တိုက်ပွဲ

  • May- 2024 -
    28 May

    ဆွမ်ပရာဘွမ်တိုက်ပွဲမှာ စစ်ကူသွားတဲ့ မချမ်းဘောအခြေစိုက် ခလရ ၁၃၇ တပ်ရင်းတစ်ရင်းလုံးပြုတ်

    ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ် ခလရ( ၄၆ )တပ်တိုက်ပွဲမှာ စစ်ကူသွားတဲ့ ခလရ (၁၃၇) တပ်ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးပြုတ်သွားပြီဖြစ်တယ်လို့ ပူတာအိုတော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ ဆွမ်ပရာမြို့အခြေစိုက် ခလရ(၄၆)တပ်ရင်းဘက်ကို စစ်ကူအနေနဲ့ သွားရောက်ကူညီတဲ့ ခရလ(၁၃၇)တပ်ရင်းမှူး အပါအဝင် စစ်ကောင်တပ်သား ၁၀ ဦးကျော်ကို မေလ ၁၈ ရက်နေ့ ပူတာအိုမြို့ ရှေ့တန်းတစ်နေရာမှာ ပူတာအိုခရိုင် PDF အဖွဲ့တွေ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ ခလရ (၁၃၇) တပ်ရင်းမှူးဟာ တိုက်ပွဲတွင်းထိခိုက်ဒဏ်ရာတွေကြောင့် တစ်ရက်အကြာမှာဘဲ သေဆုံးသွားခဲ့တယ်လို့  ပူတာအိုတော်လှန်ရေးအင်အားစုထဲက အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။ “ဖမ်းမိတဲ့ အချိန် အဲဒီတပ်ရင်းမှူးက ဒဏ်ရာပြင်းပြင်းထန်ထန်ရတယ် ခြေထောက်ကျိုးတာတို့ သွေးထွက်လွန်တာ  ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲက အတက်နိုင်ဆုံးကုသပေမယ့် သူရရှိတဲ့ဒဏ်ရာကြောင့် နောက်တစ်နေ့မှာဘဲ ဆုံးသွားတယ်”လို့ ဆိုပါတယ်။ ဒါ့အပြင် ပူတာအိုတော်လှန်ရေးအင်အားစုတွေဘက်က ခလရ ( ၁၃၇ ) တပ်ဖွဲ့ဝင်များထဲက တပ်သား ၁၀ ဦးကျော်ကိုလည်း ဖမ်းဆီးရမိထားသလို တိုက်ပွဲတွင်းသေဆုံးသွားသူတွေလည်းများတာကြောင့် တပ်ရင်းတစ်ရင်းလုံးပြုတ်သွားပြီဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။  ဆွမ်ပရာဘွမ်တိုက်ပွဲမှာ  ဖမ်းဆီးရမိခဲ့တဲ့ မချမ်းဘောအခြေစိုက် ခလရ ၁၃၇ တပ်ရင်းက စစ်ကောင်စီတပ်သားတွေကိုတော့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့  တော်လှန်ရေးအင်အားစုတွေထဲကတာဝန်ရှိသူတစ်ဦးက ခုလိုပြောပါတယ်။ “ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကိုတော့ စစ်ဥပဒေ (Geneva Convention) နဲ့ အညီ ထိန်းသိမ်းထားတာ ရှိပါတယ်။ ခလရ ၁၃၇ ကတော့ ဖမ်းဆီးရမိတာ တစ်ခါ ၃ ယောက်၊ ၉ ယောက် ဖမ်းဆီးရထားတာရှိတယ်။ ခလရ(၄၆) တပ်ရင်းက တချို့ကတော့လွတ်မြောက်နေဆဲဖြစ်တယ်”လို့ဆိုပါတယ်။ ဒါပေမယ့် ဆွမ်ပရာဘွမ်အခြေစိုက် ခလရ(၄၆) တပ်ရင်းမှူးကတော့ လက်ရှိချိန်ထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။   ခလရ (၄၆)တပ်ကို KIA/KPFနဲ့ ပူတာအို PDFပူပေါင်းတပ်တွေက ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကတည်းကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မေလ ၅ ရက်နေ့မှာဘဲ တပ်ရင်းတစ်ခုလုံးကိုသိမ်းပိုက်ရရှိခဲ့တာဘဲ ဖြစ်ပြီး မတ်လ ၈ ရက်နေ့က စတင်လာတဲ့စစ်ဆင်ရေးကာလ ၂ လအတွင်း စခန်းကြီးငယ် ၁၀၀ ကျော်ကိုသိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဆွမ်ပီယန်ဒေသတစ်လျှောက်မှာလည်း စစ်ကောင်စီဘက်က စစ်အင်အား ၁၀၀ကျော် ပြန်လည်ဖြည့်တင်းထားပြီး စစ်ရေးတင်းမာ လာနိုင်ချေရှိတယ်လို့ လည်း ပူတာအိုတော်လှန်ရေး အင်အားစုတွေ ဆီကနေ သိရပါတယ်။ By – Hope

