ခြိမ်းခြောက်မှု
-
Dec- 2025 -2 Decemberသတင်း
ဖမ်းဆီးထားသူတွေကို ပြန်ရွေးခွင့်ပြုမှာမဟုတ်ပဲ ရွေးဖို့ပြင်နေတဲ့အိမ်ကိုလည်းမီးရှို့မယ်လို့ SNA ခြိမ်းခြောက်
ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် နန်းခွင်နဲ့ ပင်းဘောရွာတွေမှာ SNA နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေဖမ်းဆီးသွားတဲ့ တပ်သားသစ်တွေကို ပြန်ရွေးခွင့်ပြုမှာမဟုတ်သလို ရွေးထုတ်ဖို့ပြင်ဆင်တဲ့အိမ်တွေကို မီးရှို့မယ်လို့ SAN တပ်ကခြိမ်းခြောက်ထားကြောင်း ဒေသခံများထံမှ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့ မိုးကောင်းမြို့ထဲကို မပခ (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) တိုင်းမှူး၊နယ်ခြားစောင့်ခေါင်းဆောင်ဦးဇခုန်တိန့်ယိန်းတို့ ရောက်လာပြီး မကြာခင်ကျင်းပမယ့် စစ်တပ်ရဲ့ရွေးကောက်ပွဲအပြင် လက်ရှိစစ်ရေးအခြေနေတွေနဲ့ပတ်သက်ပြီး ဒေသတွင်းတာဝန်ရှိသူများကိုလာတွေ့ဆုံသွားတယ်လို့ ဒေသခံတွေပြောပါတယ်။ အဲဒီနောက် နိုဝင်ဘာလ ၂၉ ရက်နေ့ မိုးကောင်းမြို့နယ် နန်းခွင်နဲ့ပင်းဘောရွာတွေမှာ SNA နဲ့စစ်ကောင်စီပူးပေါင်းတပ်က လူငယ်၊လူလတ်ပိုင်း ၂၀ ကျော်ကိုဖမ်းဆီးသွားတာလို့ ဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။ “နန်းခွင်နဲ့ ပင်းဘောမှာ ရှမ်းနီဝင်ဆွဲတာ ၊ တိုင်းမှူးလာပြီးနောက်ရက် အဖမ်းခံရတဲ့ မိသားစုတွေမပြောရဲကြဘူး၊ အိမ်မီးရှို့မယ်လို့ခြိမ်းခြောက်သွားလို့တဲ့”လို့ ပြောပါတယ်။ မြစ်ကြီးနား– ရွှေဘို– မန္တလေးလမ်းမပေါ်ရှိ မိုးညှင်း၊မိုးကောင်းမြို့တွေဟာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့စစ်ကောင်စီတပ်တို့ဘက်က နယ်မြေအများပိုင်း စိုးမိုးထားနိုင်ဆဲဖြစ်ပြီး စစ်ရေးလှုပ်ရှားမှု ပုံမှန်ရှိနေတဲ့အပြင် လူသစ်စုဆောင်းမှုအများဆုံးလုပ်နေတဲ့နေရာတွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ မိုးကောင်းမြို့နယ်၊ နန်းခွင်ရွာအခြေစိုက် ခမရ (၅၂၁) တပ်ရင်းကို KIA နဲ့ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုဝင်ဘာ တတိယပတ်မှာ ဟိုပင်အထိုင်တပ်ရင်းတွေကနေ KIA၊ KPDF အထိုင်ချထားတဲ့ အရှေ့တောင်ကြောဘက်ကို လက်နက်ကြီး၊ ဒရုန်းအကူအညီနဲ့ တောက်လျှောက်ပစ်နေပြီး စစ်ကြောင်းထိုးလာတာကြောင့် စစ်ရေးတင်းမာနေတဲ့ အခြေအနေရှိတယ်လို့ ဒေသခံတွေပြောပါတယ်။ အလားတူ နိုဝင်ဘာလ ၂၆ ရက်နေ့ နောက်ဆုံးအပတ်မှာတော့ မိုးညှင်း– မိုးကောင်းကြားရှိ ဟိုပင်မြို့ အရှေ့ဘက်ခြမ်းရှိ နန့်ရင်းချောင်းကူးတံတားကိုလည်း SAN ပူးပေါင်းတပ်တွေက မြေတူးဆွကာဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။ အဲဒီနောက် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ နန်းခွင်၊ပင်းဘောတစ်လျှောက် လူသစ်စုဆောင်းတာတွေလုပ်သွားတာဖြစ်တယ်လို့လည်း ဒေသခံတွေပြောပါတယ်။ “ခုဒီဘက်မှာ စစ်တင်းမာနေတယ် ဒါကြောင့် SNA ကလည်း ဖမ်းသွားတဲ့သူဆိုရင် ရွေးခွင့်ကိုမပြုတော့တာ။နေရာကွက်ကြားလက်နက်ကြီးသံတွေကြားလာရတယ်”လို့ နန်းခွင်ဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။ ဟိုပင်မြို့၊နန်းခွင်ကျေးရွာ၊ပင်းဘောရွာတွေဟာ နယ်မြေအားဖြင့်တစ်ဆက်တည်းရှိတဲ့နေရာတွေဖြစ်ပြီး ဒီလမ်းမတစ်လျှောက်မှာ SNA ပူးပေါင်းတပ်တို့ စစ်ရေးလှုပ်ရှားတာ၊ လူသစ်စုဆောင်းတွေက ခုနောက်ပိုင်း ပိုဆိုးရွားလာနေတယ်လို့ ဒေသခံတွေပြောပါတယ်။ By – CJ
Read More » -
Sep- 2025 -17 Septemberသတင်း
ဟုမ္မလင်းစက်လှေဆိပ်မှာ သေနတ်ပြခြိမ်းခြောက်ပြီး ငွေတောင်းခံနေ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့က စက်လှေဆိပ်တွေမှာ သေနတ်ပြပြီး ခြိမ်းခြောက်ငွေတောင်းခံနေတာကြောင့် စက်လှေသမားတွေအခက်အခဲကြုံနေရတယ်လို့ စက် လှေသမားများဆီက သိရပါတယ်။ ဟုမ္မလင်းမြို့အောက်ဘက် နောင်ပင်၊ မြင်သာဘက်ခြမ်း၊ ချင်းတွင်းမြစ်ဘေး ရပ်နားထားတဲ့စက်လှေတွေ နဲ့ ဖလက်ခွံတွေဆီကနေ လက်နက်ကိုင်ဆောင်ထားတဲ့ လူတစ်စုက သုံးကြိမ်တိတိသေနတ်ပြပြီး ခြိမ်းခြောက်ငွေတောင်းတာကြုံတွေ့ခဲ့ရတယ်လို့…
Read More » -
Aug- 2025 -2 Augustသတင်း
ကချင်နေအိမ်အတွင်းမှ တန်ဖိုးရှိပစ္စည်းများခိုးယူခံနေရတဲ့အပြင် သတ်ဖြတ်ခံရသူတွေလည်းရှိနေ
ကချင်ပြည်နယ် အင်းတော်ကြီးဒေသမှာ နေထိုင်ကြတဲ့ ကချင်လူမျိုးတွေ လူမျိုးရေးခြိမ်းခြောက်ခံရတာကြောင့် နေရပ်စွန့်ခွာသွားတဲ့ လူနေအိမ်နဲ့ ဘုရားကျောင်းဝင်းနေရာအတွင်းက တန်ဖိုးရှိ ပစ္စည်းတွေကို ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်သားတွေ ခိုးယူဖျက်ဆီးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။ နန့်မွန်မြို့၊ မိုင်းနောင်ရွာနဲ့ မမုံကိုင်ကျေးရွာတွေကို စစ်တပ်နဲ့…
Read More » -
Jun- 2025 -16 Juneသတင်း
မှော်ဝမ်းကလေးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ပစ်ခတ်ခံရပါက ကျေးရွာပျက်စီးသွားမယ်လို့ ခြိမ်းခြောက်နေ
စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ မှော်ဝမ်းကလေး ဘုရားဝင်းနဲ့ မီတာ ၃၀၀ အကွာလောက်မှာရှိနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ပစ်ခတ်တာတွေမလုပ်ဖို့နဲ့ ပစ်ခတ်လာပါက ကျေးရွာပျက်စီးသွားမှာဖြစ်တယ်လို့ စစ်တပ်ဘက်ကခြိမ်းခြောက်ပြောဆိုထားတယ်လို့ ဖားကန့် ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
Read More » -
May- 2025 -29 Mayသတင်း
လုံးခင်းကျေးရွာကို ဗုံးကြဲမယ်လို့ ခြိမ်းခြောက်ပြောဆိုပြီး စစ်ကြောင်းပြန်လည် ထွက်ခွာ
