ကောင်လွင်ရွာ

  • Feb- 2024 -
    8 February
    သတင်း

    မံစီမြို့နယ် ကောင်လွင်မှာ ဘိန်းမဲ ၁ပိဿာ ၅၀ ကျပ်သားနဲ့ ငွေကျပ်သိန်းတစ်ရာကျော် ဖမ်းဆီးရမိ

    ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ ကောင်လွင်ရွာမှာ ဘိန်းမဲ၁ ပိဿာ ၂၅ကျပ်သားနဲ့ ငွေသားသိန်းတစ်ရာကျော်ဖမ်းဆီးသိမ်းဆည်းခဲ့ရတယ်လို့ ကောင်လွင်ဒေသအခြေစိုက် လူထုမူးယစ်ဆေးဝါးတိုက်ဖြတ်ရေး တာဝန်ခံတွေဆီကနေသိရပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၇ ရက်နေ့ မနေက နေ့လည် ၁၀နာရီဝန်းကျင်အချိန် ကောင်လွင်ဒေသ၊ လောခိုင်ရွှေမော် မှာ မူးယစ်ဆေးဝါးရောင်းဝယ်နေတာကို သတင်းရပြီးသွားရောက်ချိန် ဘိန်းအရောင်းအဝယ်လုပ်နေတဲ့အသက် ၆၀ကျော်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၄၀ကျော်အရွယ် အမျိုးသမီး ကိုဖမ်းဆီးခဲ့ပြီးသူတို့နဲ့ အတူငွေသား သိန်းတစ်ရာကျော်နဲ့ ဘိန်းမဲ တစ်ပိဿာနဲ့ ၅၀ကျပ်သားကို ဖမ်းဆီးရမိခဲ့တယ်လို့ ကောင်လွင်ဒေသအခြေစိုက် လူထုမူးယစ်ဆေးဝါးတိုက်ဖြတ်ရေး တာဝန်ခံတစ်ဦးက ပြောပါတယ်။ “သတင်းပေးတဲ့ သူဆီကနေသတင်းရလို့ သွားတဲ့ချိန် အိမ်မှာရောင်းဝယ်နေတော့ သက်သေနဲ့တကွလက်ပူးလက်ကြပ်ဖမ်းမိခဲ့တာပေါ့”လို့ပြောပါတယ်။ ဒါအပြင် ဖမ်းဆီးရမိတဲ့ လူနှစ်ယောက်ဟာ ကောင်လွင်ဒေသထဲက လောခိုင်၊ ပန်တိုင်း နဲ့ ဆလပ်စတဲ့ရွှေမှော်တွေမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးနေတဲ့ သူတွေ ဖြစ်တယ်လို့ ကောင်လွင်ဒေသလူထုမူးယစ်ဆေးဝါးတိုက်ဖြတ်ရေးတာဝန်ခံက ဆက်ပြောပါတယ်။ “သူတို့နှစ်ယောက်က ရွှေမှော်တွေမှာဖြန့်တာ လောခိုင်၊ပန်တိုင်းနဲ့ ဆလပ်စတဲ့ ရွှေမှော်တွေမှာ က လူစုံတယ်လေ အဲမှာဖြန့်တာပေါ့”လို့ သူကပြောပါတယ်။ လက်ရှိဖမ်းဆီးရမိတဲ့ လူနှစ်ယောက်ကိုတော့ သက်ဆိုင်ရာ ကေအိုင်အို KIO ထိန်းချုပ်မှုအောက်က တရားရုံးကို ပို့ဆောင်ပေးထားတာဖြစ်ပြီး တရားစွဆိုမှာဖြစ်တယ်လို့ သိရပါတယ်။ ကောင်လွင်မှာ ပြီးခဲ့တဲ့ ၂၀၂၃၊ နိုဝင်ဘာ ၃ရက်နေ့က ငွေကျပ်တန်ဖိုး သိန်း၂၀ ကျပ်ရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ရောင်းဝယ်ဖောက်ကားမှုတွေ ပြုလုပ်နေတဲ့ လူ ၄ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ကောင်လွင်ဒေသလူထုမူးယစ်ဆေးဝါးးတိုက်ဖြတ်ရေးအဖွဲ့က သက်ဆိုင်ရာ ကေအိုင်အို ထိန်းချုပ်မှုအောက်ကတရားရုံးကိုလွဲအပ်ခဲ့ပေမယ့်လည်း ပိုက်ဆံပေးပြီး ပြန်လည်ရွေးယူသွားခဲ့တယ်လို့တာဝန်ခံတွေဆီကနေ သိရပါတယ်။ ကောင်လွင်ဒေသ လောခိုင်ရွှေမှော်ဟာ အိမ်ခြေ ၁၅၀ကျော်ရှိပြီး အနယ်နယ်အရပ်ရပ်က တိုင်းရင်းသားလူမျိုးတွေလည်း ရွှေမှော်မှာ လာရောက်အလုပ်လုပ်နေကြတဲ့ နေရာ တစ်ခုလည်းဖြစ်ပါတယ်။ ကောင်လွင်ကျေးရွာကတော့ ဗန်းမော်ခရိုင် မံစီမြို့ နယ်မှာလည်းပါဝင်ပြီး ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ် အစပ်နားမှာတည်ရှိကာ ကေအိုင်အေ KIA တပ်ရင်း ၁၂ နယ်မြေလည်းဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှုမရှိတော့တဲ့ မြန်မာနိုင်ငံဟာ ဘိန်းစိုက်ထုတ်မှု အများဆုံး‌ ရှမ်းပြည်နယ်ဖြစ်ပြီး တစ်နိုင်ငံလုံးက စိုက်ပျိုးမှုနှုန်း ၈၈ ရာခိုင်နှုန်းက ရှမ်းပြည်နယ်က ဖြစ်တယ်လို့ UNODE မှာဖော်ပြထားပါတယ်။ အဲဒီထဲမှာတော့ ကချင်နဲ့ချင်းပြည်နယ်တို့က အများဆုံးစိုက်ပျိုးပြီး UNODC ရဲ့ ၂၀၂၃ ဒီဇင်ဘာ ၁၂ရက်နေ့ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ By – Hope

    Read More »
Back to top button