တိုက်ပွဲ
-
Jan- 2026 -9 January
နယ်မြေကျူးကျော်ဝင်ရောက်မှုကြောင့် နာဂလက်နက်ကိုင်အချင်းချင်းကြားတိုက်ပွဲဖြစ်
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-Kယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့ ပန်ဆောင်မြို့နယ်ထဲကို NSCN-K အန်းမိုင်းအဖွဲ့ ပန်ဆောင်မြို့ပေါ်အထိဝင်ရောက်လာတာကြောင့်ဒီနေ့မနက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ NSCN-K အန်းမိုင်းအဖွဲ့ဟာ နာဂဒေသမှာ မူလရှိနေတဲ့ NSCN-K(ခပ္ပလန်)အဖွဲ့ကနေခွဲထွက်ထားတဲ့အဖွဲ့ဖြစ်ပြီး လက်ရှိစစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့အဖွဲ့ဖြစ်တာကြောင့် NSCN-K ယုန်းအောင်အဖွဲ့နယ်မြေထဲမဝင်လာကြဖို့အကြိမ်ကြိမ်သတိပေးတားမြစ်ထားတဲ့ကြားကနေ ပန်ဆောင်မြို့ပေါ်အထိဝင်ရောက်လာတာကြောင့်ဒီကနေ့မနက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာလို့ NSCN-K ယုန်းအောင်အဖွဲ့နဲ့နီးစပ်တဲ့ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ယုန်းအောင်အဖွဲ့ကသတိပေးတယ် အန်းမိုင်းအဖွဲ့မင်းတို့ ဒုံဟီးအထိပဲလှုပ်ရှား ဒုံဟီးကိုမကျော်လာတဲ့ဆိုပြီးသတိပေးထားတယ်။ အဲ့ကြားကနေ နန်းယွန်းမြို့အထိရောက်လာတယ် အဲ့မှာတစ်ခါထပ်သတိပေးတယ် နန်းယွန်းက ယုန်းအောင်အဖွဲ့စိုးမိုးနယ်မြေဖြစ်တယ်။ ပြန်ခေါက်ပါဆိုပြီး သတိပေးတာကိုဂရုမစိုက်ဘူး ပန်ဆောင်မြို့ပေါ်အထိဝင်လာတယ်လေး သူတို့ပန်ဆောင်ရောက်တာနဲ့ချက်ချင်းတော့မတိုက်ဘူးပြန်ခေါက်ဖို့ အချိန်ပေးသေးတယ် သတိပေးတယ် မပြန်တဲ့အပြင်ရွာတွေဘက်ထိဝင်လာတော့ ယုန်းအောင်အဖွဲ့က ဝင်တိုက်တာ”လို့ပြောပါတယ်။ ပန်ဆောင်မြို့နဲ့ ၃ မိုင်ခန့်ဝေးတဲ့ ခမ္မတိုင်ရွာထဲက NSCN-K အန်းမိုင်းအဖွဲ့တပ်စွဲထားတဲ့တည်နေရာကို ဒီကနေ့မနက် ၄ နာရီခွဲအချိန်မှာ NSCN-K ယုန်းအောင်အဖွဲ့ကစတင်တိုက်ခိုက်ခဲ့တာကြောင့်နှစ်ဖက် တိုက်ပွဲတစ်နာရီကျော်ကြာမြင့်ခဲ့ပြီး အန်းမိုင်းအဖွဲ့ ဘက်က ၂ဦးသေဆုံးတဲ့အပြင် နောက်ထပ်သုံးဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်းသိရပ်တယ်။ စစ်ကောင်စီတပ်နဲ့ငြိမ်းချမ်းရေးယူထားတဲ့ NSCN-Kအန်းမိုင်းအဖွဲ့ဟာ လဟယ်မြို့မှာအခြေစိုက်ပြီး လေရှီး၊လဟယ်ဘက်မှာအဓိကစိုးမိုးထားတာဖြစ်ပါတယ်။ တဖက်က စစ်ကောင်စီနဲ့ငြိမ်းချမ်းရေးမယူထားတဲ့ NSCN-K ယုန်းအောင်အဖွဲ့ကတော့ နာဂဒေသမှာနဂိုကတည်းကရှိနေတဲ့လက်နက်ကိုင်အဖွဲ့ဖြစ်တာကြောင့် နန်းယွန်း၊ဒုံဟီး၊ပန်ဆောင်ဒေသတွေမှာအဓိကစိုးမိုးထားတဲ့အပြင် လေရှီး၊လဟယ် ဘက်မှာလည်းစိုးမိုးထားကြောင်းသိရပါတယ်။ သို့ပေမယ့် NSCN-K ယုန်းအောင်အဖွဲ့က သူ့ရဲ့အဓိကစိုးမိုးနယ်မြေဖြစ်တဲ့ ဒုံဟီးကနေစပြီးနန်းယွန်း၊ပန်ဆောင်ဘက်ကိုလုံးဝ မကျူးကျော်လာဖို့အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် NSCN-K အန်းမိုင်းအဖွဲ့ ဟာ အင်အား ၄၀ ဝန်းကျင်နဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၀ ကျော်မှာဒုံဟီး၊နန်းယွန်းမြို့တွေကိုကျော်လာပြီးဇန်နဝါရီ ၁ ရက်နေ့မှာ ပန်ဆောင်မြို့ပေါ်အထိရောက်လာခဲ့ပြီးနောက် ၉ရက်အကြာမှာ အခုလိုနှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ အထက်ဖော်ပြပါအမျိုးသားကဆက်ပြောပါတယ်။ “သူတို့ရောက်ရောက်ချင်းတော့ပန်ဆောင်မြို့ပေါ်မှာနေတယ်တဲ့ဒါပေမယ့်ပန်ဆောင်မြို့ပေါ်မှာလည်း စကစရဲ့မြို့စောင့်တပ်ကရှိနေတယ် နှစ်ဖွဲ့ကနေလို့မရဘူး ဘေးမှာရှောင်ပြီးနေဖို့ပြောလိုက်တော့မြို့နဲ့မဝေးတဲ့ ခမ္မတိုင်ရွာမှာသွားနေကြတာ အဲ့ချိန်ဒီဘက် ယုန်းအောင်အဖွဲ့က ဝင်တိုက်က နောက်ဘယ်လိုဆက်ဖြစ်မလဲ ပြန်သွားမလားဆက်နေမလားတော့မသိသေးဘူး”လို့သူကပြောပါတယ်။ စစ်ကောင်စီနဲ့ငြိမ်းချမ်းရေးယူထားတဲ့NSCN-K အန်းမိုင်းအဖွဲ့ပန်ဆောင်ဒေသထဲဝင်ရောက်လာမှုကို ယုန်းအောင်အဖွဲ့က အလိုမရှိသလို ဒေသခံအများစုကလည်းကန့်ကွက်နေကြောင်းသိရပါတယ်။ “သူတို့ဝင်လာတာဘယ်သူမှမကြိုက်ကြဘူး ပြည်သူတွေကလည်းမလိုလားယုန်းအောင်အဖွဲ့ကလည်း တားမြစ်ထားတော့သူတို့ပြန်ဖို့အရပ်ဖက်လူကြီးတွေက ညှိနှိုင်းပေးသေးတယ်မရဘူးဆက်နေတော့အခုလိုဖြစ်ကြတာပဲ”လို့နောက်ထပ်နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒေသခံတွေသုံးသပ်ချက်အရ လက်ရှိပန်ဆောင်မြို့ပေါ်ရောက်နေတဲ့ NSCN-K အန်းမိုင်းအဖွဲ့ဟာ ပန်ဆောင်ဒေသဘက်မှာ တပ်ထိုင်ထို့ ကနဦးစေလွတ်ခံရတဲ့အဖွဲ့လို့သိရပါတယ်။ လက်ရှိ NSCN-AM အဖွဲ့ ဝင်ရောက်နေရာယူဖို့ကြိုးပမ်းနေတဲ့ ပန်ဆောင်မြို့ဟာ ကမ္ဘာကျော်လီဒိုလမ်းမကြီးဖြစ်တဲ့ တရုတ်–မြန်မာ–အိန္ဒိယ သုံးနိုင်ငံကုန်သွယ်ရေးလမ်းမကြီးရဲ့အဓိက ထွက်ပေါက်မှာရှိနေတဲ့ နယ်စပ်မြို့ဖြစ်ပါတယ်။ တရုတ်–ကချင်နယ်စပ် ကန်ပိုက်တည်မြို့မှ မြစ်ကြီးနား–ပန်ဆောင်ကြားကို လမ်းပိုင်းအဆင့်မြင့်တင်ဖို့ ၂၀၂၅ ခုနှစ် သြဂုတ် ၃၁ ရက်နေ့မှာ တရုတ်အစိုးရနဲ့ စစ်ကောင်စီကြား လက်မှတ်ရေးထိုးခဲ့တာကြောင့် NSCN-K အန်းမိုင်းအဖွဲ့ပန်ဆောင်ဒေသမှာအခြေချဖို့ကြိုပမ်းနေတာဟာ ဒီအခြေအနေတွေနဲ့ဆက်စပ်နိုင်ကြောင်းဒေသခံတွေကသုံးသပ်နေကြပါတယ်။ NSCN-K တည်ထောင်သူ ဗိုလ်ချုပ်ခပ္ပလန် ကွယ်လွန်ပြီးနောက် NSCN-K အဖွဲ့ကို ဗိုလ်ချုပ်ယုန်းအောင် ဦးစီးခဲ့ရာ ၂၀၂၃ နှစ်ဆန်းပိုင်းမှာတော့ ဒုဗိုလ်ချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်အန်းမိုင်းက NSCN-K ကနေခွဲထွက်ပြီး NSCN-K (AM) အဖွဲ့သစ်ကို ထူထောင်လိုက်တာ ဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Dec- 2025 -30 December
