ပြည်သူ့စစ်စခန်း KIA ပြန်တိုက်ခိုက်ပါက လူနေအိမ်များကို ငဲ့ညှာမည်မဟုတ်ကြောင်း မင်းဇင်သန့် ပြော
,
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် မှ ယနေ့ နံနက် ၇နာရီဝန်းကျင်တွင် အရပ်သား ပြည်သူနှစ်ဦးကို ပစ်ခတ်ခဲ့သဖြင့် တစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ တပ်မ ၃၃ လက်အောက်ခံ အင်အား ၁၀၀ ခန့်သည် ယနေ့ နံနက်ပိုင်းမှ စတင်ကာ ဆိုင်းတောင်ကျေးရွာအုပ်စု ကရင်ချောင် ကျေးရွာဘက်တွင် လက်နက်ငယ်များ ယမ်းသမ်း ပစ်ခတ်ကာ ဝင်ရောက်လာခဲ့ပြီး အရပ်သားတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ ဟူနောင်နှင့် ရှုခင်းသာကြား စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီယာဉ်တန်းကို KIA မှ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ကား ၃ စီး ပျက်စီးပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၁၆ ရက်ည ၁၁ နာရီဝန်းကျင်ခန့်တွင် ကွတ်ခိုင်မြို့အကျော် ဟူနောင်ရွာအထက်တွင် မူဆယ်ဘက်သို့ တက်လာသည့် စစ်ကောင်စီ ကား ၄ စီးကို KIA တပ်မဟာ ၄ ၊