,
ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးဒေသ မြေဧက ၃သိန်းကျော်တွင် Fortuna Metals Company က ရွှေနှင့်သတ္တုတူးဖော်ရေး စမ်းသပ်ရှာဖွေမယ့်လုပ်ငန်းကို ဒေသခံများသဘောတူကြောင်း အစိုးရက ပြောဆိုနေသော်လည်း ခေါင်လန်ဖူးဒေသခံများကိုယ်တိုင် အဆိုပါစီမံကိန်းကို မသိရှိရကြောင်း KNG က သွားရောက် မေးမြန်းနိုင်ခဲ့သည်။
ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်ရှိ မြေဧက ၃သိန်းကျော်တွင် သတ္တု၊ ကြေးနီတူးဖော်မည့်အစီစဉ်ကို ရပ်ဆိုင်းထားရန် Fortuna Metals Company ကစာတင်ထားသည်ဟု ဇူလိုင်လ ၁၇ရက်နေ့ ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ် အစိုးရအဖွဲ့သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်ဒေါက်တာခက်အောင် က ပြောသည်။