စစ်တပ်ကုန်း

  • Aug- 2024 -
    15 August
    သတင်း

    လမောင်(Lamawng) စစ်တပ်စခန်းကို KIA အပြီးသတ်သိမ်းပိုက်ကြောင်း KIO အတည်ပြု

    ဖားကန့်မြို့တစ်ခုလုံးနဲ့  စစ်တပ်ဗျူဟာကုန်းကို လုံခြုံရေးယူပေးနေတဲ့ လမောင်စစ်တပ်ကုန်းနေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ KPDF ပူးပေါင်းတပ်တို့ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIO ပြောပါတယ်။ လမောင်စစ်တပ်ကုန်းကို KIA ပူးပေါင်းတပ်တွေက ဒီကနေ့ ဩဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်မှာအပြီးသတ် သိမ်းပိုက်ခဲ့တယ်လို့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “ဖားကန့်မှာ မနေ့ကနေ တိုက်တဲ့ လမောင်တပ်စခန်းကို ဒီကနေ့မနက် ၉ နာရီလောက်မှာ သိမ်းလိုက်နိုင်ပြီ။ တောမှော်က မသိမ်းသေးဘူးထင်တယ် ဘာမှမပြောလာသေးဘူး”လို့ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် ထပ်မံသိမ်းပိုက်လိုက်တဲ့ လမောင်စစ်တပ်ကုန်းဟာ လုံးခင်းအုပ်စုထဲမှာရှိပြီး ဖားကန့်မြို့နဲ့ ၅ မိုင်လောက်အကွာမှာရှိတာဖြစ်ပါတယ်။ ဖားကန့်မြို့နယ်အတွင်း အမြင့်ဆုံးတောင်ကုန်းမှာရှိတဲ့ အဲဒီတပ်စခန်းကြီးမှာ စစ်အင်အားရာနဲ့ချီတပ်စွဲထားတဲ့အပြင် လက်နက်ကြီးအထိုင်ချထားပြီး ဖားကန့်မြို့ တစ်ခုလုံးနဲ့ စစ်တပ်ရဲ့အရေးပါတဲ့ ဖားကန့် ဗျူဟာကုန်း၊ ယမ်းချက်တပ်စခန်း၊ တောမှော်၊ ကံစီး စတဲ့ တပ်စခန်းနေရာတွေကို အဓိကလုံခြုံရေးနေရာယူထားပေးပြီး လက်နက်ကြီးလှမ်းထောက်ပေးနေတဲ့ တပ်စခန်းအကြီးဖြစ်ပါတယ်။ ဖားကန့် စစ်ဗျူဟာကုန်းကို တိုက်ခိုက်လို့မရအောင် လမောင်စစ်တပ်ကုန်းကနေ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်တာတွေ ပုံမှန်လုပ်ဆောင်ပေးနေတာလည်းဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့် လက်ရှိ စစ်တပ်က လမောင်စစ်တပ်ကုန်းကို လက်လွတ်လိုက်ရတဲ့နောက်ပိုင်း အရေးပါတဲ့ စစ်တပ်နေရာတွေ လုံခြုံရေးကင်းမဲ့သွားမှာဖြစ်တယ်လို့ ဖားကန့်ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။ “ဖားကန့်မြို့တစ်ခုလုံးကို ထိန်းချုပ်လိုက်မယ့် အနေအထားတော့မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဗျူဟာအရတော့ အရေးပါတဲ့ စစ်တပ်ကုန်းဖြစ်တယ်။ ကျန်တဲ့ စစ်တပ်စခန်းနေရာတွေကို တော်လှန်ရေးအင်အားစုတွေ သွားတိုက်ရင် နောက်ကျောမလုံးဘူးပေါ့လေ။ လက်နက်ကြီးနဲ့လှမ်းထောက်ရင် အခုလိုမျိုးလမောင်ကျသွားရင်တော့ အားတစ်ခုတော့ဖြစ်သွားတာပေါ့”လို့ပြောပါတယ်။ လမောင်စစ်တပ်ကုန်း သိမ်းပိုက်မှုမှာ စစ်ကောင်စီတပ်သား ၁၀ ဦးကျော်ခန့်ကိုလည်း KIA ဘက်က ဖမ်းဆီးရမိထားတယ်လို့သိရပေမယ့် တိုက်ပွဲအတွင်းထိခိုက်သေဆုံးမှု အသေးစိတ်ကို သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ KIA ပူးပေါင်းတပ်တွေက ဩဂုတ်လ ၁၄ ရက်နေ့ မနက်ပိုင်း ၃ နာရီဝန်းကျင်လောက်ကနေ လမောင်စစ်တပ်ကုန်းနဲ့ တောမှော် တပ်စခန်း ၂ နေရာကိုတပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ လမောင်စစ်တပ်ကုန်းကို သိမ်းပိုက်လိုက်ပြီးနောက် ကျန်ရှိနေတဲ့ တောမှော်တပ်စခန်းကိုလည်း ပြန်လည်သိမ်းပိုက်ဖို့ KIA ဘက်က တိုက်ပွဲဆက်လက်ဖော်ဆောင်နေသေး KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေကပြောပါတယ်။ တောမှော်တပ်စခန်းကိုလည်း ဒီကနေ့ ဩဂုတ်လ ၁၅ ရက်နေ့မှာ ထပ်မံသိမ်းပိုက်သွားနိုင်တယ်လို့လည်း သတင်းအရင်းအမြစ်တွေကပြောပါတယ်။ ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကနေ ဧပြီလလောက်အထိ KIA တပ်တွေ စစ်တပ်ရဲ့ အရေးပါတဲ့ တပ်စခန်း ၆ ခုလောက်ကို သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲငြိမ်သက်သွားတာ ၄ လလောက်ကြာမြင့်လာပြီဖြစ်ပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့မှာတော့ ဒုတိယအကြိမ် တစ်ကျော့ပြန် တိုက်ပွဲဖော်ဆောင်လိုက်ပြီး တိုက်ပွဲပြန်လည်ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 14 August
    တိုက်ပွဲ