    Read More »
  • 27 May

    ဟုမ္မလင်းနယ်မှာ SNA နဲ့ စစ်တပ်တို့ တပ်စွဲနေထိုင်တဲ့ ရွာ ၄ ရွာကို PDF တိုက်ခိုက်သိမ်းပိုက်

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် အထက်ပိုင်းထဲက ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်နဲ့ စစ်ကောင်စီတပ်တွေပူးပေါင်းတပ် တပ်စွဲနေထိုင်တဲ့ကျေးရွာပေါင်း ၄ ရွာကို ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်လို့ သိရပါတယ်။ အဲဒီရွာတွေဟာ ဟုမ္မလင်းအထက်ဘက် ချင်းတွင်းမြစ်တစ်ကြောမှာရှိတဲ့ မုက္ကလီ၊ တုံမာဟဲ၊ ပုရစ်…

    Read More »
  • 27 May

    မံစီ ခမရ ၃၁၉၊ ခမရ ၆၀၁ တပ်ရင်း ၂ ခုနဲ့  မိုးမောက် ခမရ ၄၃၇ တပ်ရင်းတွေကို KIA သိမ်းပိုက်နိုင်ခြင်းမရှိသေးတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲ

    ဗန်းမော်ခရိုင် မိုးမောက်နဲ့ မံစီ မြို့  ၂ ခုမှာရှိတဲ့ မြို့တွင်းတပ်စခန်းနေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ခြင်းမရှိသေးတာကြောင့် ရက်ပေါင်း ၂၀ ကြာမြင့်လာပေမယ့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါတယ်။ မေလ ၇ ရက်နေ့ စတင်ပြီး KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့…

    Read More »
  • 27 May

    စစ်ကိုင်း နဲ့ ကချင်အစပ်ကမြို့တွေမှာ တိုက်ပွဲပြင်းထန်နေ

    စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ မြို့နယ် ၃ မြို့မှာ စစ်ကောင်စီတပ်၊ ရှမ်းနီးအမျိုးသားတပ်မတော် SNA ပူးပေါင်းအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား ဒီရက်ပိုင်းအတွင်းတိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။ တိုက်ပွဲဟာ ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ကတည်းကစတင်ဖြစ်ပွားနေတာဖြစ်ပြီးတော့ စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ ကောလင်း၊ ဝန်းသို နဲ့…

    Read More »
  • 27 May

    KIA လွတ်ပေးလိုက်တဲ့ တပ်မိသားစုတွေ စီးနင်းလာတဲ့ ယာဉ်တန်းတိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုများ

    ဝိုင်းမော်မြို့ရဲ့ မြို့စောင့်တပ်ဖြစ်တဲ့  ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းကနေ KIA တပ်တွေ ဖမ်းဆီးရမိထားတဲ့ တပ်မိသားစုဝင်တွေနဲ့ သစ်သျှူးငှက်ပျောလုပ်သားတွေအပါ စီးနင်းလာတဲ့ယာဉ်တန်း ဝိုင်းမော်မြို့အဝင် ခတ်ချိုကျေးရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ခံရတာကြောင့် ထိခိုက်သေဆုံးမှုများတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA…

    Read More »
  • 22 May

    ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်း လက်လွတ်လိုက်ရတဲ့နောက် တိုက်ပွဲပိုပြင်းထန်လာနိုင်တဲ့ ဝိုင်းမော်မြို့

    ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ်ထဲက နှစ်ပေါင်း ၄၀ ကျော်ရှိတဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့နောက်ပိုင်း စစ်ရေးပိုမိုပြင်းထန်လာနိုင်တယ်လို့ ဒေသခံပြည်သူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်လောက်ကို KIA တပ်တွေက မေလ ၁၈ ရက်နေ့ကနေ  ၃ ရက်အတွင်းမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံးကျန်ရှိနေတဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းကို မေလ ၂၁ ရက်နေ့ ည ၈ နာရီလောက်မှာ အပြီးသတ် သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ လက်ရှိ ဝိုင်းမော်မြို့ပေါ် နဲ့ အနီးကပ်ဆုံးနေရာမှာရှိတဲ့ ခလရ ၅၈ တပ်ရင်းနဲ့ ဝူယာန်ပြည်သူ့စစ်တပ်စခန်း ၂ ခုသာ ကျန်ရှိတော့တာကြောင့် တိုက်ပွဲက ဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်လာနိုင်တယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အခုက တပ်စခန်းအကြီးဆိုလို့ ၅၈ တပ်ရင်းတစ်ခုသာကျန်ရှိတော့တာဖြစ်တဲ့အတွက် ဘယ်တော့ ပြန်ပစ်ကြမယ်ဆိုတာက မသိရဘူးလေ။ ဒါပေမယ့် ၅၈ တပ်ရင်းကို ပြန်တိုက်ပြီဆိုရင်က ဝိုင်းမော်မြို့တစ်ခုလုံးကို ယူလိုက်တာနဲ့  အတူတူပါပဲ။ KIA တပ်တွေက ဝိုင်းမော် ၅၈ တပ်ရင်းကို ပြန်တိုက်ရင်တော့ တိုက်ပွဲက ဒီထက် ပြင်းထန်လာဖို့ပဲရှိတယ်။ ဒါမှမဟုတ် ဒီအဆင့်လောက်မှာပဲ ရပ်နားထားမလားတော့မသိဘူး”လို့ပြောပါတယ်။ KIA အနေနဲ့ ဝိုင်းမော်မြို့အနီးဆုံးနေရာမှာ ရှိနေတဲ့ ခလရ ၅၈ တပ်ရင်းကို ထပ်မံထိုးစစ်ဆင်တိုက်ခိုက်လာပါက ဝိုင်းမော်မြို့တစ်ခုလုံးအထိ တိုက်ပွဲတွေ အဆက်မပြတ်ပြင်းထန်လာနိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။ မေလ ၂၁ ရက် မနေ့ည KIA နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းဟာ ဗန်းမော်ဘက်ကိုတက်သွားတဲ့ ကားလမ်းမကြီးပေါ်မှာ နှစ်ပေါင်း ၄၀ ကျော် အုပ်တံတိုင်းနံရံ၊ဘန်ကာတွေနဲ့အခိုင်အမာ တပ်ချနေရာယူထားတဲ့ ခြေမြန်တပ်ရင်းတစ်ခုဖြစ်ပါတယ်။ အဲဒီတပ်စခန်းကနေ ဝိုင်းမော်မြို့နယ်တစ်ခုလုံးကို ကာကွယ်ပေးတဲ့ လုံခြုံရေးတပ်ရင်းတစ်ခုဖြစ်သလို ဗန်းမော်အရှေ့ဘက်ခြမ်းအတွက်လည်း စစ်ရေးအရအရေးပါတဲ့ ခံတပ်တစ်ခုလည်းဖြစ်ပါတယ်။ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းအပါအဝင် ၃ ရက်အတွင်း သိမ်းပိုက်ထားတဲ့ တပ်စခန်းနေရာတွေမှာ KIA က နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေသေးတယ်လို့လည်း KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “ဒီရက်ပိုင်းအတွင်း ဝိုင်းမော်မြို့နယ် ကားလမ်းမကြီးပေါ်က သိမ်းပိုက်ထားတဲ့ တပ်စခန်းတွေက ကဇူးတပ်စခန်း၊ ရင်ကွဲတောင် (Lung Zep Dap) နဲ့ မနေ့ည သိမ်းပိုက်နိုင်တဲ့ ရွှေညောင်ပင် တပ်ရင်း စတဲ့ နေရာတွေမှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ အဆင့်မှာပဲရှိနေသေးတယ်”လို့ပြောပါတယ်။ ရွှေညောင်ပင်တပ်ရင်းကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ မေလ ၂၁ ရက်နေ့ ည ၈ နာရီလောက်မှာ စစ်တပ်တွေတပ်တွေက မြစ်ကြီးနားမြို့ဘက်နေ အတွဲလိုက်ဒုံးများနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့သလို KIO လိုင်ဇာမြို့ဘက်ကိုလည်း ၃ ကြိမ်ထက်မနည်း စစ်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်က ညသန်းခေါင်ယံမှာ လိုင်ဇာမြို့ဘက်ကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့ပြင် အနီးတဝိုက်မှာ လေယာဉ်ဗုံးကျရောက်ပေါက်ကွဲမှုတွေရှိခဲ့ပေမယ့် ထိခိုက်မှုအခြေအနေနဲ့ ပတ်သက်ပြီး အတည်ပြုဖို့ ခက်ခဲနေဆဲဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ဒါပေမယ့် လိုင်ဇာအနီးတဝိုက် လေယာဉ်ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အရပ်သားပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လိုင်ဇာပြည်သူ့ဆေးရုံးမှာ ဆေးကုသခံယူနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ ဒါ့အပြင် ဝိုင်းမော်မြို့နယ်ထဲမှာလည်း စစ်တပ်ရဲ့ အတွဲလိုက် ဒုံးကျည်တွေပစ်ခတ်ခံရတာကြောင့် ကျေးရွာ ရပ်ကွက်တွေမှာရှိတဲ့ လူနေအိမ်တွေထိမှန်ပျက်စီးမှုတွေရှိနေတယ်လို့ သိရပေမယ့် အသေးစိတ်မသိရှိရသေးပါဘူး။ တိုက်ပွဲပြင်းထန်နေတဲ့ ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နိုင်သေးတဲ့အတွက် ပြည်သူလူထုတွေအနေနဲ့ စစ်ရေးသတင်းတွေနားစွင့်ပြီး သတိထားနေထိုင်ဖို့ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဦးနော်ဘက်က သတိပေးပြောဆိုထားပါတယ်။ ရွှေညောင်ပင်တိုက်ပွဲမှာ နှစ်ဖက်စစ်တပ် ထိခိုက်သေဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကတော့ တပ်သား ၁၀၀ ကျော်သေဆုံးမှုရှိခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေက အတည်ပြုပြောဆိုထားပါတယ်။ စစ်တပ်က ဝိုင်းမော်မြို့နယ်ထဲက အရေးပါတဲ့ ခမရ ၃၂၁ တပ်ရင်းကို လက်လွတ်လိုက်ရတဲ့အပြင် တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများနေတာကြောင့် တန်ပြန်ခုခံ တိုက်ခိုက်လာနေတဲ့အတွက် ရှေ့ဆက်ပြီး တိုက်ပွဲဆက်ပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေ သုံးသပ်ပြောဆိုနေကြပါတယ်။ လက်ရှိ ဝိုင်းမော်မြို့နယ်မှာ ဝိုင်းမော်မြို့နဲ့အနီးဆုံးမှာရှိတဲ့ ရွာပေါင်း ၂၀ အပါအဝင် ဝိုင်းမော်မြို့ခံတွေပါ ထွက်ပြေးနေကြပြီဖြစ်ပါတယ်။ ဝိုင်းမော်မြို့ဟာ မြစ်ကြီးနားမြို့ရဲ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့မြို့နယ်ဖြစ်ပါတယ်။…

