ကင်းပုန်းဝပ်ပြီးပြန်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် နတ်ရေကန်နှင့်ဂွေးပင်တော ကျေးရွာ ၂ခုကြား ကင်းပုန်းဝပ်ပြီး ခြေလျင်ဖြင့် ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ချောင်းဦးမြို့နယ်ဒေသကာကွယ်ရေးတပ်(CHU LDF)တပ်မှ လမ်းခုလတ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား၅ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း CHU LDFမှ သိရသည်။ ယနေ့ နံနက် ၅နာရီဝန်းကျင်တွင် စစ်အင်အား ၁၅ဦးခန့်ပါရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကင်းပုန်းဝပ်ပြီးမှ ဂွေးပင်ရွာဘက်သို့ ပြန်လာရာခဲ့ရာ ချောင်းဦး CHU LDF အဖွဲ့တို့ ထောင်ထားသည့် ပဒေသာမိုင်းကွင်းအတွင်းဝင်ရောက်လာသဖြင့် ၄ကြိမ်ထက်မနည်း