    တိုက်ပွဲပြင်းထန်နေတဲ့ လမောင်စစ်တပ်ဗျူဟာကုန်းနဲ့ တောမှော်တပ်စခန်း ၂ နေရာ စစ်တပ် လေယာဉ်နဲ့ဗုံးကြဲ

    ဖားကန့်မြို့နယ်အတွင်း KIA ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ လမောင်ဗျူဟာတပ်စခန်းနဲ့ တောမှော်တပ်စခန်း ၂ နေရာကို စစ်တပ်က လေကြောင်းနဲ့ ၂ ကြိမ်တိတိလာရောက် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ ဖားကန့်မြို့ကနေ ၅ မိုင်ဝန်းကျင်မှာရှိတဲ့ လမောင်ကုန်းဗျူဟာမြောက်တပ်စခန်းနဲ့ ဖားကန့်မြို့ကနေ ၁၀ မိုင်ဝန်းကျင်အကွာမှာရှိတဲ့ တောမှော်တပ်စခန်းကို KIA ပူးပေါင်းတပ် ဒီမနက် ၃ နာရီဝန်းကျင်ကနေ ထိုးစစ်တိုက်ခိုက်နေပြီး မနက် ၁၀ နာရီ ၃၆ မိနစ်ဝန်းကျင်မှာတော့ စစ်တပ်ရဲ့ Y-12 လေယာဉ်နဲ့ ၂ ကြိမ်တိတိ လာရောက်ဗုံးကြဲသွားတယ်လို့ ဖားကန့်ပြည်သူတစ်ဦးက ပြောပါတယ်။ “တောမှော်မှာတစ်လုံး လမောင်ကုန်းမှာတစ်လုံးကြဲသွားတယ် ၁၀ နာရီ ၃၆ မိန်စ်ဝန်းကျင်မှာ ထိခိုက်တာတွေတော့ မကြားရသေးဘူး။ ခုထိလည်း လေယာဉ်ကဝဲနေတုန်းဘဲ ” လို့ ပြောပါတယ်။ လက်ရှိချိန်ထိ အဲဒီတပ်စခန်း ၂ နေရာစလုံးမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် ထိခိုက်မှုရှိမရှိ အသေးစိတ်သိရဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့ ဒီနေ့မနက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ လမောင်ကုန်းဗျူဟာမြောက်တပ်စခန်းဟာ စစ်ရေးအရ မဟာဗျူဟာကျတဲ့ စခန်းဖြစ်ပြီး တောမှော်တပ်စခန်းက နှစ်ဖက်စလုံးရဲ့ ကာကင်းစခန်းချထားတဲ့ နေရာတွေဖြစ်တယ်လို့ သိရပါတယ်။ “ဖားကန့်မှာက မြို့ထဲက ဗျူဟာကုန်း၊ လုံးခင်းက ယမ်းချက်နဲ့ ခုတိုက်နေတဲ့ လမောင်ကုန်းတွေက ဖိုခနှောင့်လို လုပ်ထားတာဟုတ်တယ် ယမ်းချက်နဲ့မြို့ထဲ ဗျူဟာကုန်းကို အဓိကလက်နက်ထောက်ကူပစ်ပေးနေတဲ့နေရာ လမောင်ကုန်းဘဲ ဖားကန့်မြို့ အမြင့်ဆုံးတောင်မှာ လက်နက်ကြီးအထိုင်ချထားတာ။ ဒီတိုက်ပွဲနေရာ လေကြောင်းပစ်ကူတဲ့အထိ ဖြစ်နေပြီဆိုတော့ အခြေနေတော့ တော်တော်လေးကောင်းနေပြီလို့ ယူဆရတယ်”လို့ ပြောပါတယ်။ လက်ရှိ တိုက်ပွဲဇုန်အနီးမှာရှိတဲ့ ပြည်သူတွေဟာ ဒီမနက် ၃ နာရီဝန်းကျင်ကနေ ထွက်ပြေးတိမ်းရှောင်နေကြရပြီလို့လည်း သိရပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့ဟာ မြစ်ကြီးနားကနေ မိုင်အားဖြင့် ၉၀ ဝန်းကျင်ဝေးတဲ့နေရာမှာရှိပြီး ရွှေ့ပြောင်းလာရောက်နေထိုင်သူတွေများလွန်းတာကြောင့် ခေတ်အဆက်ဆက် အစိုးရသက်တမ်းတစ်လျှောက် လူဦးရေစာရင်း တိတိပပ ကောက်ယူနိုင်ခြင်းမရှိတဲ့ နေရာဖြစ်ပါတယ်။ ဒါ့အပြင် အာဏသိမ်းပြီးနောက်ပိုင်း နှစ်ဖက်လက်နက်ကိုင်တပ်တွေ မကြာခနထိတွေ့တိုက်ပွဲဖြစ်ပွားနေရာကနေ KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဒီနှစ်ဆန်းက စတင်ပြီး ဖားကန့်မြို့နယ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ မြစ်ကြီးနား–ဖားကန့်လမ်းပေါ်က နန့်ယား၊  နန့်တိန်း၊ အင်းတော်ကြီး–ဖားကန့် လမ်းပေါ်က ဝှေခါ၊ တာမခန်၊ ကသိုဏ်းတောင်၊ ဆယ်ဇင်းစတဲ့ တပ်စခန်းတွေကို သိမ်းယူထားနိုင်ပြီဖြစ်ပါတယ်။ By – Zami

    Read More »
  • Feb- 2024 -
    27 February
    သတင်း

    တာမခံ ရဲစခန်း KIA နဲ့ PDF သိမ်းပိုက်နိုင်

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာမခံကျေးရွာထဲက စစ်ကောင်စီတပ်ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိထားပြီး စစ်တပ်စခန်းကုန်းကိုသိမ်းပိုက်နိုင်ဖို့ ဆက်ပြီးတိုက်ခိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။ တာမခံကျေးရွာ အထက်တန်းကျောင်းအနီးက တောင်ကုန်း ဒေသအခေါ်(နန့်ရေတောင်ကုန်း)…

