လူ့အခွင့်အရေးချိုးဖောက်မှု

  • Oct- 2025 -
    6 October

    နမ္မတူမြို့ကို စစ်တပ်က ဒုတိယအကြိမ်လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ နေအိမ် ၅ လုံးထိခိုက်ပျက်စီး

    ရှမ်းမြောက် နမ္မတူမြို့ကို စစ်တပ်က လေကြောင်းနဲ့ထပ်မံဗုံးကြဲလို့ လူနေအိမ် ၅ လုံးပျက်စီးသွားပြီး မှန်လုံကား ၂ စီးပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ တအာင်းလွတ်မြောက်ရေးအဖွဲ့ PSLF/TNLA ထိန်းချူပ်ထားတဲ့ နမ္မတူမြို့၊ ပန်ဟိုက်ရပ်ကွက် ( ၂ ) စျေးအနောက်ဘက်ကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၆ ရက်နေ့ ဒီနေ့မနက် ၇ နာရီဝန်းကျင်မှာ  လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာဖြစ်တယ်လို့ နမ္မတူဒေသခံတစ်ဦးက အခုလို ပြောပါတယ်။ “နမ္မတူမီးသတ်ရုံးရှေ့က အိမ်တွေဟုတ်တယ်။ လူတွေတော့ ထိခိုက်တာမရှိဘူး။ ဟိုနေ့က ဗုံးလာကြဲကတည်းက အိမ်ရှင်တွေက အားလုံးရှောင်ကုန်တာကြောင့် လူထိခိုက်မှုတော့ မရှိဘူး အိမ်က ၅ လုံးထိတယ်။ လုံး၀ ရစရာမရှိ ဖြစ်သွားတာက ၃ အိမ်ဟုတ်တယ်။ မှန်လုံကား ၂ စီးထိတယ်။” လို့ နမ္မတူဒေသခံအမျိုးသားတစ်ဦး KNG ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ နမ္မတူမြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့မှာလည်း လေကြောင်းနဲ့ဗုံးကြဲခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့ပြီး တစ်လကျော်အကြာ ဒီနေ့မနက်မှာ ဒုတိယအကြိမ် နမ္မတူမြို့ကိုထပ်မံလေကြောင်းဗုံးကြဲတာဖြစ်ပါတယ်။ ခုလို စစ်တပ်လေကြောင်းဗုံးကြဲမှုကြောင့် နမ္မတူမြို့ ဒေသခံပြည်သူတချို့လည်း  အောက်တိုဘာလကစပြီး တိမ်းရှောင်သူတွေရှိသလို ဒီနေ့မနက် ဒုတိယအကြိမ် ထပ်မံဗုံးကြဲခံရပြီးနောက် လက်ရှိ နမ္မတူမြို့က ဘာသာရေးအဖွဲ့စည်းတွေအပါအဝင် ပြည်သူအများပိုင်းတိမ်းရှောင်ဖို့ရန် ပြင်ဆင်နေပြီလို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အောက်တိုဘာလ ၁ ရက်နေ့က စပြီး ကျောက်မဲမြို့ကို TNLA လက်ထဲကနေ အပြီးပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် နမ္မတူမြို့ ၊ မန်တုံမြို့ ၊ နမ့်ဆန်မြို့ကိုတွေလည်း ဖိအားပေးတဲ့ပုံစံနဲ့ ချက်ချင်းဗုံးကြဲတိုက်ခိုက်လာတာဖြစ်ပါတယ်။ “စစ်တပ်က TNLA ကို နမ္မတူ၊ မန်တုံမြို့တွေအထိ ဖယ်ပေးဖို့ ပြောထားခဲ့တာဟုတ်တယ်။ သူတို့နေနေသရွေ့ ဘယ်မှာဖြစ်ဖြစ် ဗုံးကြဲနေမှာပဲဖြစ်တာကြောင့် အခုအခြေအနေအရဆို စစ်တပ်က ဆက်တိုက်ဗုံးကြဲဖိအားပေးသွားမဲ့အနေအထားပဲ။ နောင်ချိုပြီးတာနဲ့ သူတို့ညိနှိုင်းခဲ့စဉ်က ကျောက်မဲ၊ သီပေါ၊ နမ္မတူတွေကို ဖယ်ပေးဖို့ နဲ့  PSLF/TNLA အတွက်က မန်တုံနဲ့ နမ့်ဆန်ကို ယူပေါ့။ အဲလိုစစ်တပ်ဘက်က ညှိခဲ့တယ်လို့ သိရတယ်။ အခုက ကျောက်မဲကို စစ်တပ်တိုက်ခိုက်နိုင်ပြီဆိုတော့ ထပ်ဆွေးနွေးစရာမရှိဘူး။ ဒါတွေကိုလည်း သူတို့တိုက်ခိုက်ပြီး အနိုင်ရနိုင်တယ်လို့ ခြိမ်းခြောက်လာတဲ့ အနေအထားဖြစ်တယ်။” လို့ နမ္မတူဒေသခံအမျိုးသားက ဆက်ပြောပါတယ်။  အလားတူ စစ်တပ်က အောက်တိုဘာလ ၄ ရက်နေ့ မနက်မှာလည်း နမ့်ဆန်မြို့ကို လေကြောင်းဗုံးကြဲခဲ့ရာ လူထိခိုက်မှုတော့ မရှိခဲ့ပေမယ့် အောက်တိုဘာလ ၂ ရက်နေ့နဲ့ ၄ ရက်နေ့ သီပေါမြို့ဗုံးကြဲခံရမှုမှာ အရပ်သား ၂ ဦးသေဆုံးမှုရှိခဲ့ပါတယ်။ အဲဒီနောက် အောက်တို ၆ ရက်နေ့ ဒီနေ့မနက်မှာလည်း နမ္မတူမြို့ဗုံးကြဲပြီးနောက် ၆ မိနစ်အကြာမှာပဲ သီပေါမြို့ကိုပါ ထပ်မံလေကြောင်းဗုံးကြဲခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကစပြီး စစ်ကော်မရှင်တပ်တွေဟာ ကျောက်မဲမြို့ကို TNLA လက်ထဲကနေ ပြန်လည်ရယူဖို့ ထိုးစစ်ဆင်ခဲ့ကြတာဖြစ်ပြီး တစ်လကျော်ကြာကာလအတွင်းမှာ ကျောက်မဲမြို့ကို အပြီး သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်တာဖြစ်ပါတယ်။  ဒါကြောင့် လက်ရှိမှာ TNLA ထိန်းချုပ်ထားတဲ့ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုင်းငေါ့နဲ့ မိုးကုတ်တွေကို ပစ်မှတ်ထား ခြိမ်းခြောက်လာနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နှစ်ဖက်တပ်တွေဟာ တရုတ်ကြားခံမှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဩဂုတ်လနောက်ဆုံးပတ်က စတုတ္တအကြိမ် တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြတာဖြစ်ပေမဲ့ သဘောတူညီမှု မရရှိခဲ့ဘူးလို့  သိရပါတယ်။ နှစ်ဖက်လက်နက်ကိုင်တပ်တို့ ၄ ကြိမ်တိတိ တွေ့ဆုံဆွေးနွေးမှုမှာ သဘောတူညီမှုတစ်စုံတစ်ရာမရရှိတဲ့နောက် စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့မြို့တွေကို လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ကာ ဖိအားပေးနေတာဖြစ်ပြီး ကျောက်မဲ၊ မိုးကုတ်နဲ့ နောင်ချိုဘက်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဆက်တိုက်လုပ်နေပါတယ်။ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု ဆက်တိုက်မြင့်တက်နေတာလည်း ဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 2 October

