သတင်း
-
Jun- 2024 -17 June
ကန်မိန်းမှာ အထက်တန်ကျောင်းဖွင့်ဖို့ KIA နဲ့ကိုးကန့်တပ်ညှိနှိုင်းနေဆဲ
ရှမ်းပြည်နယ်မြောက်ပိုင်း ကန်မိန်းကျေးရွာမှာရှိတဲ့ အထက်တန်းကျောင်းဖွင့်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကိုးကန့်တပ် MNDAA တပ်တို့အကြား ညှိနှိုင်းနေဆဲဖြစ်တယ်လို့ ကန်မိန်းဒေသခံတွေကပြောပါတယ်။ ဇွန်လ ၁၁ ရက်နေ့ ကန်မိန်းကျေးရွာမှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်းကို KIO/…
Read More » -
14 June
-
14 June
မိုးကောင်းမြို့မှာ စစ်တပ်က စစ်ဆေးရေးတင်းကြပ်နေပြီး VPN ထည့်ထားသူတွေကို ဒဏ်ကြေးပေးဆောင်ခိုင်းနေ
မိုးကောင်းမြို့အထွက်မှာ စစ်တပ်က လမ်းသွားလမ်းလာအရပ်သားတွေကို စစ်ဆေးရေးတင်းကြပ်နေပြီး ဖုန်းထဲမှာ VPN အက်ပလီကေးရှင်းထည့်ထားတဲ့သူတွကို ငွေကျပ် ၂ သိန်းတောင်းနေတယ်လို့ မိုးကောင်းမြို့ခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မိုးကောင်းမြို့အထွက်မှာရှိတဲ့ မိုးကောင်းတံတားမှာ စစ်ဆေးတင်းကြပ်တာတွေပုံမှန်လုပ်နေရာကနေ ဇွန်လ ၁၃ ရက်နေ့ကစပြီး ဖုန်းထဲမှာ VPN ရှိ မရှိကို အဓိကစစ်ဆေးနေတယ်လို့ မိုးကောင်းမြို့ခံတစ်ဦးက ခုလိုပြောပါတယ်။…
Read More » -
14 June
အာဏာသိမ်းပြီးနောက်ပိုင်း ဘာသာရေးကျောင်း ၁၀ ခုထက်နည်းဗုံးကြဲတိုက်ခိုက်ခံရ
ကချင်ပြည်နယ်မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ဘာသာရေးကျောင်း ၁၀ ခုထက်မနည်း ဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ Kachin Human…
Read More » -
14 June
ဝူယန်ပြည်သူ့စစ်တိုက်ခိုက်ခံရမှုကြောင့် တိုက်ပွဲပြင်းထန်ခဲ့
ဝိုင်းမော်မြို့နယ် ဝူယန်ပြည်သူ့စစ်တပ်စခန်းကို…
Read More » -
14 June
ဝိုင်းမော်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ငှက်ပျောခြံလုပ်သားအပါ အရပ်သား ၃ ယောက်ထိခိုက်ဒဏ်ရာရ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ မနေ့က ဇွန်လ ၁၃ ရက်နေ့တစ်ရက်တည်း လက်နက်ကြီးနှစ်ကြိမ် ကျရောက်ပေါက်ကွဲခဲ့ပြီး ငှက်ပျောခြံလုပ်သားတွေပါအဝင် အရပ်သား ၃ ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေ ဆီကသိရပါတယ်။ မနေ့က ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်း ၈နာရီလောက်မှာ လဘန်ရွာ၊ ညပိုင်း ၈ နာရီလောက်မှာ မိုင်းနား ရေကန်ကြီးကျေးရွာတို့မှာကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ကူညီကယ်ဆယ်ပေးရေးမှာပါဝင်ခဲ့သူ အမျိုးသားတစ်ယောက်ကKNG ကိုပြောပါတယ်။…
Read More » -
14 June
ကသာမှာတိုက်ပွဲပြင်းထန်နေ
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်တွေအကြား ဒီကနေ့ ဇွန်လ ၁၄ ရက်နေ့မနက်ပိုင်းကစပြီးတော့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဆီကသိရပါတယ်။ တိုက်ပွဲက ဒီကနေ့ မနက်ပိုင်း ၆ နာရီလောက်ကနေ ကသာမြို့အနောက်ဘက် ဝဲကြီးကျေးရွာအနီးတစ်ဝှိုက်မှာ ဖြစ်ပွားနေတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။…
Read More » -
14 June
ဆနီခူးစစ်တပ်စခန်း ၂ ခုကို KIA က ထပ်မံသိမ်းပိုက်ပြီး တင့်ကားတစ်စီးလည်း တိုက်ခိုက်ဖျက်ဆီးနိုင်တယ်လို့ KIO ပြော
ဝိုင်းမော်မြို့နယ် ချီဖွေသွားလမ်းမပေါ် ရှိ ဆနီးခူကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၂ ခုကို KIA တပ်တွေ ဇွန်လ ၁၃ ရက်နေ့မှာ ထပ်မံသိမ်းပိုက်လိုက်တာဖြစ်တယ်လို့ KIO ပြောပါတယ်။ KIA တပ်တွေ ထပ်မံသိမ်းပိုက်လိုက်တဲ့ ဆနီခူးရွာက စစ်တပ်စခန်း ၂ ခုဟာ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေ စုပေါင်းပြီးအထိုင်ချထားတဲ့ တပ်စခန်းတွေဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။…
Read More » -
13 June
ကန်ပိုင်တည်မှာ ကုန်တင်ကားနဲ့ အိမ်စီးကား ၅၀၀ ဝန်းကျင်သောင်တင်နေ
ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ခရီးသည်ကားနဲ့ ကုန်တင်ကားအစီးရေ ၅၀၀ ဝန်းကျင်လောက်က တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ကန်ပိုင်တည်မြို့မှာ သောင်တင်နေတာ ၄ ရက်လောက်ရှိလာပြီလို့ သိရပါတယ်။ KIA ပူးပေါင်းတပ်တွေက ဝိုင်းမော်ဘက်ခြမ်း ဂေါ်ဆက်ယန် ၁၃ မိုင်စုပေါင်းဂိတ်နေရာနဲ့ ကန်ပိုင်တည်မြို့မရောက်မှီ ၁၀ မိုင်လောက်အကွာရှိတဲ့ ဝေါ့ခရုန်း(Waw…
Read More » -
13 June
ဖားကန့်မှာ မြေစာပုံပြိုကျပြီး အမျိုးသားတစ်ဦးသေဆုံး
ဖားကန့်မြို့ မှော်စီဇာကျေးရွာမှာရှိတဲ့ သာယာကုန်းမှာ မြေစာပုံပြိုကျပြီး ရေမဆေးတစ်ဦး မြေစာပိသေဆုံးခဲ့တယ်လို့ ဖားကန့်မှာနေထိုင်သူတွေဆီကနေ သိရပါတယ်။ ဇွန်လ ၁၃ ရက်နေ့ ဒီကနေ့ မနက် ၈ နာရီဝန်းကျင် သာယာကုန်းရွာအနီး ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ အမျိုးသား ၄ ဦး ကျောက်တူးနေချိန် လုပ်ကွက်ရဲအထက်မှာရှိတဲ့ မြေစာပြိုလာတာကြောင့် တစ်ဦးသေဆုံးပြီး နောက်ထပ် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ဖားကန့်မြို့မှာနေထိုင်တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။…
Read More »