    Read More »
  • 5 February
    သတင်း

    လုံးခင်း စစ်တပ်ကုန်းနဲ့ စစ်ဆေးဂိတ်မှ စစ်ကောင်စီတပ်သားများစွန့်ခွာ

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာက နှစ်မျက်နှာဘုရားကုန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်တစ်ခုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက စခန်းစွန့်ခွာပြောင်းရွေ့သွားပြီလို့ ဖားကန့်မြို့ခံတွေဆီကနေ သိရပါတယ်။ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းလောက်ကတည်းကတပ်ထိုင်လာတဲ့ နှစ်မျက်နှာဘုရားကုန်းပေါ်က စစ်တပ်စခန်းကုန်းနဲ့ နှစ်မျက်နှာဘုရားရှေ့က လုံးခင်းကျေးရွာအဝင်ကားလမ်းမပေါ်မှာထိုင်ထားတဲ့ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုတို့ဟာ တစ်နှစ်နီးပါးအကြာတပ်စွဲနေထိုင်ပြီးနောက် ဇန်နဝါရီ ၃၁ ရက်နေ့မှာတော့ အပြီးတိုင်စခန်းစွန့်ခွာပြီး တစ်ခြားနေရာကိုဆုတ်ခွာသွားကြပြီလို့ လုံးခင်းကျေးရွာနေအမျိုးသားတစ်ဦးကKNGကိုပြောပါတယ်။ “သူတို့က နှစ်မျက်နှာဘုရားပေါ်မှာတော့စခန်းချတယ် အောက်မှာကဂိတ်ထိုင်တာပေါ့ စခန်းချပြီးဂိတ်ထိုင်တာ လုံခြုံရေးကြောင့် ပြန်ဆုတ်သွားတာထင်ပါတယ်။ ဝါးတားဂိတ်တွေဆောက်ထားတဲ့ဟာတွေတောင် သိမ်းမသွားဘူး စစ်သားတွေပဲဆုတ်သွားတာ ယမ်းချက်ထဲကိုဆုတ်ဝင်သွားတယ်”လို့ အထက်ပါအမျိုးသားကပြောပါတယ်။ ဆုတ်ခွာသွားတဲ့ တပ်စန်းကုန်းဟာ ပုံမှန်အင်အား ၂၀ ကျော်လောက်နဲ့ တပ်ထိုင်တာဖြစ်ပြီး စစ်ဆေးရေးဂိတ်မှာအရပ်သားတွေကိုအစစ်အဆေးများတဲ့အပြင် ကုန်ကားနဲ့ခရီးသည်တင်ကားတွေဆီကနေလည်း နေ့တိုင်း ဂိတ်ကြေး၊ငွေကြေးကောက်ခံတာတွေရှိတာကြောင့် အခုလိုတပ်ဆုတ်သွားတာဒေသခံတွေအတွက်သွားလာရေးပိုမိုအဆင်ပြေသွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။ “သူတို့မရှိတော့ကောင်းတာပေါ့ဗျ။ သူတို့ရှိတဲ့အခါကြရင် တစ်ခါတလေ ရှောင်တခင်ဝင်စစ်တာမျိုး ပြီးတော့ကုန်းပေါ်ကနေလည်းသူတို့ မထင်ရင်မထင်သလိုလက်နက်ကြီးတွေပစ်တယ် ဒါမျိုးကြပြည်သူတွေထိတ်လန့်ရတယ်လေး သူတို့မရှိတော့ကောင်းတာပေါ့ဗျ ကျနော်တို့လွတ်လွတ်လပ်လပ်သွားလို့လာလို့ရတာပေါ့”လို့ လုံးခင်းဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ အဲ့ဒီစခန်းတပ်ဆုတ်သွားတာဟာ KIA၊KPDF ပူးပေါင်းတပ်တွေဟာ ဖားကန့်မြို့နယ်ထဲက ဝှေခါစစ်တပ်စခန်းကုန်းကိုဇန်နဝါရီလ ၂၇ရက်နေ့က သိမ်းပိုက်ခဲ့သလို ဖေဖော်ဝါရီလ ၂ရက်နေ့ကလည်း ဖားကန့်မြို့နယ်ထဲက နန့်တိန်းတပ်စခန်းကုန်းတို့ကိုသိမ်းပိုက်ခဲ့တာကြောင့်အခုလိုဆက်တိုက်စခန်းသိမ်းခံနေရတာကြောင့် လုံခြုံရေးစိုးရိမ်ပြီး ယမ်းချက်ဘက်ကိုတပ်ဆုတ်သွားတာဖြစ်နိုင်တယ်လို့ဒေသခံတွေကသုံးသပ်နေကြပါတယ်။ အလားတူ ဖားကန့်မြို့အဝင်က စုပေါင်းစစ်ဆေးရေးဂိတ်တစ်ခုဖြစ်တဲ့ လယ်ပြင်စစ်ဆေးရေးဂိတ်ကိုစစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ မနက် ၁၀ နာရီ အချိန်မှတိုက်ပွဲမဖြစ်ပဲရုတ်သိမ်းသွားတာ ဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Aug- 2023 -
    22 August
    တိုက်ပွဲ

