ကရင်ချောင်ကျေးရွာအနီးက ကျောက်စိမ်းတူးသည့် အလုပ်သမား ၃၀ ကျော် ဖမ်းဆီးခံထားရ

ဖားကန့်မြို့နယ် ကရင်ချောင်ကျေးရွာအနီးတွင် ကျောက်စိမ်းတူးသည့် အလုပ်သမား ၃၀ ကျော်ဖမ်း ဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ တစ်နိုင်တစ်ပိုင် ကျောက်တူးပြီးပြန်လာသည့် ကျောက်တူးသမား ၃၀ ကျော် နိုဝင်ဘာ ၂၃ ရက်နေ့ ည ၅နာရီ ခွဲ အချိန်ခန့်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး ပြန်လွတ်လာခြင်းမရှိသေးကြောင်း ဖားကန့်မြို့မှ အမျိူးသားတစ်ဦးက KNG သတင်းကိုပြောသည်။ ''ဖမ်းခံရတာကမနေ့တုန်းကတည်းက ဖမ်းခံရတာရှိတယ် ကျောက်တူးသွားတဲ့လူငယ်တွေကိုဖမ်းတာ အဲ့တာပြန်မလွတ်သေးဘူးဗျ။ ကရင်ချောင်ဘက်မှာဖမ်း ကရင်ချောင်ကတော့မဟုတ်ဘူး။ တခြားရွာကလာတဲ့ကလေးတွေ ပြန်လွတ်လာတာခုထိတော့မကြားသေးဘူး''ဟု အထက်ဖော်ပြပါ အမျိူးသားက ပြောသည်။ ယင်းလူငယ်များကို ကရင်ချောင်ကျေးရွာအနီး