ချင်းတွင်းမြစ်
-
Jan- 2026 -14 Januaryသတင်း
ပိတ်မိနေတဲ့စက်လှေတွေရောက်လာပေမယ့် စားသောက်ကုန်တင်တဲ့စက်လှေမပါတာကြောင့် ဟုမ္မလင်းဒေသခံတွေအခက်တွေ့
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အတွက် သုံးလမှတစ်ကြိမ်ဝင်ရောက်လာတဲ့ ကုန်စက်လှေတွေထဲမှာ စားသောက်ကုန်နဲ့အခြေခံလူသုံးကုန်တင်တဲ့စက်လှေတွေပါမလာတာကြောင့် ဒေသခံတွေ ကုန်စျေးနှုန်းကြီးတာ၊ကုန်စည်ရှားပါးတာတွေကြုံတွေ့နေရဆဲလို့ ဟုမ္မလင်းဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ မုံရွာကနေ ဟုမ္မလင်းကို ဆန်တက်လာတဲ့ ကုန်စက်လှေအစီး ၂၀၀ ဝန်းကျင်ဟာ ချင်းတွင်းမြစ်မှာသုံးလကြာပိတ်မိခဲ့ပြီးနောက် ဇန်နဝါရီလဆန်ပိုင်းမှာမှ ဟုမ္မလင်းမြို့ပေါ်ကိုရောက်လာခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။ ဒါပေမယ့် အဲဒီစက်လှေထဲမှာ စားသောက်ကုန်နဲ့ နေ့စဥ်လူသုံးကုန်ပစ္စည်းတင်စက်လှေတွေတွေမပါလာတဲ့အတွက် ဒေသခံတွေအခက်အခဲ ဖြစ်နေတယ်လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးကKNG ကိုပြောပါတယ်။ “ရောက်ခဲ့တယ် ဒါပေမယ့် ဓာတ်ဆီ၊ဒီဇယ်နဲ့ဘိလပ်မြေတွေပါ့ တခြားဆောက်လုပ်ရေးပစ္စည်းတွေပဲပါတယ် စားသောက်ကုန်တို့ ပြီးတော့ ဆပ်ပြာတွေဘာတွေပေါ့အလှန်ကုန်တွေတင်တဲ့စက်လှေတွေကမရောက်ခဲ့သေးဘူး အခြေခံလူတန်းစားတွေတွက်က မထူးဘူး လုပ်ငန်းရှင်ကြီးတွေနဲ့တပ်က ပစ္စည်းတွေပဲပါတယ်”လို့ သူကပြောပါတယ်။ စစ်ရေးခြေနေကြောင့်ချင်းတွင်းမြစ်ကြောင်းပေါ်မှာ သုံးလကြာပိတ်မိခဲ့တဲ့ ကုန်စက်လှေ အစီး ၂၀၀ ဝန်းကျင်ဟာ ဇန်နဝါရီ လ ၆ ရက်နေ့ညကနေစပြီး ဟုမ္မလင်းမြို့ပေါ်ကိုစိုက်ရောက်လာခဲ့ပေမယ့် စားသောက်ကုန်နဲ့အခြားအခြေခံလူသုံးကုန်စက်လှေတွေတော့ဒီကနေ့အထိမရောက်သေးဘူးလို့သိရပါတယ်။ ဇန်နဝါရီလ ၆ ရက်နေ့က ရောက်လာခဲ့တဲ့ ကုန်စက်လှေတွေထဲမှာလည်း စစ်တပ်က စက်သုံးဆီနဲ့ဘိလပ်မြေတွေတင်တဲ့စက်လှေတွေက ထက်ဝက်ခန့်ပါတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ “စက်သုံးဆီရောက်တယ် ဒါပေမယ့် စျေးမကျဘူးအပြင်မှာက တပ်ထဲမှာတော့နည်းနည်းလျော့စျေးနဲ့ရောင်းပေးနေတယ်။ တပ်က စက်သုံးဆီပေပါတင်တဲ့စက်လှေတွေအများကြီးပါတယ်အခုစရောက်တဲ့ထဲမှာ”လို့ အထက်ဖော်ပြပါအသက် ၄၀ ကျော်အရွယ်အမျိုးသမီးကပြောပါတယ်။ စက်သုံးဆီတင်တဲ့စက်လှေတွေအများပိုင်းရောက်လာပေမယ့် စစ်တပ်ကတင်တဲ့စက်လှေတွေက