လူ့အခွင့်အရေးချိုးဖောက်မှု
-
Sep- 2025 -30 September
လေကြောင်း အန္တရာယ်ထပ်မံစိုးရိမ်ပြီး ဆဒုံးပြည်သူတွေတိမ်းရှောင်မှုရှိနေ
ကချင်ပြည်နယ် ကန်ပိုင်တည်နယ်စပ်ကုန်သွယ်ရေးလမ်းမပေါ် ရှိ ဆဒုံးမြို့မှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် စာသင်ကျောင်းနဲ့ ဌာနဆိုင်ရာရုံးတွေပိတ်လိုက်ပြီး ပြည်သူတစ်ချို့လည်း မြို့တွင်းကနေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ “ရုံးတွေ၊ ကျောင်းတွေလည်းအကုန်ပိတ်လိုက်ပြီ။ ဒေသခံပြည်သူတွေက ဆိုလာပြားတင်တဲ့ သူကတင် မြို့ထဲကနေ ထွက်နေကြတယ်။ အားလုံးက…
Read More » -
29 September
ဆဒုံးမြို့စျေးတန်း ဗုံးကြဲတိုက်ခံရမှုမှာ ကလေးအပါအဝင် အရပ်သား ၈ ဦးသေဆုံး
ဝိုင်းမော်မြို့နယ် ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေး လမ်းမပေါ်ရှိ ဆဒုံးမြို့ကို စစ်ကောင်စီတပ်က ဂျက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၃ ဦးအပါ ပြည်သူ ၈ ဦးသေဆုံးခဲ့ပြီး ၆ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီခန့်အချိန်မှာ စစ်ကောင်စီက ဆဒုံးမြို့တွင်းစျေးတန်း…
Read More » -
26 September
ဖားကန့်မှာတစ်ပတ်အတွင်း အရပ်သား ၅ ဦးသေဆုံး ၈ ဦးဒဏ်ရာရ
ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ဒရုန်းရမ်းသမ်းပစ်ခတ်မှုတွေကြောင့် တစ်ပတ်အတွင်း အရပ်သား ၅ ဦးသေဆုံး ၈ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့မှာ ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာအုပ်စုကို ၉ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးသေဆုံးခဲ့ရပြီး စက်တင်ဘာလ…
Read More » -
8 September
ကချင်မှာ တစ်လအတွင်း လက်နက်ကြီးနဲ့ ခိုးဆိုးလုယက်မှုကြောင့် သေဆုံး ၂၀ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၆ ဦးထိရှိလာ
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ တစ်လအတွင်း လက်နက်ကြီးကျပေါက်ကွဲမှု နဲ့ ခိုးဆိုးလုယက်မှုကြောင့် သေဆုံးသူ ၂၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၅၈ ဦးထိရှိခဲ့တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒီဖြစ်စဉ်တွေဟာ မြစ်ကြီးနားမြို့မှာ လက်နက်ကြီးထိမှန်ပြီး…
Read More » -
8 September
စစ်သင်္ဘောအုပ်စု စုန်ဆင်းလာချိန် လက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်လို့ အရပ်သား ၁၁ ဦးသေဆုံး
ဧရာဝတီမြစ်ကြောင်းအတိုင်းစုန်ဆင်းလာတဲ့ စစ်သင်္ဘောအုပ်စုအတွက် လမ်းကြောင်းရှင်းရင်း စစ်ကောင်စီကလက်နက်ကြီး နဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထီးချိုင့်မြို့နယ်မှာ အရပ်သား ၁၁ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့မှာ ဗန်းမော်မြို့ကနေ စစ်သင်္ဘောတွေ စုန်ဆင်းလာချိန်စစ်ကောင်စီကY 12 ၊…
Read More » -
1 September
၈ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ
