,
ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်တွင် ဇွန်လ ၁၆ရက်နေ့မှစပြီး စစ်သုံးဆီရောင်းသည့် ဆီပန့်ဆိုင်အချို့တွင် ဓာတ်ဆီပြတ်လပ်မှုများရှိနေသည်ဟု ဒေသခံများထံမှသိရသည်။ မြစ်ကြီးနား နှင့် ပူတာအိုသွားလမ်းပိုင်းတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ စစ်ရေးလှုပ်ရှားမှုများရှိနေသည့်အတွက် လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ပြီး ဆီကားအဝင်မရှိသည့်အတွက် ဓာတ်ဆီပြတ်လပ်မှုများဖြစ်နေသည်ဟု ပူတာအိုမြို့ဆီပန့်အရောင်းဆိုင်တစ်ခုမှ ဝန်ထမ်းတစ်ဦးက KNG ယခုလိုပြောဆိုသည်။ "မနေ့ကတည်းက ဓာတ်ဆီပြတ်နေတာ။ ကျနော်တို့ဆိုင်မှာက ဒီဇယ်တော့ရတယ်။ ဓာတ်ဆီမရနိုင်သေးဘူး။ နောက် တစ်ရက် နှစ်ရက်လောက်ဆိုတော့ရမယ်ထင်တယ်။ ဆီကားအဝင်မရှိတာ"ဟု ဆီပန့်ဆိုင်တစ်ခုမှ ဝန်ထမ်းတစ်ဦးကပြောသည်။ ပူတာအိုမြို့ပေါ်တွင် တိုင်းကျော်၊ ဇေယျာမင်း၊
မြစ်ကြီးနား မှ ပူတာအိုဘက်သို့ စစ်ရိက္ခာသယ်ပို့ခဲ့သော စစ်ကောင်စီ စစ်ကြောင်းကို တစ်လအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ လမ်းတစ်လျောက် တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များတွင် စစ်ကား ၅ စီး ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီ တပ်သား ၃၀ ကျော် သေဆုံးကာ ၆၀ ကျော် ထိခိုက်ခဲ့သည်ဟု KIA တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ပြီးခဲ့သော မေလ ၁၁ ရက်နေ့မှ စတင်ပြီး မြစ်ကြီးနားဘက်မှ စစ်အင်အား
မိုးညှင်းမြို့ မှ မန္တလေးဘက်သို့ ဆင်းသွားသော အရာရှိတစ်ချို့နှင့် ကျောက်စိမ်းသယ်ဆောင်လာသော စစ်ကောင်စီ ယာဉ်တန်းကို အင်းတော်မြို့နယ် နှစ်နေရာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းခွဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်ကား ၃ စီး ပျက်စီးပြီး စစ်သား ၂၀ ကျော် ထိခိုက်သေဆုံးခဲ့သည်ဟု KIA ရှေ့တန်း အရာရှိတစ်ဦးထံမှ သိရသည်။ မိုးညှင်း အခြေစိုက် စစ်ကောင်စီ အမြောက်တပ်မှ စစ်ကား ၃၃ စီးသည် ဇွန်လ
ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဘက်မှ ကွတ်ခိုင်ဘက်သို့ ဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA အဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။ ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်း ၉နာရီဝန်းကျင် မုံကိုးဘက်မှ တပ်ချိန်းရန်ဆင်းလာသည်ဟု ယူဆရသည့် စစ်ကောင်စီတပ်ဖွဲ့ တပ်မ ၇၇ အဖွဲ့ကို ကွတ်ခိုင်နှင့် နမ့်ဖလွန်ရွာကြားတွင် KIA စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု KIA ရှေ့တန်းသတင်းအရင်းအမြစ်နှင့် နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးက
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကသာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိပ်တိုက်တွေ့ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် စစ်ကောင်စီတပ်ဘက်က ၉ ဦးထက်မနည်း သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရရှိသူ များလည်းရှိကြောင်း ဒေသသတင်းအရင်းအမြစ် ထံမှသိရပါသည်။ ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့တွင် ကသာဘက်မှ အင်းတော်ဘက်သို့ ခြေလျင်ဖြင့် စစ်ကြောင်း ၃ခုနှင့် ဝင်ရောက်လာသည့် အနက် အင်အား ၅၀ခန့်ပါရှိသော စစ်ကောင်စီစစ်ကြောင်းကို အင်းတော်နယ် အလယ်ဆိပ်ရွာအနီးတွင် ကသာခရိုင်တပ်ရင်း (၂) မြေပြင်ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ဖြင့် ၄နာရီခန့်အကြာ
