်

    ဗန်းမော်မြို့ကနေ စစ်တင့်ကား ၅ စီးခန့် နဲ့  မိုးမောက်မြို့နယ်ဘက်ကို တက်သွားတဲ့ စစ်ကောင်စီ စစ်ကြောင်းကို လမ်းခုလပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က နှစ်ရက်အကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က စစ်ကြောင်းပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။ ဇူလိုင် ၁၅…

    Read More »
  • 17 July

    အပစ်ရပ်တဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲဆက်ဖြစ်နေ

    စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA၊ ကိုးကန့်တပ် MNDAA တို့ အကြား အပစ်ရပ်မယ်ဆိုတဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေသလို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ဒရုန်း အသုံးပြုတိုက်ခိုက်တာတွေပါလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကျောက်မဲမြို့နယ် နဲ့ နောင်ချိုမြို့နယ် တို့မှာတော့ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးတာ၊ ဒရုန်းကနေ ဗုံးကြဲ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေပါလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA ဘက်က မနေ့ညကပဲသတင်းထုတ်ပြန်ထားပါတယ်။ တစ်ဖက်မှာ လားရှိုးမြို့နယ်မှာဆိုရင် မနေ့က ဇူလိုင်လ ၁၅ ရက်နေ့မနက်ပိုင်းကလည်းပစ်ခတ်သံတွေကြား နေရသလို ဒီနေ့မနက်ပိုင်းမှာတော့ ခမရ ၅၀၇ အနီးတစ်ဝှိုက်ကနေပစ်ခတ်မှုသံတွေကြားနေရဆဲလို့ ဒေသခံ တစ်ယောက်ကပြောပါတယ်။ “လားရှိုးကတော့ဆက်ဖြစ်နေတုန်းပဲ မနက်ကလည်းပစ်နေတာပဲ။ မနက်က ၅၀၇ တပ်နားတွေဖြစ်နေ တုန်းပဲ။ အပစ်ရပ်တယ်ဆိုပေမဲ့လည်း ပစ်ခတ်မှုတွေရှိနေတုန်းပဲ။ ဒေသခံတွေကတော့နေ့တိုင်းပြေးနေ တုန်းပဲ”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ တစ်ဖက်မှာ ကိုးကန့်တပ်မတော် MNDAA ဘက်က ဒီကနေ့မနက်ပိုင်းမှာ လားရှိုးမြို့နယ်အဝင်မုခ်ဦးအထိ ရောက်ရှိလာပြီး စစ်ကောင်စီတပ်ဘက်ကလည်း အင်အားတွေဆက်တိုက်ဖြည့်တင်းထားတဲ့အတွက် တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ဒေသခံတွေကသုံးသပ်နေကြပါတယ်။ မနေ့ကညပိုင်း ၈ နာရီဝန်းကျင်လောက်မှာ လားရှိုးမြို့နယ် နားမခေါ်ရပ်ကွက် လမ်းသွယ် ၄ မှာ လက်နက်ကြီး စထိမှန်ခဲ့လို့ အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ယောက်သေဆုံးခဲ့ပြီး အမျိုးသားတစ် ယောက်ထိခိုက် ဒဏ်ရာရှိခဲ့ပါသေးတယ်။ တအာင်းတပ်မတော် TNLA ဘက်က မနေ့ညကထုတ်ပြန်ချက်ထဲမှာဆိုရင် နောင်ချိုမြို့နယ် ဘန့်ဘွေးနဲ့ ရေဝင်ရွာတွေမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဟာ သဲခေါ်ရွာနားက TNLA ရဲ့တပ်စခန်းကိုလက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့သလို ဒရုန်းနဲ့ပါပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ကျောက်မဲမြို့နယ်ထဲမှာတော့ စစ်ကောင်စီရဲ့ ခမရ ၅၀၁၊ ၅၀၂ တပ်ဖွဲ့တွေဘက်က စစ်ကြောင်းထိုး တိုက်ခိုက်လာလို့ နတ်တောင်အနီးတစ်ဝှိုက်နဲ့ နောင်ပိန်ရွာ တစ်ဝှိုက်မှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။ တအာင်းတပ်မတော် TNLA၊ ကိုးကန့်တပ်မတော် MNDAA တို့နဲ့ စစ်ကောင်စီတပ်အကြား ဇူလိုင်လ ၁၄ ရက် နေ့ကနေ ၁၈ ရက်နေ့အထိ ၄ ရက်ကြာအပစ်ရပ်မယ်လို့ ထုတ်ပြန်ထားတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က တိုက်ခိုက်လာရင်တော့ ပြန်လည်ခုခံနိုင်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ By – အမိုး

    Read More »
Back to top button