စစ်ပြေးဒုက္ခသည်များ
-
Sep- 2024 -25 September
စစ်ရှောင် ၇ လ ကျော်ကြာလာတဲ့ ဝိုင်းမော်မြို့နယ် စစ်ဘေးရှောင်များ စားနပ်ရိက္ခာနဲ့ဆေးဝါးများကူညီထောက်ပံ့မှုလိုအပ်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲရက်ကြာရှည်လာတာနဲ့အမျှ စစ်ရှောင်ပြည်သူတွေ အစားအသောက်ပြတ်လပ်လာပြီး ကူညီထောက်ပံံ့မှုတွေလိုအပ်နေတယ်လို့ စစ်ရှောင်တွေကပြောပါတယ်။ စစ်ရေးအခြေနေကြောင့် နေရပ်ပြန်လို့မရပဲ ဆက်လက်တိမ်းရှောင်နေရတဲ့ ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာနဲ့ လဘန်ရွာအပါအဝင် ကျေးရွာအများစုက စစ်ရှောင်တွေဟာ ဇူလိုင်လ မတိုင်ခင်အထိ World Food Program (WFP) ကနေ ငွေကြေး၊ရိက္ခာ ကူညီမှုရခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့…
Read More » -
25 September
ဖားကန့်မှာ စစ်ဘေးရှောင် ၆ ထောင်ခန့်အထိရှိလာပြီး စစ်ရှောင်အကူညီအရေးပေါ်လိုအပ်နေဆဲ
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ကြတဲ့ စစ်ဘေးရှောင်ပြည်သူ ၆ ထောင်ခန့်ရှိလာပြီး စစ်ရှောင်တွေအတွက် အရေးပေါ်အကူညီလိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁၈ ရက်နေ့အထိ စစ်ဘေးရှောင် ၄ ထောင်ရှစ်ရာအထိသာရှိခဲ့ပေမယ့် ၂၀ ရက်နောက်ပိုင်းမှာ စစ်ရှောင်ဦးရေ ၆ ထောင်ခန့်ထိမြင့်တက်လာတာလို့ စစ်ရှောင်တွေကိုကူညီပေးနေတဲ့ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “၁၉ ရက်နေ့ မတိုင်ခင်အထိတော့ စစ်ရှောင် ၄ ထောင်ကျော်ပဲရှိသေးတယ်။ ဒီ ၂၀ ရက်နောက်ပိုင်း ပြည်သူတွေက နေ့တိုင်းလိုလိုရှောင်ကြတာ အခု ၆ ထောင်လောက်ရှိသွားပြီ။ အခုတိမ်းရှောင်ကြတဲ့ထဲမှာ ဆိုင်းတောင်တစ်ခုထဲမကတော့ဘူး။ ဆိုင်းတောင်တိုက်ပွဲကြောင့်ဆိုရင် ဖားကန့်မြို့တွင်းပါမယ်။ ပြီးရင် ယူမာရှောင်ရင် မရှီကထောင်လည်းအကုန်ရှောင်ကြပြီ။ မြစ်ကြီးနားဘက်ကို ဆင်းသွားတဲ့ သူတွေတောင်အရမ်းများတယ်”လို့ပြောပါတယ်။ လက်ရှိ စစ်ဘေးရှောင် ၆ ထောင်ကျော်ခန့်ကို ဖားကန့်မြို့နယ်ထဲက ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆွေမျိုးအိမ်နဲ့ တောနေရာအပါအဝင် နေရာ ၂၇ ခုသတ်မှတ်ပေးထားပြီး တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင် ၆ ထောင်ခန့်ထဲမှာ ဆိုင်းတောင်ကျေးရွာက ပြည်သူတွေအားလုံးနီးပါးပါဝင်ပြီး ဆိုင်းတောင်ကျေးရွာနဲ့ ထိစပ်တဲ့ စပေါ့၊ ယူမာ၊ မရှီကထောင် စတဲ့ ကျေးရွာက ပြည်သူတွေလည်း ပါဝင်တယ်ပြောပါတယ်။ ဖားကန့်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တိုက်ပွဲစတင်လာတဲ့ စက်တင်ဘာ ၇ ရက်ကနေ ကုန်ကားအဝင်မရှိတဲ့အတွက် မြို့ထဲ ကုန်စုံဆိုင်တစ်ချို့ကုန်ပစ္စည်း ပြတ်လပ်သွားတဲ့အပြင် ကုန်စုံဆိုင်ကြီးတွေအများပိုင်းလည်းပိတ်ထားပြီး လက်ကျန်ရောင်းနေသေးတဲ့ ကုန်ပစ္စည်းတွေကလည်း စျေးနှုန်းအဆမတန်မြင့်တက်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖားကန့်မြို့မှာရှိတဲ့ ရေသန့်စက်ရုံတွေလည်း ယာယီပိတ်ထားတာကြောင့် သောက်သုံးရေပြတ်လပ်ဒဏ်ကိုကြုံတွေ့နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါကြောင့် ငွေကြေးတတ်နိုင်တတ်နိုင်သူတွေလည်း ကုန်ပစ္စည်းဝယ်ယူနိုင်ဖို့ ခက်ခဲနေပြီး တစ်ဖက်မှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ရှောင်ပြည်သူထောင်ချီအတွက် ပိုပြီးအခက်အခဲဖြစ်စေတယ်လို့ ဖားကန့် စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ “အခုက ဘယ်ဖြစ်လာလဲဆိုတော့ ပိုက်ဆံရှိနေရင်တောင် အစားအသောက်ဝယ်စားနိုင်ဖို့ ခက်ခဲလာတယ်။ ဘာလို့လဲဆိုတော့ စစ်ရှောင်တွေက အရမ်းများလာတယ်။ ဆိုင်ကြီးတွေက ပိတ်ထားတာများလာတယ်။ လူထောင်ချီစာအတွက်ဝယ်ယူဖို့ ခက်ခဲတယ်။ ပြီးရင် သောက်ရေသန့် ထုတ်တဲ့ စက်ရုံတွေပိတ်ထားလို့ သောက်ဖို့ ရေတောင်ခက်ခဲသွားပြီ။ နောက်တစ်ခုဆေးဝါး လုံးဝ ဝယ်ဖို့ အရမ်းခက်ခဲသွားပြီ ဆေးဆိုင်တွေ အကုန်ပိတ်ထားတယ်။ ဒီအချက်တွေက အခုလောလောဆယ်ကူညီပေးဖို့ လိုအပ်နေတာဖြစ်တယ်”လို့ပြောပါတယ်။ KIO/KIA ဘက်ကနေ ဆေးဝါးတွေကို