ထက်ဝက်လောက်ပါနေတာကြောင့် ဒီကနေ့အထိ ဟုမ္မလင်းမြို့ပေါ်မှာစက်သုံးဆီစျေးကျတာမရှိသေးဘူးလို့သိရပါတယ်။ “ဆီပေပါတွေမရောက်ခင်ကလည်း ဓာတ်ဆီတစ်လီတာ တစ်သောင်းနှစ်ထောင် အခုလည်းတစ်သောင်းနှစ်ထောင်ပဲ ဒီဇယ်လည်းအတူတူပဲ ဆီပေပါမရောက်ခင်ကတည်းက တစ်လီတာ တစ်သောင်း ခြောက်ထောင်က အခုလည်း တစ်သောင်းခြောက်ထောင်ပဲ စျေးမကျလာဘူးတပ်ကဆီတွေပဲအများပိုင်းပါတာ”လို့နောက်ထပ် ဟုမ္မလင်းမြို့ခံတစ်ဦးက ပြောပါတယ်။ လက်ရှိဟုမ္မလင်းမြို့ပေါ်မှာစားသုံးဆီ၊ ဆား၊ငပိ၊ကွမ်းရွက်၊ ဆပ်ပြာ၊ခေါင်းလျှော်ရည်၊ စတဲ့အခြေခံစားသောက်ကုန်နဲ့လူသုံးကုန်တွေစျေးကြီးပေးဝယ်နေရပြီး ကုန်စည်ပြတ်တာတွေလည်းရှိတယ်လို့ သိရပါတယ်။ ဟုမ္မလင်းမြို့နယ်အတွက် အဓိက ကုန်စည်ဝင်ပေါက်ဖြစ်တဲ့ မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းဟာ စစ်အာဏာသိမ်းနောက်ပိုင်ကောလင်း၊ ကနီ၊ဖောင်းပြင်၊ ကလေးဝ၊ မော်လှိုက်စတဲ့မြို့နယ်တကြောမှာ တိုက်ပွဲတွေကြာင့် ရေကြောင်းပိတ်စို့မှုတွေမကြာခနကြုံတွေ့နေရတာဖြစ်ပါတယ်။ မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းပေါ်မှာရှိတဲ့ ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့တစ်ကိုတော့ ဟုမ္မလင်းPDF တွေထိန်းချုပ်ထားပြီး ရေကြောင်းရဲ့အများပိုင်းကိုစစ်ကောင်စီတပ်ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ စစ်ကောင်စီတပ်အနေနဲ့လည်း မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းကိုသုံးပြီး ဟုမ္မလင်း၊ဖောင်းပြင်၊ ခန္တီးဘက်ကို စစ်လက်နက်ပစ္စည်းနဲ့ စားနပ်ရိက္ခာတွေတစ်နှစ်ကို နှစ်ကြိမ်ကနေ သုံးကြိမ်အထိပို့ဆောင်လျက်ရှိပါတယ်။ By – Zaw Zaw
Read More » -
Jul- 2025 -7 Julyသတင်း
အသစ်ဖွဲ့လိုက်တဲ့ SNCN-K လှုပ်ရှားတပ်က ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်လုံခြုံရေးယူမည်ဟုဆို
ဗိုလ်ချုပ်အန်းမိုင်းဦးဆောင်တဲ့ NSCN-K အန်းမိုင်းတပ်ဖွဲ့ကနေ အသစ်တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ SNCN-K လှုပ်ရှားတပ်ဖွဲ့ဟာ ခန္တီးမြို့နယ်ထဲက ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်လုံခြုံရေးတာဝန်ယူသွားမှာဖြစ်ကြောင်းသိရပါတယ်။ NSCN-K အန်းမိုင်းတပ်ဖွဲ့ဟာ အမှတ် –၆ လှုပ်ရှားတပ်ဖွဲ့ဖြစ်တဲ့ SNCN-K ကို ဇူလိုင်လထဲမှာ တိုးချဲ့ဖွဲ့စည်းခဲ့တာဖြစ်ပြီး ယင်းတပ်ဖွဲ့အနေနဲ့ ခန္တီးဒေသနဲ့ ၊ခီယမ်နီဂန်ဒေသထဲက ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် လှည့်လည်ပြီးလုံခြုံရေးတာဝန်ယူသွားမှာဖြစ်တယ်လို့ NSCN-K အန်းမိုင်းတပ်ဖွဲ့မှတာဝန်ရှိိသူတစ်ဦးက KNG ကိုပြောပါတယ်။ “အမှတ် ၆ တပ်ဖွဲ့ကို အားဖြည့်ထားတယ် ဒီနာဂတပ် အမှတ် ၆ လှုပ်ရှားတပ်က မဟာဗျူဟာကျပြီး အသွားအလာကန့်သတ်တဲ့နေရာတွေဖြစ်တဲ့ ခန္တီးဒေသ၊ ခီယမ်နီဂန်ဒေသတွေမှာ လှည့်ပတ်သွားမှာဖြစ်ပါတယ်။ ဒီနာဂတပ်ရင်းက ချင်းတွင်းမြစ်ကြောင်းမှာ နေထိုင်သူတွေအတွက် နယ်မြေလုံခြုံရေး ကင်းလှည့်ဖို့ တာဝန်ရှိပါတယ်”လို့သူကပြောပါတယ်။ အဲ့ဒီအသစ်ဖွဲ့လိုက်တဲ့ အမှတ်–၆ တပ်ဖွဲ့ဖွင့်ပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က SNCN-K အန်းမိုင်းရဲ့ထိန်းချုပ်နယ်မြေထဲမှာပြုလုပ်ခဲ့ပါတယ်။ ခန္တီးမြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်ဟာ မြို့နယ်ချင်းထိစပ်နေတာဖြစ်ပြီး ဟုမ္မလင်းနယ်ထဲက ချင်းတွင်းမြစ်ကြောင်းရဲ့ နေရာအတော်များများကို ဟုမ္မလင်း PDF တွေက ထိန်းချုပ်ထားကြောင်းသိရပါတယ်။ “ချင်းတွင်းမြစ်ဒီဘက်တကြောက pdf တွေထိန်းချုပ်ထားတဲ့အပိုင်းတွေရှိတယ် သူတို့လှုပ်ရှားမယ်ဆိုတာက ဘယ်အထိဖြစ်လာမလဲပေါ့ ဒီဘက်ကိုရောက်လာရင်တော့ သူတို့နှစ်ဖွဲ့ပစ်ကြခတ်ကြမလား ဒီနေ့ထိတော့ နာဂလက်နက်ကိုင်အဖွဲ့နဲ့ ဒီကကာကွယ်ရေးတပ်တွေတော့အေးဆေးပဲပါ့”လို့ ဟုမ္မလင်းPDF နဲ့နီးစပ်တဲ့ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ ခန္တီးနဲ့ဟုမ္မလင်းဟာ ချင်းတွင်းမြစ်ကြောင်းပေါ်မှာတဆက်တည်း ရှိနေတာဖြစ်ပြီး ခန္တီးမြို့နယ်အစပ်မှာရှိတဲ့ ဟုမ္မလင်းနယ်ထဲက လင်းဖား၊ ထမံသီစတဲ့နေရာတွေမှာတော့ SNA နဲ့စစ်ကောင်စီတပ်တွေကထိန်းချုပ်ထားကြောင်းသိရပါတယ်။ ဗိုလ်ချုပ်အန်းမိုင်းဦးဆောင်တဲ့တပ်ဖွဲ့ဟာ စစ်ကောင်စီတပ်၊ SNAတပ်ဖွဲ့တွေနဲ့ နားလည်မှုယူထားတဲ့တပ်ဖွဲ့ဖြစ်ပြီး ခုလို ချင်းတွင်းမြစ်ပေါ်လုံခြုံရေးစတင်ယူလာတာဟာ ဟုမ္မလင်းနယ်ထဲ PDF ပူးပေါင်းတပ်က နယ်မြေစိုးမိုးမှုကျယ်ပြန့်လာနေတာကြောင့်ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းပြောဆိုနေကြပါတယ်။ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN…
Read More » -
Nov- 2023 -29 Novemberသတင်း