    နန့်ယားစစ်တပ်ကုန်းက ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ယောက် ထိခိုက်ဒဏ်ရာရရှိ

    ဖားကန့်သွားလမ်း နန့်ယားကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့က တစ်ရက်လုံးလက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် နန့်ယားကျေးရွာရဲ့ လူနေအိမ်ရပ်ကွက်တစ်ချို့နေရာမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အမျိုးသမီးတစ်ယောက် လက်နက်ကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာဘက်ကို ပစ်ခတ်တာတွေရှိသလို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေရှိနိုင်တဲ့ ၂ နေရာဘက်မှာ ဩဂုတ်လ ၂၂ ရက်နေ့ တစ်ရက်လုံး နန့်ယားစစ်တပ်ကုန်းကနေ အမြှောက်သီးတွေ ဆက်တိုက်ပစ်ခတ်ခဲ့ပါတယ်။ အခုလို အဆက်မပြတ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးက နန့်ယားရပ်ကွက် (၁)မှာရှိတဲ့ နေအိမ်တစ်လုံးအနီးမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အိမ်ဝရံတာအထဲမှာထိုင်နေတဲ့ အသက် ၃၅ နှစ်အရွယ် ဒေါ်ဇင်မာဦး ကျည်ထိမှန်ခဲ့တယ်လို့ နန့်ယားဒေသခံတစ်ယောက်က KNG ကို ပြောပါတယ်။ “သူတို့က တစ်ရက်လုံး ပစ်ကြတာဟုတ်တယ်။ ပစ်တာက KIA တပ်တွေရှိတဲ့ ဘက်ရယ်၊ နောက် တိုက်ပွဲဖြစ်တဲ့ နေရာဘက်ကို ပစ်ကြတယ်လို့ပြောတာပဲ။ ဒါပေမယ့် တိုက်ပွဲဖြစ်တဲ့နေရာက ဒီကနေ ဝေးတယ်။ သူတို့ပစ်လိုက်တဲ့ အမြှောက်သီးတစ်လုံးက ရပ်ကွက် ၁ မှာကျတယ်။ ပေါက်ကွဲတဲ့ ကျည်စက အမျိုးသမီးတစ်ယောက်မှာ ထိမှန်သွားတယ်”လို့ပြောပါတယ်။ လက်နက်ကြီး ကျည်စထိမှန်သွားတဲ့ ဒေါ်ဇင်မာဦးဆိုဟာ ချိုင်းအောက်တစ်နေရာနဲ့ ပေါင်တစ်ဖက် ခြမ်း ၂ နေရာမှာ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီဘက်နေ မနက်ပိုင်းကနေ ညနေ ၅ နာရီလောက်အထိ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် လုံးခြုံရေးအတွက်စိုးရိမ်ပြီး နန့်ယား စစ်တပ်နဲ့ နီးစပ်တဲ့ ရပ်ကွက် ၂ ခုက လက်မှာ နန့်ယားကျေးရွာရှိ သာဘာရေးကျောင်းတွေမှာ တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ နန့်ယားစစ်တပ်ကုန်းက လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေလုပ်ဆောင်ခဲ့တာဟာ ဒီကနေ့ မနက် ကားမိုင်းစစ်တပ်ကနေ ဖားကန့်ဘက်ကို တက်လားတဲ့ စစ်အင်အား ၁၀၀ ကျော်လောက်ပါရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA က ကားမိုင်းမြို့အထွက် မအူပင်အထက် ကျောက်ထုကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခံလိုက်ရတဲ့အတွက်ဖြစ်ပါတယ်။ ဒါ့ကြောင့် နန့်ယားစစ်တပ်ကုန်းကနေ KIA တပ်တွေရှိတဲ့ဘက်နဲ့ တိုက်ပွဲဖြစ်ပွားတဲ့ဘက်ကို ရမ်းသမ်းပစ်ခတ်မှုလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဖားကန့်လမ်းတစ်လျှောက် ၂ ဖက်တပ် တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် နန့်ယားစစ်တပ်ဂိတ်နေရာနဲ့ ကားမိုင်းလမ်းခွဲနေရာတွေမှာ ခရီးသည် ကုန်ကားများကို စစ်ကောင်စီတပ်ဘက်က သွားလာရေးပိတ်ဆို့ထားတာလည်းဖြစ်ပါတယ်။ ကျောက်ထုကျေးရွာနားမှာ ပစ်ခတ်ခံရတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းမှာ ဩဂုတ်လ ၁၇ ရက်နေ့လောက်က မိုးကောင်းမြို့နယ်ကနေ စစ်ကား ၃ စီးနဲ့ တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဖြစ်ပါတယ်။