အရေးပေါ်အတွက်သာပြင်ဆင်ထားတာဖြစ်တဲ့အတွက် စစ်ရှောင်နေရာတွေမှာ နားမကျန်းဖြစ်တဲ့ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေအတွက် ဆေးဝါးတွေအရေးပေါ်လိုအပ်နေတယ်လို့ သူကဆက်ပြောပါတယ်။ လက်ရှိ စစ်ဘေးရှောင် ၆ ထောင်ခန့် အတွက် တိမ်းရှောင်နေတဲ့ ကျေးရွာအလိုက် တာဝန်ရှိ အုပ်ချုပ်ရေးအဖွဲ့နဲ့ လူမှုကူညီရေးတွေ ပူးပေါင်းပြီး လတ်တလောစားဝတ်နေအတွက် ဖြေရှင်းပေးနိုင်ပေမယ့် တိုက်ပွဲကာလ ဒီထက်ပိုပြီး ကြာမြင့်လာရင် အစားအသောက်ပြတ်လပ်တာတွေ ဖြစ်လာနိုင်တယ်လို့ ကူညီဆောင်ရွက်ပေးတဲ့ သူတွေကပြောပါတယ်။ လတ်တလောစစ်ဘေးရှောင်တွေအတွက် နေရာထိုင်ခင်း၊ အမိုးအကာ၊စားနပ်ရိက္ခာ၊ဆေးဝါးနဲ့ သောက်သုံးရေတွေအဓိက လိုအပ်နေတယ်လို့လည်း သိရပါတယ်။ ဆိုင်းတောင်ကျေးရွာမှာ ဒေသခံပြည်သူတွေအားလုံး တိမ်းရှောင်သွားကြပြီးနောက် ကျေးရွာအဝင်ပေါက် အားလုံးကို KIA ပူးပေါင်းတပ်က ကြိုးသွယ်တန်းကာပိတ်ထားပြီး တိုက်ပွဲဖြစ်နေတဲ့ Lucky Man Hotel ထဲမှာ ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို ထွက်လို့မရအောင် ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် တိုက်ပွဲဆက်ဖြစ်နေတာလည်းဖြစ်ပါတယ်။ စက်တင်ဘာလ ၂၄ ရက်နေ့ထိ ဆိုင်းတောင်တိုက်ပွဲမှာ စစ်တပ်ဘက်က လေကြောင်းပစ်ခတ်တိုက်ခိုက်မှုဆက်တိုက်လုပ်နေဆဲဖြစ်ပြီး နှစ်ဖက်တပ်တို့အကြား စစ်ရေးတင်းမာနေဆဲလည်းဖြစ်ပါတယ်။ မတ်လ ၇ ရက်နေ့ကနေ စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးကာလအတွင်း ဖားကန့်မြို့နယ်ထဲက နန့်တိန်၊နန့်ယား၊တာမခံ၊ဝှေခါ၊ဆယ်ဇင်း၊ လမောင်တပ်စခန်းကုန်းအပါအဝင် တပ်စခန်းနေရာ ၉ခုထက်မနည်း သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
18 September
ဆိုင်းတောင် စစ်ဘေးရှောင် ၄ ထောင်ကျော်အတွက် အကူအညီလိုအပ်နေ
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄ ထောင်ကျော်အတွက် အစားသောက်ဆေးဝါးနဲ့သောက်သုံးရေ အဓိကလိုအပ်နေတယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့နောက်ပိုင်း စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြားပြင်းထန်နေတဲ့ တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေဟာ နေ့တိုင်းလိုလို ရွာကနေစွန့်ခွာပြီး ဖားကန့်မြို့ဘုန်းကြီးကျောင်းနေရာ၊ဘာသာရေးကျောင်းတွေအပြင်…
Read More » -
Aug- 2024 -28 August
ခါနန်စစ်ရှောင်တွေ စားနပ်ရိက္ခာပြတ်လပ်နေပြီး ကလေးသူငယ် ၁၀၀ ကျော်ပညာရေးရပ်နားထားရ
ကချင်ပြည်နယ် ဝိုင်းမော်မြို့ ဝူယန်ကျေးရွာကနေ မုတ်ကျိတ်၊နောင်းခရူးဘက်ကို ထွက်ပြေးနေကြတဲ့ ခါနန်စစ်ရှောင်စခန်းက ပြည်သူများ စားနပ်ရိက္ခာပြတ်လပ်နေတဲ့အပြင် ကလေးသူငယ် ၁၀၀ ကျော်လည်း ပညာဆက်လက်သင်ကြားနိုင်ဖို့ အခက်တွေ့နေတယ်လို့ ခါနန်စစ်ရှောင်စခန်းတာဝန်ခံတွေဆီကနေ သိရပါတယ်။ ခါနန်စစ်ရှောင်စခန်းမှာ အရင်က စစ်ရှောင်အိမ်ခြေ ၂၀၀ ကျော်ရှိခဲ့ပေမယ့် အခြေအနေအမျိုးမျိုးကြောင့် အိမ်ခြေ ၁၈၅ အိမ်သာကျန်ရှိတော့တာဖြစ်ပြီး အဲဒီစစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာပြတ်လပ်မှုတွေကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဒါအပြင် လက်ရှိကချင်ပြည်နယ်ရဲ့ ဖုန်းနဲ့အင်တာနက်လိုင်း ခက်ခဲမှုတွေကြောင့် အရင်ကထက် အကူအညီတွေရရှိဖို့ ပိုမိုခက်ခဲလာတာဖြစ်တယ်လို့ ခါနန်စစ်ရှောင်စခန်းတာဝန်ခံက KNG ကို ပြောပါတယ်။ “အခုခက်တယ်ဆိုတာက ဆန်ပေါ့ ဆန်သာရမယ်ဆိုရင် ကျန်တာက ကျွန်တော်တို့ ဖြစ်သလိုဟင်းသီးဟင်းရွက်တွေ တောထဲမှာခူးစားပြီးနေလို့ရတယ် ဆန်ခက်ခဲတော့ဘယ်လိုမှလုပ်လို့မရဖြစ်နေတာပေါ့”လို့ဆိုပါတယ်။ လက်ရှိ စစ်ရှောင်အိမ်ခြေထက်ဝက်လောက်က ဆန်တွေပြတ်လပ်နေတာဖြစ်ပြီး ကျန်တဲ့အိမ်ခြေတစ်ဝက်ကတော့ မနှစ်တုန်းက စုဆောင်းထားတဲ့ ဆန်စပါးတွေနဲ့မျှပြီးစားသုံးနေကြတယ်လို့ သိရပါတယ်။ ခုလိုအစားအသောက်ပြတ်လပ်မှုတွေကြုံတွေ့နေရသလို တစ်ဖက်မှာလည်း စစ်ရှောင်စခန်းတွင်းက စာသင်အရွယ်ကလေးသူငယ် ၁၀၀ ကျော်လည်း ပညာရေးရပ်နားထားရတယ်လို့ သိရပါတယ်။ “ဝါးရှောင်ဘက်သွားတက်ဖို့ကလည်း သွားဖို့လာဖို့ကခက် တချို့မိဘတွေက မလွတ်ရဲဘူးပေါ့ နိုင်ငံရေးမကောင်းတော့ လမ်းမှတစ်ခုခုဖြစ်ပြီးပြန်မလာမှာစိုးရိမ်ကြတော့ ပြီးတော့ ဒီမှာကိုယ်ဟာကို ကျောင်းပြန်ဖွင့်ဖို့အတွက်ဆိုရင်လည်း စေတနာဝန်ထမ်းက ပြန်ခက်ဖြစ်နေတယ်”လို့ စစ်ရှောင်စခန်းတာဝန်ခံက ဆက်ပြောပါတယ်။ ဒီကလေးသူငယ်တွေဟာ နှစ်ဆန်းပိုင်းကတည်းကနေ ဒီနေ့ထိ ၇ လအကြာ ပညာရေးရပ်နားထားရတာဖြစ်ပြီး တချို့ကလေးမိဘတွေကတော့ ကလေးတွေပညာရေးအတွက် နီးစပ်ရာ ဆွေမျိုးတွေရှိတဲ့ မြစ်ကြီနားမြို့ကို ပြောင်းရွေ့သွားကြတယ်လို့ သိရပါတယ်။ လက်ရှိစစ်ရှောင်စခန်းထဲမှာ ကျန်နေတဲ့ကလေးသူငယ်တွေကတော့ မူကြိုအရွယ်ကနေ ၁၂တန်းအရွယ်ထိ ပါဝင်တာဖြစ်ပြီး မူလတန်းအရွယ်တွေကတော့ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ခါနန်စစ်ရှောင်စခန်းကပြည်သူတွေဟာ ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာကနေ စစ်ရှောင်လာကြတာဖြစ်ပြီး လက်ရှိဝိုင်းမော်မြို့ရဲ့ ၇မိုင်အကွာမှာရှိတဲ့ မုတ်ကျိတ်နဲ့နောင်ခရူးကျေးရွာတွေမှာ တိမ်းရှောင်နေကြတာဘဲ ဖြစ်ပါတယ်။ ကုလသမ္မဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNCHO)ရဲ့ ၂၀၂၄ ဧပြီလ ၅ရက်နေ့ထုတ်ပြန်ချက်မှာတော့ ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ မတ်လ၇ရက်နေ့ကစပြီး စစ်ပွဲကြောင့် မြို့နယ်၁၀ခုလောက်က အရပ်သားပြည်သူ ၁၈၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။ ဒါအပြင် ကချင်ပြည်နယ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရှောင်ဦးရေ၈သောင်း၄ထောင်၄ရာ(၈၄၄၀၀)ထိတိုးလာတယ်လို့ ကုလသမ္မဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNCHR)ကနေပြီးတော့ ဩဂုတ်လ၁၄ရက်နေ့က ထုတ်ပြန်ထားတာဘဲ ဖြစ်ပါတယ်။ By – Hope
Read More » -
27 August
အာဏာသိမ်းပြီးနောက်ပိုင်း ကချင်မှာစစ်ရှောင် ၈ သောင်းကျော်ထပ်တိုးလာ
ကချင်ပြည်နယ်မှာ စစ်ကောင်စီအာဏာသိမ်းပြီးနောက် စစ်ရှောင်အရေအတွက် ၈ သောင်းကျော် ထပ်တိုးလာတယ်လို့ ကုလသမ္မဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ဩဂုတ်လထဲမှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် KIA နဲ့ စစ်တပ်တို့ တစ်ကျော့ပြန်တိုက်ပွဲ စတင်လာချိန်ကတည်းကနေ ၂၀၂၁ ဖေဖော်ရီလထိ စစ်ရှောင်ဦးရေဟာ တစ်သိန်းတစ်သောင်းငါးရာ(၁၁၀၅၀၀ ) ထိသာရှိပေမယ့် အာဏာသိမ်းပြီးနောက် ၂၀၂၄ ဩဂုတ်လ ၁၂ ရက်အထိ တစ်သိန်းကိုးသောင်းလေးထောင်ကိုးရာ( ၁၉၄၉၀၀)ထိ မြင့်တက်လာတယ်လို့ ဩဂုတ်လ ၁၄ ရက်နေ့ UNHCR ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီထုတ်ပြန်ချက် နှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်ကာလအတွင်း စစ်ရှောင်ဦးရေ ရှစ်သောင်း လေးထောင် လေးရာ(၈၄၄၀၀)ထိတိုးလာတာကို တွေ့ရပါတယ်။ ကချင်မှာ အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် ဧပြီအထိ ရွာလုံးကျွတ်စစ်ရှောင်ရတာမရှိခဲ့ပေမယ့် ဧပြီလ ၂၈ ရက်နောက်ပိုင်း ရွှေကူမြို့ အရှေ့ဘက်ခြမ်းတိုက်ပွဲပြင်းထန်လာတာကြောင့် ရွာပေါင်း ၁၂ ရွာပြည်သူ တစ်သောင်းကျော် ပထမဆုံးရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ အဲဒိီနောက် ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ နောက်ပိုင်း KIA ပူးပေါင်းတပ်ရဲ့စစ်ဆင်ရေးအတွင်းတိုက်ပွဲတွေကြောင့် ဝိုင်းမော်မြို့နယ်ထဲက ရွာပေါင်း ၂၀ ထက်မနည်းတိမ်းရှောင်ခဲ့ကြသလို၊ မိုးမောက်၊ မံစီ၊ ဖားကန့်မြို့နယ်၊ပူတာအို နေရာဒေသအသီးသီးက ပြည်သူသောင်းနဲ့ချီထပ်ပြီး တိမ်းရှောင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း ၃ နှစ်ကျော်ကာလကြာလာချိန်မှာ ကချင်ပြည်နယ်နေရာအနှံ့ စစ်ဘေးရှောင်သူတွေများနေတာလည်းဖြစ်ပါတယ်။ လက်ရှိ ဒီစစ်ရှောင်တွေထဲက နေရပ်ပြန်သူတစ်ချို့ရှိနေပမယ့် အများစုကတော့ နေရပ်ပြန်လို့မရသေးဘဲ မြစ်ကြီးနား၊လိုင်ဇာ၊မိုင်ဂျာယန်၊ ဂွေထုဘက်ကို အများပိုင်းတိမ်းရှောင်နေကြတာဖြစ်ပါတယ်။ ဒါ့အပြင် လတ်တလော