သတင်း
-
Jun- 2024 -20 June
ပူတာအိုမှာဓာတ်ဆီပေပါ အလုံး ၃၀၀ စရောက်ပြီး တစ်ပုလင်း တစ်သောင်းကျပ်ရောင်းပေးနေ
ကချင်ပြည်နယ် ပူတာအိုမြို့မှာ…
Read More » -
20 June
နောင်ဟီးနဲ့စန်းကားရွာအဝင်တွေမှာ စစ်တပ်ကစစ်ဆေးရေးတင်းကြပ်နေဆဲ
ဝိုင်းမော်မြို့နယ် နောင်ဟီးကျေးရွာနဲ့စန်းကားကျေးရွာ စာသင်ကျောင်းနေရာတွေမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဟာ ရွာအဝင်အထွက်စစ်ဆေးရေးတင်းကြပ်နေပြီး မှတ်ပုံတင်ကိုင်ဆောင်သူတွေသာ ရွာထဲဝင်ခွင့်ပြုနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ နောင်ဟီးရွာစာကျောင်းရှေ့မှာတစ်နေရာ နောင်ဟီးကျေးရွာနဲ့အာလူးဘာရီရွာကြားက တံတားမှာတစ်နေရာ၊ အာလူးဘာရီကျေးရွာနဲ့စန်းကားကျေးရွာကြားကတံတားမှာတစ်နေရာ ၃ နေရာတိတိစစ်ဆေးနေတယ်လို့ သိရပြီး အမျိုးသမီးနဲ့ကလေးသူငယ်တွေထက် အမျိုးသားတွေကို အဓိကစစ်ဆေးနေတာဖြစ်တယ်လို့ နောင်ဟီးကျေးရွာဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ …
Read More » -
20 June
နှစ်ပေါင်း ၅၀ ဝန်းကျင်ရှိလာပြီဖြစ်တဲ့ မဇွပ်ယန်(Mazup Yang) ရွာကို ကျောက်စိမ်းတူးဖော်ဖို့ စီမံကိန်းလုပ်ဆောင်လာ
“မဇွပ်ယန်ရွာကို ကျောက်စိမ်းတူးဖော်လိုက်မယ်တဲ့။ အဲ့ကြောင့် ဒီနှစ်ကနေ အိမ်ခြံဝင်းဝယ်ယူတာတွေရှိလာတယ်။ အခုတူးဖော်မယ့်ထဲမှာ ကျောင်းနေရာတွေလည်းအကုန်ပါတယ်။ ဒါကြောင့် ဒီနယ်မြေမှာရှိတဲ့ KIO တွေက အထက်ကနေ ညွန်ကြားချက်မရှိဘဲနဲ့ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး တူးဖော်ဖို့ ပြင်ဆင်နေကြပြီ။ အဲလိုအခြေအနေတွေတော့ဖြစ်လာတယ်။ သူတိုရဲ့ အာဏာပါဝါတွေသုံးပြီ လုပ်လာမယ့်ပုံစံတွေလည်းတွေ့နေရတယ်။ ဒါပေမယ့် ဒေသခံတွေက ကန့်ကွက်တာများပါတယ်”လို့ပြောပါတယ်။
Read More » -
20 June
ပန်ဝါမှာ ဦးဇခုန်တိန့်ယိန်းသားအဖရဲ့ မြေရှားသတ္တုတွင်းမြေပြိုပြီး လူ ၅၀ ဝန်းကျင်ပျောက်ဆုံးနေ
ပန်ဝါမြို့ ကချင်အထူးဒေသ (၁)ဥက္ကဌ ဦးဇခုန်တိန့်ယိန်းသားအဖရဲ့ မြေရှားသတ္တုတွင်းမြေပြိုပြီး ကုမ္မဏီလုပ်သား ၅၀ ဝန်းကျင်ပျောက်ဆုံးနေတယ်လို့ ပန်ဝါဒေသခံတွေက ပြောပါတယ်။ မြေရှားသတ္တုတွင်းမြေပြိုတဲ့နေရာဟာ ပန်ဝါမြို့ကနေ ဆိုင်ကယ်နဲ့ ၁၅ မိနစ်ခန့်သွားရတဲ့ ပါထိုင်ဟော်ရွာ ပြည်သူ့စစ်သင်တန်းကျောင်းဘေးမှာဖြစ်ပြီး ဇွန်လ ၁၉ ရက်ည ၁၂ နာရီဝန်းကျင်မှာပြိုကျတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက KNG ကိုခုလိုပြောပါတယ်။…
Read More » -
19 June
