တိုက်ပွဲသတင်း

ရွှေကူ ငဘတ်ကြီး စစ်ကောင်စီတပ်စခန်းမှာ တိုက်ပွဲပြင်းထန်နေ

ကချင်ပြည်နယ် ရွှေကူမြို့နယ် ငဘတ်ကြီးကျေးရွာမှာရှိတဲ့ စစ်ကောင်စီ ခမရ ၆၀၂ တပ်ဖွဲ့အား ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့PDF ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ရွှေကူဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပြောပါတယ်။

ရွှေကူမြို့နဲ့ တစ်မိုင်ကျော်လောက် အကွာမှာရှိတဲ့ (ဒေသအခေါ်ငဘတ်ကြီး စစ်တပ်ကုန်းကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက အောက်တိုဘာလ ၁၈ ရက်၊ မနက် ၅ နာရီ အချိန်မှာ ထိုးစစ်ဆင်ပြီးဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ရွှေကူမြို့နယ် LPDF တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။

အခုထိပစ်နေကြတုန်းပဲမြေပြင်ခြေနေသေးစိတ်ပြောပြလို့မရသေးဘူး ဒီဘက်ကနေ ထိုးစစ်ဆင်ပြီးဝင်တိုက်တာ။ အခုအဲ့နေရာကိုရွှေကူ ၅၆ ကနေ အင်အားတွေဖြည့်နေတယ် ရွှေကူမြို့တွင်းကနေကောလက်နက်ကြီးတွေနဲ့ပစ်ကူနေတယ်။ လက်နက်ကြီး ၂ နေရာကနေပစ်နေတယ်လို့ ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့  ငဘတ်ကြီးစစ်တပ်ကုန်းဟာ ၂၀၂၂ ခုနှစ် မတိုင်မှီအထိ ခလရ ၅၆ တပ်ရင်းနှင့် ခမရ ၆၀၂ တို့ပူးပေါင်းတပ်ထိုင်တာဖြစ်ပေမယ့် အခုနောက်ပိုင်းမှာ စစ်ကိုင်းတိုင်းဘက်က တက်လာတဲ့ အခြားတပ်ရင်းတွေအဓိက တပ်ထိုင်လာတဲ့ စစ်ကောင်စီအတွက် အရေးပါတဲ့တပ်စခန်းကုန်းတစ်ခု ဖြစ်လာတယ်လို့သိရပါတယ်။

လက်ရှိအချိန်အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာကြောင့် တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးတော့ အသေးစိတ် သိရှိဖို့ ခက်ခဲနေသေးတယ်လို့ မြို့လှ K-PDF တပ်ဖွဲ့တစ်ဦးက ပြောပါတယ်။

တိုက်ခိုက်ခံနေရတဲ့ ခမရ ၆၀၂ တပ်ရင်းတွေဟာ ရွှေကူတပ် အတွက်အရေးပါတဲ့နေရာပြီး ဆက်သွယ်ရေးအခြေစိုက်ထားတဲ့နေရာ ကြေးနန်းကုန်း၊ တာဝါကုန်း တွေရှိတဲ့နေရာဖြစ်တယ်လို့လည်း သိရပါတယ်။

ငဘတ်ကြီးကျေးရွာအပါအဝင် ကျေးရွာ ၅ ခုလောက်က တိုက်ပွဲဖြစ်ပွားနေတာဖြစ်တဲ့အတွက် လက်ရှိမှာ နီးစပ်တဲ့ နေရာဒေသတွေမှာ တိမ်းရှောင်နေကြရတယ်လို့လည်း ငဘတ်ကြီးကျေးရွာနဲ့ နီးစပ်တဲ့ မံဝင်းဒေသခံ အမျိုးသားတစ်ယောက်က အခုလိုပြောပါတယ်။

မနက်ကအဲ့ဘက်သွားမလို့ခြေနေမကောင်းလို့ပြန်လှည့်လာတာအခု ငတ်ကြီးကော၊မြိုင်သာကော၊ လမ်းကူ၊ပန်းတင်အဲ့ရွာကပြည်သူတွေအကုန်ပြေးနေရပြီလို့ ပြောပါတယ်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဟာ ရွှေကူတပ်အတွက် အလွန်အရေးပါတဲ့ နေရာတစ်ခုဖြစ်တာကြောင့် တိုက်ပွဲဖြစ်ပွားတဲ့နေရာဘက်ကို ရွှေကူဘက်ကနေ စစ်အင်အားတွေဖြည့်တင်းလာပြီး လက်နက်ကြီးတွေ ပစ်နေတယ်လို့လည်းသိရပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး ၃ နာရီလောက်အကြာ မနက်ပိုင်း ၉ မှာ စစ်ကိုင်းတိုင်းဘက်ကနေ ဂျက်ဖိုက်တာတွေ တိုက်ပွဲဖြစ်ပွားတဲ့နေရာဘက်ကို တက်လာတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဒေသခံတွေက စိုးရိမ်နေကြတယ်လို့လည်း ဆက်သိရပါတယ်။

စစ်ကိုင်းကချင်အစပ် ကသာမြို့နယ် ကျောက်ကြီးစခန်းကိုလည်း ဒီမနက်ပိုင်းမှာပဲ KIA နဲ့ PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Zaw Zaw

Show More

Related Articles

Back to top button