လက်နက်ကြီးကျည်ဟောင်း ပေါက်ကွဲမည်ကို ချီဖွေ စစ်ရှောင်များ စိုးရိမ်

ကချင်ပြည်နယ် ချီဖွေ (Chipwi) စစ်ရှောင်စခန်းတွင် ကျရောက်သော (၁၁၀) မမ အမြောက်ဆံဟောင်း၏ အရင်းပိုင်းကို မြန်မာအစိုးရ စစ်သားများ ထုတ်ယူခဲ့သော်လည်း ပေါက်ကွဲနိုင်သည့် ထိပ်ဖူးအပိုင်းကို ကျန်ထားသောကြောင့် စစ်ရှောင်များ စိုးရိမ်နေကြပါသည်။ “လာတူးဖော်တာတော့ သိပ်မကြာသေးဘူး။ ကျနော်တို့က လာတူးကြပြီဆိုတော့ အရမ်းဝမ်းသာနေတာ ဒါပေမယ့် ပိုအန္တာရယ်ရှိတဲ့အပိုင်းက ချန်ထားသေးကြတော့ စိတ်က မအေးရသေးဘူး။ ဘယ်နေ့ပြန်လာဖော်မယ်ဆိုတာလည်း သေချာမသိသေးဘူး” ဟု စစ်ရှောင်တာဝန်ခံ တစ်ဦးဖြစ်သူ ဦးလဆော့လွမ်းဇေ (Lasaw Lum…