သတင်း

တန့်ဆည်မြို့ကို ၉၀ ရာခိုင်နှုန်းသိမ်းပိုက်ထားပြီလို့ ကာကွယ်ရေးတပ်ဘက်ကအတည်ပြု

စစ်ကိုင်းတိုင်း တန့်ဆည်မြို့ပေါ်မှာ နိုဝင်ဘာ ၂၈ ရက်နေ့ ညပိုင်း ၁၁နာရီ တည်းက စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး တန့်ဆည်မြို့ကို ၉၀ ရာခိုင်နှုန်းအထိသိမ်းပိုက်ထားပြီလို့ တန့်ဆည်ကာကွယ်ရေးတပ်ဘက်က အတည်ပြုပါတယ်။

အားလုံးပြီးအောင်တော့မသိမ်းနိုင်သေးပါဘူး ၉၀ ရာခိုင်နှုန်းသိမ်းထားပြီ လို့တော့ အတည်ပြုလို့ရပါတယ်လို့ တန့်ဆည်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

တန့်ဆည်မြို့ပေါ်က စာသင်ကျောင်း၊ ဆေးရုံနဲ့ တစ်ခြားသော စစ်ကောင်စီဘက်ကတပ်စွဲထားတဲ့နေရာတွေကိုသိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး အသေးစိတ် အခြေနေတွေကို ပြန်လည်ထုတ်ပြန်သွားမယ်လို့ သူကဆိုပါတယ်။

လက်ရှိမှာတော့ တန့်ဆည်မြို့ပေါ်က မြို့မရဲစခန်းတစ်ခုသာ သိမ်းဖို့ကျန်ရှိနေပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းအသုံးပြုတိုက်ခိုက်တာတွေ လုပ်နေတယ်လို့ ပြောပါတယ်။

မနေ့ည ၁၁ နာရီကစတဲ့ အစက အခုချိန်ထိပေါ့ လေကြောင်းပစ်ကူ ကလည်း နားလိုက်ပစ်လိုက်ပေါ့ လက်ရှိတော့ အပစ်အခတ်တွေ ခဏ ရပ်ထားပါတယ်လို့ လက်ရှိအခြေနေကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ MI 35 ရော ဂျက်ဖိုက်တာပါ အသုံးပြုတိုက်ခိုက်နေပြီး ထိခိုက်မှုအသေးစိတ်ကိုမသိရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် တစ်ဖက်မှာတော့ တန့်ဆည်မြို့နယ်ထဲက ဒေသခံတွေအများစုဟာ လည်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြ သလို လူနည်းစုတော့ မြို့တွင်းမှာကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button