ကလေးမြို့ တောင်ဘက်တွင် ယခုရက်ပိုင်း တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ် အထိနာ

စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းတွင် ကလေး ပြည်သူ့ကာကွယ်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်မှ အထိနာနေ ကြောင်း ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။ ဧပြီလ ၂၇ ရက်နေ့စတင်ကာ ယနေ့ထိ တိုက်ပွဲ ဆက်တိုက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်မှ အထိနာနေကြောင်း ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။ "ဒီရက်ပိုင်းအဓိက တိုက်ပွဲပြင်းထန်ခဲ့တာကတော့ ဧပြီလ ၂၇ ရက်နေ့လောက်ကပေါ့။ အဲ့နေ့တုန်းက အရှေ့စည်းကျေးရွာ ဝန်းကျင်မှာ တိုက်ပွဲတော်တော်လေးပြင်းထန်ခဲ့တယ်။