ဖုန်း၊အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ်မှာ မန္တလေး–မြစ်ကြီးနားလမ်းလည်း ထပ်ပြီးသွားလာခွင့်ပါပိတ်ခံထားရတဲ့တွက် စစ်ဘေးရှောင်တွေဟာ အဖက်ဖက်ကနေ ပိုပြီးခက်ခဲလာနေကြတာလည်းဖြစ်ပါတယ်။ “စစ်ရှောင်စခန်းတိုင်းမှာ သူတို့အတွက် နေစရာတွေ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေက လိုအပ်နေတယ် ပြီးတော့ ကျောင်းသားတွေအတွက် စာသင်မဲ့နေရာတွေ ဆရာတွေမလုံလောက်တာကိုတွေ့ရတယ် မိဘတွေကိုယ်တိုင်ကလည်း ထောက်ပံ့ပေးနိုင်ဖို့အခက်အခဲတွေရှိနေတာကိုတွေ့ရတယ်”လို့ KHRW(Kachin Human Right Watch )အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဂျက်ကော့ပ်(JACOP)က KNGကိုပြောပါတယ်။ လက်ရှိအချိန်မှာ ဆိုရင်လည်း မြန်မာနိုင်ငံဟာ တိုက်ပွဲဖြစ်ပွားတဲ့နယ်နိမိတ်ဧရိယာ ပိုမို ကျယ်ဝန်းလာပြီး ကမ္ဘာ့အဆင့် ၉ နေရာရောက်ရှိနေတယ်လို့ ကမ္ဘာလုံးဆိုင်ရာ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေနဲ့ တည်နေရာလေ့လာရေးအဖွဲ့(ACLED)ရဲ့ ဩဂုတ်လ၆ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။ ခုလိုအခြေအနေတွေနဲ့ပက်သက်ပြီး အရပ်သားပြည်သူတွေအနေနဲ့ သူတို့ကိုယ်တိုင် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ဖို့ အခက်အခဲတွေရှိနေနိုင်တယ်လို့ ရှေ့ပြေးအသံအဖွဲ့(Progressive Voice)ဥက္ကဌ ဒေါ်ခင်ဥမ္မာက သုံးသပ်ပြောဆိုပါတယ်။ “တော်လှန်ရေးတပ်ဖွဲ့တွေ တော်လှန်ရေးအဖွဲ့တွေက သူတို့ကိုယ်သူတို့တက်နိုင်သမျှ ကာကွယ်နိုင်ဖို့ လိုအပ်တဲ့သတင်းအချက်အလက် စနစ်တကျပြင်ဆင်ပေးဖို့ လက်တွေ့ကျတဲ့ ပြင်ဆင်မှုလေးတွေ စီစဉ်ဖို့လိုပါမယ်။ လိုက်နာ ကျင့်သုံးရမယ့် မူ (Code of Conduct) တွေကို သေချာအကောင်အထည်ဖော်ဖို့လိုတယ် NUG၊ ERO ၊PDFဒီတပ်တွေမှာ ဦးဆောင်ကျတဲ့ သူတွေအနေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေ နိုင်ငံတကာအဖွဲ့အစည်းတွေ အရပ်ဘက်အဖွဲ့အစည်းတွေကနေပြီးတော့ လူအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုတွေနဲ့ ပတ်သက်တဲ့ ဝိုင်းဝန်းအားဖြည့်ပါဝင်ပေးနိုင်တဲ့ ကိစ္စရပ်တွေကို သူတို့လက်ကမ်းကြိုဆိုသင့်တယ် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုလုပ်သင့်တယ်”လို့ဆိုပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဒရုန်းတွေ အသုံးပြုတိုက်ခိုက်မှုနဲ့ ပြည်တွင်းစစ်တွေကြောင့် အရပ်သားသေဆုံးမှုမှာလည်း ကမ္ဘာ့အဆင့် ၃ အထိ ရှိလာခဲ့ပြီး ကမ္ဘာ့ပဋိပခအညွှန်းကိန်း အဆင့်မှာလည်း ၂အထိရောက်ရှိနေတဲ့ မြန်မာနိုင်ငံဟာ အရပ်သားတွေအတွက် အန္တရာယ်အရှိဆုံးအဆင့် ၄ နေရာ ရပ်တည်နေတယ်လို့ ACLEDရဲ့ ထုတ်ပြန်ချက်အရ သိရပ်ပါတယ်။…
Read More » -
15 August
ဖားကန့်မှာ မှော်မောင်းရွာအပါ ရွာ ၃ ရွာက ပြည်သူရာနဲ့ချီစစ်ဘေးရှောင်
ဖားကန့်မှာ ဩဂုတ်လ ၁၄ ရက်ကနေ တစ်ကျော့ပြန်တိုက်ပွဲဖြစ်လာတဲ့အတွက် မှော်မောင်းရွာအပါ ရွာပေါင်း ၃ ရွာက ပြည်သူတွေရာနဲ့ချီစစ်ဘေးရှောင်နေကြတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့ ဖားကန့်မြို့ လမောင်ဗျူဟာကုန်းစခန်းနဲ့ တောမှော်စခန်းကို KIA ပူးပေါင်းတပ်စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေပြီး နှစ်ဖက်တပ်တို့အကြား တိုက်ပွဲကြောင့် လမောင်၊မှော်မောင်း၊တောမှော် ရွာပေါင်း ၃ ရွာက ပြည်သူတွေ ဖားကန့်မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်တယ်လို့ ဖားကန့်ပြည်သူတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “စစ်ရှောင်က ဗုဒ္ဓဘာသာက ဘုန်းကြီးကျောင်း ခရစ်ယာန်က ဘုရားကျောင်းရွှေ့နေကြတယ် မနေ့မနက်ကတည်းက ထွက်ပြေးလာကြတာ။ ပျှမ်းမျှက ခန့်မှန်း ငါးရာလောက်ရှိမယ်၊ အမျိုးသမီးနဲ့ကလေးတွေပဲ အမျိုးသားတွေက အိမ်စောင့်ကျန်ခဲ့တယ်”လို့ ပြောပါတယ်။ စစ်ဘေးရှောင်တွေဟာ လက်ရှိ ဖားကန့်မြို့ လုံးခင်းနှစ်ခြင်းအသင်းတော်ဘုရားကျောင်းနဲ့ ဖားကန့်မြို့ပေါ်ဘုရားကျောင်းအပြင်၊ ဖားကန့် မြို့မ မဏိဇေယျုံ ဘုန်းကြီးကျောင်း၊ မြို့ဦးစေတီရယ်၊ မှော်စီစာ တောင်ပေါ်ကျောင်းတွေမှာ အမျိုးသမီးနဲ့ကလေးသူငယ်တွေ အများဆုံး လာရောက်တိမ်းရှောင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့ကနေ တိုက်ပွဲပြင်းထန်နေတဲ့ လမောင်၊တောမှော်ရွာအပါအဝင် မှော်မောင်းကျေးရွာနေပြည်သူတွေဟာ တော၊တောင်ဘက်ကို ထွက်ပြေးတိမ်းရှောင်သူတွေရှိသလို ဖားကန့်မြို့ပေါ်ထွက်ပြေးလာသူတွေလည်းရှိတာဖြစ်ပြီး အထက်ဖော်ပြပါ စစ်ရှောင်လူဦးရေဟာ မြို့ပေါ်ထွက်ပြေးတိမ်းရှောင်လာသူတွေဖြစ်တယ်လို့ သိရပါတယ်။ “ခုကလေကြောင်းနဲ့လာနေတုန်းဆိုတော့ မပြန်ကြသေးဘူး ပြီးတော့ တောမှော်မှာလည်း ချနေတုန်းလို့ပြောတယ်။ အဲကြောင့်တစ်ချို့ဆို တောဘက်ကို ထွက်ပြေးတိမ်းရှောင်သူတွေလည်း ရှိတယ်လို့ ကြားရတယ်။ တောဘက်ကတော့ လူဦးရေဘယ်လောက်ရှိလောက်ရှိလဲ ကျနော်တို့မသိရဘူးဗျ”လို့ ဖားကန့်ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ ဒီမနက် ၉နာရီဝန်းကျင်မှာ လမောင်ဗျူဟာကုန်းကို KIA ပူးပေါင်းတပ်သိမ်းပိုက်ရရှိပြီဖြစ်ပေမယ့် နယ်မြေတည်ငြိမ်မှုမရှိသေးတဲ့အတွက် နေရပ်ပြန်လို့မရသေးဘူးလို့လည်း သိရပါတယ်။ ဖားကန့်မှာ ဒီနှစ် နှစ်ဆန်းပိုင်းကနေ KIA၊KPDF ပူးပေါင်းတပ်တွေရဲ့ထိုးစစ်မအတွင်း နန့်တိန်း၊ဝှေခါ၊ဆယ်ဇင်း၊တာမခန်၊ကသိုဏ်းတောင်တို့ကိုသိမ်းပိုက်ရရှိထားပြီး ဧပြီလ ၂၇ ရက်နေ့ မြစ်ကြီးနား–ဖားကန့်လမ်းမပေါ်က နန့်ယားကို နောက်ဆုံးသိမ်းပိုက်လိုက်ပြီးနောက် ၄ လ ဝန်းကျင်စစ်ရေးငြိမ်သက်နေရာကနေ ဩဂုတ်လ ၁၄ ရက်မှာ တစ်ကျော့ပြန်ထိုးစစ်ဆင်လာတာဘဲဖြစ်ပါတယ်။ By – Zami
Read More » -
6 August
TNLA တွေ ထိန်းချုပ်ထားတဲ့ မိုးမိတ်မှာ ဒေသခံတစ်ချို့နေရပ်ပြန်နိုင်ကြပြီ
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်ထဲက တိုက်ပွဲတွေကြောင့်စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ဒေသခံ တစ်ချို့ နေရပ်ပြန်လာကြပြီလို့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့ကပဲ တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်းအဖွဲ့တွေအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ မိုးမိတ်မြို့ဆီ ဒေသခံတွေပြန်လာနေကြတာဖြစ်ပြီး မြို့ခံ PDF တွေကသေချာစီစစ်ပြီးဝင်ခွင့်ပြုနေတာလို့ မိုးမိတ်ဒေသခံတစ်ယောက်ကပြောပါတယ်။ “တပ်ကတော့မရှိတော့ဘူး။ မြို့ထဲမှာတော့ မြို့ခံPDF တွေပဲကျန်တော့မှာ တအာင်းတပ်ကလည်း နည်းနည်း ပဲ ကျန်ခဲ့တယ်တဲ့။ မိုးမိတ် PDF တွေကသေချာစီစစ်ပြီးတော့ဝင်ခွင့်ပြုနေတယ်ဗျ။အခုကဒေသခံတွေလည်း တော်တော်များများဝင်ကြတယ် ဈေးရောင်းဈေးဝယ်တို့ ပြည်သူလူထုကတော့ဝင်နေကြပြီ”လို့ပြောပါတယ်။ နေရပ်ပြန်ဝင်လာတဲ့ဒေသခံ ထောင်နဲ့ချီရှိနိုင်တယ်လို့သိရပြီး ဒေသခံဖြစ်တဲ့အစိုးရဝန်ထမ်းတွေနဲ့မိသားစု ဝင်တွေပဲ မြို့ထဲကိုပြန်ဝင်လာတာမတွေ့ရဘူးလို့ဒေသခံတွေကပြောပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်းမြောက်ပိုင်းညီနောင်အဖွဲ့တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်၊ လောက်ကိုင်နဲ့ သိန္နီမြို့တို့ကိုလေကြောင်းတိုက်ခိုက်မှုတွေရှိနေတဲ့အတွက် စိုးရိမ်မှုတွေရှိနေတယ် လို့ ဒေသခံတွေကဆိုပါတယ်။ ဒါ့အပြင် မိုးမိတ်မြို့တွင်းပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့အတွက်တော့ အချိန်ယူရအုံးမယ် လို့ ဒေသခံတစ်ယောက်ကအခုလိုသုံးသပ်ပါတယ်။ “တကယ်လို့ပြန်လည်ထူထောင်ရေးလုပ်မယ်ဆိုရင်တော့ စီးပွားရေးသမားတွေကတော့မဖြစ်လောက်တော့ ဘူးထင်တယ်။ အခုကလည်း သိတဲ့အတိုင်းပဲ ကွတ်ခိုင်တို့လောက်ကိုင်တို့အေးအေးဆေးဆေးနေနေတာ တောင် သွားသွားကြဲနေတာဆိုတော့ မိုးကုတ်၊မိုးမိတ်လည်းဘယ်နေပါ့မလဲ”လို့ဆိုပါတယ်။ မိုးမိတ်မြို့တွင်းနဲ့အနီးတစ်ဝိုက်ကတော့ ဖုန်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်နေဆဲဖြစ်ပြီး မိုးမိတ်မြို့နဲ့ ၁၀မိုင်ပတ်ဝန်းကျင်မှာရှိတဲ့ကျေးရွာတစ်ချို့မှာတော့ တယ်လီနောဖုန်းလိုင်းတွေရတယ်လို့သိရပါတယ်။ တအာင်းတပ်မတော် TNLA နဲ့ပူးပေါင်းအဖွဲ့တွေရဲ့ ၁၀၂၇ ဒုတိယလှိုင်းအဖြစ် သိမ်းပိုက်နိုင်ခဲ့တဲ့ မိုးမိတ် မြို့သိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ပစ်ခတ်မှုတွေအကြားမြို့တွင်းနဲ့ ဘေးနားမှာရှိတဲ့ မြောက်ပိုင်း၊ လက်ခုပ်တန်း၊ ဒိုးပင်နဲ့ တောင်ကိုင်းစတဲ့ကျေးရွာတွေမှာပျက်ဆီးဆုံးရှုံးမှုတွေများတယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိ မိုးမိတ်မြို့ကို ဝင်နိုင်တဲ့လမ်းကြောင်းတွေဖြစ်တဲ့ မန္တလေးတိုင်း မတ္တာရာနဲ့တွင်းငယ်လမ်းပိုင်းတွေကို တော်လှန်ရေးအင်အားစုတွေကထိန်းချုပ်ပြီးဝင်ထွက်သွားလာခွင့်ပိတ်ဆို့ထားတာကြောင့်အသုံးပြုလို့ မရဘူး လို့သိရပါတယ်။ မိုးမိတ်မြို့ကို ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ–မန်တုံ၊ မဘိမ်း–မြစ်ဆုံ၊ မိုးကုတ်–မိုးမိတ်၊ တွင်းငယ်–မိုးမိတ် စတဲ့လမ်းပိုင်းတွေကိုအသုံးပြုပြီးသွားလာနိုင်ပေမဲ့ လက်တလောတိုက်ပွဲတွေကြောင့်လမ်းပိုင်းသွားလာခွင့် ကန့်သတ်ချက်တွေတော့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ မိုးမိတ်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း စစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်ခဲ့သလို မြို့ကို KIA ဘက်က ထိန်းချုပ်နိုင်ခဲ့ပြီးမှ တပ်ပြန် ဆုတ်ခဲ့ရတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAပူးပေါင်းအဖွဲ့ တို့အကြား ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကစလို့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းရဲ့ စစ်ဆင်ရေးအဖြစ် တိုက်ပွဲက တကျော့ပြန်ဖြစ်ပွားခဲ့ရာကနေ ဇူလိုင်လ ၃၁ ရက်နေ့မှာ မိုးမိတ်မြို့တစ်မြို့လုံးကို TNLA နဲ့ပူးပေါင်းအဖွဲ့ကသိမ်းပိုက်ထိမ်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ By – အမိုး
Read More » -
Jul- 2024 -22 July
ဝူယန်စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်နဲ့ မသန်စွမ်းတွေအတွက် ဆေးဝါး၊ အစားသောက်ကူညီထောက်ပံ့မှုလိုအပ်နေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့ ဒိန်ဂျာယန်ကျေးရွာ စစ်ရှောင်စခန်းမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ မသန်စွမ်းတွေအတွက် ဆေးဝါး၊ အစားသောက်အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံတစ်ဦးက KNG ကိုပြောပါတယ်။ စစ်ရေးအခြေနေကြောင့် ဝူယန်ကျေးရွာကနေ ဒိန်ဂျာယန်ကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဝူယန်စစ်ရှောင်တွေဟာ အိမ်ခြေ ၂၀ ရှိတဲ့အထဲကနေ မသန်စွမ်း ၁၅ ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင် ၂ ဦး ပါဝင်တယ်လို့ သိရပါတယ်။ မသန်စွမ်းထဲမှာ ကိုယ်လက်အင်္ဂါ ၊ အမြင်အာရုံ နဲ့အကြားအာရုံချို့တဲ့သူတွေအပြင် မွေးရာပါ ပိုလီယိုရောဂါဖြစ်သူတွေလည်း ပါဝင်တယ်လို့ သိရပြီး သာမန်လူတွေလို အလုပ်လုပ်ကိုင်နိုင်ဖို့ ခက်ခဲနေတာကြောင့် အစားသောက်ပြတ်လပ် အာဟာရချိုု့တဲ့သူတွေများလာနေတယ်လို့ သိရပါတယ်။ ဒါကြောင့် မသန်စွမ်းတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ဆေးနဲ့အာဟာရပြည့်ဝတဲ့ အစားအစာကူညီထောက်ပံ့ဖို့ လိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံအမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “ဒီမှာတော့ ထမင်းတောင်မနည်း စားနေရတဲ့အတွက် တခါတလေ ဆန်ပြုတ်တောင်ပြုတ်သောက်ရတဲ့အထိဆိုတော့ အဓိကတော့ သူတို့အတွက် အာဟာပြည့်ဝတဲ့အစားအသောက်အကူအညီတွေလိုအပ်နေတာပေါ့ လမ်းခရီးလည်း ခက်ခဲတော့”လို့ဆိုပါတယ်။ ဝူယန်စစ်ရှောင်စခန်းမှာ နေထိုင်သူတွေဟာ အများစုဟာ ဝူယန်ကျေးရွာကဖြစ်ပြီး လမြန်၊ခကွမ်ကျေးရွာဒေသခံတွေလည်း အနည်းအကျဉ်းပါဝင်တယ်လို့ သိရပါတယ်။ ဝူယန်ပြည်သူတစ်ချို့ထွက်ပြေးခိုလှုံနေတဲ့ ဒိန်ဂျာကျေးရွာဟာ ဝါးရှောင်ရွာကနေ ဆိုင်ကယ်နဲ့ ၁ နာရီကျော်သွားရတဲ့နေရာမှာရှိပြီး လမ်းပန်းဆက်သွယ်ရေးခက်တဲ့အပြင် ဝိုင်းမော်ကနေ– ဝါးရှောင်အထိ စစ်ရေးအခြေနေအရ သွားလာဖို့လည်းခက်ခဲတာကြောင့် ကူညီထောက်ပံ့မှုရဖို့လည်း