,
ထောင်ဒဏ် ၁၅ရက် ပြစ်ဒဏ်ချမှတ်ခံရခြင်းကြောင့် တရားသူကြီးကို ချိန်ခွင်ပျက်တစ်ခု ပေးခဲ့သော ကချင်လူငယ် ကိုပေါလုကို မြစ်ကြီးနား မြို့နယ်တရားရုံးက ယနေ့ ထောင်ဒဏ် ၃လ ထပ်မံ ချမှတ် လိုက်ပါသည်။ လမ်းဘေးတေးသရုပ်ဖော်ပြမှုနဲ့ပတ်သက်ပြီး ကိုပေါလုနှင့် မဆိုင်းနူးပန် တို့၂ဦးကို ယခုအပတ် တနလာင်္နေ့ ထောင်ဒဏ် ၁၅ရက် ချမှတ်ခဲ့သည့်အပေါ် တရားမျှတမှုမရှိကြောင်း အမှတ်အသားအဖြစ် ကိုပေါလု က တရားသူကြီး ဦးသန်းထွန်းအား ချိန်ခွင်ပျက် ပေးခဲ့သည်ဟု သိရပါသည်။ ထို့ကြောင့်
ကချင်စစ်ဘေး (၈)နှစ်ပြည့် လမ်းဘေးတေးသရုပ်ဖော် လှုပ်ရှားမှု ဦးဆောင်ခဲ့သော ကချင်လူငယ် (၂)ဦးကို စက်တင်ဘာလ (၂)ရက်၊ ယနေ့ မြစ်ကြီးနားမြို့နယ်တရားရုံးမှ ထောင်ဒဏ် (၁၅)ရက် စီရင်ချက် ချလိုက်သည်။ ကို Paw Lu နှင့် မ Seng Nu Pan တို့အား အပြစ်ရှိကြောင်းဝန်ခံလျှင် ငွေဒဏ် ၃ သောင်း၊ အပြစ်မရှိကြောင်းငြင်းဆိုလျှင် ထောင်ဒဏ် (၁၅)ရက် ရွေးချယ်ရန် တရားရုံးမှစီရင်လိုက်ခြင်း အပေါ် လူငယ်ခေါင်းဆောင်