    စစ်တပ်ကစေခိုင်းပြီး တိမ်းရှောင်ထားတဲ့ နေအိမ်တွေ ဖောက်ထွင်းခိုးယူမှုတွေရှိနေ

    ဖားကန့် ဆိုင်းတောင်ကျေးရွာအုပ်စု ဆန်းကြွယ်ကျေးရွာ တိုက်ပွဲကြောင့် တိမ်းရှောင်သွားကြတဲ့ ကျေးရွာပြည်သူတွေရဲ့ တန်းဖိုးရှိပစ္စည်းတွေကို စစ်တပ်နဲ့ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေ ပူးပေါင်းပြီး ဖောက်ထွင်း ခိုးယူရောင်းချတာတွေလုပ်တယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ ဆန်းကြွယ်ပြည်သူတွေ ရွာထဲကနေ ထွက်ပြေးသွားပြီးနောက် စစ်တပ်က မူးယစ်ဆေးဝါးသုံးစွဲတဲ့ သူတွေကို ရွာထဲကို သွားလာခွင့်ပေးပြီးနောက် ပြည်သူတွေရဲ့…

    Read More »
  • 2 October

    နမ္မတူမြို့ နဲ့ မန်တုံမြို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ အရပ်သား ၄ ဦးသေဆုံး ၇ ဦးဒဏ်ရာရ

    ရှမ်းမြောက် နမ္မတူမြို့နဲ့ မန်တုံမြို့တွေကို စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲခဲ့တာကြောင့် ကလေးငယ်အပါအဝင် ထိခိုက်၊ သေဆုံးသူ အရပ်သား ၁၁ ဦးခန့် ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၂ ရက်နေ့ ဒီနေ့မနက် ၇ နာရီ…

