သတင်း

နောင်ဟီးနဲ့စန်းကားရွာအဝင်တွေမှာ စစ်တပ်ကစစ်ဆေးရေးတင်းကြပ်နေဆဲ

ဝိုင်းမော်မြို့နယ် နောင်ဟီးကျေးရွာနဲ့စန်းကားကျေးရွာ စာသင်ကျောင်းနေရာတွေမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဟာ ရွာအဝင်အထွက်စစ်ဆေးရေးတင်းကြပ်နေပြီး မှတ်ပုံတင်ကိုင်ဆောင်သူတွေသာ ရွာထဲဝင်ခွင့်ပြုနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ နောင်ဟီးရွာစာကျောင်းရှေ့မှာတစ်နေရာ နောင်ဟီးကျေးရွာနဲ့အာလူးဘာရီရွာကြားက တံတားမှာတစ်နေရာ၊ အာလူးဘာရီကျေးရွာနဲ့စန်းကားကျေးရွာကြားကတံတားမှာတစ်နေရာ   နေရာတိတိစစ်ဆေးနေတယ်လို့ သိရပြီး အမျိုးသမီးနဲ့ကလေးသူငယ်တွေထက် အမျိုးသားတွေကို အဓိကစစ်ဆေးနေတာဖြစ်တယ်လို့ နောင်ဟီးကျေးရွာဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ 

ခတ်ချိုမှာတောင် မစစ်ဘူး ဒါပေမယ့် ကျနော်တို့နောင်ဟီးကျောင်းရှေ့မှာက ပုံမှန်စစ်နေတယ် မှတ်ပုံတင်စစ်တာ အဓိက အမျိုးသားတွေဆို ပိုစစ်တယ်လို့ ပြောပါတယ်။

နောင်ဟီး၊အာလူးဘာရီကျေးရွာ၊ စန်းကားရွာတွေဟာ ခတ်ချိုရွာရဲ့အောက်ဘက်တစ်ဆက်တည်းရှိတဲ့ရွာတွေဖြစ်ပြီး ဒေသခံတွေဟာ ပြီးခဲ့တဲ့မေလကနေ အများပိုင်းထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ပါတယ်။

ဒါပေမယ့် ဒေသခံတွေတိမ်းရှောင်နေချိန် နေအိမ်သူခိုးဖောက်ထွင်းခံရတာတွေရှိနေတဲ့တွက် ဒေသခံတစ်ချို့ရွာထဲ ယာယီပြန်လာနေထိုင်သူတွေရှိသလို နေ့ချင်းပြန်ခနတစ်ဖြုတ်ပြန်တာတွေရှိပေမယ့် စစ်ဆေးရေးတင်းကြပ်ထားတာကြောင့် စိုးရိမ်မှုတွေရှိနေတယ်လို့ အာလူးဘာရီဒေသခံတစ်ဦးက ပြောပါတယ်။

နောင်ဟီးကျောင်းရှေ့မှာ ပုံမှန်စစ်တယ် ပြီးတော့ နောင်ဟီးရွာနဲ့အာလူးဘာရီရွာကြားက တံတားမှာလည်းစစ်တယ် ။ဒါပေမယ့် အဲမှာက ရှောင်တခင်စစ်တာ ပုံမှန်မရှိဘူး။ ပုံမှန်စစ်တာက နောင်ဟီးကျောင်းရှေ့နဲ့ အာလူးဘာရီနဲ့စန်းကားရွာကြားက တံတားမှာပုံမှန်စစ်တယ်လို့ ပြောပါတယ်။်

အာလူးဘာရီရွာဟာ နောင်ဟီးကျေးရွာနဲ့စန်းကားရွာအကြားမှာရှိပြီး နယ်မြေအားဖြင့် စန်းကားကျေးရွာအုပ်စု ရပ်ကွက်  နယ်မြေဖြစ်ပါတယ်။ လက်ရှိ စစ်ကောင်စီတပ်တွေဟ နောင်ဟီးရွာအထက်တန်းကျောင်း၊အာလုံးဘာရီရွာနဲ့စန်းကားရွာကြား တံတားနားက ဘုန်းကြီးကျောင်းအပြင် စန်းကားကျေးရွာအထက်တန်းကျောင်းနေရာတွေမှာ တပ်စွဲထားတာလည်းဖြစ်ပါတယ်။

စန်းကားကျေးရွအုပ်စု ရပ်ကွက်  ရဲ့အောက်ဘက်မှာတော့ ခန့်လုံးရွာ၊ဘန်ဘားရွာတွေတစ်ဆက်တည်းရှိပြီး ခန့်လုံးရွာကတံတားကတော့ ပြီးခဲ့တဲ့ မေလမှာ စစ်တပ်က ဗုံးခွဲဖျက်စီးထားတဲ့အပြင် ဒီရက်ပိုင်းဘန်ဘားရွာမှာ စစ်တပ်နဲ့  KIA ပူးပေါင်းတပ်အကြား စစ်ရေးတင်းမာနေတဲ့အပြင် စစ်တပ်ဘက်က လေကြောင်းပစ်ခတ်တာတွေပုံမှန်ရှိနေတယ်လို့လည်း သိရပါတယ်။ 

နောင်ဟီးရွာနဲ့စန်းကားရွာဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ရွာတွေဖြစ်ပြီး မြစ်ကြောင်းတစ်လျှောက် အရေးပါတဲ့နေရာတွေဖြစ်တာကြောင့် စစ်ဆေစစ်ဆေးရေးတင်းကြပ်ခံနေရသလို နောင်ဟီးကနေဧရာဝတီမြစ်တစ်ဖက်ကမ်း မြစ်ကြီးနားဘက်ကို ကူးတဲ့ ကူးသို့ဆိပ်လည်း ပိတ်ခံထားရတာ  လဝန်းကျင်ရှိလာပြိီဖြစ်ပါတယ်။

ဒါ့အပြင် နောင်ဟီးရွာနဲ့စန်းကားရွာ စာသင်ကျောင်းတွေမှာလည်း စစ်တပ်က နေရာယူတပ်စွဲထားတာ တစ်လဝန်းကျင်ရှိလာပြိီဖြစ်ပါတယ်။

By – CJ

Show More

Related Articles

Back to top button