ပရင်းမှော်ဒေသကို ဒရုန်းဗုံးကြဲတိုက်ခိုက်မယ်လို့ ဝါရာဇွပ်ပြည်သူ့အဖွဲ့ခြိမ်းခြောက်
ကချင်ပြည်နယ် တနိုင်းမြို့နယ် လပူခမှော်အနီးတဝိုက် လေကြောင်းအားကိုးပြီး တိုက်ပွဲဖော်ဆောင်နေတဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က မှော်ဒေသအသီးသီးနေထိုင်ကြတဲ့ပြည်သူတွေကို အမြန်ဆုံးထွက်ခွာကြဖို့ ခြိမ်းခြောက်ပြောဆိုနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ကစတင်ပြီး KIA တပ်မဟာ (၂)၊ တပ်ရင်း ၁၄ ထိန်းချုပ်နယ်မြေ…
Read More » -
29 December
ကသာမြို့ အရေးပါတဲ့ စခန်းကုန်း ၂ ခုကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်
လက်နက်ကြီးနဲ့ လက်နက်ငယ်သံတွေ ဒီဇင်ဘာလအစကတည်းက ခပ်စိပ်စိပ်ကြားနေရတဲ့ ကသာမြို့မှာ မြို့သိမ်းတိုက်ပွဲစတင်နေ ပြီလို့သိရပြီး စစ်ကောင်စီရဲ့အရေးပါတဲ့ စခန်းကုန်း ၂ ခုကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်အုပ်စုက ကျင်းပတဲ့ ရွေးကောက်ပွဲနေ့ ဒီဇင်ဘာလ…
Read More » -
27 December
KIA ၏ ၂၀၂၅ ခုနှစ် စစ်ရေး မှတ်တိုင်များ
ကချင်ဒေသတွင်း ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲတွေဟာ ၂၀၂၄ ခုနှစ်က သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ခုခံတဲ့ တိုက်ပွဲတွေအဖြစ်သာ အများဆုံးဖြစ်ခဲ့တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောပါတယ်။ “ဒီနှစ် ၂၀၂၅ ရဲ့ နှစ်ကုန်ပိုင်းဘက်မှာ စစ်တပ်က အင်အားအလုံးအရင်းသုံးပြီးတော့ ထိုးစစ်ဆက်တိုက်ခိုက်ခဲ့တယ်။ အဲ့ဒီအတွက် KIA ဘက်က…
Read More » -
25 December
ဗန်းမော်တိုက်ပွဲ ပြန်လည်ပြင်းထန်နေပြီး စစ်တပ်က KIO ဌာနချုပ်နဲ့ တပ်ရင်း ၁၁ တွေကို လေကြောင်းဖြင့် တိုက်ခိုက်
ဗန်းမော်မြို့မှာ ဒီကနေ့ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာချိန် စစ်တပ်ဘက်ကလည်း KIA တပ်ရင်း (၁၁) နဲ့ လိုင်ဇာဌာနချုပ် နေရာတွေကို လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ “ညနေ ၄ နာရီဝန်းကျင်လောက်မှာ မြစ်ကြီးနားမြို့နယ် KIA တပ်ရင်း (၁၁) ထဲမှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်။…
Read More » -
6 December
