တိုက်ပွဲသတင်း

ကသာတွင် စစ်ကောင်စီစစ်ကြောင်း ကို ပြည်သူ့ကာကွယ်ရေးတပ်မှ မိုင်းဆွဲ တိုက်ခိုက်

ကသာမြို့နယ် မင်္ဂလာသုခကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲ ၁နာရီဝန်းကျင်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရကြောင်း သိရသည်။

စစ်အင်အား ၂၀၀ ပါစစ်ကောင်စီ စစ်ကြောင်းကို မင်္ဂလာသုခကျေးရွာနှင့် သာစည်ကျေးရွာကြားတွင် ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

စစ်ကြောင်းက ကသာမြို့ထဲကနေ မဂ်လာသုခ ၊ သာစည်ဘက်ကိုစစ်ကြောင်းထိုးလာတာ ခြေလျှင်တက်လာတာကို ပြည်သူ့ကာကွယ်ရေးတပ်တွေက သတင်းကြိုရတော့မိုင်းဆွဲတိုက်ခိုက်လိုက်တာ ထိခိုက်သေဆုံးတော့ရှိတယ်။ ဘယ်လောက်ဆိုတာတော့သိကျမသိရသေးဘူးနယ်မြေရှင်းလင်းရေးလုပ်မှသိရမှခုက စစ်ကြောင်းက အဲ့အနီးရွာတွေမှာရှိနေသေးတော့ နယ်မြေရှင်လင်းလို့မရသေးဘူး” ဟု ပြောသည်။

စစ်ကြောင်းသည် လက်ရှိမင်္ဂလာသုခကျေးရွာသို့ ဝင်ရောက်တပ်စွဲနေပြီး မဂ်လာဒုံအပါစုစုပေါင်း ကျေးရွာသုံးရွာမှ ကျေးရွာနေပြည်သူများလည်း ယမန်နေ့ နေ့လည်ပိုင်းမှစတင်ကာ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်းသိရသည်။

လောလောဆယ် မဂ်လာသုခရွာ ၊သာစည်ရွာ မက်လင်ချောင်ကျေးရွာထဲကပြည်သူအများပိုင်းတော့ထွက်ပြေးနေရတယ် ဘေးလွတ်ရာ ပေါ့ အနီးဝန်းကျင်ရွာတွေနဲ့တချို့ကတောထဲလွတ်မယ့်နေရာတွေမှာ ယာယီတိမ်းရှောင်နေကြတယ် တချို့တော့ရွာထဲမှာပဲ စစ်ကြောင်းက မဂ်လာသုခ အနီးဝန်းကျင်မှာပတ်နေသေးတော့ ရှောင်နေကြတယ်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

မင်္ဂလာသုခ၊ သာစည်နှင့်မက်လင်ချောင်ကျေးရွာများသည် အိမ်ခြေ ၁၀၀ ကျော်မှ ၂၀၀ ကြားအထိရှိပြီး လက်ရှိကျေးရွာသုံးရွာမှ လူဦးရေ ၁၀၀၀ နီးပါး တိမ်းရှောင်နေရကြောင်း စုံစမ်းသိရှိရသည်။

ကသာတွင် စက်တင်ဘာလ ၂၉ ရက်နေ့ကလည်း မက်လင်ချောင်ကျေးရွာဘက်သို့ ဝင်ရောက်ခဲ့သည့် စစ်ကြောင်းသည် ကသာမှ CDM သစ်တောအုပ်တစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

လက်ရှိ ကသာမြို့နယ်အတွင်းသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှုများ ပြုလုပ်နေသော်လည်း စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်မှု တစ်စုံတစ်ရာမပြုလုပ်ပဲ အသက်အန္တာရယ်မှ လွတ်အောင်သာထွက်ပြေးနေကြသည့်အတွက် စစ်ဗျူဟာပြောင်းလာနေသည်ကို သတိထားမိကြောင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များက ပြောသည်။

Show More

Related Articles

Back to top button