    Read More »
  • 20 May

    တာလောကြီးကျေးရွာကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲ

    မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ မေလ ၂၀ ရက်နေ့လည် ၁ နာရီခွဲအချိန်ခန့်မှာ စစ်ကောင်စီက ဂျက်လေယာဉ် တစ်စီးနဲ့ ဗုံး ၃ လုံးကြဲခဲ့တာဖြစ်ပြီး တာလောကြီးကျေးရွာက အရင်ရဲစခန်းဟောင်းနဲ့…

    Read More »
  • 20 May

    ဝိုင်းမော်တိုက်ပွဲမှာ ခမရ ၃၂၁ တပ်ရင်းသာကျန်ရှိပြီး တိုက်ပွဲကဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်နေ

    ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဝိုင်းမော်မြို့နယ်ထဲက စစ်တပ်စခန်းတွေထဲမှာ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းစခန်းတစ်ခုသာကျန်ရှိနေပြီး ၃ ရက်မြောက်တဲ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို တိုက်ပွဲက ဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်လာနေပါတယ်။ ဝိုင်းမော်မြို့နယ် ဒဘတ်ချောင်းအနီးတဝိုက်မှာရှိတဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်းတွေတဲ့ ဘင့်ပူကောင့်(Bin Pu Kawng)၊ ဝထောင်ဘွမ့်(wuhtau Bum) လိုင်ဖောင်(Lai Hpawng)၊ ဒိန်ဂါ(Ding Ga)၊ ရင်ကွဲတောင်(Lung Zep Kadawng)၊ ကဇူး(Katsu)၊ အောင်မြေ(၁)၊ အောင်မြေ(၂)၊ ခါးရှီ(Hka Shi) စတဲ့ နေရာတွေမှာရှိတဲ့ တပ်စခန်းတွေကို KIA က နှစ်ရက်ထဲ အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဒီတပ်စခန်းတွေကို KIA က မေလ ၁၈ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သုံးရက်မြောက်တဲ့ ၂၀ ရက်နေ့မှာ နောက်ဆုံးကျန်ရှိနေတဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်စခန်းကို အပြီးသတ်သိမ်းပိုက်ဖို့ တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက KNG ကိုပြောပါတယ်။ “ဝိုင်းမော်ဒေသ တောင်ကုန်းဘက်မှာရှိနေတဲ့ စစ်တပ်စခန်းတွေက မကျန်တော့ဘူး။ ဝထောင်ဘွမ့်၊ ဘင့်ပူကောင့်၊ ဒိန်ဂါ၊ လိုင်ဖောင်တွေလည်း မကျန်တော့ဘူး။ ကဇူးတပ်စခန်းလည်းသိမ်းထားပြီ။ ရွှေညောင်ပင်ရွာမှာလည်း ကျေးရွာတွေက KIA ထိန်းချုပ်ထားနိုင်ပြီ။ တပ်စခန်းအနည်းငယ်ကျန်သေးတယ်။ ဝိုင်းမောက်မြို့ အနီး ခါးရှီအထိ သိမ်းထားနိုင်ပြီလို့ပြောလို့ရပြီ”လို့ပြောပါတယ်။ ရွှေညောင်ပင်ကျေးရွာမှာ ဒီကနေ့ မနက်ပိုင်း ၅ နာရီလောက်ကနေ နှစ်ဖက်စစ်တပ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး လက်ရှိမှာ KIA က ကျေးရွာကို အသာစီးထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် တပ်စခန်းကို အပြီးသတ်သိမ်းဆည်းနိုင်ဖို့ ကျန်ရှိနေသေးတာဖြစ်တယ်လို့ ဆိုပါတယ်။ မေလ ၁၈ ရက်နေ့မှာ သိမ်းဆည်းဖို့ ကျန်ရှိနေသေးတဲ့ ကဇူးတပ်စခန်းအကြီးကိုလည်း ၁၉ ရက်နေ့ ည ၈ နာရီလောက်မှာ KIA တပ်တွေက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ကဇူးတပ်စခန်းကထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေက ဂါးရာယာန်(Ga Ra Yang) ကျေးရွာမှာ အနည်းငယ်ကျန်ရှိနေတာဖြစ်တဲ့အတွက် ရှင်းလင်းရေးဆောင်ရွက်နေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေကပြောပါတယ်။ ကဇူးနဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းတွေဟာ စစ်အင်အား ၂၀၀ ဝန်းကျင်လောက်ရှိပြီး ဒီစစ်ကောင်စီတပ်သားတွေအများပိုင်း ရွာအတွင်း နေရာယူပုန်းခိုပြီးခုခံတိုက်ခိုက်နေတာကြောင့် KIA ဘက်က အမြန်ုသိမ်းယူဖို့ ခက်ခဲနေတာဖြစ်တယ်လို့လည်းသိရပါတယ်။ လက်ရှိ ဝိုင်းမော်မြို့နဲ့ အနီးဆုံးဖြစ်တဲ့ ကဇူးကျေးရွာကနေ ဝိုင်းမော်မြို့ မရောက်မှီ ခါးရှီ(Hka Shi)အထိ KIA တပ်တွေရဲ့ ထိန်းချုပ်နယ်မြေဖြစ်သွားပြီး အဲဒီတစ်ကြောမှာ ရွှေညောင်ပင် တပ်စခန်းတစ်ခုသာကျန်ရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် ဝိုင်းမော်မြို့နယ်မှာ ဖြစ်ပွားတဲ့တိုက်ပွဲက ဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်လာနိုင်ပြီးတော့ မေလ ၁၉ ရက်နေ့ လောက်ကနေ ဝိုင်းမော်မြို့နဲ့ အနီးဆုံးဖြစ်တဲ့ ခပ်ချိုလမ်းခွဲအထိမေ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီလို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။…

