စစ်ကြောင်းထိုး

  • Jan- 2026 -
    20 January
    သတင်း

    ဝိုင်းမော် လမြန်ရွာဘက် စစ်ကြောင်းထိုးတိုက်ခိုက်လာတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ကို KIA တိုက်ခိုက်

    ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာဘက်ကို စစ်တပ်နဲ့ပြည်သူ့စစ်အဖွဲ့ စစ်အင်အားအလုံးအရင်းနဲ့ တစ်ကျော့ပြန် ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဝိုင်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။ KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ လမြန်ကျေးရွာရဲ့ အနောက်ဘက်ခြမ်း အင်မြန်းခချောင်း(N-Myan Hka)ဘက်ကို ယခုရက်ပိုင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းနဲ့ KIA တပ်တွေ ဒီကနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်း ၃ နာရီဝန်းကျင်လောက်ကနေ တိုက်ပွဲဖြစ်နေတယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဒီမနက်တိုက်ပွဲဖြစ်နေတဲ့နေရာက လမြန်ရဲ့ အနောက်ဘက်ခြမ်း အင်မြန်းခပတ်ပတ်လည်မှာဖြစ်နေကြတယ်။ ဒီရက်ပိုင်း စစ်တပ်နဲ့ ပြည်သူ့စစ်တွေ စစ်ကြောင်းထိုးလာလို့ လမြန်ဘက် နေရာအနည်းငယ် ရွေ့ပေးလိုက်ရတာရှိတယ်။ ဒါပေမယ့် ဒီကနေ့ မနက်တော့ ဝူယာန်ဘက်ကို ပြန်ပြီး တွန်းလှန်ပေးလိုက်တာရှိတယ်”လို့ပြောပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ ထိတွေ့တိုက်ပွဲတွေ ငြိမ်သက်သွားပေမယ့် ယခုဇန်နဝါရီလထဲမှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက လမြန်ကျေးရွာအထက်ပိုင်းကို စစ်ကြောင်းထိုးတက်နိုင်ဖို့ ပြန်လည်လုပ်ဆောင်လာတာဖြစ်ပါတယ်။ ယခုလို စစ်ကြောင်းထိုးလာတဲ့အပေါ်  KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နှစ်ဆန်းပိုင်းကနေ စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က စစ်ရေးရှုံးနိမ့်နေတဲ့အတွက် ဝိုင်းမော်မှာ တန်ပြန်ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားက ဆက်ပြီးသုံးသပ်ပြောဆိုပါတယ်။ “ဒီရက်ပိုင်း စစ်တပ်က ဗန်းမော်တိုက်ပွဲမှာ နေရာတစ်ချို့ကို ပြန်လက်လွတ်လိုက်ရတဲ့ဟာတွေရှိတယ်။ အဲဒါကြောင့် စစ်ရေးအားနည်းသွားအောင် ဝိုင်းမော်ဘက်ကို တန်ပြန်ထိုးစစ်လုပ်လာတယ်လို့ပဲမြင်ပါတယ်”လို့ပြောပါတယ်။ နှစ်ဆန်းပိုင်းကနေ ဗန်းမော်တိုက်ပွဲပြင်းထန်လာတာနဲ့အညီ တစ်ဖက်မှာ စစ်တပ်က ဝိုင်းမော် လမြန်ကျေးရွာအထက်ဘက်ကို ထိုးဖောက်နိုင်ဖို့ စစ်ကြောင်းထိုး တိုက်ခိုက်လာတာ တစ်ပတ်ခန့်ကြာမြင့်လာပြီဖြစ်တယ်လို့ပြောပါတယ်။ ဝိုင်းမော်လမြန်ကျေးရွာဘက်မှာ ဒီကနေ့ မနက်အစောပိုင်း ၃ နာရီဝန်းကျင်လောက်ကနေ လက်နက်ကြီးအသံတွေ ကျယ်ကျယ်လောင်လောင် ကြားနေရတယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။ “ဒီမနက် ၃ နာရီလောက်ကနေ တိုက်ပွဲသံတွေအကျယ်ကြီးပြန်ကြားရတယ်။ အခု ၁၀ နာရီအထိ ဆက်တိုက်ကြားနေရတယ်။ ဘယ်မှာဖြစ်နေလဲတော့သေချာမသိရဘူး”လို့ပြောပါတယ်။ လမြန်ဘက်ကို စစ်ကြောင်းထိုးတိုက်ခိုက်လာတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ကို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဇန်နဝါရီလ ၁၉ ရက်နေ့စကပြီး တန်ပြန်ခုခံတိုက်ခိုက်လိုက်တာကြောင့် ဝူယာန်ကျေးရွာဘက်ခြမ်းကို တပ်ဆုတ်သွားခဲ့တယ်လို့လည်း ဆက်သိရပါတယ်။ စစ်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ၂၀၂၄ ခုနှစ်အတွင်း ဝူယာန်ကျေးရွာအထက် လမြန်ကျေးရွာကနေ   ဆဒုံး – ကန်ပိုင်တည် တစ်လျှောက်ကို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီးနောက် ၂၀၂၅ တစ်နှစ်တာလုံး ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ လမြန်ကျေးရွာကနေ KIA ဘက်က ပိတ်ဆို့ တိုက်ခိုက်ထားတာကြောင့် စစ်ကြောင်းထိုးဖောက်နိုင်ခြင်းမရှိဘဲ လမြန်ကျေးရွာအနီးတဝိုက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 7 January
    သတင်း

