သတင်း
-
Dec- 2024 -10 December
ဖားကန့်မြို့အနီး စစ်တပ် ဂိတ် ၄ ခုမှာ ဖြန်သန်းသွားလာခွင့်ကန့်သတ်ထားလို့ လမ်းသွားလမ်းလာပြည်သူများအခက်တွေ့
ကချင်ပြည်နယ် ဖားကန့်မြို့အဝင်အထွက် စစ်တပ်ရဲ့စစ်ဆေးရေးဂိတ် ၄ ခုမှာ လုံခြုံရေးတင်းကြပ်ပြီး ဂိတ်ဖြတ်သန်းခွင့်ကို ကန့်သတ်ထားတာကြောင့် လမ်းသွားလမ်းလာပြည်သူတွေအခက်ခဲဖြစ်နေတယ်လို့ ဖားကန့်မြို့နေပြည်သူတွေဆီကနေ သိရပါတယ်။ မြို့အဝင်မှာရှိတဲ့ စစ်တပ်ရဲ့ ယမ်းချက်စစ်ဆေးရေးဂိတ်၊ လုံးခင်းကျေးရွာထိပ် မျောက်ကုန်းစစ်ဆေးရေးဂိတ်၊ မဇွပ်ယန်ထောင်စစ်ဆေးရေးဂိတ်နဲ့ ၇ မိုင်ရွာ စစ်ဆေးရေးဂိတ်တွေမှာ ဂိတ်ဖွင့်ချိန်ကန့်သတ်ထားတယ်လို့ လုံးခင်းကျေးရွာနေအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။…
Read More » -
10 December
ဟုမ္မလင်းမြို့နယ်ထဲကအရေးပါတဲ့လမ်းပိုင်းတွေကို SNA နဲ့စစ်ကောင်စီတပ်ကပိတ်ထား
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင်း အရေးပါတဲ့လမ်းပိုင်းတွေကို SNAတပ်နဲ့ စစ်ကောင်စီတပ်တွေက ပိတ်ထားတယ်လို့သိရပါတယ်။ ပိတ်ထားတဲ့ လမ်းပိုင်းတွေဟာ မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်း၊…
Read More » -
10 December
အသက် ၂ နှစ်အရွယ်ကလေးငယ်ကို မုဒိမ်းမှုကျူးလွန်တဲ့ ကိုးကန့်အရာရှိကို သေဒဏ်စီရင်ပေးဖို့ ဒေသခံတွေတောင်းဆို
ရှမ်းမြောက် (ကြူကုတ်)ပန်ဆိုင်းမြို့မှာ အသက် ၂ နှစ်အရွယ် ကလေးငယ်ကို မုဒိမ်းကျင့်တဲ့ MNDAA အရာရှိကို သေဒဏ်ပေးဖို့ ဒေသခံတွေ တောင်းဆိုနေပါတယ်။ ပန်ဆိုင်းမြို့ ၊ ရပ်ကွက် ၇ မှာနေထိုင်သူ အသက် ၂ နှစ်အရွယ် သမီးငယ်ကို ကိုးကန့် (MNDAA…
Read More » -
9 December
ဗန်းမော်မြို့နယ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး မြို့ခံအားလုံးနီး ထွက်ပြေးတိမ်းရှောင်
ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ ပတ်လည်မှာ တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး မြို့ဒေသခံအားလုံး ဘေးလွတ်ရာကို ခက်ခက်ခဲခဲ တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ ဗန်းမော်ပြည်သူတွေက ပြောပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့စတင်လာတဲ့ KIA ပူးပေါင်းတပ်ရဲ့စစ်ဆင်ရေးဟာ ဒီနေ့ဆို ၆ ရက်မြောက်နေ့ထိရှိလာပြီး နှစ်ဖက်တိုက်ပွဲကြောင့် မြို့တွင်း လက်နက်ကြီးကျပေါက်ကွဲတာတွေ ရှိနေတယ်လို့ သိရပါတယ်။…
Read More » -
9 December
ဗန်းမော်တိုက်ပွဲပြင်းထန်နေချိန် တရုတ်အစိုးရက KIO ကိုတွေ့ဆုံဖို့ဖိတ်ခေါ်
