တိုက်ပွဲ

  • Jul- 2026 -
    18 July

    အင်းတော်ကြီးနဲ့ ဆယ်ဇင်း နေရာနှစ်ခုမှာ တိုက်ပွဲပြင်းထန်နေ

    မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ အနောက်ဘက်ဖက်ခြမ်းနဲ့ ဆယ်ဇင်းကျေးရွာအနီးတဝိုက်မှာ ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကြားတိုက်ပွဲပြင်းထန်နေတာ ၄ ရက်ခန့်ကြာမြင့်လာပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ရှမ်းနီ SNA တပ်ဖွဲ့တွေက ကချင်လွတ်လပ်ရေးတပ်မတော် KIA ရှိတဲ့ ဟဲပန်းလမ်းခွဲနေရာဘက်ကို စစ်ကြောင်းထိုးတိုက်ခိုက်နေပြီး…

    Read More »
  • 17 July

    မြေပြင်ထိုးစစ်အရေးနိမ့်နေတဲ့ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုအရှိန်မြှင့်

    ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ မြေပြင်ထိုးစစ်အတွင်း အရေးနိမ့်နေတဲ့ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ KIA ပူးပေါင်းတပ်ဘက်က သတင်းရင်းမြစ်တွေထံက သိရပါတယ်။

    Read More »
  • 16 July

    ကချင်ဒေသ မြို့နယ် ၃ ခုမှာ စစ်ရေးတင်းမာ၊ တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်မှုရှိနေ

    ကချင်ဒေသထဲက  မြိုန့ယ် ၃ ခုမှာ ဒီရက်ပိုင်း စစ်ရေးတင်းမာမှုရှိနေသလို တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွါးနေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

    Read More »
  • 13 July

    ခေါင်လန်းဖူးမြို့နယ်ထဲက စစ်တပ်စခန်းတစ်ချို့ KIA သိမ်းပိုက်

    ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်နဲ့ ဆော့လော်မြို့နယ်အစပ်၊ လာဟီဆင်–ခေါင်လန်ဖူးလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်နေပြီး ကာကင်းစခန်းတစ်ချို့ကို KIA ဘက်က သိမ်းပိုက်ရရှိထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

    Read More »
  • 8 July

    ရွှေကူမှာ စစ်ကောင်စီတပ် စစ်ကြောင်းအများစု ပြန်ဆုတ်

    ရွှေကူမြို့နယ်ထဲမှာ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းအများစုဟာ ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်ကစပြီး ရွှေကူမြို့ဘက်ကို ပြန်ဆုတ်သွားပြီလို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းက KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ရွှေကူ–ဗန်းမော်လမ်းနဲ့ ရွှေကူ–ငအိုးလမ်းပိုင်းဘက်ကို စစ်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်ခဲ့တာပါ။  ဒါပေမယ့် KIA ပူးပေါင်းတပ်တွေရဲ့ တန်ပြန်တိုက်ခိုက်မှုကြောင့် အများစုက ရွှေကူမြို့ဘက်ကို ပြန်ဆုတ်သွားရတာဖြစ်တယ်လို့ ရွှေကူမြို့နယ် ပ.က.ဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “အားလုံးဆုတ်သွားကုန်ပြီ ရွှေကူဘက်ကိုဆုတ်သွားတာဗျ ငအိုး– ကသာဘက်ကိုပိတ်ထားပေးတယ် ရွှေကူဘက်ပဲဟပေးထားတော့အဲ့ဘက်ကိုဆုတ်သွားတယ် အခု မန်နားလေးနဲ့ ခတ်ခုံကြားမှာ စစ်ကြောင်းတစ်ခုပဲကျန်တယ် အဲ့တာ ဆုတ်သွားရင် ရွှေကူ –ငအိုးလမ်းကစကစ ကင်းစင်သွားပြီ”လို့သူကပြောပါတယ်။ စစ်တပ်က တစ်လနီးပါး ထိုးစစ်ဆင်ခဲ့တဲ့အချိန်အတွင်း ရွှေကူ–ငအိုးလမ်းပိုင်းက စကားကုန်းလမ်းခွဲ၊ ညောင်ပင်ကွေ့၊ ပွိုင့် ၁၁၇ နဲ့ ပွိုင့် ၁၁၅ စတဲ့နေရာတွေကို ယာယီထိန်းချုပ်နိုင်ခဲ့ပေမယ့် အခုတော့ KIA ပူးပေါင်းတပ်တွေက အဲဒီနေရာတွေကို ပြန်လည်သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။ လက်ရှိမှာတော့ မန်နားလေးနဲ့ ခတ်ခုံကျေးရွာကြားမှာ စစ်ကြောင်းတစ်ခုသာ ကျန်ရှိနေပြီး အဲဒီစစ်ကြောင်းပါ ဆုတ်သွားရင် ရွှေကူ–ငအိုးလမ်းပိုင်းမှာ စစ်ကောင်စီစစ်ကြောင်း မရှိတော့ဘူးလို့ ပြောပါတယ်။ လက်ရှိ ကျန်ရှိနေတဲ့ စစ်ကြောင်းကတော့ မန်နားလေးနဲ့ ခတ်ခုံကြားမှာ အင်အား ၈၀၀ ဝန်းကျင်နဲ့ ရှိနေဆဲဖြစ်ပြီး ကာကွယ်ရေးတပ်တွေက အဲဒီစစ်ကြောင်းကို ဆက်လက်တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။  “မန်နားလေးဘက်ကို ရှင်းနိုင်ရင် လမ်းပိုင်းတစ်ခုလုံး ကင်းစင်သွားမှာပါ။ ဒီတစ်ရက်၊ နှစ်ရက်အတွင်း အခြေအနေပြောင်းနိုင်ပေမယ့် စောင့်ကြည့်ရဦးမယ်” လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ ဒါ့အပြင် ရွှေကူတိုက်ပွဲမှာ KIA၊ PDF ပူးပေါင်းတပ်တွေအပြင် AA စစ်ကြောင်းတွေလည်း အားဖြည့်ပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။  လတ်လောမှတော့ ကျန်ရှိနေတဲ့ စစ်ကြောင်းတွေက ကိုင်းရွာနဲ့ တော်လန်ရွာဘက်ကို မြေပြင်ထိုးစစ်ဆင်နေသလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ လက်ရှိ ရွှေကူမြို့နယ်ထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကိုင်း၊ တော်လန်၊ ရွှေဘုန်းမြင့်၊ လမ်းကူး၊ မြိုင်သာ၊ ပန်းတင်၊ ငှက်တံတား၊ တုံးကောက်၊ စီသာ၊ မန်ဝိန်း၊ စီမူကြီး၊ ဝင်ဝ၊ မန်နားကြီး၊ နောင်လတ်ကြီး၊ ခေါလဲ၊ စင်းဖုတ်၊ စီသောင်နဲ့ တာလီကျေးရွာတွေက ဒေသခံတွေဟာ မေလကုန်နဲ့ ဇွန်လဆန်းပိုင်းကတည်းက စစ်ဘေးတိမ်းရှောင်နေကြရဆဲ ဖြစ်တယ်လို့ သိရပါတယ်။ By – Zaw Zaw

