,

Breaking News :

ဖားကန့်တွင် အရပ်သား ၈၀ ကျော်ကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ထား

ကသာမြို့တွင် ရဲကားဖြင့် လိုက်လံပစ်ခတ်သဖြင့် လူငယ် ၁ ဦးသေဆုံး

ဦးရွှေမင်း ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့ တနိုင်ဒေသတွင် စတင်အခြေချ၊ ဒေသခံများကန့်ကွက်

ဖားကန့် ဆိပ်မူ စစ်ရှောင်ပြည်သူ ၅၀၀ ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေ

ကရင်ချောင်ကျေးရွာအနီးက ကျောက်စိမ်းတူးသည့် အလုပ်သမား ၃၀ ကျော် ဖမ်းဆီးခံထားရ

ကားမိုင်းထွေအုပ်ရုံး ဗုံးဖောက်ခွဲခံရပြီး အုပ်ချုပ်ရေးမှူး ဒဏ်ရာပြင်းထန်ရရှိကာ ၁ ဦးသေဆုံး

ဖားကန့်တွင် အရပ်သားကား ၂ စီးကို စစ်ကောင်စီတပ် ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦးသေဆုံး

ခင်ဦးတွင် ဒေသခံ ၂ သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေရပြီး ဆေးဝါး၊ ဆောင်နှင့် အဝတ်အထည်များလိုအပ်နေ

ဖားကန့်တွင် ၁၀၀၀၀ ကျပ်တန်ငွေစက္ကူအတု ပိုမိုအသုံးပြုလာနေ

လုံးခင်းတွင် ဆိုင်ကယ်စီးနှင်လာသည့် လူငယ်တစ် ဦး သေနတ်ပစ်သတ်ခံရ

  1. Home
  2. စစ်ကောင်စီ စစ်ကြောင်း

Tag: စစ်ကောင်စီ စစ်ကြောင်း

တိုက်ပွဲ
ကသာတွင် စစ်ကောင်စီစစ်ကြောင်း ကို ပြည်သူ့ကာကွယ်ရေးတပ်မှ မိုင်းဆွဲ တိုက်ခိုက်

ကသာတွင် စစ်ကောင်စီစစ်ကြောင်း ကို ပြည်သူ့ကာကွယ်ရေးတပ်မှ မိုင်းဆွဲ တိုက်ခိုက်

ကသာမြို့နယ် မင်္ဂလာသုခကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲ ၁နာရီဝန်းကျင်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရကြောင်း သိရသည်။ စစ်အင်အား ၂၀၀ ပါစစ်ကောင်စီ စစ်ကြောင်းကို မင်္ဂလာသုခကျေးရွာနှင့် သာစည်ကျေးရွာကြားတွင် ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ ''စစ်ကြောင်းက ကသာမြို့ထဲကနေ မဂ်လာသုခ ၊ သာစည်ဘက်ကိုစစ်ကြောင်းထိုးလာတာ ခြေလျှင်တက်လာတာကို ပြည်သူ့ကာကွယ်ရေးတပ်တွေက သတင်းကြိုရတော့မိုင်းဆွဲတိုက်ခိုက်လိုက်တာ ထိခိုက်သေဆုံးတော့ရှိတယ်။ ဘယ်လောက်ဆိုတာတော့သိကျမသိရသေးဘူးနယ်မြေရှင်းလင်းရေးလုပ်မှသိရမှခုက စစ်ကြောင်းက အဲ့အနီးရွာတွေမှာရှိနေသေးတော့ နယ်မြေရှင်လင်းလို့မရသေးဘူး'' ဟု ပြောသည်။

သတင်း
ကသာ ဒေသခံ ၃၀ ကျော်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဖမ်းခေါ်သွား

ကသာ ဒေသခံ ၃၀ ကျော်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဖမ်းခေါ်သွား

ကသာမြို့နယ် အထက်ပိုင်း နှင့် အောက်ပိုင်းတွင် လတ်တလောရောက်ရှိလာသော စစ်ကြောင်းများသည် အရပ်သားပြည်သူ ၃၀ ကျော်ကို လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားပြီး မင်းလယ်နှင့် မဲဟင်းရွာ ၂ခုကြား လက်နက်ကြီးလည်း ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်များသည် ကသာမြို့အောက်ပိုင်းတွင် အင်အား ၇၀ ခန့်ဖြင့် လှုပ်ရှားနေပြီး အထက်ပိုင်းတွင် အင်အား ၆၀ ခန့်ဖြင့် သွားလာနေပြီး ဩဂုတ် ၁၁ရက်နေ့ နံနက်ပိုင်း ကသာအောက်ပိုင်းရှိ သုံးဆယ်ပေကျေးရွာမှ အရပ်သား ၃၀

တိုက်ပွဲ
အင်းတော်တွင် စစ်ကောင်စီ ယာဉ်တန်းကို KIA နှင့် PDF တိုက်ခိုက်သဖြင့် စစ်ကောင်စီ တပ်မှ ၆ ဦး သေဆုံး

အင်းတော်တွင် စစ်ကောင်စီ ယာဉ်တန်းကို KIA နှင့် PDF တိုက်ခိုက်သဖြင့် စစ်ကောင်စီ တပ်မှ ၆ ဦး သေဆုံး

အင်းတော်မြို့နယ် မော်တိတ်တွင် စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၆ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း PDF တာဝန်ရှိသူများထံမှ သိရသည်။ ယမန်နေ့ ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် မော်တိတ် ဒေသ အင်းတော်-ဗန်းမောက် ကားလမ်းပေါ်တွင် ဖိုးဝီး ကားတစ်စီးနှင့်အတူ ခြေလျှင်တက်လာသည့် အင်အား ၇၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အင်းတော်