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်နဲ့မံစီမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေချိန် တရုတ်အစိုးရက KIO နဲ့တွေ့ဆိုဖို့ဖိတ်ခေါ်တာကြောင့် KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဦးဆောင်တဲ့အဖွဲ့ တရုတ်နိုင်ငံကိုထွက်ခွာသွားကြောင်း KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ (KIO…
Read More » -
9 December
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်အပါ နေရာတစ်ချို့မှာ ငလျင် ၇ ကြိမ်ခန့်လှုပ်ခတ်လို့ နေအိမ်တစ်ချို့ထိခိုက်ပျက်စီး
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်အပါအဝင် မြို့တချို့မှာ အင်အားပြင်းမြေငလျင် ၇ ကြိမ်ခန့် လှုပ်ခတ်ခဲ့တဲ့အတွက် နေအိမ်တစ်ချို့ထိခိုက်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။…
Read More » -
6 December
မြစ်ကြီးနားမြို့မှာ နှစ်ရက်ဆက်တိုက်လက်နက်ကြီးကျလို့ အရပ်သားနဲ့နေအိမ်ထိခိုက်ပျက်ဆီးမှုတွေရှိခဲ့
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့မှာ နှစ်ရက်ဆက်တိုက်လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး မြို့ခံအမျိုးသမီးတစ်ဦးအပါအဝင် လူနေအိမ်၊ ဘုရားကျောင်းဆောင်နဲ့ကားတစ်ချို့ထိခိုက်ပျက်ဆီးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင် မြို့သစ်ကြီးရပ်ကွက်ထဲက အဆောက်အဦး တစ်လုံးထိမှန်ပျက်ဆီးခဲ့ပြီး မနေ့က ဒီဇင်ဘာလ ၅ ရက်နေ့မှာတော့ တပ်ကုန်းရပ်ကွက်အနောက်ဘက်က ရာဒါကောင့် B ရပ်ကွက်တို့မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။…
Read More » -
6 December
ဗန်းမော်၊ မံစီ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ကလေကြောင်းနဲ့အပြင်းအထန်ခုခံနေ
“လေယာဉ်လာတာတော့ ၅ ရက်နေ့ကနေ လေယာဥ်စလာတယ် ဗုံးချသံလည်း ကြားရတယ် စုစုပေါင်း ၁၅ ကြိမ်အထက်တော့ လာသွားပြီ မံစီနဲ့ဗန်းမော် လှည့်ပတ်ချနေတယ်”လို့ပြောပါတယ်။
Read More » -
6 December
မန်ပိန်းရွာ စာသင်ကျောင်းမှာတပ်မစွဲဖို့ ကန့်ကွက်တယ်လို့ဆိုကာ ရွာအုပ်ချုပ်ရေးမှူးကို TNLA ဖမ်းဆီးထား
ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး မန်ပိန်းကျေးရွာစာသင်ကျောင်းမှာ တပ်မစွဲဖို့ကန့်ကွက်တယ်လို့ဆိုကာ ရွာအုပ်ချုပ်ရေးမှူးကို TNLA တပ်က ဖမ်းဆီးထားပြီး စာသင်ကျောင်းကိုလည်း ပိတ်ပေးလိုက်တယ်လို့ ဒေသခံတွေ ပြောပါတယ်။…
Read More » -
5 December
ဗန်းမော်မှာတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး အရပ်သား သေဆုံးမှု ၁၀ ဦးခန့်ရှိလာ
ကချင်ပြည်နယ် ဗန်းမော်မြို့ပတ်ပတ်လည်မှာတိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး…
Read More »