ငဘတ်ကြီး

  • Jan- 2024 -
    19 January
    သတင်း

    ရွှေကူမှာ စစ်တပ်စခန်းနဲ့ ဂိတ်နေရာ ၄ ခု တိုက်ခိုက်ခံရ

    ကချင်ပြည်နယ် ရွှေကူမြို့မှာ စစ်ကောင်စီတပ်သားတွေရှိနေတဲ့နေရာ ၄ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ KPDFနဲ့ LPDF တွေက တစ်ချိန်တည်းမှာပဲ တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ ရွှေကူမြို့အခြေစိုက် ခမရ ၆၀၂တပ်ရင်း၊ အထက်လေးလမ်းဆုံစစ်ဆေးရေးဂိတ်၊ အောက်လေးလမ်းဆုံစစ်ဆေးရေးဂိတ်အပြင် ငဘတ်ကြီးကျေးရွာ ရဲစခန်းအပါ စုစုပေါင်း ၄ နေရာစလုံးကို ဒီကနေ့ ဇန်နဝါရီလ ၁၉ရက်နေ့ မနက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ မြို့လှ– KPDF နဲ့ ရွှေကူနယ် LPDF ပူးပေါင်းတပ်တွေက တစ်ချိန်တည်းမှာပဲ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရွှေကူနယ် LPDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “မနက် ၄နာရီလောက်ကတည်းကပြင်ဆင်ပြီးမှမနက် ၅နာရိီထိုးတော့ အဖွဲ့တွေခွဲပြီး ငါးနေရာကို ဝင်ပစ်ခဲ့တယ် အထက်လေးလမ်းဆုံနဲ့အောက်လေးလမ်းဆုံဘက်ကို လေးလုံးလေးလုံးစီပစ်ထည့်လိုက်တယ် တပ်ထဲကိုလည်း ၂လုံး ပစ်ထည့်လိုက်တာ။ အခု ပြာယာတွေခတ်နေကြတယ်လို့ ကြားသိရတယ်”လို့ ပြောပါတယ်။ အခုလိုသွားရောက်ပစ်ခတ်ရာမှာတော့ ပဒ်ိန်လက်လုပ်သေနတ်တွေအသုံးပြုပြီးတော့ ၆၀ မမ၊ ၈၀ မမ ဗုံးသီးတွေနဲ့ ခမရ ၆၀၂ နဲ့ ခလရ ၅၆ တပ်ရင်းထဲကို ၂လုံးစီ၊ ဘငတ်ကြီးရဲစခန်းကို ၂လုံးနဲ့ အထက်လေးလမ်းဆုံနဲ့ အောက်လေးလမ်းဆုံကို ၄လုံးစီ နဲ့တစ်ပြိုင်နက်တည်းပစ်ခတ်ခဲ့တာလို့သိရပါတယ်။ ရွှေကူနယ်မှာ စစ်ကောင်စီတပ်က ခုရက်ပိုင်း ကျေးရွာတွေဘက်ကိုစစ်ကြောင်းထိုးဖို့ အထက်လေးလမ်းဆုံနဲ့ အောက်လေးလမ်းဆုံဘက်စစ်ရေးလှုပ်ရှားလာနေတာတွေရှိတာကြောင့် အခုလိုဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်မှုမရှိမရှိကိုတော့စုံစမ်းနေဆဲလို့သိရပါတယ်။ “ဒီကောင်တွေ(စစ်ကောင်စီတပ်ဖွဲ့များ) က ဒီဘက်ကိုထွက်ချင်သလိုထွက်ချင်သလိုလာလုပ်နေလို့သွားပစ်တာပါ အဝေးထိန်းနဲ့ပစ်တာဆိုတော့ အထိအခိုက်ရတော့မသိရသေးဘူးအတည်ပြုတုန်း”လို့ အထက်မှာဖော်ပြပါ ရွှေကူနယ် LPDF တာဝန်ရှိသူကဆက်ပြောပါတယ်။ ဒီနေ့မနက် တစ်ချိန်တည်းမှာ နေရာစုံပစ်ခတ်သံတွေကြားခဲ့တာကြောင့်ရွှေကူမြို့ခံပြည်သူအချို့လည်း စိုးရိမ်ထိတ်လန့်မှုတွေဖြစ်ခဲ့ရတယ်လို့ဒေသခံတွေကဆ်ိုပါတယ်။ “မနက်က အိပ်ကောင်းတုန်းမှာ တဒုံးဒုံးနဲ့ကြားလိုက်တော့လန့်သွားတာပါ့ မြို့ကိုများဝင်သိမ်းနေပြီလားပေါ့ ဟိုဘက်အမှတ် ၂ ရပ်ကွက်ထိဝင်လာပြီးမှတောင်ပစ်သွားတာတဲ့ ပြေးတော့မပြေးကြဘူး ခနနဲ့ငြိမ်သွားတယ်လေး”လို့ရွှေကူမြို့ပေါ်က အမျိုးသမီးတစ်ဦး ပြောပါတယ်။ အခုလိုစစ်ကောင်စီတပ်ရှိတဲ့နေရာတွေ ပစ်ခတ်ခံရပြီးနောက် မိနစ်အနည်းငယ်အကြားမှာ ရွှေကူ ခမရ ၆၀၂ တပ်ရင်းနဲ့ ခလရ ၅၆ တပ်ရင်းတို့ကနေ ရွှေကူမြို့အရှေ့ဘက်ခြမ်းနဲ့အနောက်ဘက်ခြမ်းကကျေးရွာတွေဘက်ကို လက်နက်ကြီးလည်းပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ ရွှေကူမြို့ပေါ်က စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းတွေနဲ့ ငဘတ်ကြီးရဲစခန်း၊ ကျောက်ကြီးရဲစခန်းတွေကို KIAတပ်ရင်း ၅ ၊KPDF၊LPDF တပ်တွေက အရင်ကလည်း မကြာခနဒရုန်းနဲ့ဝင်ရောက်ပစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။ By – Zaw Zaw

