ဂျေယန်စစ်ရှောင်

  • Mar- 2025 -
    12 March
    သတင်း

    စစ်ရှောင်မိန်းကလေးငယ် ၃ ဦးကို သတ်ဖြတ်ခဲ့တဲ့ တရားခံကို KIO စစ်ဆေးနေဆဲလို့ဆို

    လိုင်ဇာမြို့အနီး ဂျေယန်စစ်ရှောင်စခန်းက စစ်ရှောင်မိန်းကလေးငယ် ၃ ဦးကို ပြန်ပေးဆွဲသတ်ဖြတ်ခဲ့တဲ့ တရားခံကို KIO စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမေးမြန်းနေဆဲဖြစ်ပြီး စစ်ဆေးချက်အဖြေထုတ်ပြန်လာခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က လိုင်ဇာမြို့အနီး ဂျေယန်စစ်ရှောင်စခန်းက အသက် ၁၀ နှစ်ဝန်းကျင်အရွယ် မိန်းကလေးငယ် ၃ ဦး ပြန်ပေးဆွဲသတ်ဖြတ်ခံခဲ့ရပြီးနောက် ပြစ်မှုကျူးလွန်တဲ့ တရားခံကို KIO ဘက်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ဖမ်းဆီးရမိပြီး စစ်ဆေးနေတာ ၁၅ ရက်ခန့် ရှိလာပြီဖြစ်ပါတယ်။  “စစ်ဆေးနေတုန်း၊ တရားစီရင်ရေးဘက် မရောက်သေးဘူး။ စစ်ဆေးချက်အဖြေတွေလည်း မထုတ်သေးဘူး။ ဘာလို့ အခုလိုဖြစ်စေတယ်၊ အဖြေမှန်ထွက်မှ ဘယ်လိုဆုံးဖြတ် စီရင်ချက်ချမယ်ဆိုတာ လာမှာဖြစ်တယ် ဆိုတော့ အခုစစ်နေတုန်းအဆင့်ရှိတယ်။ ဘာလို့လုပ်တယ်၊ တရားခံက တစ်ယောက်တည်းလားဆိုတာတွေ စစ်ဆေးရေးအဖွဲ့တွေ လုပ်နေတုန်းပါ”လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး KIO စစ်ဆေးရေးအဖွဲ့တွေ ဖွဲ့ထားကာ စစ်ဆေးနေဆဲဖြစ်ပြီး   လက်ရှိချန်ထိ စစ်ဆေးချက်အဖြေတွေလည်း မထုတ်လာသေးဘူးလို့ ဆိုပါတယ်။  ဂျေယန်စစ်ရှောင်စခန်းက ကလေးငယ် ၃ ဦး သတ်ဖြတ်ခံရပြီးနောက် မတ်လ ၁ ရက်နေ့မှာ လိုင်ဇာမြို့အနီး ဝိုင်ကြိုင်စစ်ရှောင်စခန်းက အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကို စိတ်မနှံ့သူက မီးရှို့၊ ဓားလှီးသတ်ဖြတ်တဲ့ဖြစ်စဉ် ထပ်မံဖြစ်ပွားခဲ့ပါတယ်။ အခုချိန် အဲဒီကလေးငယ်ကို သတ်ဖြတ်သူ စိတ်မနှံ့တဲ့တရားခံကိုလည်း သက်ဆိုင်ရာ KIO ဘက်က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။  KIO ထိန်းချုပ်နယ်မြေတွေမှာ အခုလို ကလေးသူငယ်တွေကိုသတ်ဖြတ်တဲ့ဖြစ်ရပ်မျိုး နောက်တစ်ချိန် ထပ်မံမဖြစ်ပွားဖို့ တရားခံကို စံပြအနေနဲ့ သေဒဏ်ချမှတ်စေလိုတယ်လို့ လိုင်ဇာမြို့နေ အမျိုးသမီးတစ်ဦးကလည်း