    Read More »
  • Sep- 2025 -
    30 September

    လေကြောင်း အန္တရာယ်ထပ်မံစိုးရိမ်ပြီး ဆဒုံးပြည်သူတွေတိမ်းရှောင်မှုရှိနေ

    ကချင်ပြည်နယ် ကန်ပိုင်တည်နယ်စပ်ကုန်သွယ်ရေးလမ်းမပေါ် ရှိ ဆဒုံးမြို့မှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် စာသင်ကျောင်းနဲ့ ဌာနဆိုင်ရာရုံးတွေပိတ်လိုက်ပြီး ပြည်သူတစ်ချို့လည်း မြို့တွင်းကနေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ “ရုံးတွေ၊ ကျောင်းတွေလည်းအကုန်ပိတ်လိုက်ပြီ။ ဒေသခံပြည်သူတွေက ဆိုလာပြားတင်တဲ့ သူကတင် မြို့ထဲကနေ ထွက်နေကြတယ်။ အားလုံးက…

    Read More »
  • 29 September

    ဆဒုံးမြို့စျေးတန်း ဗုံးကြဲတိုက်ခံရမှုမှာ ကလေးအပါအဝင် အရပ်သား ၈ ဦးသေဆုံး

    ဝိုင်းမော်မြို့နယ် ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေး လမ်းမပေါ်ရှိ ဆဒုံးမြို့ကို စစ်ကောင်စီတပ်က ဂျက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၃ ဦးအပါ ပြည်သူ ၈ ဦးသေဆုံးခဲ့ပြီး ၆ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီခန့်အချိန်မှာ စစ်ကောင်စီက ဆဒုံးမြို့တွင်းစျေးတန်း…

    Read More »
  • 26 September

    ဖားကန့်မှာတစ်ပတ်အတွင်း အရပ်သား ၅ ဦးသေဆုံး ၈ ဦးဒဏ်ရာရ

    ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ဒရုန်းရမ်းသမ်းပစ်ခတ်မှုတွေကြောင့် တစ်ပတ်အတွင်း အရပ်သား ၅ ဦးသေဆုံး ၈ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့မှာ ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာအုပ်စုကို ၉ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးသေဆုံးခဲ့ရပြီး စက်တင်ဘာလ…

    Read More »
  • 8 September

    ကချင်မှာ တစ်လအတွင်း လက်နက်ကြီးနဲ့ ခိုးဆိုးလုယက်မှုကြောင့် သေဆုံး ၂၀ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၆ ဦးထိရှိလာ

    ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ တစ်လအတွင်း လက်နက်ကြီးကျ‌ပေါက်ကွဲမှု နဲ့ ခိုးဆိုးလုယက်မှုကြောင့် သေဆုံးသူ ၂၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၅၈ ဦးထိရှိခဲ့တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒီဖြစ်စဉ်တွေဟာ မြစ်ကြီးနားမြို့မှာ လက်နက်ကြီးထိမှန်ပြီး…

    Read More »
  • 8 September

    စစ်သင်္ဘောအုပ်စု စုန်ဆင်းလာချိန် လက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်လို့ အရပ်သား ၁၁ ဦးသေဆုံး

    ဧရာဝတီမြစ်ကြောင်းအတိုင်းစုန်ဆင်းလာတဲ့ စစ်သင်္ဘောအုပ်စုအတွက် လမ်းကြောင်းရှင်းရင်း စစ်ကောင်စီကလက်နက်ကြီး နဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထီးချိုင့်မြို့နယ်မှာ အရပ်သား ၁၁ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့မှာ ဗန်းမော်မြို့ကနေ စစ်သင်္ဘောတွေ စုန်ဆင်းလာချိန်စစ်ကောင်စီကY 12 ၊…

    Read More »
  • 1 September

    ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

    စစ်တပ်ရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲပြင်းထန်နေတဲ့ ဝိုင်းမော်မြို့နယ်မှာ လက်နက်ကြီးထိမှန်ပေါက်ကွဲမှုကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ရတဲ့အပြင် ဒေသခံပြည်သူ ၄ ဦး ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။ ဩဂုတ်လ ၃၁ ရက်နေ့မှာ လယ်လုပ်နေတဲ့ အဘိုးအဖွားနှစ်ဦးဆီသွားတွေ့ ခဲ့ပြီး ပြန်လာခဲ့တဲ့…

    Read More »
  • Aug- 2025 -
    21 August

    ကောလင်းမြို့တစ်နေရာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၃ ဦးသေဆုံး

    စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့အရှေ့ခြမ်း စွယ်ရကျေးရွာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၃ ဦးသေဆုံးခဲ့ရပြီး၈ဦးဒဏ်ရာရရှိခဲ့ကြောင်းဒေသခံနဲ့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ မနေ့က ဩဂုတ်လ ၂၀ ရက်နေ့မနက်ပိုင်း ၆ နာရီဝန်းကျင်မှာ ထောက်ပို့လေယာဥ် Y12 အမျိုးအစားနဲ့ ဗုံးသီးအလုံး ၃၀ကြဲချခဲ့တာလို့ စစ်ကိုင်းနဲ့ကချင်အစပ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကအတည်ပြုပါတယ်။…

    Read More »
Back to top button