နန်းယွန်းမြို့နယ်မှာ ရာသီတုပ်ကွေးအဖြစ်များနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ…
Read More » -
19 June
ဖားကန့်ဒေသ KIO ဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာ ကျောင်းဆရာ၊ ဆရာမ လုံလောက်မှုမရှိဖြစ်နေ
ဖားကန့်မြို့နယ်ထဲ ကချင်လွတ်လပ်ရေးတပ်မတော်…
Read More » -
19 June
အကျဲ- ဖရောရွာချင်းဆက်လမ်းဖြတ်တောက်လိုက်တဲ့နောက် စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားတာတွေစတင်လာ
မြစ်ကြီးနားမြို့နယ် အကျဲရွာနဲ့ ဖရောရွာ ဆက်သွယ်ထားတဲ့လမ်းကို စစ်တပ်ဘက်က မြေကျင်းတူးပြီး လမ်းဖြတ်တောက်လိုက်တဲ့နောက် ဇွန်လ ၁၈ ရက်နေ့ကစပြီး စစ်ရေးလှုပ်ရှားတာတွေစတင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။…
Read More » -
19 June
ပူတာအို – နောင်မွန်ကားလမ်းပိုင်းပျက်စီးနေတဲ့အတွက် ဒေသခံတွေ သွားလာရေးခက်ခဲ
ကချင်ပြည်နယ် ပူတာအိုမြို့နယ်နဲ့…
Read More » -
19 June
ဝိုင်းမော် စာသင်ကျောင်းတဝိုက် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို ဖမ်းဆီးအရေးယူပေးဖို့ဒေသခံတွေတောင်းဆို
ကချင်ပြည်နယ် ဝိုင်းမော်မြို့ အထက (၁) စာသင်ကျောင်းနားမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေပိုဆိုးရွားလာနေတာကြောင့် အမြန်ဆုံးဖမ်းဆီးအရေးယူပေးကြဖို့ ဒေသခံတွေကတောင်းဆိုနေကြပါတယ်။ ဝိုင်းမော်မြို့ရဲ့အခြေခံပညာအထက်တန်းကျောင်းဖြစ်တဲ့ အထက (၁) ကျောင်းဟာ မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ ရပ်ကွက်(၂) မှာရှိပြီး ကျောင်းရဲ့ဘေးပတ်ပတ်လည်လမ်းတွေမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတဲ့သူတွေ အုပ်စုလိုက် ၅ ဦးကနေ ၁၀ ဦးဝန်းကျင်ထိ နေ့တိုင်း လာရောက်သုံးစွဲနေကြတယ်လို့ သိရပါတယ်။…
Read More » -
19 June
ဝါးရှောင် စစ်ရှောင်ပြည်သူတွေ ငှက်ဖျားရောဂါဖြစ်နေပြီး ဆေးဝါးအကူညီလိုအပ်နေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာဒေသခံပြည်သူတွေ ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါးအကူအညီအရေးပေါ်လိုအပ်နေတယ်လို့ ဝါရှောင်ဒေသခံပြည်သူတွေက ပြောပါတယ်။ ဝိုင်းမော်– ဆဒုံး– ချီဖွေသွားလမ်းမပေါ် ၁၃ မိုင်ဂိတ်နဲ့အနီးဆုံးမှာရှိတဲ့ ဝါရှောင်ကျေးရွာ ပြည်သူတွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ကစပြီး တောတောင်တွေနဲ့ နီးစပ်ရာနေရာဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။…
Read More »