သူ့ရဲ့အမြင်ဆန္ဒကို ထုတ်ဖော်ပြောဆိုထားပါတယ်။ “ကလေးငယ် ၃ ယောက်ကို သတ်တဲ့ လူသတ်တရားခံကို သူနဲ့ထိုက်တန်တဲ့၊ သူနှိပ်စက်ပြီး သတ်လိုက်တဲ့အမှုနဲ့ ထိုက်တန်တဲ့အပြစ်ကို ပေးခိုင်းစေချင်တယ်။ ပြီးရင် တခြားသူတွေ ဒီလိုအမှုကို ထပ်မကျူးလွန်အောင် မဖြစ်လာအောင် သူ့ကို စံပြအနေနဲ့ သေဒဏ်ပေးစေချင်တယ်။ ကျမအမြင်ကတော့။” လို့ လိုင်ဇာမြို့နေ အမျိုးသမီးတစ်ဦးက ပြောဆိုပါတယ်။ ဂျေယန်စစ်ဘေးရှောင်စခန်းက ပြန်ပေးဆွဲသတ်ဖြတ်ခံခဲ့ရသူ မိန်းကလေးငယ် ၃ ဦးဟာ မနန်းဇိန်းဂျီးအောင် ( အသက် ၁၀ နှစ်)၊ မဖောင်ယမ်ဆွတ်ဆိုင်းအိန် ( အသက် ၁၁ နှစ်) နဲ့ မလထောက်ရွယ်ဂျီ( အသက် ၁၀ နှစ်) တို့ဖြစ်ပါတယ်။ ကလေးငယ်တွေကို တရုတ်ယွမ်ငွေ ၃ သိန်းနဲ့ အလဲအလှယ်လုပ်ပြီး လာခေါ်ယူဖို့ မိသားစုဝင်တွေဆီ တရားခံဖြစ်သူ ဦးအုန်းဆောင်းဒွဲအောင်က ခြိမ်းခြောက်ခဲ့ပြီးနောက် ကလေးတွေကို တောထဲမှာတင် တစ်ယောက်ကိုတော့ ကြိုးဆွဲချသတ်ဖြတ်ထားပြီး ကျန် ၂ ယောက်ကိုတော့ ချောင်းရေထဲ ကျောက်တုံးနဲ့ဖိသတ်ထားတာကို မိသားစုဝင်တွေနဲ့ သက်ဆိုင်ရာတွေ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ စစ်ဘေးရှောင်မိန်းကလေးငယ် ၃ ယောက်ကို ပြန်ပေးဆွဲသတ်ဖြတ်လိုက်တဲ့ တရားခံဟာ အရင်က KIA တပ်သားဟောင်းတစ်ဦးဖြစ်ပြီး လက်နက်မှောင်ခိုရောင်းဝယ်မှုကြောင့် အရေးယူခံရပြီးနောက် ပြန်လည်လွတ်မြောက်လာပြီး KIA အမှုထမ်းကနေ ထုတ်ပယ်ခံထားရသူလို့လည်း စစ်ဘေးရှောင်တွေက ပြောဆိုနေကြပါတယ်။  အဲဒါအပြင် သတ်ဖြတ်ခံခဲ့ရသူ ကလေးငယ် ၃ ဦးထဲက မနန်းဇိန်းဂျီးအောင် ( အသက် ၁၀ နှစ်) ရဲ့ ဖခင်ဖြစ်သူနဲ့ ရန်ညိုးရှိရာကနေ အခုလို့ ဖြစ်ရပ်အထိ ဖြစ်ပွားလာတဲ့ အနေအထားဖြစ်တယ်လို့လည်း ပြောဆိုကြပါတယ်။ “KIO ထိန်းချုပ်နယ်မြေမှာ တရားဥပဒေစိုးမိုးမှုရှိအောင် ပိုပြီးတင်းကျပ်စွာလုပ်ဆောင်ရလိမ့်မယ်လို့ မြင်တယ်။ ဒီအတောအတွင်းမှာ ပြည်သူတွေ သတ်ခံရတာ၊ ကလေးငယ်တွေ သတ်ခံရတာတွေ ဖြစ်ပွားနေတော့ ဒီလိုတွေထပ်မဖြစ်လာအောင် တရားစီရင်ရေးမှာလည်း ပိုပြီးတင်းကျပ်စွာ ထိရောက်စွာ လုပ်ဆောင်ရလိမ့်မယ်လို့ မြင်တယ်။” Kachin Human Rights…

    Read More »
Back to top button