    ဝန်းသိုနယ်မှာ စစ်တပ်ကစစ်ကြောင်းထိုးနေ‌ပေမယ့် တိုက်ပွဲဖြစ်ပွားခြင်းမရှိ‌သေး

    စစ်ကိုင်းနဲ့ကချင်အစပ် ဝန်းသိုမြို့နယ်ထဲက ကျေးရွာတစ်ချို့ကို စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေပေမယ့် နှစ်ဖက်တပ်တွေအကြား တိုက်ပွဲဖြစ်ပွားတာတွေ့မရှိသေးဘူးလို့ ဝန်းသိုမြို့က ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ညပိုင်းကစလို့ တော်လှန်ရေးအင်အားစုတွေက ဝန်းသိုမြို့ကိုဝင်တိုက်တော့မှာဖြစ်ကြောင်း ဇန်နဝါရီလ ၉ ရက်နေ့နောက်ဆုံးထားပြီး ဒေသခံတွေလည်းဘေးလွှတ်ရာတွေမှာကြိုတင်တိမ်းရှောင်ကြဖို့ သတင်းတွေ ထွက်လာခဲ့ပြီးနောက်…

    Read More »
  • Dec- 2025 -
    1 December
    သတင်း

    မိုးမိတ်ဘက်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်း KIA ပူးပေါင်းတပ်တိုက်ခိုက်လို့ ယာဉ်တန်းပြန်ဆုတ်ခွာ