    Read More »
  • 7 July

    ငအိုး-ရွှေကူကြားက နေရာတစ်ချို့ကို တော်လှန်ရေးပူးပေါင်းတပ်ပြန်သိမ်းပိုက်

    ကချင်ပြည်နယ် ရွှေကူမြို့နယ် ငအိုး–ရွှေကူကြားက ရှေ့တန်းနေရာတစ်ချို့ကို ပြီးခဲ့တဲ့လအတွင်း စစ်တပ်ထိုးစစ်ကြောင့် ယာယီ လက်လွှတ်ခဲ့ရပေမယ့် လက်ရှိမှာ KIA နဲ့ PDF ပူးပေါင်းတပ်တွေ ပြန်လည်သိမ်းပိုက်ထားနိုင်ပြီလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက KNG ကို ပြောပါတယ်။ လက်ရှိ ပြန်သိမ်းပိုက်ထားတဲ့နေရာတွေထဲမှာ…

    Read More »
  • 6 July

    ဗန်းမော်နဲ့ရွှေကူမှာတိုက်ပွဲဆက်ပြင်းထန်နေဆဲလို့ဆို

    ကချင်ပြည်နယ်ထဲက ဗန်းမော်နဲ့ရွှေကူမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တို့ နေ့တိုင်းတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က မြေပြင်စစ်ကြောင်းထိုးတာ၊ လက်နက်နဲ့ ရိက္ခာတွေကို လေကြောင်းကနေဖြည့်တင်းနေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက KNG ကိုပြောပါတယ်။

    Read More »
  • 2 July

    ရွှေကူ–ကသာအစပ် တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ရှိနေ

    ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်မှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး ရွှေကူမြို့နယ်ဘက်မှာတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း နေ့စဉ်နီးပါးရှိနေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

    Read More »
  • 1 July

    အင်းတော်–မဲဇာကြား တိုက်ပွဲဆက်ဖြစ်နေဆဲ

    ကချင်နဲ့စစ်ကိုင်းအစပ်က မြစ်ကြီးနား−မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ အင်းတော်နဲ့ မဲဇာကြား လမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ခရီးသွားပြည်သူတွေအနေနဲ့ သတိထားသွားလာဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက KNG ကိုပြောပါတယ်။

    Read More »
  • Jun- 2026 -
    26 June

    ရွှေကူမြို့နယ်မှာ တိုက်ပွဲအရှိန်အမြင့်ဆုံးဖြစ်နေဟု KIA ပြော

    ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ရွှေကူမြို့နယ်ဟာ တိုက်ပွဲအရှိန်အမြင့်ဆုံး ဖြစ်နေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA က ပြောပါတယ်။

    Read More »
Back to top button