ချင်းတွင်းမြစ်ရေ
-
Jul- 2023 -19 Julyသတင်း
ချင်းတွင်းမြစ်ရေတက်လာတဲ့အတွက် ဟုမ္မလင်းမြို့ပေါ်ရပ်တစ်ခုနဲ့ကျေးရွာ ၉ ရွာရေနှစ်မြှုပ်နေ
စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့မှာ ချင်းတွင်းမြစ်ရေတက်တာကြောင့် မြို့ပေါ်ရပ်တစ်ခုနှင့်ကျေးရွာ အများစုရေနှစ်မြှုပ်နေတယ်လို့ ဟုမ္မလင်းဒေသခံတွေကနေ သိရပါတယ်။ ဟုမ္မလင်းမြို့ပေါ်နဲ့အနီးဝန်းကျင်ကျေးရွာတစ်ဝိုက်မှာ မိုးရွာသွန်းတာ သုံးရက်လောက်သာရှိသေးပေမယ့် မြစ်ဖျားဘက်မှာ တစ်လနီးပါးကြာ မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် ဇူလိုင် ၁၇ ရက်နေ့ညပိုင်းကစပြီး ချင်းတွင်းမြစ်ရေတက်လာတဲ့အတွက် မြို့ပေါ်ရပ်ကွက်တစ်ခုနဲ့ကျေးရွာ ၉ ရွာထက်မနည်း ရေနှစ်မြှုပ်နေတယ်လို့ ဟုမ္မလင်းမြို့နေ အမျိုးသားတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “ဒီမြို့ပေါ်မှာတော့မိုးရွာတာသုံးရက်လောက်ပဲရှိသေးတယ် မြစ်ဖျားဘက်ဥရုချောင်းတွေဘက် မိုးများလို့မြစ်ရေတက်လာ မြို့ ပေါ်မှာတော့ရေနှစ်တာအရမ်းမဆိုးသေးဘူး ဒါပေမယ့်…
Read More »