    ရှမ်းမြောက် မိုးမိတ်မြို့ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်းကို KIA ပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်လိုက်တဲ့အတွက် ယာဉ်တန်းပြန်လည်ဆုတ်သွားတယ်လို့ မိုးမိတ်ဒေသခံတွေပြောပါတယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့ည ၉ နာရီဝန်းကျင် မိုးကုတ်ဘက်ကနေ မိုးမိတ်ဘက်ကိုဦးတည်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့စစ်ကား ၅ စီးကို မိုးမိတ်မရောက်ခင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေက ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြန်ခေါက်သွားတယ်လို့ မိုးမိတ်ဒေသခံအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။ “မိုးမိတ်မြို့တွင်းမှာတော့ မနေ့ကစပြီး စစ်တပ်တွေ ယူနီးဖောင်းတွေနဲ့ထင်ထင်ရှားရှား ဝင်ရောက်နေပြီ။ KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေကတော့ မြို့ပြင်တွေမှာ နေရာယူထားတယ်။ မနေ့ညကတော့မိုးမိတ်နဲ့ ဘောတဲကြားမှာ စစ်တပ်ကား ၅ စီးလောက် ထွက်လာချိန် KIA ဘက်မှ ကြားဖြတ်တိုက်ခိုက်လိုက်လို့ ပြန်ခေါက်သွားတယ်။ အဲဒီချိန်မှာပဲ လေယာဉ်လည်း လာဝဲသွားတယ်။အရမ်းကြီးအပြန်အလှန် တိုက်ပွဲဆက်ဖြစ်နေတာမျိုးတော့ မရှိဘူး” လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့ထဲကို အစပိုင်းမှာ TNLA တပ်ဖွဲ့ဝင်တွေနဲ့ ရောနှောကာ အရပ်ဝတ်တွေနဲ့စတင်ဝင်ရောက်လာခဲ့ပေမဲ့ နိုဝင်ဘာလ ၂၉ ရက် ညမှာတော့ TNLA က လုံခြုံရေးယူပေးကာ စစ်တပ်ယာဉ်တန်းအမြောက်အများဝင်ရောက်နိုင်ခဲ့တာဖြစ်တယ်လို့ မိုးမိတ်ဒေသခံက ပြောပြပါတယ်။ မိုးမိတ်ဒေသခံ ပြောဆိုချက်အရ နိုဝင်ဘာ ၃၀ ရက်နေ့ မနေ့ကစပြီး မိုးမိတ်မြို့တွင်းမှာ TNLA တပ်ဖွဲ့ဝင်တွေကို ယူနီးဖောင်းနဲ့တကွ မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။ တစ်ဖက်မှာလည်း မိုးကုတ်၊ မိုးမိတ်မြို့တွေထဲကနေ TNLA တပ်ဖွဲ့တွေဆုတ်ခွာပြီးနောက်မှာတော့ စစ်ကောင်စီတပ်ကို PDF တပ်ပေါင်းစုတွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်မှ တိုက်ခိုက်နိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ဒေသခံတွေကသုံးသပ်ပြောဆိုနေကြပါတယ်။ “လက်ရှိထိတော့ KIA နဲ့ PDF  တွေက မိုးကုတ်၊ မိုးမိတ်တွေမှာ TNLA နဲ့ပါ ပြဿနာမဖြစ်အောင် အပစ်အခတ်မဖြစ်ကြအောင် အရမ်းကို သတိထားနေတဲ့ အခြေအနေလို့ မြင်ရတယ်။ ဒါပေမဲ့ဆက်လက်ပြီးပဲ TNLA က စစ်တပ်နဲ့ အတူ လှုပ်ရှားသွားလာနေတယ်၊ စစ်ရေးလှုပ်ရှားတာတွေရှိလာရင်တော့ ဘယ်လိုမှမတတ်နိုင်တဲ့အဆုံး စစ်ကောင်စီနဲ့အတူလှုပ်ရှားနေတဲ့ TNLA နဲ့ PDF တွေတိုက်ပွဲမဖြစ်ပွားလာနိုင်ဘူးလို့ မပြောနိုင်ဘူး။ ဒါမျိုးအခြေအနေ မဖြစ်လာရင်တော့ ပိုကောင်းတာပေါ့။အခြေအနေတော့ TNLA တွေအကုန်ထွက်ခွာပြီဆိုရင်တော့ စစ်တပ်နဲ့ KIA၊ PDF တပ်ပေါင်းစုတွေတိုက်ပွဲဖြစ်ပွားလာနိုင်တယ်”လို့ ရှမ်းမြောက်စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ အမျိုးသားတစ်ဦးကလည်း ပြောဆိုထားပါတယ်။ လက်ရှိ မိုးမိတ်မြို့ပြင်မှာတော့ KIA အပါအဝင် PDF တပ်ပေါင်းစုတွေ နေရာယူလှုပ်ရှားထားပြီး စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား…

    Read More »
  • Oct- 2025 -
    10 October
    သတင်း

    ဆိုင်းတောင်ကိုရဖို့ စစ်တပ်က မလန်း(Malang) ရွာဘက်ခြမ်းကို လေကြောင်းနဲ့ တိုက်ခိုက်နေ

    ကချင်ပြည်နယ် ဖားကန့်မြို့၊ ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာကို အလုံးစုံထိန်းချုပ်နိုင်ဖို့ မလန်းကျေးရွာဘက်ကို လေကြောင်းနဲ့ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ကာ မြေပြင်ဝင်ရောက်စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဖားကန့်မြို့ အရေးပါတဲ့ နေရာတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတဲ့ထဲမှာ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာက အဓိကပါဝင်နေပြီး စစ်တပ်ဟာ မြေပြင်စစ်ကြောင်းနဲ့ အလွယ်တူဝင်ရောက်နိုင်ဖို့…

    Read More »
  • Sep- 2025 -
    16 September
    သတင်း

    ကချင်အထူးဒေသ(၁) ပြန်ရဖို့ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က လမ်းကြောင်း ၃ ခုနဲ့စစ်‌ရေးပြင်ဆင်နေ

