အရာတော်မြို့နယ်မှာ တစ်ပတ်အတွင်း ပြည်သူ ၁၃ ဦး ထိ သတ်ဖြတ်ခံခဲ့ရ

စစ်ကိုင်းတိုင်း အရာတော်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ဒေသခံပြည်သူ ၁၃ ဦးထိ သေဆုံးသူ ရှိလာကြောင်း ဒေသ သတင်းရင်းမြစ်မှ သိရသည်။ အရာတော်မြို့နယ်တွင် မေလ ၂၀ ရက်နေ့မှစတင်ကာ ဝင်ရောက်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်၏ စစ်ကြောင်းသည် ၎င်းတို့ဝင်ရောက်လာသည့် ကျေးရွာတစ်လျှောက်မှ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ပစ်ခတ်မူများ ပြုလုပ်လာသည့်အတွက် တစ်ပတ်အတွင်း သတ်ဖြတ်ခံရသည့် ပြည်သူ ၁၃ ဦးထက်မနည်း ရှိလာကြောင်း သိရသည်။ "လက်နက်ကြီးနဲ့ပစ်တော့ ပြေးတဲ့သူတွေကပြေးကြတာပေါ့ ပြေးရင်းနဲ့ အဲ့ချိန်မှာ