ကျောက်ကြီးရွာ
-
Jul- 2023 -21 Julyသတင်း
ရွှေကူမှာ စစ်ကောင်စီစစ်ကြောင်းကို မြို့လှကာကွယ်ရေးတပ်ကတိုက်ခိုက် စစ်တပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံး
ရွှေကူမြို့နယ် ကျောက်ကြီးရွာကနေ ဆင်တပ်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံးပြီး ၁၅ ဦးလောက်ဒဏ်ရာပြင်းထန်ရရှိသွားတယ်လို့ မြို့လှကာကွယ်ရေးတပ်ကနေ သိရပါတယ်။ အဲဒီစစ်ကြောင်းဟာ မနေ့က မနက်ပိုင်း ၄ နာရီဝန်းကျင်မှာ ကျောက်ကြီးရွာကနေ ရွှေပဒေသာရွာကို အရင်ဝင်ရောက်လာခဲ့ပြီး ရွှေပဒေသာရွာမှာ ချက်ပြုတ်စားသောက်ပြီးနောက် ညနေ ၅နာရီဝန်းကျင်မှာ ဆင်တပ်ရာဘက်ကို ဆက်ပြီးစစ်ကြောင်းထိုးလာချိန် မြို့လှကာကွယ်ရေးတပ်က ဗိုလ်မိုးကြိုး ဦးစီးတဲ့အဖွဲ့ကနေ ဆင်တပ်ရွာမရောက်ခင် လမ်းခုလတ်တစ်နေရာမှာ စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ “သူတို့က ရိက္ခာတင်သင်္ဘောတက်လာမယ့် လမ်းကြောင်းတစ်လျှောက် လမ်းကြောင်းရှင်းချင်တဲ့သဘော နယ်မြေရှင်လင်းရေးပုံစံနဲ့စစ်ကြောင်းထိုးလာတာ မိုင်း ၂ ကြိမ်ဆွဲခံလိုက်ရတော့ မနေ့သူတို့တော်တော်လေး အထိနာသွားတယ်” လို့ မြို့လှကာကွယ်ရေးတပ်က တာဝန်ရှိသူကပြောပါတယ်။ တိုက်ခိုက်ခံလိုက်ရတဲ့စစ်ကောင်စီတပ် စစ်ကြောင်းတွေကတော့ တပ်မ ၈၈ လက်အောက်ခံ…
Read More » -
Aug- 2022 -10 Augustသတင်း
ရွှေကူတွင် စစ်ကောင်စီတပ်ကို KIA မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အရာရှိ ၁ ဦးအပါအဝင် ၅ ဦးထက်မနည်း သေဆုံး
ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်၏ ခြေလျှင်စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ယနေ့ နံနက် ၄ နာရီဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၄ ဦးထက်မနည်း သေဆုံးကြောင်း ဒေသတွင်း သတင်းရင်းမြစ် မှ သိရသည်။…
Read More »