ခက်ခဲနေတယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း စစ်ရှောင်စခန်းက ပြည်သူတွေ စစ်ဘေးစရှောင်ချိန်သယ်ယူလာတဲ့ စားနပ်ရိက္ခာတွေလည်း ပြတ်လတ်လာပြီလို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ဖြစ်နိုင်ရင်တော့ ငွေကြေးထောက်ပံမှု အကူအညီရချင်တာပေါ့။ ဘာလို့ဆိုတော့ တစ်ချို့က ဆန်ဝယ်စားဖို့မရှိ တစ်ချို့ကတော့ ဆေးဝယ်သောက်ဖို့မရှိ တချို့ကြပြန်တော့လည်း ဆန်နဲ့ငွေကြေးတို့ချေးဌားပြီး အရင်ဖြေရှင်းထားတဲ့သူတွေရှိတော့”လို့ဆိုပါတယ်။ ကချင်ပြည်နယ်နေရာအနှံ့ ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်ရေဘေးသင့်ပြီး ကျောင်းဆောင်တွေများစွာထိခိုက်ပျက်စီးသွားတာကြောင့် ပိတ်ထားရတဲ့ ကျောင်းတွေလည်းများစွာရှိပြီး အဲဒီထဲမှာ ဒိန်ဂျာယန်ကျေးရွာက စာသင်ကျောင်းလည်းပါဝင်တယ်လို့ စစ်ရှောင်တွေက ဆိုပါတယ်။ လက်ရှိ ဒိန်ဂျန်ယန်ရွာမှာ ကျောင်းပိတ်ထားတာကြောင့် စစ်ရှောင်တွေဟာ ကလေးသူငယ်တွေရဲ့ပညာရေးအတွက် ဒိန်ဂျာယန်ကျေးရွာကနေ လဘန်ကျေးရွာဘက်ကို ထပ်ပြီးပြောင်းရွေ့နေထိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ရှောင်စခန်းတိုင်းလိုလိုမှာ မသန်စွမ်းတွေရှိနေတာဖြစ်ပြီး လဘန်ကျေးရွာက အောင်မြေ ၂ စစ်ရှောင်စခန်းမှာ ၂၄ ဦး၊ လဘန်ကျေးရွာ ခကွမ်စစ်ရှောင်စခန်းမှာ ၇ ဦးနဲ့ မုတ်ကျိတ်နဲ့ နောင်ခရူးကျေးရွာမှာရှိတဲ့ ခါနန်စစ်ရှောင်စခန်းမှာ ၁၀ဦး ဝန်းကျင်ရှိတယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။ မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်တွေရဲ့စခန်းသိမ်းတိုက်ပွဲစတင်လာတဲ့ချိန်ကနေ အောင်မြေ(၁)၊ အောင်မြေ(၂)၊ရွှေညောင်ပင် ကျေးရွာပြည်သူတွေ လဘန်ကျေးရွာမှာ ထွက်ပြေးတိမ်းရှောင်ကြပြီး မေလ ၂၁ ရက်နေ့ ဝူယန်နဲ့ ခကွမ်၊ နမ့်ဝါ၊ လမြန်စတဲ့ ကျေးရွာတစ်လျှေက်ပြည်သူတွေ မုတ်ကျိတ်(MukChyik)၊ နောင်ခယူး (Nawng Hkyu)၊ဒိန်ဂျာယန်(Ding Jayang) လဘန်ရွာစတဲ့ရွာတစ်လျှောက်မှာ ထွက်ပြေးခိုလုံနေကြတာဘဲဖြစ်ပါတယ်။ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တစ်လျှောက်မှာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကနေ စတင်လာတဲ့ စစ်တပ်နဲ့ KIA တပ်အကြား တိုက်ပွဲကြောင့် ဝိုင်းမော်မြို့နယ် နောင်ဟီး၊စန်းကားကျေးရွာတွေအပါအဝင် ရွာပေါင်း ၃၀ ဝန်းကျင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပြီး လက်ရှိ မိုးတွင်းကာလရောက်နေတာကြောင့် ဖျားနာသူတွေများလာနေတာဘဲဖြစ်ပါတယ်။ Myanmar Peace…
Read More » -
19 July
မိုးမိတ် စစ်ဘေးရှောင် ၁ ထောင်ကျော်အတွက် စားနပ်ရိက္ခာအကူညီတွေလိုအပ်နေ
ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးမိတ်မြို့နယ် စစ်ဘေးရှောင် ၁ ထောင်ကျော်အတွက် စားနပ်ရိက္ခာအကူညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAပူးပေါင်းအဖွဲ့ တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ မိုးမိတ်မြို့ပေါ်မှာ ဒေသခံတွေ ဘေးလွှတ်ရာ ကျေးရွာတွေနဲ့ မန္တလေးမြို့ ဘက်ကိုအဓိကထွက်ပြေးတိမ်းရှောင်နေကြတာလို့ ပြောပါတယ်။ “၂ မိုင် ၃ မိုင်လောက်ဝေးတဲ့ရွာလေးတွေလည်းရှောင်ကြတယ်။ ကျနော်အခုကူညီနေတာဆို စစ်ရှောင် ၁ ထောင်ကျော်တယ်။ အဓိက တော့ မိုးမိတ်မြို့နယ်ပတ်ဝန်းကျင်မှာ ၉၀၀ လောက်ရယ် မန္တလေးမြို့ရောက် နေတဲ့ ၁၀၀လောက်ရှိတယ်။“လို့ စစ်ဘေးရှောင်ကူညီနေသူတစ်ယောက်ကပြောပါတယ် လက်ရှိ စစ်ဘေးရှောင်နေသူအများစုဟာ အသက် ၅၀ ကျော်အရွယ်နဲ့ အသက် ၁၅ နှစ်အောက်ကလေးငယ်တွေကအများဆုံးဖြစ်ပြီး အဓိကတော့ စားနပ်ရိက္ခာဖြစ်တယ်လို့ သူကပြောပါတယ်။ အဲ့ဒီစစ်ဘေးရှောင်တစ်ထောင်ကျော်ထဲက စစ်ရှောင် ၉၀၀ ဝန်းကျင်ဟာ မိုးမိတ်မြို့နဲ့ ၂ မိုင်လောက်ပဲဝေးတဲ့ ကျေးရွာတွေမှာ တိမ်းရှောင်နေကြသလို စစ်ဘေးရှောင် ၁၀၀ ကျော်ကတော့ မန္တလေးမြို့က ဘုန်းကြီး ကျောင်းနဲ့ ဆွေမျိုးတွေအိမ်မှာတိမ်းရှောင်နေကြတာလို့…
Read More » -
17 July