စစ်တပ်ရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲပြင်းထန်နေတဲ့ ဝိုင်းမော်မြို့နယ်မှာ လက်နက်ကြီးထိမှန်ပေါက်ကွဲမှုကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ရတဲ့အပြင် ဒေသခံပြည်သူ ၄ ဦး ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။ ဩဂုတ်လ ၃၁ ရက်နေ့မှာ လယ်လုပ်နေတဲ့ အဘိုးအဖွားနှစ်ဦးဆီသွားတွေ့ ခဲ့ပြီး ပြန်လာခဲ့တဲ့…
Read More » -
Aug- 2025 -21 August
ကောလင်းမြို့တစ်နေရာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၃ ဦးသေဆုံး
စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့အရှေ့ခြမ်း စွယ်ရကျေးရွာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၃ ဦးသေဆုံးခဲ့ရပြီး၈ဦးဒဏ်ရာရရှိခဲ့ကြောင်းဒေသခံနဲ့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ မနေ့က ဩဂုတ်လ ၂၀ ရက်နေ့မနက်ပိုင်း ၆ နာရီဝန်းကျင်မှာ ထောက်ပို့လေယာဥ် Y12 အမျိုးအစားနဲ့ ဗုံးသီးအလုံး ၃၀ကြဲချခဲ့တာလို့ စစ်ကိုင်းနဲ့ကချင်အစပ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကအတည်ပြုပါတယ်။…
Read More » -
15 August
ဖားကန့် – ကားမိုင်းလမ်းပိုင်းမှာ ကားတစ်စီး ဒရုန်းဗုံးသီးထိမှန်လို့ ကားသမားတစ်ဦးသေဆုံး
ဖားကန့်မြို့နယ်ကိုဝင်ရောက်နိုင်တဲ့လမ်းကြောင်းတစ်ခုဖြစ်တဲ့ ဖားကန့်–ကားမိုင်းလမ်းပိုင်းက နန့်ယားကျေးရွာတစ်နေရာမှာတိုက်ပွဲကြောင့်ပိတ်မိနေတဲ့ကားတစ်စီး ဒရုန်းဗုံးသီးထိမှန်လို့ ကားသမားတစ်ဦးသေဆုံးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ မနေ့က ဩဂုတ်လ ၁၄ ရက်နေ့မွန်းလွှဲပိုင်းလောက်မှာ စစ်ကောင်စီတပ်နဲ့KIAပူးပေါင်းတပ်တွေအကြား နန့်ယားကျေးရွားတစ်ဝှိုက်တိုက်ပွဲပြင်းထန်ခဲ့ကြတာဖြစ်ပြီး ခရီးသွားကားတွေပိတ်မိနေခဲ့ကြချိန်မှာ အခုလိုဖြစ်စဥ်ဖြစ်ပွားခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင်နောက်ထပ်ခရီးသွားသုံးယောက်ကလည်း ထိခိုက်ဒဏ်ရာတွေပြင်းပြင်းထန်ထန်ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “ကာမိုင်းလမ်းကြောပေါ်ပေါ့လေ ဒရုန်းဗုံးထိတာ။…
Read More » -
14 August
စစ်တပ် ပစ်လိုက်တဲ့ ဒရုန်းကြောင့် အရပ်သား ၅ ဦးထပ်မံ ထိခိုက်
ဖားကန့် ၊ ရှရော်ခ(Sharaw Hka) ကျေးရွာရှိ ရဝမ်ကုန်းမှာ စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီး ဒရုန်ထိမှန်ပြီး ဆယ်ကျော်သက် ကလေးငယ်တစ်ဦး နဲ့ အသက် ၅၀ ကျော် အမျိုးသား ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့…
Read More » -
8 August
ဗန်းမော်မြို့ကိုစစ်သင်္ဘောတွေရောက်ရှိနိုင်ဖို့ စစ်တပ်ရဲ့ပစ်ခတ်မှုတွေအကြား အရပ်သား ၃၁ ဦးသေဆုံးခဲ့
မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ကချင်ပြည်နယ်ဗန်းမော်မြို့အထိစစ်သင်္ဘောတွေဆန်တက်နိုင်ဖို့အရေး စစ်ကောင်စီကရေလမ်းကြောင်းရှင်းပစ်ခတ်မှုတွေကြောင့် အရပ်သား ၃၁ ဦးသေဆုံးခဲ့ရတယ်လို့ဒေသခံတွေနဲ့မြစ်ကြောင်းအခြေနေစောင့်ကြည့်တဲ့ကာကွယ်ရေးတပ်တွေဆီကသိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ–ကချင်ပြည်နယ်ဗန်းမော်မြို့အထိမြစ်ကြောင်းတစ်လျှောက်က စစ်ကောင်စီတပ်ရင်း၊တပ်ဖွဲ့တွေဆီ ရိက္ခာ၊ဆေးဝါး၊လူအင်အားအပါအဝင် လက်နက်ခဲယမ်းတွေကို စစ်သင်္ဘောအစီး ၂၀ ကျော်နဲ့…
Read More »









