ဖမ်းဆီးခံရမှုသတင်း

ပြည်သူ့စစ်အဖွဲ့ ဖမ်းသွားတဲ့ ကချင်လူငယ်တစ်ဦး မပခ ပို့ခံရ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာမှာတပ်စွဲနေထိုင်တဲ့ စစ်ကောင်စီလက်အောက်ခံ ရွှေမင်းပြည်သူ့စစ်တပ်က ဖမ်းဆီးသွားတဲ့ ကချင်လူငယ်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ ကိုပို့လိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖမ်းဆီးခံရသူမှာ အသက် ၂၃ ဝန်းကျင် လမြန်ကျေးရွာက ဘာလမ်ဟောင်းဇောင်းဆိုသူဖြစ်ပြီး စက်တင်ဘာလ ၂၅ ရက်နေ့ ဝူယန်ဂိတ်မှာ လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးတဲ့ချိန် ဖုန်းမှာ KIA ယူနီဖောင်းဝတ်ထားတဲ့ ဓါတ်ပုံတစ်ပုံကြောင့် ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းခံရတဲ့လူငယ်က စစ်ဆေးတဲ့အချိန် သူ့ဖုန်းထဲမှာ KIA စစ်ဝတ်စုံနှင့်ရိုက်ထားတဲ့ပုံပါလို့ ဖမ်းသွားတာလို့သိရတယ်။ တကယ်တော့သူက KIA စစ်သားမဟုတ်ဘူး။ အရင်ကသူဘာသာရေးမှာ စေတနာ့ဝန်ထမ်းအလုပ်လုပ်တာ။ သူတာဝန်ကျတဲ့ရွာက KIA စစ်စခန်းနဲ့နီးတော့ ဓာတ်ပုံရိုက်ထားတာနေမှာ။ တိုင်းထိခေါ်သွားကြတယ်ဆိုတဲ့သတင်းကလွဲ ခုထိ ဘာသတင်းမှ ပြန်မကြားရသေးဘူးလို့ဖမ်းဆီးခံရသူနဲ့နီးစပ်သူ တစ်ယောက်က ပြောပါတယ်။

ဖုန်းထဲက ဓါတ်ပုံတစ်ပုံကြောင့် မေးမြန်းခြင်းမရှိ ဖမ်းဆီးပြီးမပခ တိုင်းအထိပို့လိုက်တာဟာ ပြည်သူ့စစ်အဖွဲ့က ပြည်သူတွေကို တမင်ခြိမ်းခြောက်တာဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဝိုင်းမော်မြို့နယ် ဝူယန်ရွာထိပ်မှာ တပ်စွဲနေထိုင်တဲ့ ရွှေမင်းပြည်သူ့စစ်အဖွဲ့ဟာ လမ်းသွားလမ်းလာ အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးနေတဲ့အပြင် အခုရက်ပိုင်းဆို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုပါ ပြုလုပ်နေတယ်လို့ ဝူယန်ဒေသခံတစ်ဦးက ပြောပါတယ်။

သူတို့က ညအချိန်မတော်လည်း ပစ်တယ် မနက်အစောလည်းထပစ်တယ်။ပြည်သူတွေအတွက် တကယ်စိတ်အနှောက်ယှက်ဖြစ်စေတယ်။ စခန်းပစ်ခံရတာမဟုတ်ဘူး သူတို့ဖာသာ လျှောက်ပစ်နေတာ ရွာထဲနေပြီး ဒီလိုလုပ်တာမကောင်းပါဘူး လို့ ပြောပါတယ်။

ဝူယန်ရွာမှာတပ်စွဲနေထိုင်တဲ့ အဲဒီရွှေမင်းပြည်သူ့စစ်စခန်းဟာ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လမ်းသွားလမ်းလာပြည်သူတွေဆီက ငွေကြေးတောင်းခံတာတွေ မကြာခနပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီဂိတ်နေရာကို KIA ဘက်ကလည်း မကြာခနဆိုသလို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ တိုက်ခိုက်ခံရချိန် ပြည်သူ့စစ်ဘက်က ထိခိုက်သေဆုံးမှု အများဆုံးကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။

Show More

Related Articles

Back to top button