,
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့နှင့် အနီးတစ်ဝိုက် စစ်ရှောင်စခန်းများတွင် မိုးရေကို သောက်ရေသုံးရေ အဖြစ် အသုံးပြုနေရသောကြောင့် စစ်ရှောင်ပြည်သူအချို့ ဝမ်းပျက်သည့်ရောဂါ ခံစားနေကြရကြောင်း သိရသည်။ လက်ရှိ မိုးရာသီကာလ မိုးရေကြီးချိန် စစ်ရှောင်စခန်းများတွင် ရေပိုက်လိုင်းများ ပြတ်တောက်နေသဖြင့် မိုးရေများကို ခံယူပြီး သောက်ရေသုံးရေအဖြစ် အသုံးပြုနေသည်ဟု ဖွန်လွန်ယန်စစ်ရှောင်စခန်းမှ စစ်ရှောင်ပြည်သူ တစ်ဦးက ပြောသည်။ “ကျမတို့ စခန်းမှာ မိုးအရမ်းကြီးရင် ရေမထွက်တော့ဘူး။ ရေဗုံးအကြီးထဲ မိုးရေခံပြီး သုံးနေကြတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်မှ စစ်ဘေးရှောင်စခန်းများ ယိုယွင်းပျက်စီးလာသည့်အတွက် ပြင်ဆင်ရန် လိုအပ်နေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။ "ဝါးနဲ့ပဲ လုပ်ထားတဲ့ကြမ်းခင်းတွေဆိုတော့ အချိန်ကြာလာတာနဲ့အမျှ ဆွေးသွားတာတွေလည်း အများကြီးရှိတယ်။ အပေါ်ကဆိုလည်း မိုးကယိုတော့ ဒီကြမ်းခင်းတွေက ပိုပြီးဆွေးလွယ်တာပေါ့။ တစ်ခါတစ်လေ အဆောင်ထဲဝင်တာနဲ့ ကြမ်းခင်းတွေ နင်းမိပြီး ကြိုးသွားတာတောင်ရှိတယ်။ ပြီးရင် အဆောက်အဦးက သစ်ကောင်းတာနဲ့ လုပ်ထားတာ မဟုတ်တော့ ပိုးတွေစားပြီးဆွေးလာတယ်။ အောက်ခြေ foundation ဘက်ကနေတောင် ပိုးတွေစားပြီး အကုန်ပျက်စီးနေပြီ" ဟု