သတင်း

မြစ်ကြီးနားမြို့မှာ တောဝက် PDF အမည်နဲ့ ခြိမ်းခြောက်ငွေတောင်းတာ ဆက်တိုက်ဖြစ်ပေါ်နေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာရှိတဲ့ ဈေးဆိုင်တစ်ချို့မှာ တောဝက် PDF အမည်ခံပြီး  ခြိမ်းခြောက်ငွေတောင်းတာတွေ ဆက်တိုက်ရှိလာနေတယ်လို့ မြို့ခံလူထုတွေဆီကနေ သိရပါတယ်။

နိုဝင်ဘာလ ဒုတိယအပတ်ကစပြီး မြစ်ကြီးနားမြို့တွင်းမှာရှိတဲ့ ဈေးဆိုင်တစ်ချို့က ဆိုင်ရှင်တွေဆီကို ဖုန်းနဲ့ဆက်သွယ်လာပြီး ဆိုင်တစ်ချိုင်မှာ ငွေကျပ်  သိန်းပေးဖို့ တောင်းဆိုလာတာဖြစ်တယ်လို့ စျေးဆိုင်ပိုင်ရှင်တစ်ချို့က ပြောပါတယ်။

အခွန်လာဆောင်ပါလို့ပြောတယ် ဘယ်ကလဲဆိုတော့ PDFကလို့ပြောတယ် ၇ သိန်းတောင်းတော့ အရမ်းများလို့ အဆင်မပြေဘူးပြောလိုက်တယ် ပြီးတော့အဲပိုက်ဆံကို လူကိုယ်တိုင်လာပေးခိုင်းတာ ဆိုင်နဲ့မို့ လာဖို့အဆင်မပြေဘူးပြောပြီး ဗိုလ်ကြီးတို့ကိုယ်တိုင်လာယူပါပြောတော့ kpay ကနေဘဲပြန်ပို့ခိုင်းတယ် နောက်တော့ကိုယ်လည်းကြောက်တော့ အဆင်ပြေသလောက်ရောင်းရသမျှKpayကနေ ၁သိန်းကျော်လွဲပေးလိုက်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဆိုင်ရှင်တွေအနေနဲ့တောင်းထားတဲ့ ငွေပမာဏကို လူကိုယ်တိုင် ဝိုင်းမော်မြို့ ခက်ချိုကျေးရွာဘက်ကို မှတ်ပုံတင်ကိုင်ပြီးလာပေးဖို့ထိပြောဆိုတာတွေရှိတယ်လို့ ဆိုပါတယ်။

အလားတူ ရှမ်းစုမြောက်ဘက်က ဈေးဆိုင်တစ်ဆိုင်မှာလည်း တောဝက် PDF ခေါင်းဆောင် ဗိုလ်သီဟဆိုပြီး ငွေကြေးတောင်းတာတွေရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။

မြစ်ကြီးနားမြို့အနှံ့ ဆိုင်တိုင်းလိုလိုမှာ ဇီးကျွန်းရွာဘက်က တောဝက် pdf တပ်ခွဲမှူးဆိုပြီး ခြိမ်းခြောက်ငွေတောင်းလာတဲ့အပေါ် People Defense forces-NBPDF ခေါင်းဆောင်တာဝန်ခံကမြစ်ကြီးနားမြို့မှာ ခုလိုဆက်ကြေးကောက်တာဟာ မြစ်ကြီးနား PDF တွေမဟုတ်ကြောင်းအခိုင်အမာ ငြင်းဆိုထားပါတယ်။

လုံးဝမဟုတ်ဘူးလို့ ငြင်းပယ်တယ် ဘာလို့ဆိုမြို့ပေါ်က PDF တွေဆိုလည်းကျွန်တော်ဘဲထိန်းချုပ်ထားတယ်။ သူတို့ဘယ်နေရာမှာဘာလုပ်တယ် ဘယ်မှာနေနေတယ်ဆိုတာက အစ ကျွန်တော့အကုန်သိတယ် အရင်တစ်နှစ်တွေတုန်းကလဲဝိုင်းမော် ခတ်ချိုဘက်မှာ ခုလိုချိန်းပြီး ပြည်သူတွေကို ပြည်သူ့စစ်တွေဘက်က သတ်ပစ်လိုက်တာတွေရှိတယ်။ ကျွန်တော့တို့ဘက်ကတော့လုံးဝမဖြစ်နိုင်ဘူးလို့ ပြောချင်တယ်လို့ သူကဆိုပါတယ်။

အခုလို PDF နာမည်ခံပြီး ငွေကြေးကောက်ခံတဲ့အပေါ် ပြည်သူတွေအနေနဲ့လည်းသေချာ သတိထားစဉ်ခြင်ကြဖို့တောင်းဆိုထားပြီး သူတို့အနေနဲ့လည်း PDF  အမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းလာတဲ့အပေါ်လုံးဝခွင့်လွတ်မှာမဟုတ်ဘဲ စုံစမ်းစစ်ဆေးရေးတွေကို ဆောင်ရွက်သွားမယ် လို့ ဆက်ပြောပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနား၊ဖားကန့်၊မိုးညှင်း၊မိုးကောင်းအစရှိတဲ့ မြို့တွေမှာအာဏာသိမ်းပြီးနောက်ပိုင်း PDF အမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းလာတာ မကြာခနဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button