ဗန်းမော်မြို့သိမ်းတိုက်ပွဲ စစ်ရေး အောင်မြင်တဲ့အထိ တိုက်ခိုက်သွားမယ်လို့ KIO ပြော
“၂၀၂၅ နှစ်ထဲမှာ သိမ်းပိုက်ရရှိတဲ့ စစ်တပ်နေရာတွေရှိပါတယ်။ စစ်တပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့် ကျနော်တို့ဘက်က ပြန်ပြီးခုခံတိုက်ခိုက်နိုင်နေတာဖြစ်တယ်။ ဆက်ပြီးတော့လည်း ဗန်းမော်တိုက်ပွဲပြီးစီး အောင်မြင်သွားတဲ့အထိ တိုက်ခိုက်သွားဖို့ပဲရှိတယ်”လို့ပြောပါတယ်။
Read More » -
Nov- 2025 -11 November
ဖားကန့်မှာ စစ်တပ်က အရပ်ပြည်သူတွေရှိတဲ့ အဆောက်အဦး ဟိုတယ်တွေအထိ တပ်စွဲလာ
ဖားကန့်မှာ စစ်ရေးအသာရဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်က စစ်ရေးနေရာမဟုတ်ဘဲ ကျေးရွာ၊ ရပ်ကွက်အတွင်းရှိ ခိုင်ခံ့တဲ့အဆောက်အဦး ဟိုတယ်နေရာတွေမှာ တပ်စွဲဝင်ရောက်နေရာယူလာတာကြောင့် နှစ်ဖက်စစ်တပ် စစ်ရေးပိုပြီး ပြင်းထန်လာနိုင်တယ်လို့ ဖားကန့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အရေးပါတဲ့ မြို့နေရာ၊ ကျေးရွာ၊ ရပ်ကွက်တွေကို စစ်ရေးအရ နယ်မြေစိုးမိုးနိုင်ဖို့အတွက်…
Read More » -
10 November
ရဲတပ်သားအပါ စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံနေရပြီး ထိခိုက်မှုရှိနေ
ကားမိုင်း - နန့်ယားလမ်းအတိုင်း တက်လာတဲ့ စစ်ကြောင်းတွေ ဖားကန့်အဝင် လုံးခင်းနဲ့ မှော်ဆီစာကျေးရွာ မိန်းလမ်းမတစ်လျှောက် တိုက်ခိုက်ခံရကာ ကြီးမားတဲ့ပေါက်ကွဲမှုတွေဖြစ်စဉ်မှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဖားကန့်ပြည်သူတစ်ဦး KNG ကိုပြောပါတယ်။
Read More » -
Oct- 2025 -29 October
ရှိန်းခေါင်ဘက်က ပြည်သူ့စစ်ခန်း ၂ ခု KIA တိုက်ခိုက်သိမ်းပိုက်
ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဘက်က ပြည်သူ့စစ်နဲ့ စစ်တပ်ပူးပေါင်းတပ်ရဲ့ ခံစစ်တပ်စခန်း ၂ ခုကို KIA ဘက်ကထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေသိရပါတယ်။ တရုတ်နယ်စပ် ရှိန်းခေါင်ဘက်ဦးတည်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိုးစစ်ဆင်နေရာ…
Read More » -
22 October
တပ်စခန်း ၂ ခုထပ်မံလက်လွှတ်လိုက်ရတဲ့နောက် လန်ဆယ်ရွာကို ၃ ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်
ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်ထဲက စစ်ကောင်စီပူးပေါင်းတပ်စခန်း ၂ ခုကို KIA နဲ့ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်တပ်က လန်ဆယ်ကို လေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ အောက်တိုဘာလ ၂၂ ရက်နေ့ ဒီနေ့ နေ့လည် ၁၂…
Read More »









