သတင်း
-
Jul- 2024 -12 July
ဗန်းမော် ရောဘတ်စစ်ရှောင်စခန်းမှာ စစ်ရှောင်အသစ်တွေကို နေရာပေးလိုက်တဲ့အတွက် မူလရှိနေတဲ့ စစ်ရှောင်တွေကြား နေရာပြဿနာဖြစ်နေ
ဗန်းမော်မြို့ ရောဘတ်စစ်ရှောင်စခန်းမှာ စစ်ရှောင်ပြည်သူတွေမရှိတဲ့ချိန် အသစ်ပြောင်းရွှေ့လာတဲ့ နောက်ထပ်စစ်ဘေးရှောင်တွေကိုနေရာပေးလိုက်တာကြောင့် နဂိုမူလရှိတဲ့ စစ်ရှောင်ပြည်သူတွေဟာ…
Read More » -
12 July
ရေဘေးသင့်နေတဲ့ ဝိုင်းမော်ဘက်ကို စစ်တပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေ
ဝိုင်းမော်မြို့နယ်မှာ ဇူလိုင် ၁၀ ရက်နေ့ နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တွေကြား စစ်ရေးလှုပ်ရှားမှုတွေရှိလာသလို စစ်တပ်ဘက်ကနေလည်း မြစ်ကြီးနား ၊ ဝိုင်းမော်မြို့ကနေ လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဝိုင်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းအထိ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့တွေမှာ ရေဘေးအန္တရာယ်ကို ကြုံတွေ့နေရတာကြောင့် တစ်ပတ်ဝန်းကျင် လက်နက်ကြီးသံတွေငြိမ်သက်သွားပေမယ့် ဇူလိုင် ၁၀ ရက်နေ့ကစပြီး ဝိုင်းမော်မြို့နယ်ထဲမှာ လက်နက်ကြီးသံတွေ ဆက်တိုက်ပြန်ကြားနေသလို နှစ်ဖက်ထိတွေ့တိုက်ပွဲတွေရှိလာတယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။…
Read More » -
12 July
ရေဘေးသင့်ခဲ့တဲ့ ဝိုင်းမော်မှာ နေအိမ်ပျက်စီးမှုတွေများပြားခဲ့ပြီး ပြန်လည်ထူထောင်ရေးကို ကိုယ်ထူကိုယ်ထပဲလုပ်ဆောင်နေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ရေဘေးသင့်ခဲ့တဲ့ကျေးရွာတစ်ချို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းလုပ်ဆောင်ရာမှာ ကိုယ်ထူကိုယ်ထပဲလုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေနဲ့လူမှုကူညီရေးအသင်းတွေ ကပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ကနေစပြီး ဧရာဝတီမြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ဝိုင်းမော်မြို့နယ်ထဲက မြေနိမ့်ပိုင်းရပ်ကွက်တွေနဲ့ အမြင့်ပိုင်းကျတဲ့ရပ်ကွက်တစ်ချို့ပါရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပြီး နေအိမ်၊အိမ်သာအများအပြား ထိခိုက်ပျက်စီးသွားတာဖြစ်ပါတယ်။…
Read More » -
12 July
-
11 July
TNLA ဖမ်းဆီးသွားတဲ့ KIA တပ်ဖွဲ့ဝင်တွေ ပြန်လွတ်လာ
ရှမ်းမြောက် နမ္မတူမြို့မှာ TNLA ဘက်က ဖမ်းဆီးသွားတဲ့ KIA တပ်ဖွဲ့ဝင်တွေ ဒီကနေ့ မနက်မှာ…
Read More » -
11 July
ချီဖွေစစ်ရှောင်စခန်း တစ်ဆောင် ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်ပျက်စီး