ဟုမ္မလင်းနယ် ချင်းတွင်းမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ကျေးရွာဘက်ကို စစ်ကောင်စီတပ်က ၂ ဆက်တိုက်လက်နက်ကြီးပစ်ခတ်နေ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ကျေးရွာဘက်ကို စစ်ကောင်စီတပ်က ၂ရက် ဆက်တိုက်လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဟုမ္မလင်းမြို့တွင်းက အထိုင်တပ်တစ်ခုဖြစ်တဲ့ အမှတ် ၂၂၂ ခြေလျင်တပ်ရင်းက စစ်ကောင်စီတပ်တွေဟာ ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ နောင်ဆန်းကျင်ကျေးရွာအုပ်စုဘက်ကို နိုဝင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းကစပြီး လက်နက်ကြီးတွေဆက်တိုက်ပစ်ခတ်နေတယ်လို့ နောင်ဆန်းရွာဒေသခံတစ်ဦးက KNGကိုပြောပါတယ်။ “မနေ့က မနက် ၈နာရီလောက်ကနေစပစ်တာပဲ ချင်းတွင်းမြစ်ဟိုဘက်ကမ်း ကက်သာရွာရဲ့…
Read More » -
29 Novemberသတင်း
တန့်ဆည်မြို့ကို ၉၀ ရာခိုင်နှုန်းသိမ်းပိုက်ထားပြီလို့ ကာကွယ်ရေးတပ်ဘက်ကအတည်ပြု
စစ်ကိုင်းတိုင်း တန့်ဆည်မြို့ပေါ်မှာ နိုဝင်ဘာ ၂၈ ရက်နေ့ ညပိုင်း ၁၁နာရီ တည်းက စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး တန့်ဆည်မြို့ကို ၉၀ ရာခိုင်နှုန်းအထိသိမ်းပိုက်ထားပြီလို့ တန့်ဆည်ကာကွယ်ရေးတပ်ဘက်က အတည်ပြုပါတယ်။ “အားလုံးပြီးအောင်တော့မသိမ်းနိုင်သေးပါဘူး ၉၀ ရာခိုင်နှုန်းသိမ်းထားပြီ လို့တော့…
Read More » -
Sep- 2023 -20 Septemberသတင်း
မင်းကင်းမှာ စစ်သင်္ဘောတစ်စီးတိမ်းမှောက်လို့ စစ်သားအပါအဝင် လူဦးရေ ၁၀၀ ကျော်သေဆုံးနိုင်
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်းစုန်ဆင်းလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောတစ်စီးတိမ်းမှောက်ခဲ့တဲ့အတွက် သင်္ဘောပေါ်မှာလိုက်ပါလာ တဲ့သူ ၁၀၀ ကျော်သေဆုံးနိုင်တယ်လို့ Student’s Revolutionary Force အဖွဲ့က ပြောပါတယ်။ စက်တင်ဘာလ ၁၉ရက်နေ့ မနေ့က မနက်ပိုင်း ၁၀နာရီလောက်မှာ ညွှန်မှူး နဲ့ ရေတပ်သား ၅ ယောက်၊ Non CDM ဆရာ ဆရာမတွေ၊ ကျောင်းသားကျောင်းသူ တချို့အပါအဝင် ပျူအဖွဲ့ဝင်တွေလိုက်ပါလာတဲ့ စစ်သင်္ဘောတိမ်းမှောက်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ SRF အဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “စစ်သင်္ဘောတွေက ရေလမ်းကြောင်းမှားတာရယ် စလင်ရဲ့ပေါ့လျော့မှုလို့ပြောလို့ရတယ်…
Read More »




