တိုက်ပွဲသတင်း

အရာတော်မြို့နယ်မှာ တစ်ပတ်အတွင်း ပြည်သူ ၁၃ ဦး ထိ သတ်ဖြတ်ခံခဲ့ရ

စစ်ကိုင်းတိုင်း အရာတော်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ဒေသခံပြည်သူ ၁၃ ဦးထိ သေဆုံးသူ ရှိလာကြောင်း ဒေသ သတင်းရင်းမြစ်မှ သိရသည်။

အရာတော်မြို့နယ်တွင် မေလ ၂၀ ရက်နေ့မှစတင်ကာ ဝင်ရောက်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်၏ စစ်ကြောင်းသည် ၎င်းတို့ဝင်ရောက်လာသည့် ကျေးရွာတစ်လျှောက်မှ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ပစ်ခတ်မူများ ပြုလုပ်လာသည့်အတွက် တစ်ပတ်အတွင်း သတ်ဖြတ်ခံရသည့် ပြည်သူ ၁၃ ဦးထက်မနည်း ရှိလာကြောင်း သိရသည်။

“လက်နက်ကြီးနဲ့ပစ်တော့ ပြေးတဲ့သူတွေကပြေးကြတာပေါ့ ပြေးရင်းနဲ့ အဲ့ချိန်မှာ လူသုံးယောက်ကို ပြေးလို့မလွတ်တဲ့ pdfတွေထင်ပြီးပစ်လိုက်တဲ့ပုံပဲ အဲ့မှာ အဘွားကြီးတစ်ယောက်နဲ့အမျိုးသားနှစ်ယောက်ကိုသတ်ထားတယ်။ ပြီးတော့ တစ်ချို့က စစ်ကြောင်းဝင်လာတာမကြားဘဲနဲ့အရက်သောက်ပြီး ကျန်နေခဲ့တဲ့သူတွေလည်း သတ်ခံရတယ်”လို့ ဒေသရင်းမြစ်က ပြောသည်။

အသတ်ခံရသည့် ပြည်သူ ၁၃ ဦးမှာ ဂဲ့သားမွှေးရွာမှ ပြည်သူ(၁)ဦး၊ ရွှေတွင်းကုန်း ရွာမှ ပြည်သူ(၃)ဦး၊ ဟင်္သာရွာမှပြည်သူ(၈)ဦး၊ သစ်ချိုကျေးရွာမှ ပြည်သူ(၁)ဦး ဖြစ်ကြောင်း သိရသည်။

အဆိုပါ သစ်ချိုကျေးရွာမှ အမျိုးသား၏အလောင်းကိုတွေ့ရှိစဉ်မှာ ထဘီကိုဇောက်ထိုးဝတ်ပေးထားပြီး လက်မောင်းနှင့် ကျောဘက်တွင်နှိပ်စက်ဒဏ်ရာများ ဦးခေါင်းတွင်သေနတ်ဒဏ်ရာများဖြင့် ဒေသခံကာကွယ်ရေးတပ်များက တွေ့ရှိခဲ့ကြောင်းသိရသည်။

ဒါ့အပြင် ဂဲ့သားမွှေးကျေးရွာက အသတ်ခံရသည့် အမျိုးသားတစ်ဦးမှာတော့ CDM ကျောင်းဆရာတစ်ဦးဖြစ်သည်။

၄င်းကို စစ်ကောင်စီကဖမ်းဆီးသွားသည်ဟုသာ သတင်းရခဲ့ပြီး နောက်ပိုင်းတွင် ဦးခေါင်းကိုကိုကြေမွစွာရိုက်ထားသည့် ဒဏ်ရာများနှင့် ၄ ရက်အကြာမှရုပ်အလောင်းကို တွေ့ရှိခဲ့သည်ဟု ဒေသခံပြည်သူတစ်ဦးထံမှသိရသည်။

ရွှေတွင်းကုန်းရွာတွင် စစ်ကောင်စီရဲ့တပ်ဖွဲ့များ သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် ပြည်သူသုံးဦးမှာ အသက်၆၇၊၆၈အရွယ် သက်ကြီးပိုင်းနှစ်ဦးနှင့် ၃၅နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးဖြင့်ပစ်ခတ်မူကြောင့် ဒဏ်ရာရရှိသူ၇ဦးထိရှိကာ တစ်ဦးမှာဒဏ်ရာပြင်းထန်သည်ဟုသိရသည်။

အရာတော်မြောက်နယ်သို့ ကို ၀င်‌ရောက်လာသည့် တပ်မ ၇၇တပ်သည် ရွာ ၇ ရွာမှ နေအိမ်၁၀၀ကျော်ခန့် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူများ၏စပါးကျီများလယ်ယာသုံးပစ္စည်းများပါမီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

“ဟင်္သာမှာက သူတို့ကာကွယ်ရေးတပ်ဖွဲ့တွေ အစည်းအဝေးလုပ်မယ်ဆိုပြီးသတင်းပေါက်တာဗျာ အဲ့ချိန်က‌စပြီး လက်နက်ကြီးနဲ့အဆက်မပြတ်ဝင်လာတဲ့အချိန်မှာ အကုန်ပြေးကြတာ။ အဲတော့ သူတို့က ရွာထဲသောင်းကျန်း ကျန်နေတဲ့သူတွေကို သတ်ဖြတ်တာတွေ လုပ်သွားတယ်” ဟု ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါ အင်အား၁၅၀ခန့် ရှိသည့်တပ်မ၇၇ ၏ စစ်ကြောင်းသည် ဒီပဲယင်းမြို့နယ် ညောင်ပုထိုးရွာဘက်သို့ ဆက်ထွက်သွားသည်ဟုသိရသည်။

Show More

Related Articles

Back to top button