ချီဖွေမြို့ပေါ်မှာရှိတဲ့ ကချင်နှစ်ခြင်းခရစ်ယာန် KBC စစ်ရှောင်စခန်းထဲက အဆောင်တစ်ဆောင် ဝါယာရှော့ခ်ကြောင့် မီးလောင်သွားတယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ ဇူလိုင်လ ၁၁ ရက်နေ့ ဒီမနက် ၃ နာရီဝန်းကျင် ဝါယာရှော့ခ်ကနေတစ်ဆင့် အဆောင်တစ်ခုလုံး မီးကူးစက်လောင်ကျွမ်းသွားတာဖြစ်တယ်လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။…
Read More » -
11 July
နောင်တာလောကျေးရွာမှာ အစာအဆိပ်သင့်ပြီး အမျိိုးသား ၄ ဦးသေဆုံး
ကချင်ပြည်နယ် ဝိုင်းမော်မြို့ နောင်တောလောကျေးရွာမှာ အစာအဆိပ်သင့်ပြီး အမျိုးသား ၄ ဦးသေဆုံးခဲ့တယ်လို့ ဝိုင်းမော်အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ ဇူလိုင်လ ၆ ရက်နေ့က နောင်တာလောကျေးရွာ ရပ်ကွက် ၄ မှာရှိတဲ့ ရိုးရာအရက်ဆိုင်တစ်ဆိုင်မှာ အရက်သောက်ခဲ့ကြတဲ့ အမျိုးသား ၁၅ ဦး အစာအဆိပ်သင့်ခဲ့တာဖြစ်ပြီး အဲဒီညမှာဘဲ အခြေအနေအရမ်းဆိုးတဲ့သူတစ်ချို့ကတော့ မြစ်ကြီးနားဆေးရုံပို့ဆောင်ပေမယ့် ဆေးရုံကြီးအရောက်မှာ ၃ ဦးသေဆုံးတဲ့သူတွေလည်းရှိတယ်လို့ သိရပါတယ်။…
Read More » -
10 July
ပူတာအိုမှာ ခွေးရူးကိုက်ခံရလို့သေဆုံးသူ ၅ ဦးထက်မနည်းရှိလာ
ကချင်ပြည်နယ် ပူတာအိုဒေသထဲမှာ ခွေးရူးကိုက်ခံရတာကြောင့် သေဆုံးသူ ၅ ဦးထက်မနည်းရှိလာပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပူတာအိုမြို့ပေါ်နဲ့ မြို့နဲ့အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာ ဒီနှစ် မတ်လကစပြီး ခွေးရူးကိုက်ခံရသူ ၅၀ ဦးထက်မနည်းရှိခဲ့ပြီး အဲ့ဒီထဲက…
Read More » -
10 July
လားရှိုးမှာ လက်နက်ကြီးကျလို့ ကလေးငယ်တစ်ဦး နဲ့ အမျိုးသမီးနှစ်ဦးသေဆုံး
“ဒီနေ့မနက်က လားရှိုးဘူတာရုံ သီပေါကလာရင်အဝင်ပေါ့ အဲ့ဒီမှာ၂လုံးကျတယ်။ သုံးယောက်သေတယ် ၁၃ ယောက်ဒဏ်ရာရတယ် အခုမနက်ပဲဖြစ်သွားတာ ဒီမနက်သေတဲ့ အသက် ၂၀ ဝန်းကျင်အရွယ် ကောင်မလေး ဆို မင်္ဂလာဆောင်တာတောင်မကြာသေးဘူး”လို့ပြောပါတယ်။
Read More » -
9 July
ဖားကန့်မြို့နယ် ပြည်သူများ ဝမ်းပျက်ဝမ်းလျှော၊ တုပ်ကွေးနဲ့ငှက်ဖျားရောဂါအဖြစ်များနေ
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဥရုချောင်းရေကြီးရေလျှံပြီးနောက်ပိုင်း ဝမ်းပျက်ဝမ်းလျှော၊ တုပ်ကွေးနဲ့ ငှက်ဖျားရောဂါအဖြစ်များနေတယ်လို့ ဖားကန့် မြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။ ဖားကန့်မြို့နယ်ထဲက ဖားကန့်၊ လုံးခင်း၊ ဆိုင်းတောင်၊ ဝှေခါ၊ မမုံ၊ ဖားပြင်၊ ဆိုင်းနွယ်၊ ရှရော်ခ စတဲ့ကျေးရွာတွေမှာ လူဦးရေ ၁၀၀ မှာ ၅၀ ရာခိုင်နှုန်းကျော် ဝမ်းပျက်၊ဝမ်းလျှောနဲ့ရာသီတုပ်ကွေး၊ငှက်ဖျားဖြစ်နေကြတယ်လို့ ဖားကန့် ဒေသခံတွေက KNG ကိုပြောပါတယ်။…
Read More »









