သတင်း

ကျေးရွာမှ ထွက်ပြေးသူများ၏ နေအိမ်မီးရှို့မည်ဟု စစ်တပ် ခြိမ်းခြောက်နေ

ကချင်ပြည်နယ် ရွှေကူမြို့ အနောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်သည် ဒေသခံများကို ထွက်မပြေးရန် ကျေးရွာမှထွက်ပြေးသူများ၏ နေအိမ်ကို မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ထားကြောင်း သိရသည်။

ဧပြီလ ၂၉ ရက်နေ့မှစကာ ရွှေကူမြို့အနောက်ဘက် ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ မိုးစစ်ကျေးရွာ၊ ရေလဲကျေးရွာ၊ဆင်တပ်ရွာနဲ့ သဘော်အင်းကျေးရွာတို့တွင် စစ်ကောင်စီတပ်သည် စစ်ကြောင် လေးကြောင်းခွဲ၍ ဝင်ရောက်တပ်စွဲပြီးနှောက် ယခုလိုပြောဆိုနေကြောင်း ရွှေကူမြို့မှ အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။

ခြေနေကတော့မအေးဘူး လွန်ခဲ့တဲ့  ရက်လောက်ကတည်းက ရေလဲ၊ မိုးစစ်ရွာတွေဘက် စစ်ကြောင်းဝင်နေတာအခုထိရွာထဲမှာပဲ တပ်စွဲ ထားတယ်။ ရွာသားတွေကိုလည်း တစ်ယောက်မှထွက်မပြေးခိုင်းဘူး ထွက်ပြေးလို့ လူမရှိတဲ့အိမ်ဆိုမီးရှို့မယ်လို့ခြိမ်းခြောက်နေတာ။ နောက်ပြီး PDF တွေကိုလုံးဝသတင်းမပေးဖို့ပေါ့ သတင်းပေးရင်မီးရှို့မယ်ဆိုပြီးလည်းခြိမ်းခြောက်နေတယ်လို့ သိရတယ်ဟု ပြောသည်။

တပ်မ ၈၈ လက်အောက်ခံတပ်ရင်းများဖြစ်သည့် ခလရ ၇၇၊ ခလရ ၈၈ နှင့် ခလရ ၁၀ ပူးပေါင်းတပ် အင်အား ၄၀၀ ဝန်းကျင်သည် ဧပြီ ၂၉ ရက်နေ့မှစကာ ရွှေကူအနောက်ခြမ်းရှိ အထက်ဖော်ပြပါကျေးရွာများအတွင်းဝင်ရောက်တပ်စွဲ နေခြင်းဖြစ်ပြီး ကျေးရွာသားများလည်း စိုးရမ်ထိတ်လန့်နေရကြောင်း ဆင်တပ်ကျေးရွာမှ အမျိုးသမီးတစ်ဦးကပြောသည်။

ညဆိုရင်ရွာသားတွေအားလုံးကို ဘုန်းကြီးကျောင်းမှာ စုပြီးအိပ်ခိုင်းတယ် မနက်ဆိုရင်တော့ကိုယ့်အိမ်ကိုပြန်လွတ်ပေးတယ်။ ထွက်မပြေးကြနဲ့ သူတို့လုပ်ချင်ရာလုပ်မယ်ဆိုပြီးပြောခဲ့တာဟု ပြောသည်။

ရေလဲ၊ မိုးစစ်၊ ဆင်တပ်နှင့် သင်္ဘောကျေးရွာများသည် ဧရာဝတီမြစ်ကမ်းတစ်လျောက်တည် ထားသည့် ကျေးရွာများဖြစ်ပြီး အိမ်ခြေ ၅၀၀ အထက်ရှိသည့်ကျေးရွာကြီးများဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ဧပြီလမှစပြီး ရွှေကူ အရှေ့တောင်ဘက်ခြမ်းရှိ စီမူလေး၊ စီမူကြီး၊ နောင်လတ်ကြီး၊ မံဝန်း၊စီသာ၊စီသောင်၊ မန်ခါး၊ ငှက်တံတား စသည့်ကျေးရွာပေါင်း ၁၂ ရွာတွင် ရက်ပေါင်း ၂၀ နီးပါးကြာစစ်ကြောင်းထိုးခဲ့ပြီး ကျေးရွာ ၁၁ရွာ တိတိကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံသောင်းချီ အိုးမဲ့ အိမ်မဲ့ဖြစ်နေဆဲ ဖြစ်သည်။

Show More

Related Articles

Back to top button