ဝါးရှောင်စစ်ရှောင်တွေ အစားအသောက်နဲ့ယာယီတဲဆောက်ဖို့အကူအညီလိုအပ်နေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာကနေ ဆိုင်လော်ရွာ(Sailaw Mare)ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေ အစားသောက်နဲ့ယာယီတဲဆောက်ဖို့ အကူညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်များက ပြောပါတယ်။ ဝါးရှောင်ကျေးရွာပြည်သူအများပိုင်း ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ စစ်တပ်တို့အကြာားတိုက်ပွဲကြောင့် နေရပ်စွန့်စွာထွက်ပြေးကြပြီး ချီဖွေမြို့သွားလမ်းပေါ်ရှိ ဆိုင်လော်ရွာ စာသင်ကျောင်းမှာ သွားရောက်တိမ်းရှောင်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ အချိန်ရောက်လာတဲ့အတွက် စစ်ရှောင်တွေဟာ စာသင်ကျောင်းကနေ ပြန်ပြောင်းရွေ့ဖို့လိုအပ်လာပြီး အစားအသောက်နဲ့စစ်ရှောင်တဲတွေဆောက်လုပ်ဖို့ အကူအညီတွေလိုအပ်နေတယ်လို့ ဝါးရှောင်ကျေးရွာဒေသခံတွေက KNGကိုပြောပါတယ်။ ခုလို နေရာထပ်ပြီးပြောင်းရွှေ့ဖို့ပြင်ဆင်နေတဲ့ဝါးရှောင်စစ်ရှောင်တွေ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပြီး ယာယီတဲဆောက်ဖို့ မိုးကာ၊ ပျဉ်၊ ဝါး နဲ့တစ်ခြားအစားသောက် ကူအညီလိုအပ်နေတယ်လို့ ဝါးရှောင်ကျေးရွာဒေသခံ ရွာလူကြီး တစ်ဦးကခုလိုပြောပါတယ်။ “အခုကျွန်တော်တို့ပြင်ဆင်ဖို့လုပ်ထားတာက အိမ်ခြေ ၂၀၀ကျော်အတွက် ဆိုတော့ တော်တော်တော့မလွယ်ဘူးပေါ့ ပြီးတော့ ကျွန်တော်တို့က ဆင်းရဲချမ်းသာမရွေး ဖေးမလိုစိတ်နဲ့ပေါ့ ဒါပေမယ့်လည်း အခြေအနေအရ ဘယ်လိုပြန်ဖြစ်မလဲတော့ မသိသေးဘူး”လို့ဆိုပါတယ်။ လတ်တလော ဆိုင်လောကျေးရွာမှာ ကလေးသူငယ်၊သက်ကြီးရွယ်အိုတွေအပါအဝင် ဝါးရှောင်စစ်ရှောင်ပြည်သူ ၅၀ ဦးဝန်းကျင် ကြိုတိမ်းရှောင်နေထိုင်နေကြပြီဖြစ်ပြီး ကျန်တဲ့သူတွေကတော့ စစ်ရေးအခြေအနေကို စောင့်ကြည့်ပြီး မိုးစပါးစိုက်ပျိုးပြီးမှသာ ဆိုင်လောစစ်ရှောင်စခန်းကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြတာဘဲ ဖြစ်ပါတယ်။ ဒါအပြင် တစ်ဖက်မှာတော့ ကုန်ဈေးနှုန်းအခြေအနေ၊လမ်းပန်းဆက်သွယ်ရေး၊ နိုင်ငံရေးအခြေအနေတွေကြောင့် အလုပ်အကိုင်ရှားပါးလာပြီး စားဖို့သောက်ဖို့ ခက်ခဲလာတယ်လို့ စစ်ရှောင်အမျိုးသမီး တစ်ဦးက ခုလိုပြောပါတယ်။ “အခက်အခဲကတော့ အဓိကတော့ပိုက်ဆံပေါ့ အစားအသောက်တွေလည်း ဝယ်စားရ ကုန်ဈေးနှုန်းတွေလည်းမြင့်တော့ ပြီးတော့ တချို့ဆို ဘာဝယ်စားရမှန်းမသိဘဲ နေနေကြတဲသူတွေလည်းရှိနေကြတယ်”လို့ဆိုပါတယ်။ ဝါးရှောင်စစ်ရှောင်ပြည်သူတွေဟာ အရပ်ဘက်အဖွဲ့အစည်းတွေလက်လှမ်းမှီဖို့ခက်တဲ့ ဆိုင်လော်လို ကျေးရွာကိုယ်ထူကိုယ်ထပုံစံမျိုးနဲ့ စစ်ရှောင်နေကြတာဖြစ်တဲ့အတွက် တစ်ခြားစစ်ရှောင်တွေလို အစားအသောက် ၊ဆေးဝါးနဲ့ မိုးကာပစ္စည်း စတဲ့အကူအညီတွေရရှိဖို့ခဲယဉ်းနေတာဘဲဖြစ်ပါတယ်။ ဒါ့အပြင် သောက်ရေနဲ့ သုံးရေအတွက် တောင်ကျရေကိုလှောင်ထားတဲ့ရေကန်ကရေကိုအသုံးပြုနေကြပြီး မိုးရွာသွန်းချိန် ရေနှောက်သွားတတ်တဲ့အတွက် အဲဒီကရေတွေကို အသုံးပြုတဲ့သူတချို့ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ငှက်ဖျားရောဂါတွေလည်း ဖြစ်နေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ဇွန်လကဆိုရင် တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဝါးရှောင်ဒေသခံစစ်ရှောင်ပြည်သူတွေဟာ ငှက်ဖျားရောဂါတွေအဖြစ်များနေပြီး ဆေးဝါးအကူအညီတွေလည်း ခက်ခဲနေခဲ့တာဖြစ်ပါတယ်။ ဝါးရှောင်ရွာအထက်မှာရှိတဲ့ ၁၃ မိုင်စုပေါင်းဂိတ်စခန်း ဆဒုံး၊ချီဖွေကနေ ဝိုင်းမော်မြို့ထဲဝင်တဲ့တစ်ခုတည်းသော စစ်တပ်ဂိတ်စခန်းဖြစ်ပြီး အဲဒီဂိတ်စခန်းကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်တဲ့နေ့ကစပြီး စစ်တပ်နဲ့ KIA တပ်တို့အကြား ဇွန်လကုန်ထိ စစ်ရေးတင်းမာနေခဲ့တာဖြစ်ပါတယ်။ ဝါးရှောင်ကျေးရွာက ဒေသခံပြည်သူတွေဟာ လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြတာဖြစ်တယ်လို့ သိရပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ ကျား ၂၁၇၇ ဦး၊ မ ၂၂၇၃ ဦး၊ လူဦးရေစုစုပေါင်း ၄၄၅၀ ဦး နေထိုင်တဲ့ ရွာဖြစ်ပါတယ်။ By – Hope
Read More »









