ရေကြီးနေချိန် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုပိုဆိုးလာ

မိုးကောင်းမြို့မှာ ရေကြီးရေလျှံဖြစ်နေတာကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု ပေါ်ပေါ်ထင်ထင်လုပ်နေကြတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

လက်ရှိမှာ ရောင်းဝယ်သုံးစွဲမှု အဆိုးဆုံးနေရာက ရွာသစ်ရပ်ကွက်၊ အဘောက်ဆိုင်အနီး ကွန်ကရစ်လမ်းပေါ် ဖြစ်တယ်လို့ ဒေသခံတစ်ဦး KNG ကို ပြောပါတယ်။

သူတို့ အရင်က သုံးစွဲနေတဲ့ နေရာတွေက ရေနစ်နေတယ်။ နောက်ပြီး ရဲတွေနဲ့ ဌာနဆိုင်ရာတွေကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အာရုံစိုက်နေရတဲ့အချိန်ကို အခွင့်ကောင်းယူပြီး လမ်းမပေါ်အထိ ကိုယ်တိုင်လာရောက် ရောင်းချနေကြတာပါ” လို့ သူက ဆိုပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေကို အများဆုံးတွေ့ရတဲ့အချိန်ကတော့ မနက်ပိုင်းနဲ့ ညနေပိုင်းတွေ ဖြစ်ပြီး လူ ၂၀ ကနေ ၃၀ ဝန်းကျင်အထိ အုပ်စုလိုက်စုပြီး ရောင်းဝယ်သုံးစွဲနေကြတယ်လို့ သိရပါတယ်။

မြို့ခံတွေပြောတာက မူးယစ်ဆေးရောင်းဝယ်သုံးစွဲနေသူတွေဟာ ရေက ခါးလောက်အထိတက်လာတဲ့ အခြေအနေမှာတောင် မရပ်တန့်သေးဘဲ ရောင်းဝယ်နေကြဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

PSA

မိုးကောင်းမှာ မူးယစ်ဒိုင်တွေကို ရှောင်ပြေးခိုင်းထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ပြည်နယ်အဆင့် တာဝန်ရှိသူတွေက မေလ ၂၆ ရက်နေ့မှာ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မစခန်းမှူး၊ နယ်ထိန်းခေါင်းဆောင်တွေအပြင် အခြားရဲတပ်ဖွဲ့ဝင်တွေကိုပါ လာရောက်စစ်ဆေးခဲ့ကြပါတယ်။

အဲဒီနောက် မေလ ၂၉ ရက်နေ့မှာတော့ ရဲဒုတပ်ကြပ် သောင်းဟိန်းစိုးနဲ့ ရဲတပ်သား မျိုးဝင်းထူးတို့ အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃၀ နီးပါးအတွက် ပြောင်းရွှေ့မိန့် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

နောက်ဆက်တွဲအနေနဲ့ အဲဒီကာလ အတောအတွင်း မိုးကောင်းရပ်ကွက်တွင်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု အခြေအနေတွေ လျှော့ကျသွားခဲ့တာလည်း ဖြစ်ပါတယ်။

ဟိုတစ်လောက နည်းနည်းငြိမ်သွားပြီဟုတ်တယ်။ ခုကျတော့ ရေတက်နေချိန် ဘယ်သူကမှသူတို့ကိုအရေးမလုပ်ုနိင်တော့ အခွင့်ရေးကိုရနေကြတာ” လို့နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးပြောပါတယ်။

မူးယစ်ဆေးရောင်းဝယ်သူတွေဟာ ခုလို ရေကြီးလာတဲ့ အချိန်မှာတော့ လူတွေရွှေ့ပြောင်းဖို့ အလုပ်ရှုပ်နေတာကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါးတွေကို လွတ်လပ်စွာ ပြန်လည် ရောင်းဝယ်သုံးစွဲနေကြတာ ဖြစ်တယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ဆိုပါတယ်။

By – Hope

Show More

Leave a Reply

Back to top button