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာထဲမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်က ဖားကန့် စစ်တပ်ကုန်းဘက်ကို ဆက်လက်ချီတက်ဖို့ လူသားဒိုင်းအဖြစ် ရပ်မိရပ်ဖတွေကို ခေါ်ဆောင်ပြီး စစ်ကြောင်း ပြန်လည်ထွက်ခွာနေကြပြီလို့ သိရပါတယ်။ ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံနဲ့ လယ်ပြင်ကျေးရွာမှာ မေလ ၂၈ ရက်နေ့ မနေ့က တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းတွေဟာ ယနေ့ မနက်ပိုင်း ၈ နာရီခွဲအချိန်အထိ အဲဒီနေရာမှာ ပိတ်မိနေတာဖြစ်ပါတယ်။ လက်ရှိ ဖားကန့်…
Read More » -
Nov- 2023 -27 Novemberသတင်း
မြစ်ကြီးနားမြို့မှာ တောဝက် PDF အမည်နဲ့ ခြိမ်းခြောက်ငွေတောင်းတာ ဆက်တိုက်ဖြစ်ပေါ်နေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာရှိတဲ့ ဈေးဆိုင်တစ်ချို့မှာ တောဝက် PDF အမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းတာတွေ ဆက်တိုက်ရှိလာနေတယ်လို့ မြို့ခံလူထုတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ ဒုတိယအပတ်ကစပြီး မြစ်ကြီးနားမြို့တွင်းမှာရှိတဲ့ ဈေးဆိုင်တစ်ချို့က ဆိုင်ရှင်တွေဆီကို ဖုန်းနဲ့ဆက်သွယ်လာပြီး ဆိုင်တစ်ချိုင်မှာ ငွေကျပ် ၇ သိန်းပေးဖို့ တောင်းဆိုလာတာဖြစ်တယ်လို့ စျေးဆိုင်ပိုင်ရှင်တစ်ချို့က ပြောပါတယ်။ “အခွန်လာဆောင်ပါလို့ပြောတယ် ဘယ်ကလဲဆိုတော့ PDFကလို့ပြောတယ် ၇ သိန်းတောင်းတော့ အရမ်းများလို့ အဆင်မပြေဘူးပြောလိုက်တယ် ပြီးတော့အဲပိုက်ဆံကို လူကိုယ်တိုင်လာပေးခိုင်းတာ ဆိုင်နဲ့မို့ လာဖို့အဆင်မပြေဘူးပြောပြီး ဗိုလ်ကြီးတို့ကိုယ်တိုင်လာယူပါပြောတော့ kpay ကနေဘဲပြန်ပို့ခိုင်းတယ် နောက်တော့ကိုယ်လည်းကြောက်တော့ အဆင်ပြေသလောက်ရောင်းရသမျှKpayကနေ ၁သိန်းကျော်လွဲပေးလိုက်တယ်”လို့ ပြောပါတယ်။ ဒါ့အပြင် ဆိုင်ရှင်တွေအနေနဲ့တောင်းထားတဲ့ ငွေပမာဏကို လူကိုယ်တိုင် ဝိုင်းမော်မြို့ ခက်ချိုကျေးရွာဘက်ကို မှတ်ပုံတင်ကိုင်ပြီးလာပေးဖို့ထိပြောဆိုတာတွေရှိတယ်လို့ ဆိုပါတယ်။ အလားတူ ရှမ်းစုမြောက်ဘက်က ဈေးဆိုင်တစ်ဆိုင်မှာလည်း တောဝက် PDF ခေါင်းဆောင် ဗိုလ်သီဟဆိုပြီး ငွေကြေးတောင်းတာတွေရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။…
Read More » -
Jul- 2023 -27 Julyသတင်း
ဖားကန့်မှာ ပစ်ခတ်ရေးအဖွဲ့နာမည်နဲ့ အွန်လိုင်းပေါ်က ခြိမ်းခြောက်ငွေတောင်းတာ ဆက်တိုက်ဖြစ်လာ
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုအတွင်း ပစ်ခတ်ရေးအဖွဲ့ဆိုတဲ့နာမည်နဲ့ အွန်လိုင်းပေါ်ကနေ ငွေတောင်းခံတာတွေ ခပ်စိပ်စိပ်ဖြစ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီပစ်ခတ်ရေးအဖွဲ့ဟာ ဇူလိုင်လ ဒုတိယအပတ်ကနေထွက်ပေါ်လာတာဖြစ်ပြီး စားသောက်ဆိုင်၊လက္ဖက်ရည်ဆိုင်များ၊ ကုန်မာဆိုင်၊ ဆေးဆိုင်၊ ကိတ်မုန့်လုပ်ငန်းဆိုင်နှင့် အလှပြင်ပစ္စည်းဆိုင်ပိုင်ရှင်တွေကို ပစ်မှတ်ထားပြီး ပစ်မှတ်ထားပြီး တောင်းခံနေရကြတယ်လို့ ဖားကန့်ဒေသခံက အမျိုးသားတစ်ဦးက ပြောပါတယ်။…
