စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် NUG မှ လျှို့ဝှက် ကမ်းလှမ်း ဟူသော သတင်းအမှား
,
စစ်ကိုင်းတိုင်းဒေသ မင်းကင်းမြို့နယ် တောင်ယာတောကျေးရွာရှိ စစ်ကောင်စီတပ်၏ ရေယာဉ်စစ်ဆေးရေးဂိတ်စခန်းကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F) သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက် ၅ ဦးထက်မနည်းသေဆုံး လက်နက်ခဲယမ်းတစ်ချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ စက်တင်ဘာလ ၂၁ရက်နေ့ မွန်းလွှဲ ၃နာရီဝန်းကျင်တွင် ပြည်သူများအပေါ်မတရား ရိုက်နက် စစ်ဆေးမှုများပြုလုပ်ကာ ငွေကြေးကောက်ခံနေသည့် ရေယာဉ်ဂိတ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(S.R.F) မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။ “စခန်းက ကမ်းနားမှာတည်ထားတာ ပျူစောထီးတွေလည်းပါတယ်။ သူတို့ရဲ့နယ်မြေဖြစ်တော့ အေးဆေးနေကြတယ်။ ပုံမှန်ဆို