တိုက်ပွဲသတင်း

ရွှေကူ ငဘတ်ကြီးရွာနားမှာ စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်ပွားလာနိုင်

ကချင်ပြည်နယ် ရွှေကူမြို့နယ် ငဘတ်ကြီးကျေးရွာထဲက KIAKPDFနဲ့LPDF တွေပူးပေါင်းသိမ်းပိုက်ထားတဲ့ငဘတ်ကြီးအထိုင်စခန်း (ကြေးနန်းကုန်းခေါ် )တာဝါကုန်းစခန်းကို စစ်တပ်ဘက် ပြန်လည်ရယူဖို့ စစ်ရေးလှုပ်ရှားလာနေတာကြောင့်နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ရွှေကူ LPDF အဖွဲ့ကနေ သိရပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့ မနက်ပိုင်းက ငဘတ်ကြီးကျေးရွာမှာရှိတဲ့ရွှေတူ ခမရ ၆၀၂ နဲ့ခလရ ၅၆တပ်တွေ ပူးပေါင်းတပ်ထိုင်လေ့ရှိတဲ့ အထိုင်တပ်စခန်းတာဝါကုန်းကို KIAနှင့်တော်လှန်ရေးအင်အားစုတွေက ပူးပေါင်းသိမ်းပိုက်လိုက်အပြီးမှာပဲ စစ်ကောင်စီတပ်တွေက တပ်ပြန်ထိုင်လာဖို့အတွက်အင်အားသုံးပြီးစစ်ရေးလှုပ်ရှားလာ နေတာကြောင့်နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ရွှေကူနယ် LPDF တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။

သူတို့(စစ်ကောင်စီတပ်) မထိုင်နိုင်သေးဘူးသူတို့ရောက်တော့ ရောက်ရောက်လာတယ် ဟိုနေ့ကလည်း အင်အား သုံးဆယ်ကျော်လောက်ပြန်ကပ်လာတယ် ဒီဘက်(KIAနှင့်တော်လှန်ရေးအင်အားစု) က အင်အားပြလှုပ်ရှားလိုက်တော့သူတို့ပြန်ဆုတ်သွားတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စခန်းသိမ်းခံလိုက်ရတဲ့နောက် ၁၀ ရက်ကျော်အကြာ အောက်တိုဘာ ၃၀ ရက်နေ့ကလည်း အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်တွေဟာ စစ်ကား ၇စီးနဲ့ လက်နက်ခဲယမ်းတွေတင်ဆောင်လာပြီး ငဘတ်ကြီးကျေးရွာထဲကိုဝင်လာဖို့စစ်ကြောင်းထိုးလာချိန်မှာပဲ KIAနှင့်တော်လှန်ရေးအင်အားစုတွေက စစ်ရေးလှုပ်ရှားလာတာကြောင့် စစ်ကောင်စီတပ်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

သူတို့ကတပ်ထဲကနေ ကားတစ်စီးကို လေး၊ငါး ယောက် ဆယ်ယောက်လောက်ပဲစီးပြီး အင်အားအများကြီးပါတဲ့သဘောမျိုးနဲ့လာပို့တာ ကား လေး၊ငါး၊ခြောက်စီးနဲ့ပို့တာက ရွှေကူအထွက် ငဘတ်ကြီးဘက်က လှိုင်ဆီပန့်ဆိုင်ထိလာပို့တာ လက်နက်ကြီးတွေလည်းပါတယ်ဒီဘက်ကိုလာဖို့အပြည့်အစုံနဲ့လာတာပါ့ ဒီဘက်က ပြန်ပြီးလှုပ်ရှားပြန်တော့ပြန်ဆုတ်သွားတယ်တိုက်ပွဲ ဖြစ်ခါနီးပဲဟိုနေ့ကတော့လို့ အထက်ဖော်ပြပါ အမျိုးသားကပြောပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့ ကား၇စီးနဲ့တက်လာတဲ့စစ်ကြောင်းဟာ လှိုင်ဆီပန့်ဆိုင်နဲ့ အနီးဝန်ကျင်ထဲက အဆောက်အဦးမြင့်တဲ့ခေါင်မိုးပေါ်တွေမှာ လက်နက်ကြီးတွေတပ်ဆင်ခဲ့ ပြီး KIAနှင့်တော်လှန်ရေးအင်အားစုတွေအင်အားပြပြီးစစ်ရေးလှုပ်ရှားခဲ့တာကြောင့် အဲ့ဒီ စစ်ကြောင်းဟာ အောက်တိုဘာ ၃၁ ရက်နေ့ ညပိုင်းမှာရွှေကူတပ်ထဲ ပြန်ဆုတ်သွားတယ်လို့သိရပါတယ်။

ဒ့ါအပြင် ခုရက်ပိုင်းအတွင်း ရွှေကူငဘတ်ကြီးဘက်မှာ စစ်ကောင်စီတပ်တွေက ပုံမှန်စစ်ရေးလှုပ်ရှားလာတာတွေ ရှိနေသလို KIAKPDF တွေဘက်ကလည်း ငဘတ်ကြီးကျေးရွာဘက်ကနေ နေရာယူထားတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေပြီး ငဘတ်ကြီးနဲ့အနီးဝန်းကျင်ကျေးရွာတွေကဒေသခံအချို့ ဘေးလွတ်ရာတိမ်းရှောင်နေသူတွေရှိတယ်လို့သိရပါတယ်။

ရွှေကူနယ်စစ်ကောင်စီတပ်တွေအတွက်အရေးပါတဲ့ အဲ့ဒီကြေးနန်းကုန်း တာဝါကုန်းတပ်စခန်းကို အောက်တိုဘာ ၁၈ ရက်နေ့ မနက်ငါးနာရီမှာအလစ်အငိုက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ၄နာရီကျော်အကြာမှာ စခန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button