    Read More »
  • Nov- 2023 -
    1 November
    သတင်း

    ရွှေကူ ငဘတ်ကြီးရွာနားမှာ စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်ပွားလာနိုင်

    ကချင်ပြည်နယ် ရွှေကူမြို့နယ် ငဘတ်ကြီးကျေးရွာထဲက KIA၊KPDFနဲ့LPDF တွေပူးပေါင်းသိမ်းပိုက်ထားတဲ့ငဘတ်ကြီးအထိုင်စခန်း (ကြေးနန်းကုန်းခေါ် )တာဝါကုန်းစခန်းကို စစ်တပ်ဘက် ပြန်လည်ရယူဖို့ စစ်ရေးလှုပ်ရှားလာနေတာကြောင့်နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ရွှေကူ LPDF အဖွဲ့ကနေ သိရပါတယ်။ အောက်တိုဘာ ၁၈ ရက်နေ့ မနက်ပိုင်းက ငဘတ်ကြီးကျေးရွာမှာရှိတဲ့ရွှေတူ ခမရ ၆၀၂ နဲ့ခလရ ၅၆တပ်တွေ ပူးပေါင်းတပ်ထိုင်လေ့ရှိတဲ့ အထိုင်တပ်စခန်းတာဝါကုန်းကို KIAနှင့်တော်လှန်ရေးအင်အားစုတွေက ပူးပေါင်းသိမ်းပိုက်လိုက်အပြီးမှာပဲ စစ်ကောင်စီတပ်တွေက တပ်ပြန်ထိုင်လာဖို့အတွက်အင်အားသုံးပြီးစစ်ရေးလှုပ်ရှားလာ နေတာကြောင့်နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ရွှေကူနယ် LPDF တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။ “သူတို့(စစ်ကောင်စီတပ်) မထိုင်နိုင်သေးဘူးသူတို့ရောက်တော့ ရောက်ရောက်လာတယ်…

    Read More »
  • Oct- 2023 -
    18 October
    သတင်း

    ရွှေကူ ငဘတ်ကြီး စစ်ကောင်စီတပ်စခန်းမှာ တိုက်ပွဲပြင်းထန်နေ

    ကချင်ပြည်နယ် ရွှေကူမြို့နယ် ငဘတ်ကြီးကျေးရွာမှာရှိတဲ့ စစ်ကောင်စီ ခမရ ၆၀၂ တပ်ဖွဲ့အား ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့PDF ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ရွှေကူဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပြောပါတယ်။ ရွှေကူမြို့နဲ့ တစ်မိုင်ကျော်လောက် အကွာမှာရှိတဲ့ (ဒေသအခေါ်) ငဘတ်ကြီး စစ်တပ်ကုန်းကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက အောက်တိုဘာလ…

    Read More »
Back to top button