ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
,
ဖားကန့်မြို့တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ် နှင့် ရဲများသည် ကချင်လူငယ်တစ်ဦးကို အကြောင်းမဲ့ပစ်သတ်သွားပြီး ရုပ်အလောင်းကိုလည်း မိသားစုဝင်များကို ပြန်မပေးကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ည ၉ နာရီခွဲအချိန်ခန့်တွင် ဖားကန့် မြို့မရပ်ကွက်၊ ကလပ်ကုန်းတွင် ဆိုင်ကယ်၊ ကားဖြင့် ကင်းလှည့်ပတ်နေသည့် စစ်ကောင်စီရဲနှင့် စစ်သားများက ဆိုင်ကယ်စီးနင်လာသည့် လူငယ်တစ်ဦးကို စစ်ဆေးရန်တားစီးစဥ် ယင်းလူငယ်သည် ကြောက်လန့်သဖြင့် ဆိုင်ကယ်မောင်းပြေးရာ စစ်ကောင်စီတပ်က ထိုနေရာတွင် ပစ်သတ်လိုက်ကြောင်းဖြစ်စဥ်သိရှိသူ အေးမြသာယာရပ်ကွက်မှအမျိုးသားတစ်ဦးက KNG ကို ပြောသည်။ ''ဖြစ်စဥ်က ရွာထဲကို
KIA တပ်မဟာ ၂ နယ်မြေမှ ထွက်လာချိန် တနိုင်းမြို့တွင် ဖမ်းဆီးခံလိုက်ရသည့် ကချင်လူငယ် ၂၉ ဦးအနက် အသက်မပြည့်သူများကို ပြန်လွတ်ပေးခဲ့ပြီး အသက်ပြည့်သူများကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ လူငယ် ၂၉ ဦးမှာ ပြီးခဲ့သောနှစ် ၂၀၂၁ မေလ ၁၅ ရက်နေ့ တနိုင်းမြို့ဝင် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီးနောက် တရားရင်ဆိုင်ခဲ့ကြရာ ၇ လကြာပြီးနောက် ဒီဇင်ဘာလ ၉ရက်နေ့တွင်