Read More » -
May- 2023 -2 Mayသတင်း
ကျေးရွာမှ ထွက်ပြေးသူများ၏ နေအိမ်မီးရှို့မည်ဟု စစ်တပ် ခြိမ်းခြောက်နေ
ကချင်ပြည်နယ် ရွှေကူမြို့ အနောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်သည် ဒေသခံများကို ထွက်မပြေးရန် ကျေးရွာမှထွက်ပြေးသူများ၏ နေအိမ်ကို မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ထားကြောင်း သိရသည်။ ဧပြီလ ၂၉ ရက်နေ့မှစကာ ရွှေကူမြို့အနောက်ဘက် ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ မိုးစစ်ကျေးရွာ၊ ရေလဲကျေးရွာ၊ဆင်တပ်ရွာနဲ့ သဘော်အင်းကျေးရွာတို့တွင် စစ်ကောင်စီတပ်သည် စစ်ကြောင် လေးကြောင်းခွဲ၍ ဝင်ရောက်တပ်စွဲပြီးနှောက် ယခုလိုပြောဆိုနေကြောင်း ရွှေကူမြို့မှ အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။ “ခြေနေကတော့မအေးဘူး လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက ရေလဲ၊ မိုးစစ်ရွာတွေဘက် စစ်ကြောင်းဝင်နေတာအခုထိရွာထဲမှာပဲ တပ်စွဲ ထားတယ်။ ရွာသားတွေကိုလည်း တစ်ယောက်မှထွက်မပြေးခိုင်းဘူး ထွက်ပြေးလို့ လူမရှိတဲ့အိမ်ဆိုမီးရှို့မယ်လို့ခြိမ်းခြောက်နေတာ။ နောက်ပြီး PDF တွေကိုလုံးဝသတင်းမပေးဖို့ပေါ့ သတင်းပေးရင်မီးရှို့မယ်ဆိုပြီးလည်းခြိမ်းခြောက်နေတယ်လို့ သိရတယ်”ဟု ပြောသည်။ တပ်မ ၈၈ လက်အောက်ခံတပ်ရင်းများဖြစ်သည့် ခလရ ၇၇၊ ခလရ ၈၈ နှင့် ခလရ ၁၀ ပူးပေါင်းတပ် အင်အား ၄၀၀ ဝန်းကျင်သည် ဧပြီ ၂၉ ရက်နေ့မှစကာ ရွှေကူအနောက်ခြမ်းရှိ အထက်ဖော်ပြပါကျေးရွာများအတွင်းဝင်ရောက်တပ်စွဲ နေခြင်းဖြစ်ပြီး ကျေးရွာသားများလည်း စိုးရမ်ထိတ်လန့်နေရကြောင်း ဆင်တပ်ကျေးရွာမှ အမျိုးသမီးတစ်ဦးကပြောသည်။ “ညဆိုရင်ရွာသားတွေအားလုံးကို ဘုန်းကြီးကျောင်းမှာ စုပြီးအိပ်ခိုင်းတယ် မနက်ဆိုရင်တော့ကိုယ့်အိမ်ကိုပြန်လွတ်ပေးတယ်။ ထွက်မပြေးကြနဲ့ သူတို့လုပ်ချင်ရာလုပ်မယ်ဆိုပြီးပြောခဲ့တာ”ဟု ပြောသည်။ ရေလဲ၊ မိုးစစ်၊ ဆင်တပ်နှင့် သင်္ဘောကျေးရွာများသည် ဧရာဝတီမြစ်ကမ်းတစ်လျောက်တည် ထားသည့် ကျေးရွာများဖြစ်ပြီး အိမ်ခြေ ၅၀၀ အထက်ရှိသည့်ကျေးရွာကြီးများဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် ဧပြီလမှစပြီး ရွှေကူ အရှေ့တောင်ဘက်ခြမ်းရှိ စီမူလေး၊ စီမူကြီး၊ နောင်လတ်ကြီး၊ မံဝန်း၊စီသာ၊စီသောင်၊ မန်ခါး၊ ငှက်တံတား စသည့်ကျေးရွာပေါင်း ၁၂ ရွာတွင် ရက်ပေါင်း ၂၀ နီးပါးကြာစစ်ကြောင်းထိုးခဲ့ပြီး ကျေးရွာ ၁၁ရွာ တိတိကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံသောင်းချီ အိုးမဲ့ အိမ်မဲ့ဖြစ်နေဆဲ ဖြစ်သည်။
Read More »