    Read More »
  • 18 May

    ဝိုင်းမော်တိုက်ပွဲမှာ KIA သိမ်းပိုက်ဖို့ ခလရ ၃၂၁ တပ်ရင်းနဲ့ ကဇူးတပ်စခန်း ၂ ခုသာကျန်ရှိနေ

    ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က ဒီနေ့ တစ်ရက်ထဲမှာပဲ ဝိုင်းမော်မြို့နယ်အတွင်း ကျန်ရှိနေတဲ့ စစ်တပ်စခန်းနေရာ ၁၀ ခုကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ မွန်းလွှဲပိုင်း ၃ နာရီဝန်းကျင်အထိ တပ်စခန်းအများပိုင်းကို ထိန်းချုပ်နိုင်ပြီး တပ်စခန်း ၂ ခုသာ…

    Read More »
  • 18 May

    ဝိုင်းမော်မြို့နယ်ထဲမှာ ကျန်ရှိနေသေးတဲ့ စစ်တပ်စခန်း ၁၀ ခုကို KIA တစ်ပြိုင်နက်တိုက်ခိုက်နေပြီး တပ်စခန်းတစ်ချို့ သိမ်းပိုင်နိုင်

    ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဒဘတ်ချောင်းအနီးတဝိုက်မှာကျန်ရှိနေသေးတဲ့ ရွှေညောင်ပင်တပ်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်း ၁၀ ခုလောက်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက မေလ ၁၈ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၄ နာရီလောက်ကနေ စတင်ပြီး တပြိုင်နက်ဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ ဝိုင်းမော်မြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဘင့်ပူကောင့်(Bin Pu Kawng) ၊ ဝထောင်ဘွမ့်(Wa Htau Bum) အနီးတဝိုက်မှာရှိတဲ့ ဒဘတ်၊ ဆမ်ပိုင်၊ လိုင်ဖောင်၊ ဒိန်ဂါ စစ်တပ်စခန်းအားလုံးနဲ့ ကဇူး၊ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်း၊ အောင်မြေ(၁) ကနေ ခါးရှီ(Hka Shi) အထိ တစ်ကြောလုံးရှိတဲ့ စစ်ကောင်စီတပ်စခန်း ၁၀ ခုလောက်ကို KIA က ဝင်ရောက်တိုက်ခိုက်နေတယ်လို့ KIA နဲ့ နီးစပ်တဲ့ ဝိုင်းမော်အောင်မြေ(၁) ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “အခုတိုက်ပွဲဖြစ်နေတာက ဝိုင်းမောက်တစ်ကြောမှာရှိတဲ့ တပ်စခန်းတွေပဲဟုတ်တယ်။ အခုတောင် စခန်းတစ်ချို့က သိမ်းနိုင်လို့ ရှင်းလင်းရေးတွေ လုပ်နေတယ်လို့ကြားတယ်။ ဝိုင်းမော် ၃၂၁ တပ်ရင်းတွေကတော့ အခုချိန်အထိ နားလိုက်ပစ်လိုက်နဲ့ တိုက်ပွဲတွေဖြစ်နေတယ်”လို့ပြောပါတယ်။ KIA က တပ်စခန်း ၁၀ ခုလောက်ကို ဝင်ရောက်တိုက်ခိုက်နေတဲ့ အထဲမှာ ဘင့်ပူကောင့် (Bin Pu kawng) နဲ့ ဝထောင်ဘွမ့်အပါ ကဇူးတပ်စခန်းတွေကို သိမ်းပိုက်ထားနိုင်ပြီး ဒီကနေ့ ၁၁ နာရီအထိ သိမ်းပိုက်ထားပြီဖြစ်တဲ့ တပ်စခန်းနေရာတွေမှာ ရှင်းလင်းရေးဆောင်ရွက်နေပြီလို့ သိရပါတယ်။ ကဇူးတပ်စခန်းကိုတော့ KIA တပ်တွေ တပ်စခန်းထဲဝင်ရောက်သိမ်းပိုက်တာတွေရှိပေမယ့် ကဇူးကျေးရွာထဲမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။ အခုသိမ်းပိုက်ထားပြီဖြစ်တဲ့ ဘင့်ပူကောင့်(Bin Pu Kawng)၊ ဝထောင်ဘွမ့်(Wa Htau Bum) လိုင်ဖောင်စတဲ့ စစ်ကောင်စီတပ်စခန်းတွေဟာ ဝိုင်မော်မြို့နယ်ခြမ်း ဒဘတ်ချောင်းအနီးတဝိုက်မှာ ကျန်ရှိနေသေးတဲ့  စစ်တပ်ရဲ့ ဗျူဟာမြောက် တပ်စခန်းအကြီးတွေဖြစ်ပါတယ်။ ဒီကနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ ပြီးခဲ့တဲ့ မတ်လထဲမှာ ပထမတစ်ကြိမ် သိမ်းပိုက်ထားနိုင်ပြီး ပြန်လည်တပ်ဆုတ်ထားတဲ့ အောင်မြေ(၁)၊ အောင်မြေ(၂) တပ်စခန်းနေရာတွေကိုလည်း ဒုတိယအကြိမ် ပြန်လည်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာ တစ်ကြောပြန် ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ KIA ရဲ့  နောက်ဆုံးစခန်းသိမ်းပိုက်ဖြစ်နိုင်တယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားက အခုလို သုံးသပ်ပြောဆိုပါတယ်။…

    Read More »
Back to top button