    Read More »
  • Jun- 2023 -
    23 June
    သတင်း

    အင်းတော်စစ်တပ်ကုန်းမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် နဘားဒေသခံ သုံးဦးထိခိုက်

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့တွင်း စစ်ကောင်စီတပ် တပ်ထိုင်ထားသည့် စစ်တပ်ကုန်းမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် နဘားဒေသခံ ၃ ဦး လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အင်းတော်မြို့ တပ်မ ၇၇ တပ်ရင်းမှ အင်းတော်မြို့နှင့် ၆မိုင်ကျော်အကွာရှိသည့် နဘားဒေသ…

    Read More »
  • Mar- 2023 -
    6 March
    တိုက်ပွဲ

    ဆိုင်းတောင် စစ်တပ်ကုန်း တိုက်ခိုက်ခံရပြီးနောက် အရပ်သားပြည်သူ ၂ ဦး လက်နက်ကြီးထိမှန်

    ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ)ကျေးရွာ စာသင်ကျောင်းအနီးတွင် တပ်ချထားသော စစ်ကောင်စီ စခန်းကုန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်မှ ပြန်လည်ပစ်ခတ်သော လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၂ ဦး လက်နက်ကြီးထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိထားသည်ဟု သိရသည်။ မတ်လ ၅ ရက်ည ၁၀ နာရီခန့်တွင် ဆိုင်းတောင် စစ်တပ်ကုန်းတိုက်ခိုက်ခံရသည့်အတွက်…

    Read More »
  • Nov- 2022 -
    8 November
    သတင်းHpakant

    ဖားကန့် တွင် စစ်တပ်ကုန်းတစ်ခု လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး စစ်သား ငါးဦး ဒဏ်ရာရ

    ဖားကန့် မြို့နယ် ဒေသအခေါ် ဆိပ်မူစစ်တပ်ကုန်းတွင် လက်နက်ကြီး နှစ်လုံးပစ်ခတ်ခံရပြီး စစ်သားငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၇ ရက် ည ၄ နာရီအချိန်ခန့်တွင် အမည်မသိ အဖွဲ့တစ်ခုက လက်နက်ကြီး…

    Read More »
Back to top button