    မြစ်ကြီးနားမြို့ထဲရှိမြောက်ပိုင်းတိုင်စစ်ဌာနချုပ်(မပခ)နဲ့ မြို့မရောက်ခင် ၁၅ မိုင်ဝန်းကျင်မှာအကွာမှာရှိတဲ့ ပြည်ထောင်စစ်လေ့ကျင့်ရေးသင်တန်း‌ကျောင်းဟာ ကချင်ဒေသတွင်း ခေတ်အဆက်ဆက် စစ်တပ်ရဲ့အဓိက စစ်သင်တန်းပို့ချရာနေရာဖြစ်ပါတယ်။ ဒီစစ်လေ့ကျင့်ရေးသင်တန်း ကျောင်းနှစ်ခုမှာ စစ်တပ်အပြင် လက်အောက်ခံပြည်သူ့စစ်အဖွဲ့တွေ စစ်သင်တန်းပုံမှန်ပို့ချလျက်ရှိပြီး ပြီးခဲ့တဲ့ မေလမှာတော့ အင်အား ၅၀၀ ခန့် အများဆုံးသင်တန်းဆင်းခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့…

    Read More »
  • 5 September
    သတင်း

    လေရှီးမြို့ အနောက်ဘက်ခြမ်း စစ်ကောင်စီ စစ်ကြောင်းထိုးနေ

    အိန္ဒိယ – မြန်မာနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး လေရှီးမြို့နယ် အနောက်ဘက်ခြမ်းကျေးရွာတွေဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ စစ်အင်အား ၃၀ ဝန်းကျင်ပါတဲ့စစ်ကြောင်းဟာ လေရှီးမြို့ရဲ့အနောက်ဘက်ကို စက်တင်ဘာလ ၃ ရက်နေ့ကစပြီး ကား ၂ စီးနဲ့စစ်ကြောင်းထိုးနေတာလို့ လေရှီးမြို့ခံအမျိုးသားတစ်ဦး…

    Read More »
  • Aug- 2025 -
    27 August
    သတင်းဆောင်းပါး

    စစ်‌ရေးအရှိန်ပိုပြင်းထန်လာတဲ့ ဖားကန့်‌ဒေသ ဘယ်လိုဆက်ဖြစ်လာနိုင်မလဲ

    စစ်တပ်အာဏာပြန်ရဖို့ အပြင်းထန်ကြိုးပမ်းနေတဲ့ ကချင်ပြည်နယ်ရဲ့ အဖိုးတန်ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသမှာ စစ်တပ်က အင်အားထောင်ချီဖြည့်တင်းနေရာယူလိုက်ပြီးနောက် ဖားကန့်ပြည်သူတွေကြား စစ်ရေးစိုးရိမ်မှုဟာ တစ်ထစ်တိုးလို့လာပါတယ်။ လတ်တလော ဖားကန့်ဒေသထဲကို ဝင်ရောက်ထားတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ လက်လွတ်လိုက်ရတဲ့နေရာတစ်ချို့ပြန်ရဖို့နဲ့ စစ်ရေးအရ အရေးပါတဲ့ လမ်းကြောင်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အပြင် ကားမိုင်း…

    Read More »
  • 21 August
    သတင်း

    ကားမိုင်းကနေ ဖားကန့်မြို့ဝင်အထိ စစ်တပ်က စစ်အင်အား ရာနဲ့ချီ နေရာယူထား

    ကားမိုင်း – နန့်ယား ဖားကန့်လမ်းတစ်လျှောက်ကို စစ်ကောင်စီတပ် ၁၀ ရက်ကျော်အတွင်းမှာပဲ စစ်ကြောင်း ၂ ကြောင်းထိုးတက်လာပြီး ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံနဲ့ လုံးခင်းကျေးရွာအထိ လမ်းကြောင်းအားလုံးကို စစ်တပ်ကနေရာယူထားတယ်လို့ သိရပါတယ်။ ဩဂုတ်လ ဆန်းပိုင်းမှာ စစ်အင်အား ၃၀၀…

    Read More »
  • 14 August
    သတင်း

    ကားမိုင်း-နန့်ယားကြား တိုက်ပွဲပြင်းထန်နေ

    ဖားကန့်ကို ဦးတည်ပြီး စစ်ကြောင်းထပ်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို လမ်းကြောင်းတစ်လျှောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က ခုခံတိုက်ခိုက်နေတဲ့အတွက် ဒီကနေ့ ဩဂုတ်လ ၁၄ ရက်နေ့အထိ နှစ်ဖက်တပ်အပြန်အလှန် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ကားမိုင်း ၊ မိုးကောင်းမြို့နယ် ဘက်ကနေ စစ်အင်အား…