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် ပျူစောထီးများနှင့် စစ်ကောင်စီတပ်စွဲထားသည့် ကံကြီးကုန်းရွာသို့ ရိက္ခာများပေးပို့ပြီး ချင်းတွင်း မြစ်ကြောင်းအတိုင်း အထက်သို့ ဆန်တက်လာသည့် စစ်ကောင်စီတပ်ကို Chaung U Local Defense Force (CHU LDF) မှ မြစ်ကမ်းမှ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ အဆိုပါ စစ်ကောင်စီတပ် ရေယာဉ် စစ်ကြောင်းလာမည်ကို သတင်းအတိအကျရရှိခဲ့သောကြောင့် CHU LDF မှ တိုက်ခိုက်ခဲ့စဉ် စစ်ကောင်စီ စစ်သား ၄ ဦး
ကသာမြို့နယ်တွင် မတ်လကုန်ပိုင်းမှ စတင်ကာ စစ်ကောင်စီ က ထိခိုက်မှု နည်းပါးမည့် စစ်ဆင်ရေးဗျူဟာပြောင်းပြီး စစ်ကြောင်းထိုးနေကြောင်း သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့များထံမှ သိရသည်။ စစ်အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီတပ်သည် ရေကြောင်းအသုံးပြုကာ ကသာအထက်ဘက်သို့ စစ်အင်အား၊ လက်နက်၊ ရိက္ခာများ ပုံမှန်သယ်ယူပို့ဆောင်ရာ မြစ်ကမ်းတစ်လျှောက် တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှု မကြာခဏ ကြုံတွေ့ခဲ့ရသောကြောင့် လက်ရှိတွင် ဗျူဟာပြောင်းကာ ပြန်လည်လှုပ်ရှားနေသည်ကို တွေ့ရကြောင်း ကသာမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “သူတို့က သင်္ဘော
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာတွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ယနေ့ နေလည် ၁၂ နာရီဝန်းကျင်တွင် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။ လုံးတုန်ဘက်မှ စစ်ကောင်စီတပ်သား ၈၀ ဝန်းကျင်ခန့် ခြေကျင်ဖြင့် မိုင်းနောင်ကျေးရွာ အနောက်ဘက်ခြမ်း KIA တပ်ရင်း ၂၆ နယ်မြေအတွင်းကို ဝင်ရောက်လာသဖြင့် လမ်းခုလပ်တစ်နေရာတွင် KIA မှ တိုက်ခိုက်ခဲ့သောကြောင့် ၁ နာရီခန့်အကြာ နှစ်ဖက်တပ်တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု KIA
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ခိုမုန်းရွာ နှင့် နမ့်ဖတ်ကာကြားတွင် စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ဇွန်လ ၉ ရက်နေ့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ရှေ့တန်းသတင်း နှင့် ဒေသခံများထံမှ သိရသည်။ "တစ်နေကုန်နီးပါးပဲ။ မနက် ၉ နာရီကနေ ညနေပိုင်း ၁ နာရီ ကျော်လောက်ထိပဲ။ လက်နက်ကြီးလည်း တော်တော်ပစ်တယ်။ စစ်တပ်ဘက်က ၄ ယောက်လောက်ဒဏ်ရာ ရတယ်" လို့ ရှေ့တန်းနဲ့
စစ်ကိုင်းတိုင်း မုံရွာ-မန္တလေး လမ်းမကြီး၊ ချောင်းဦးမြို့ နှင့် မြင်းမူမြို့အကြားတွင် ဇွန်လ ၇ ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မောင်းနှင်လာသည့် Prado အနက်ရောင်ကားနှစ်စီး မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း FRF (CHU) အဖွဲ့ထံမှ သိရသည်။ အရာရှိကား ၂ စီး အင်အား ၂၀ ခန့်ဖြင့် မန္တလေးဘက်မှ ထွက်ခွာလာကြောင်း ကြိုတင် သတင်းရရှိမူကြောင့် Farmer Revolution Force FRF (CHU)၊ မြောင်မြို့နယ်တော်လှန်ရေး (MRA)