သတင်း
-
Nov- 2024 -14 November
နောင်ပိုအောင်ရွာမှာ အခွန်လျော့ကောက်ပေးဖို့ ဆိုင်ရှင်တစ်ချို့တောင်းဆို
စစ်ကိုင်းတိုင်း ၊ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာမှာ SNA တပ်တွေအနေနဲ့ ဆိုင်အခွန်လျော့ကောက်ပေးဖို့ ဆိုင်ရှင်တစ်ချို့တောင်းဆိုနေကြပါတယ်။ ဟုမ္မလင်းမြို့နယ်တစ်ခုလုံးမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တပ် အများဆုံးရှိတဲ့ နောင်ပိုအောင်ကျေးရွာမှာ SNA တပ်က ကုန်စုံဆိုင်အကြီး တစ်လ ကျပ် ၆၀၀၀၀၀ (ခြောက်သိန်း) ၊စားသောက်ဆိုင်အကြီး တစ်လ ကျပ် ၆၀၀၀၀၀(ခြောက်သိန်း) ၊ ကုန်ခြောက်ဆိုင်၊ လက်ဖက်ရှည်ဆိုင်တစ်လ ကျပ် ၃၀၀၀၀၀ (သုံးသိန်း) ၊ဆိုင်ကယ်ဝပ်လျော့ တစ်လ ကျပ် ၆၀၀၀၀ (ခြောက်သောင်း) စသဖြင့် အခွန်ကောက်ခံနေတာကြောင့် ဆိုင်လုပ်ငန်းလုပ်ကိုင်သူတွေ အခက်တွေ့နေကြတယ်လို့ နောင်ပိုအောင်ကျေးရွာနေအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။…
Read More » -
14 November
အင်ဘာပါဒေသ တောင်ယာစပါးခင်းများ ကြွက်ဘေးကြောင့် ရိတ်သိမ်းဖို့စပါးမရှိတော့ဘူးလို့ တောင်သူတွေပြော
ဗန်းမော်ခရိုင် မံစီမြို့နယ် အင်ဘာပါဒေသထဲက…
Read More » -
14 November
မြစ်ကြီးနား-ကန်ပိုက်တည်လမ်းပိုင်း အကန့်အသတ်ဖြင့်ပြန်ဖွင့်
ကချင်ပြည်နယ် မြစ်ကြီးနား– ကန်ပိုက်တည်လမ်းပိုင်းပြန်ဖွင့်ပေမယ့် ကန့်သတ်ချက်တွေရှိနေသေးတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ စစ်ရေးအခြေနေကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လကနေ အောက်တိုဘာလ ၁၉ ရက်နေ့ထိ ပိတ်ထားတဲ့ မြစ်ကြီးနား–ကန်ပိုက်တည်လမ်းပိုင်းကို စစ်တပ်ဘက်က နိုဝင်ဘာလ ၆ ရက်နေ့ ပြန်ဖွင့်ပေးလိုက်ပြီလို့ ကံပိုက်တည်ဒေသခံတွေပြောပါတယ်။…
Read More » -
12 November
ဖားကန့် မြေစာပုံပြိုကျမှုမှာ ကယ်ဆယ်ရေးလုပ်ဆောင်မှုမရှိ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာ မြေစာပုံပြိုကျမှုမှာ ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်တာလည်းမတွေ့ရဘူးလို့စုံစမ်းသိရပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်း ၁၂ နာရီဝန်းကျင် မှော်စီစာရွာ တင်အောင်ကြိုင်လုပ်ကွက်ဟောင်း မြေနေရာပြိုကျခဲ့တာဖြစ်ပြီး သေဆုံးသူ ၂၀ ဦးထက်မနည်းရှိနိုင်တယ်လို့သိရပေမယ့် ကယ်ဆယ်ရေးလုပ်ဆောင်တာမတွေ့ရဘူးလို့ ဖားကန့်ဒေသခံတွေပြောပါတယ်။ ဒေသခံတစ်ဦးက ပြောပါတယ်။…
Read More » -
11 November
နမ်ဘူယန်ကျေးရွာနီး စက်ယန္တရားကြီးနဲ့ရွှေတူးဖော်မှုစတင်လာတာကြောင့် ရွာနယ်မြေအထိရောက်လာမှာ ဒေသခံတွေစိုးရိမ်
ကချင်ပြည်နယ် ပူတာအိုခရိုင်…
Read More » -
11 November
အင်းတော်မှာတိုက်ပွဲဆက်ပြင်းထန်နေပြီး ဂျပန်လှိုဏ်ဂူနေရာနဲ့ ဗျူဟာကုန်းတစ်ခုသာကျန်တယ်လို့ဆို
စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြောပါတယ်။ အင်းတော်မြို့သိမ်းတိုက်ပွဲအဖြစ် နိုဝင်ဘာလ ၁ ရက်နေ့ကစ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ ကာကွယ်ရေးတပ် PDF အပါအဝင် ကျောင်းသားတပ်မတော် ABSDF ပူးပေါင်းအဖွဲ့ စစ်ဆင်ရေးဆောင်ရွက်နေတာဖြစ်ပြီး မြို့တွင်းရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးရုံးတို့ကို သိမ်းပိုက်ရရှိထားပြီးဖြစ်ပါတယ်။…
Read More » -
11 November
SNA တပ်သားသုံးဦး PDF ထိန်းချုပ်ထားတဲ့ရွာဘက် ဝင်ရောက်လာတဲ့အတွက် ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေ၊ တစ်ဦးဖမ်းခံရ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ SNA တပ်သားသုံးဦး PDF တပ်ထိန်းချုပ်ထားတဲ့နယ်မြေထဲဝင်ရောက်လာတဲ့အတွက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး SNA တစ်ဦးသေဆုံးကာ တစ်ဦးအရှင်ဖမ်းမိထားပြီး နောက်တစ်ဦးထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဟုမ္မလင်းကာကွယ်ရေးတပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။…
Read More » -
11 November
မိုးမောက်စစ်မျက်နှာပြင် သုံးလကျော်ကြာမြင့်လာတဲ့အထိ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲ
ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်မြို့နယ်ဘက်ကို စစ်ကောင်စီတပ်တွေ တင့်ကားကြီးတွေနဲ့ ဆက်တိုက်ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို…
Read More » -
11 November
နောင်မွန်မြို့မှာ ခရမ်းချဥ်သီးတစ်လုံး ကျပ်တစ်ထောင်အထိ စံချိန်တင်စျေးမြင့်တက်
ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့ပေါ်မှာ ခရမ်းချဥ်သီးတစ်လုံး ကျပ် ၁၀၀၀ (တစ်ထောင်)ပေးဝယ်ရတဲ့အထိ စံချိန်တင်ကုန်စျေးနှုန်း မြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပူတာအိုမြို့နဲ့ မိုင် ၆၀ ဝန်းကျင်သာဝေးတဲ့ နောင်မွန်မြို့မှာ လမ်းပမ်းဆက်သွယ်ရေးခက်ခဲမှု၊စက်သုံးဆီစျေးမြင့်တက်မှုတွေကြောင့် တန်ဆာခ ဂျက်ဖာအသေးတစ်ဖာ ၅၀၀၀၀ (ငါးသောင်း) အထိ ပေးဆောင်ရတာကြောင့် နောင်မွန်မြို့ပေါ်မှာ အခြေခံစားသောက်ကုန်စျေးနှုန်း စံချိန်တင်မြင့်တက်နေတယ်လို့ နောင်မွန်မြို့ခံအမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။…
Read More » -
11 November
TNLA ဖမ်းဆီးထားတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းလှိုင်ကို အမြန်ဆုံးလွတ်ပေးဖို့ ဒေသခံပြည်သူ ၄၀၀ ကျော်တောင်းဆို
ရှမ်းမြောက် နမ္မတူမြို့နယ် တအာင်းတပ်မတော် TNLA ဖမ်းဆီးထားတဲ့ NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်ကို အမြန်ဆုံးလွတ်ပေးဖို့ ဒေသခံပြည်သူ ၄၀၀ ကျော်လက်မှတ်ရေးထိုးပြီး PSLF/TNLA ဗဟိုဌာနချုပ်ကိုတောင်းဆိုထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။…
Read More »