    Read More »
  • Jul- 2025 -
    3 July
    သတင်း

    ဒုတိယအကြိမ် စစ်ကြောင်းထိုးပြီး ဖားကန့်ဗျူဟာမှူးအပြောင်းလဲလုပ်လိုက်ပြီလို့သိရ

    ဖားကန့်ဒေသကို ဒုတိယအကြိမ် ထပ်မံစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ ကားမိုင်း – ဖားကန့်လမ်းတစ်လျှောက်ရှိ ကျေးရွာတွေမှာ တပ်စွဲနေရာယူထားပြီး လုံခြုံရေးရယူကာ ဖားကန့်ဗျူဟာမှူးအသစ်ပြောင်းလိုက်တယ်လို့သိရပါတယ်။ ဖားကန့် တပ်မ ၃၃ ၊ တပ်မမှူးအသစ်ခန့်အပ်နိုင်ဖို့ စစ်ကောင်စီတပ်တွေဟာ ဇွန်လ ၂၀ ရက်နေ့ စတင်ပြီး ကားမိုင်းဘက်ကနေ စစ်ကောင်စီတပ်အပါ ပြည်သူ့စစ်အင်အားအများအပြားနဲ့ စစ်အင်အား ၁၅၀ ခန့်က ထပ်မံစစ်ကြောင်းထိုးတက်လာခဲ့တာဖြစ်ပါတယ်။ ဒုတိယအကြိမ် ပြန်တက်လာတဲ့ စစ်ကြောင်းတွေက နန့်ယား၊ ဆိုင်းဖရာ၊ ခွန်စိုင်ဇွပ်၊ ကပ်မှော်၊ တံတားညီနောင်၊ ပျားအုံ၊ နန့်တိန့် စတဲ့ ကျေးရွာတစ်လျှောက် စစ်အင်အားအများအပြားချထားပြီးတော့ ဖားကန့်ဗျူဟာမှူးအသစ်ပြောင်းလိုက်တယ်လို့ နန့်ယားဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အခုအသစ်ပြောင်းလိုက်တဲ့ ဗျူဟာမှူးအသစ်က ကားလမ်းကနေအတိုင်းပဲ တက်လာတာ။ မနေ့ကတောင် ဖားကန့်ဘက်ကို ရောက်သွားပြီလို့ သတင်းရပါတယ်။ အခုဒီမှာ စစ်ကြောင်းပြန်ထိုးတာတဲ့ စစ်ကြောင်းတွေက လုံခြုံရေးယူပေးကြတာဟုတ်တယ်။ အင်အားကတော့ များလို့လေ ခန့်မှန်းရတော့ခက်တယ်။ ကျေးရွာတစ်လျှောက်မှာရှိကြတယ်ဆိုတော့လေ”လို့ပြောပါတယ်။ ဖားကန့် ဗျူဟာမှူးအသစ်ကို လေကြောင်းနဲ့ ပို့ဆောင်ပေးဖို့ အန္တရာယ်များတဲ့အတွက် အခုလို ကားမိုင်း – ဖားကန့် လမ်းကိုပဲ လုံခြုံရေးတင်းကြပ်ထားကာ ပို့ဆောင်လိုက်တာဖြစ်နိုင်တယ်လို့ ပြောပါတယ်။ လက်ရှိ ဖားကန့် ဗျူဟာမှူးအသစ်ခန့်အပ် ခံရတဲ့သူက မိုးကောင်း စကခ(၃) ၊ စကခမှူး ဗိုလ်မှူးကြီး ဇော်ဝင်းဆိုသူဖြစ်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေဆီကနေ သိရပါပေမယ့် KNG က အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ တပ်မမှူးအပြောင်းအလဲဖြစ်တာနဲ့ ပတ်သက်ပြီး ဒီကနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်မှာ  အသစ်ရောက်လာတဲ့ တပ်မမှူးက ဖားကန့် ယမ်းချက်စက်ရုံကနေ ၆ ဘီးကား ၂ စီးအပါ အိမ်စီးကား ၂ စီးနဲ့ ၁၀ နာရီဝန်းကျင်လောက်မှာ ဖားကန့် တပ်မကုန်းဆီ ဝင်ရောက်သွားပြီလို့ ဖားကန့် ဒေသခံတွေ ဆီကနေ သိရပါတယ်။ ဖားကန့် ဗျူဟာမှူးအဟောင်းဖြစ်တဲ့ တပ်မမှူး ဗိုလ်မှူးချုပ်ခ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာပဲ စစ်တပ်က စစ်ရဟတ်ယာဉ်နဲ့ လာရောက် တင်ဆောင်သွားတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။…

    Read More »
Back to top button